မန်ချက်စတာ ယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာ ဂျင် ရက်ကလစ်ဖ်၏ ပေါင် ၆ သန်းတန် ခြံဝန်းအတွင်းရှိ ပျားအုံ၊ တင်းနစ်ကွင်းတို့နှင့် ပတ်သက်ပြီး အိမ်နီးချင်းနှင့် အမှုဖြစ်ပွား

မန်ချက်စတာ ယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာ ဂျင် ရက်ကလစ်ဖ်၏ ပေါင် ၆ သန်းတန် ခြံဝန်းအတွင်းရှိ ပျားအုံ၊ တင်းနစ်ကွင်းတို့နှင့် ပတ်သက်ပြီး အိမ်နီးချင်းနှင့် အမှုဖြစ်ပွား - Property News in Myanmar from iMyanmarHouse.com
29 May 2024 11:29 am တွင် တင်ခဲ့သည်
704 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မန်ချက်စတာ ယူနိုက်တက်အသင်း၏ ပူးတွဲပိုင်ရှင် ဆာ ဂျင် ရက်ကလစ်ဖ်သည် သူ၏ခြံဝန်းအတွင်းရှိ ပျားအုံများနှင့် တင်းနစ်ကွင်းတို့ ဆောက်လုပ်မှုနှင့် စပ်လျဉ်းပြီး အိမ်နီးချင်းတစ်ဦးနှင့် ၁၈ လကြာ ဖြစ်ပွား ခဲ့သောအမှုတွင် အနိုင်ရရှိသွားသည်။

ဘီလျံနာ ရက်ကလစ်ဖ်သည် အင်္ဂလန်နိုင်ငံ၊ ဟမ့်ပ်ရှိုင်းယားခရိုင်၊ New Forest အရပ်ရှိ ၇ ဧက ကျယ်ဝန်းသော ကမ်းခြေစံအိမ်ဝန်းကို စက်မှုဇုန်နေရာအဖြစ် ပြောင်းလဲနေကြောင်း စွပ်စွဲချက်နှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

(ဆာ ဂျင် ရက်ကလစ်ဖ်သည် ခြံဝန်းအတွင်း မွမ်းမံဆောက်လုပ်မှု စီမံကိန်းနှင့် စပ်လျဉ်းပြီး ၁၈ လတာ အမှုရင်ဆိုင်ခဲ့ရသည်။ ဓာတ်ပုံ-AFP)

(ဟမ့်ပ်ရှိုင်းယားခရိုင်၊ New Forest အရပ်ရှိ စံအိမ်ဝန်းအတွင်း ဆောက်လုပ်ရေးစီမံကိန်းများအတွက် ရက်ကလစ်ဖ်က ခွင့်ပြုချက် လျှောက်ထားခဲ့သည်။ ဓာတ်ပုံ-Solent)

(ဘီလျံနာ ရက်ကလစ်ဖ်သည် မကြာသေးမီက ပရီးမီးယားလိဂ်ထိပ်သီး မန်ချက်စတာ ယူနိုက်တက်အသင်း၏ ပူးတွဲပိုင်ရှင် ဖြစ်လာခဲ့သည်။)

အသက် ၇၁ နှစ်အရွယ်ရှိ ဆာ ဂျင် ရက်ကလစ်ဖ်သည် ဓာတု ထိပ်သီးကုမ္ပဏီ Ineos ၏ ပိုင်ရှင်ဖြစ်သည့်အပြင် မန်ချက်စတာ ယူနိုက်တက်အသင်း၏ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို မကြာသေးမီက ဝယ်ယူခဲ့သည်။

ရက်ကလစ်ဖ်သည် သူ၏ ခြံဝန်းအတွင်း ကြီးမားသော ဂိုဒေါင်ကြီး ၂ လုံး၊ တင်းနစ်ကွင်းတစ်ခုနှင့် ပေါင်းမိုးစင် တစ်ခုတို့ကို ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခဲ့သည်။

