Elon Musk က Tesla ၏ ဒါရိုက်တာထံမှ နေအိမ်ဝယ်ယူရန် ဆွေးနွေးလျက်ရှိရာ ရှယ်ယာရှင်တို့အကြား ကုမ္ပဏီ၏ အုပ်ချုပ်မှုကဏ္ဍအပေါ် ရတက်မအေးဖြစ်မှုများ ပေါ်ပေါက်

Elon Musk က Tesla ၏ ဒါရိုက်တာထံမှ နေအိမ်ဝယ်ယူရန် ဆွေးနွေးလျက်ရှိရာ ရှယ်ယာရှင်တို့အကြား ကုမ္ပဏီ၏ အုပ်ချုပ်မှုကဏ္ဍအပေါ် ရတက်မအေးဖြစ်မှုများ ပေါ်ပေါက် - Property News in Myanmar from iMyanmarHouse.com
18 Jun 2024 2:08 pm တွင် တင်ခဲ့သည်
981 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Tesla Inc. ၏ အမှုဆောင်အရာရှိချုပ် Elon Musk သည် Tesla ၏ ဒါရိုက်တာတစ်ဦးထံမှ နေအိမ်ဝယ်ယူရန် ဆွေးနွေးလျက်ရှိရာ ကုမ္ပဏီ၏ အုပ်ချုပ်မှုရေးရာအပေါ် ရတက်မအေးဖြစ်မှုများ ပေါ်ပေါက်လျက်ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

Tesla ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ Joe Gebbia သည် ကုမ္ပဏီ၏ အနာဂတ်အပေါ် အရေးပါသော အဆုံးအဖြတ် များပေးနိုင်သည့် ဘုတ်အဖွဲ့ ကော်မတီတစ်ခုမှ မကြာသေးမီက နှုတ်ထွက်ခဲ့သည်။

Joe Gebbia က ရိုက်တာသတင်းဌာနသို့ ပြောသည်မှာ စီအီးအို Elon Musk က မိမိ၏ ထွန်းသစ်စ ကုမ္ပဏီထံမှ အိမ်တစ်လုံးဝယ်ရန် ဆွေးနွေးလာကြောင်း၊ မိမိနှင့် Elon Musk အကြားမှ ခင်မင်သော ဆက်ဆံရေးကြောင့် ကော်မတီ၏ လွတ်လပ်မှုအပေါ် ဝေဖန်တိုက်ခိုက်စရာ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် နှုတ်ထွက်ခြင်းဖြစ် ကြောင်း ပြောသည်။

Joe Gebbia တည်ထောင်ထားသော ကုမ္ပဏီမှာ အသင့်ထုတ်လုပ်ထားသော အိမ်ငယ်လေးများ ရောင်းချသည့် ကုမ္ပဏီဖြစ်သည်။

Tesla ၏ ဘုတ်အဖွဲ့တွင် အဖွဲ့ဝင် ၈ ဦးရှိသည်။

Tesla ကို ဒီလာဝယ်ပြည်နယ်မှ တက္ကဆပ်ပြည်နယ်သို့ ရွှေ့ပြောင်းရေး ဆုံးဖြတ်ခဲ့သော အထူးကော်မတီကို ဘုတ်အဖွဲ့ဝင်ထဲမှ ၂ ဦးဖြင့် ဖွဲ့စည်းခဲ့ရာတွင် Joe Gebbia လည်း ပါဝင်ခဲ့သည်။

Joe Gebbia သည် Airbnb တစ်ခု ပူးတွဲတည်ထောင်ထားသူလည်း ဖြစ်သည်။

ဒီလာဝယ်ပြည်နယ်ရှိ တရားရုံးတစ်ခုသည် Tesla က Elon Musk အား ပေးရမည့် လုပ်ခဝင်ငွေ ကန်ဒေါ်လာ ၅၆ ဘီလီယံကို မပေးရန် အမိန့်ချခဲ့ပြီးနောက် Elon Musk က Tesla ကို ဒီလာဝယ်ပြည်နယ်မှ တရားဝင် ထွက်ခွာရန် ဘုတ်အဖွဲ့အား တောင်းဆိုခဲ့သည်။