ဗြိတိန်စီးပွားရေးလုပ်ငန်းရှင်ကြီး ရက်ကလစ်ဖ်သည် လန်ဒန်မာရသွန်ပြိုင်ပွဲတွင်လည်း မကြာသေးမီက ပါဝင်ခဲ့ သေးသည်။

ရက်ကလစ်ဖ်က သူ၏ စီမံကိန်းများအတွက် ၂၀၂၂ ခုနှစ်အတွင်း နောက်ကြောင်းပြန် ခွင့်ပြုချက် လျှောက်ထား ခဲ့သည်။

သရဲနီတို့၏ အကြီးအမှူးဖြစ်လာသူသည် သူ၏ ပေါင် ၆ သန်းတန် စံအိမ်ဝန်းအတွင်း ဆောက်လုပ်ခဲ့မှုများ အတွက် ယခုအခါ စီမံကိန်းခွင့်ပြုချက် ရရှိသွားပြီဖြစ်ပြီး ပျားရည်ထုတ်လုပ်သည့် စက်ရုံလည်း အပါအဝင် ဖြစ်သည်။

ရက်ကလစ်ဖ်သည် ရေနံဓာတု လုပ်ငန်းများ လုပ်ကိုင်ကာ ပေါင် ၂၉ ဘီလီယံခန့် ကြွယ်ဝသည်ဟု ခန့်မှန်းရပြီး ဗြိတိန်၏ ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ရပ်တည်နေသည်။

ကာလကြာရှင်ရင်ဆိုင်ခဲ့သောအမှု အနိုင်ရရှိသွားပြီဖြစ်သောကြောင့် ရက်ကလစ်ဖ်အနေဖြင့် ပျားရည်ထုတ်လုပ် သည့်စက်ရုံကို ဖျက်သိမ်းစရာ မလိုတော့ချေ။

ရက်ကလစ်ဖ်က ပျားမွေးမြူရေးအပေါ် မည်သို့ စိတ်အားထက်သန်သည်ကို စီမံကိန်းခွင့်ပြုချက် လျှောက်ထား သည့် စာရွက်စာတမ်းများတွင် အသေးစိတ်ဖော်ပြခဲ့သည်။

ပျားအုံများ မွေးမြူခြင်းမှာ ရက်ကလစ်ဖ်ကိုယ်တိုင်နှင့် မိသားစုအတွက် ပျားရည်ရရှိရန်ဖြစ်ကြောင်း လျှောက်ထားချက်တွင် ဖော်ပြသည်။

ခြံဝန်းအတွင်း ဆောက်လုပ်ပြီးစီးထားပြီဖြစ်သော တင်းနစ်ကွင်း၊ ပေါင်းမိုး၊ နံရံခတ် ပန်းဥယျာဉ်နှင့် ဆက်စပ် လျက်ရှိသော မြေယာအလှပြုပြင်မှုတို့ကို ပုံမှန်အတိုင်း ဆက်လက်ထားရှိသွားရန် ရည်ရွယ်ကာ ခွင့်ပြုချက် လျှောက်ထားခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ရက်ကလစ်ဖ်၏ ဆောက်လုပ်မှု စီမံကိန်းများကို အိမ်နီးချင်းဖြစ်သူ Mr J Harrow က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ အတွင်း ကန့်ကွက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာမှုကို ထောက်ခံသူ ဘီလျံနာ ရက်ကလစ်ဖ်သည် ၂၀၂၀ ပြည့်နှစ်တွင် မိုနာကိုသို့ ပြောင်းရွှေ့အခြေချခဲ့သည်။

ထိုသို့ပြောင်းရွှေ့အခြေချမှုကြောင့် အခွန်ဆောင်ရမှု ပေါင် ၄ ဘီလီယံ သက်သာသွားခဲ့သည်ဟု ဆိုသည်။

ရက်ကလစ်ဖ်သည် ဟမ့်ပ်ရှိုင်းယား ကမ်းရိုးတန်းဒေသကို စက်မှုနယ်မြေအဖြစ် ပြောင်းလဲရန် ရည်ရွယ်နေပုံ ရကြောင်း အိမ်နီးချင်းဖြစ်သူ Mr J Harrow က ပြောသည်။