Elon Musk ၏ တောင်းဆိုချက်ကြောင့် ဘုတ်အဖွဲ့က အထူးကော်မတီတစ်ခု ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အထူးကော်မတီကို Gebbia နှင့် အခြားဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သော Kathleen Wilson Thompson တို့ နှစ်ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Kathleen Wilson Thompson သည် Walgreens Boots Alliance ၏ HR ဌာန အကြီးအကဲဟောင်းလည်း ဖြစ်သည်။

Elon Musk အား ပေးရမည့် ဒေါ်လာ ၅၆ ဘီလီယံ လုပ်ခငွေနှင့် ပတ်သက်ပြီး ထိုကော်မတီကို လုပ်ပိုင်ခွင့် ပေးခဲ့ပြီးနောက်ပိုင်း Gebbia က ကော်မတီမှ နှုတ်ထွက်သွားခဲ့သည်။

Gebbia နှုတ်ထွက်သွားမှုကြောင့် အထူးကော်မတီတွင် အဖွဲ့ဝင်တစ်ဦးတည်းသာရှိတော့ရာ သမားရိုးကျ မဟုတ်သော Coporate governance ဖြစ်သောကြောင့် Tesla ၏ ရှယ်ယာရှင်အချို့က ဝေဖန်ခဲ့ကြသည်။

Gebbia သည် Elon Musk နှင့် ရင်းနှီးသော ပုဂ္ဂိုလ်ရေးဆက်ဆံမှုရှိခြင်း၊ Samara ကုမ္ပဏီမှတဆင့် အရောင်းအဝယ် လုပ်ရန်ရှိခြင်း အစရှိသော အခြေအနေများကြောင့် Tesla ၏ အထူးကော်မတီမှ နှုတ်ထွက် သွားခြင်းဖြစ်ပြီး အရောင်းအဝယ်ကိစ္စမှာ စီစဉ်နေဆဲဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Exclusive: Tesla director Gebbia says he discussed selling house to Musk (reuters)

 

 

[Zawgyi]

Elon Musk က Tesla ၏ ဒါရိုက္တာထံမွ ေနအိမ္ဝယ္ယူရန္ ေဆြးေႏြးလ်က္ရွိရာ ရွယ္ယာရွင္တို႔အၾကား ကုမၸဏီ၏ အုပ္ခ်ဳပ္မႈက႑အေပၚ ရတက္မေအးျဖစ္မႈမ်ား ေပၚေပါက္

 

Tesla Inc. ၏ အမႈေဆာင္အရာရွိခ်ဳပ္ Elon Musk သည္ Tesla ၏ ဒါရိုက္တာတစ္ဦးထံမွ ေနအိမ္ဝယ္ယူရန္ ေဆြးေႏြးလ်က္ရွိရာ ကုမၸဏီ၏ အုပ္ခ်ဳပ္မႈေရးရာအေပၚ ရတက္မေအးျဖစ္မႈမ်ား ေပၚေပါက္လ်က္ရွိေၾကာင္း ရိုက္တာသတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

Tesla ၏ ဒါရိုက္တာတစ္ဦးျဖစ္သူ Joe Gebbia သည္ ကုမၸဏီ၏ အနာဂတ္အေပၚ အေရးပါေသာ အဆံုးအျဖတ္ မ်ားေပးႏိုင္သည့္ ဘုတ္အဖြဲ႔ ေကာ္မတီတစ္ခုမွ မၾကာေသးမီက ႏႈတ္ထြက္ခဲ့သည္။

Joe Gebbia က ရိုက္တာသတင္းဌာနသို႔ ေျပာသည္မွာ စီအီးအို Elon Musk က မိမိ၏ ထြန္းသစ္စ ကုမၸဏီထံမွ အိမ္တစ္လံုးဝယ္ရန္ ေဆြးေႏြးလာေၾကာင္း၊ မိမိႏွင့္ Elon Musk အၾကားမွ ခင္မင္ေသာ ဆက္ဆံေရးေၾကာင့္ ေကာ္မတီ၏ လြတ္လပ္မႈအေပၚ ေဝဖန္တိုက္ခိုက္စရာ ျဖစ္လာမည္ကို စိုးရိမ္ေသာေၾကာင့္ ႏႈတ္ထြက္ျခင္းျဖစ္ ေၾကာင္း ေျပာသည္။