ထိုသို့ ကန့်ကွက်မှုများရှိနေသော်လည်း ရက်ကလစ်ဖ်၏ စီမံကိန်းတင်ပြမှုမှာ ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ခွင့်ပြုချက် ရရှိခဲ့သည်။

ရက်ကလစ်ဖ်သည် မန်ချက်စတာ ယူနိုက်တက်၏ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူမည်ဖြစ်ကြောင်း ပြီးခဲ့သော ဒီဇင်ဘာလအတွင်းက ကြေညာခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီတွင် ဝယ်ယူမှုလုပ်ငန်းစဉ် အပြီးသတ်ခဲ့သည်။

(ဆာ ဂျင် ရက်ကလစ်ဖ်ကို ၂၀၂၄ လန်ဒန်မာရသွန်တွင် တွေ့ရပုံ။ ဓာတ်ပုံ-Getty)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Man Utd co-owner Sir Jim Ratcliffe locked in neighbour row over BEEHIVES and tennis court at his £6million mansion (thesun)

Photo Credit: AFP, Solent,Getty

[Zawgyi] မန္ခ်က္စတာ ယူႏိုက္တက္ ပူးတြဲပိုင္ရွင္ ဆာ ဂ်င္ ရက္ကလစ္ဖ္၏ ေပါင္ ၆ သန္းတန္ ျခံဝန္းအတြင္းရွိ ပ်ားအံု၊ တင္းနစ္ကြင္းတို႔ႏွင့္ ပတ္သက္ျပီး အိမ္နီးခ်င္းႏွင့္ အမႈျဖစ္ပြား

မန္ခ်က္စတာ ယူႏိုက္တက္အသင္း၏ ပူးတြဲပိုင္ရွင္ ဆာ ဂ်င္ ရက္ကလစ္ဖ္သည္ သူ၏ျခံဝန္းအတြင္းရွိ ပ်ားအံုမ်ားႏွင့္ တင္းနစ္ကြင္းတို႔ ေဆာက္လုပ္မႈႏွင့္ စပ္လ်ဥ္းျပီး အိမ္နီးခ်င္းတစ္ဦးႏွင့္ ၁၈ လၾကာ ျဖစ္ပြား ခဲ့ေသာအမႈတြင္ အႏိုင္ရရွိသြားသည္။

ဘီလ်ံနာ ရက္ကလစ္ဖ္သည္ အဂၤလန္ႏိုင္ငံ၊ ဟမ့္ပ္ရႈိင္းယားခရိုင္၊ New Forest အရပ္ရွိ ၇ ဧက က်ယ္ဝန္းေသာ ကမ္းေျခစံအိမ္ဝန္းကို စက္မႈဇုန္ေနရာအျဖစ္ ေျပာင္းလဲေနေၾကာင္း စြပ္စြဲခ်က္ႏွင့္ ရင္ဆိုင္ခဲ့ရျခင္း ျဖစ္သည္။

(ဆာ ဂ်င္ ရက္ကလစ္ဖ္သည္ ျခံဝန္းအတြင္း မြမ္းမံေဆာက္လုပ္မႈ စီမံကိန္းႏွင့္ စပ္လ်ဥ္းျပီး ၁၈ လတာ အမႈရင္ဆိုင္ခဲ့ရသည္။ ဓာတ္ပံု-AFP)

(ဟမ့္ပ္ရႈိင္းယားခရိုင္၊ New Forest အရပ္ရွိ စံအိမ္ဝန္းအတြင္း ေဆာက္လုပ္ေရးစီမံကိန္းမ်ားအတြက္ ရက္ကလစ္ဖ္က ခြင့္ျပဳခ်က္ ေလွ်ာက္ထားခဲ့သည္။ ဓာတ္ပံု-Solent)

(ဘီလ်ံနာ ရက္ကလစ္ဖ္သည္ မၾကာေသးမီက ပရီးမီးယားလိဂ္ထိပ္သီး မန္ခ်က္စတာ ယူႏိုက္တက္အသင္း၏ ပူးတြဲပိုင္ရွင္ ျဖစ္လာခဲ့သည္။)

အသက္ ၇၁ ႏွစ္အရြယ္ရွိ ဆာ ဂ်င္ ရက္ကလစ္ဖ္သည္ ဓာတု ထိပ္သီးကုမၸဏီ Ineos ၏ ပိုင္ရွင္ျဖစ္သည့္အျပင္ မန္ခ်က္စတာ ယူႏိုက္တက္အသင္း၏ ရွယ္ယာ ၂၅ ရာခိုင္ႏႈန္းကို မၾကာေသးမီက ဝယ္ယူခဲ့သည္။

ရက္ကလစ္ဖ္သည္ သူ၏ ျခံဝန္းအတြင္း ၾကီးမားေသာ ဂိုေဒါင္ၾကီး ၂ လံုး၊ တင္းနစ္ကြင္းတစ္ခုႏွင့္ ေပါင္းမိုးစင္ တစ္ခုတို႔ကို ခြင့္ျပဳခ်က္မရွိဘဲ ေဆာက္လုပ္ခဲ့သည္။

ျဗိတိန္စီးပြားေရးလုပ္ငန္းရွင္ၾကီး ရက္ကလစ္ဖ္သည္ လန္ဒန္မာရသြန္ျပိဳင္ပြဲတြင္လည္း မၾကာေသးမီက ပါဝင္ခဲ့ ေသးသည္။

ရက္ကလစ္ဖ္က သူ၏ စီမံကိန္းမ်ားအတြက္ ၂၀၂၂ ခုႏွစ္အတြင္း ေနာက္ေၾကာင္းျပန္ ခြင့္ျပဳခ်က္ ေလွ်ာက္ထား ခဲ့သည္။

သရဲနီတို႔၏ အၾကီးအမွဴးျဖစ္လာသူသည္ သူ၏ ေပါင္ ၆ သန္းတန္ စံအိမ္ဝန္းအတြင္း ေဆာက္လုပ္ခဲ့မႈမ်ား အတြက္ ယခုအခါ စီမံကိန္းခြင့္ျပဳခ်က္ ရရွိသြားျပီျဖစ္ျပီး ပ်ားရည္ထုတ္လုပ္သည့္ စက္ရံုလည္း အပါအဝင္ ျဖစ္သည္။

ရက္ကလစ္ဖ္သည္ ေရနံဓာတု လုပ္ငန္းမ်ား လုပ္ကိုင္ကာ ေပါင္ ၂၉ ဘီလီယံခန္႔ ၾကြယ္ဝသည္ဟု ခန္႔မွန္းရျပီး ျဗိတိန္၏ ဒုတိယအခ်မ္းသာဆံုး ပုဂၢိဳလ္အျဖစ္ ရပ္တည္ေနသည္။

ကာလၾကာရွင္ရင္ဆိုင္ခဲ့ေသာအမႈ အႏိုင္ရရွိသြားျပီျဖစ္ေသာေၾကာင့္ ရက္ကလစ္ဖ္အေနျဖင့္ ပ်ားရည္ထုတ္လုပ္ သည့္စက္ရံုကို ဖ်က္သိမ္းစရာ မလုိေတာ့ေခ်။

ရက္ကလစ္ဖ္က ပ်ားေမြးျမဴေရးအေပၚ မည္သို႔ စိတ္အားထက္သန္သည္ကို စီမံကိန္းခြင့္ျပဳခ်က္ ေလွ်ာက္ထား သည့္ စာရြက္စာတမ္းမ်ားတြင္ အေသးစိတ္ေဖာ္ျပခဲ့သည္။

ပ်ားအံုမ်ား ေမြးျမဴျခင္းမွာ ရက္ကလစ္ဖ္ကိုယ္တိုင္ႏွင့္ မိသားစုအတြက္ ပ်ားရည္ရရွိရန္ျဖစ္ေၾကာင္း ေလွ်ာက္ထားခ်က္တြင္ ေဖာ္ျပသည္။