Joe Gebbia တည္ေထာင္ထားေသာ ကုမၸဏီမွာ အသင့္ထုတ္လုပ္ထားေသာ အိမ္ငယ္ေလးမ်ား ေရာင္းခ်သည့္ ကုမၸဏီျဖစ္သည္။

Tesla ၏ ဘုတ္အဖြဲ႔တြင္ အဖြဲ႔ဝင္ ၈ ဦးရွိသည္။

Tesla ကို ဒီလာဝယ္ျပည္နယ္မွ တကၠဆပ္ျပည္နယ္သို႔ ေရႊ႕ေျပာင္းေရး ဆံုးျဖတ္ခဲ့ေသာ အထူးေကာ္မတီကို ဘုတ္အဖြဲ႔ဝင္ထဲမွ ၂ ဦးျဖင့္ ဖြဲ႔စည္းခဲ့ရာတြင္ Joe Gebbia လည္း ပါဝင္ခဲ့သည္။

Joe Gebbia သည္ Airbnb တစ္ခု ပူးတြဲတည္ေထာင္ထားသူလည္း ျဖစ္သည္။

ဒီလာဝယ္ျပည္နယ္ရွိ တရားရံုးတစ္ခုသည္ Tesla က Elon Musk အား ေပးရမည့္ လုပ္ခဝင္ေငြ ကန္ေဒၚလာ ၅၆ ဘီလီယံကို မေပးရန္ အမိန္႔ခ်ခဲ့ျပီးေနာက္ Elon Musk က Tesla ကို ဒီလာဝယ္ျပည္နယ္မွ တရားဝင္ ထြက္ခြာရန္ ဘုတ္အဖြဲ႔အား ေတာင္းဆိုခဲ့သည္။

Elon Musk ၏ ေတာင္းဆိုခ်က္ေၾကာင့္ ဘုတ္အဖြဲ႔က အထူးေကာ္မတီတစ္ခု ဖြဲ႔စည္းခဲ့ျခင္း ျဖစ္သည္။

အဆိုပါ အထူးေကာ္မတီကို Gebbia ႏွင့္ အျခားဘုတ္အဖြဲ႔ဝင္တစ္ဦးျဖစ္ေသာ Kathleen Wilson Thompson တို႔ ႏွစ္ဦးျဖင့္ ဖြဲ႔စည္းခဲ့ျခင္း ျဖစ္သည္။

Kathleen Wilson Thompson သည္ Walgreens Boots Alliance ၏ HR ဌာန အၾကီးအကဲေဟာင္းလည္း ျဖစ္သည္။

Elon Musk အား ေပးရမည့္ ေဒၚလာ ၅၆ ဘီလီယံ လုပ္ခေငြႏွင့္ ပတ္သက္ျပီး ထိုေကာ္မတီကို လုပ္ပိုင္ခြင့္ ေပးခဲ့ျပီးေနာက္ပိုင္း Gebbia က ေကာ္မတီမွ ႏႈတ္ထြက္သြားခဲ့သည္။

Gebbia ႏႈတ္ထြက္သြားမႈေၾကာင့္ အထူးေကာ္မတီတြင္ အဖြဲ႔ဝင္တစ္ဦးတည္းသာရွိေတာ့ရာ သမားရိုးက် မဟုတ္ေသာ Coporate governance ျဖစ္ေသာေၾကာင့္ Tesla ၏ ရွယ္ယာရွင္အခ်ဳိ႕က ေဝဖန္ခဲ့ၾကသည္။

Gebbia သည္ Elon Musk ႏွင့္ ရင္းႏွီးေသာ ပုဂၢိဳလ္ေရးဆက္ဆံမႈရွိျခင္း၊ Samara ကုမၸဏီမွတဆင့္ အေရာင္းအဝယ္ လုပ္ရန္ရွိျခင္း အစရွိေသာ အေျခအေနမ်ားေၾကာင့္ Tesla ၏ အထူးေကာ္မတီမွ ႏႈတ္ထြက္ သြားျခင္းျဖစ္ျပီး အေရာင္းအဝယ္ကိစၥမွာ စီစဥ္ေနဆဲျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Exclusive: Tesla director Gebbia says he discussed selling house to Musk (reuters)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service