ျခံဝန္းအတြင္း ေဆာက္လုပ္ျပီးစီးထားျပီျဖစ္ေသာ တင္းနစ္ကြင္း၊ ေပါင္းမိုး၊ နံရံခတ္ ပန္းဥယ်ာဥ္ႏွင့္ ဆက္စပ္ လ်က္ရွိေသာ ေျမယာအလွျပဳျပင္မႈတို႔ကို ပံုမွန္အတိုင္း ဆက္လက္ထားရွိသြားရန္ ရည္ရြယ္ကာ ခြင့္ျပဳခ်က္ ေလွ်ာက္ထားျခင္းျဖစ္ေၾကာင္း ေဖာ္ျပသည္။

ရက္ကလစ္ဖ္၏ ေဆာက္လုပ္မႈ စီမံကိန္းမ်ားကို အိမ္နီးခ်င္းျဖစ္သူ Mr J Harrow က ၂၀၂၂ ခုႏွစ္၊ ႏိုဝင္ဘာလ အတြင္း ကန္႔ကြက္မႈမ်ား ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

ဥေရာပသမဂၢမွ ျဗိတိန္ထြက္ခြာမႈကို ေထာက္ခံသူ ဘီလ်ံနာ ရက္ကလစ္ဖ္သည္ ၂၀၂၀ ျပည့္ႏွစ္တြင္ မိုနာကိုသို႔ ေျပာင္းေရႊ႕အေျခခ်ခဲ့သည္။

ထိုသို႔ေျပာင္းေရႊ႕အေျခခ်မႈေၾကာင့္ အခြန္ေဆာင္ရမႈ ေပါင္ ၄ ဘီလီယံ သက္သာသြားခဲ့သည္ဟု ဆိုသည္။

ရက္ကလစ္ဖ္သည္ ဟမ့္ပ္ရႈိင္းယား ကမ္းရိုုးတန္းေဒသကို စက္မႈနယ္ေျမအျဖစ္ ေျပာင္းလဲရန္ ရည္ရြယ္ေနပံု ရေၾကာင္း အိမ္နီးခ်င္းျဖစ္သူ Mr J Harrow က ေျပာသည္။

ထိုသို႔ ကန္႔ကြက္မႈမ်ားရွိေနေသာ္လည္း ရက္ကလစ္ဖ္၏ စီမံကိန္းတင္ျပမႈမွာ ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္း ခြင့္ျပဳခ်က္ ရရွိခဲ့သည္။

ရက္ကလစ္ဖ္သည္ မန္ခ်က္စတာ ယူႏိုက္တက္၏ ရွယ္ယာ ၂၅ ရာခိုင္ႏႈန္းကို ဝယ္ယူမည္ျဖစ္ေၾကာင္း ျပီးခဲ့ေသာ ဒီဇင္ဘာလအတြင္းက ေၾကညာခဲ့ျပီး ယခုႏွစ္ ေဖေဖာ္ဝါရီတြင္ ဝယ္ယူမႈလုပ္ငန္းစဥ္ အျပီးသတ္ခဲ့သည္။

(ဆာ ဂ်င္ ရက္ကလစ္ဖ္ကို ၂၀၂၄ လန္ဒန္မာရသြန္တြင္ ေတြ႔ရပံု။ ဓာတ္ပံု-Getty)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Man Utd co-owner Sir Jim Ratcliffe locked in neighbour row over BEEHIVES and tennis court at his £6million mansion (thesun)

Photo Credit: AFP, Solent,Getty

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
ဟင်နရီ ဇီးဂလန်းဆိုသူကို ၎င်း၏ ယောက်ဖက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ လွဲချော်သွားပြီး သစ်ပင်ထဲ ကျည်ဝင်သွားခဲ့၊ နှစ် ၂၀ အကြာတွင် ဇီးဂလန်းက သစ်ပင်ကို ဒိုင်းနမိုက်ဖြင့် ခွဲကာ လှဲခဲ့ရာ ကျည်ပြန်ထွက်လာပြီး နဖူးမှန်ကာ သေဆုံးခဲ့ရ...

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service