Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖြင့် ထိပ်ဆုံးတွင် ရပ်တည်

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖြင့် ထိပ်ဆုံးတွင် ရပ်တည် - Property News in Myanmar from iMyanmarHouse.com
10 Apr 2024 11:23 am တွင် တင်ခဲ့သည်
1908 ကြိမ် ကြည့်ရှု့ပြီး

 [Unicode]

 

Forbes မဂ္ဂဇင်းကြီးက ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများစာရင်းကို ထုတ်ပြန်လိုက်ရာ အသက် ၃၃ နှစ် အောက် ချမ်းသာကြွယ်ဝသူများကို စုစည်းဖော်ပြထားခြင်း ဖြစ်သည်။

အဆိုပါ စာရင်းတွင် လူငယ်ဘီလျံနာ ၂၅ ဦး၏ စာရင်း ဖော်ပြထားပြီး ၎င်းတို့၏ စုစုပေါင်းကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၁၀ ဘီလီယံကျော် ရှိသည်။ ယခုနှစ်စာရင်းတွင် ပါဝင်သူအချို့မှာ ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာသူများဖြစ်ပြီး Snapchat နှင့် Gymshark တို့ကဲ့သို့ လုပ်ငန်းများ တည်ထောင်ထားသူများ ဖြစ်သည်။

ကျန်အများစုမှာမူ အမွေရခြင်းနှင့် မျိုးရိုးစဉ်ဆက် ချမ်းသာသူများ ဖြစ်ကြသည်။

ယခုနှစ် Forbes မဂ္ဂဇင်းကြီးကဖော်ပြသော အချမ်းသာဆုံးလူငယ်ဘီလျံနာမှာ မာ့ခ် မိတ်စကစ်ဇ် (Mark Mateschitz) ဖြစ်သည်။

မာ့ခ် မိတ်စကစ်ဇ်သည် ကျွဲရိုင်းအချိုရည် (Red Bull) ၏ ရှယ်ယာ တစ်ဝက်နီးပါး ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံ အမွေရရှိခဲ့ခြင်း ဖြစ်သည်။ လူငယ်ဘီလျံနာ ၂၅ ဦးအနက် ၁၅ ဦးမှာ ဥရောပမှ ဖြစ်သည်။

ကျန် ၁၀ ဦးမှာ ဘရာဇီး၊ တောင်ကိုရီးယားနှင့် ဟောင်ကောင်တို့မှ အမွေရရှိကာ ချမ်းသာလာသော ဘီလျံနာ များနှင့် ဂျပန်၊ အမေရိကန်တို့မှ ကိုယ့်ထူးကိုယ်ချွန်ဘီလျံနာများ အပါအဝင် ကမ္ဘာတစ်ဝန်းမှ ဖြစ်သည်။

(၁။ မာ့ခ် မိတ်စကစ်ဇ် ၊ ၃၁ နှစ်၊ ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံ၊ Red Bull )

မာ့ခ် မိတ်စကစ်ဇ်သည် အမွေရရှိကာ ဘီလျံနာဖြစ်လာသူဖြစ်ပြီး ကျွဲရိုင်းအချိုရည် (Red Bull )၏ ရှယ်ယာ ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။ ကျွဲရိုင်းအချိုရည်ကို ၎င်း၏ ဖခင် ဒီသရိုက် မစ်စကစ်ဇ်က ၁၉၈၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၂၀၂၂ ခုနှစ် အတွင်း ကွယ်လွန်သွားခဲ့ရာ မာ့ခ် မိတ်စကစ်ဇ်က အမွေဆက်ခံခဲ့ခြင်း ဖြစ်သည်။

 

(ကျွဲရိုင်းအချိုရည်၏ စီအီးအို မာ့ခ် မိတ်စကစ်ဇ်)

 

ဒီသရိုက်သည် ကျွဲရိုင်းအချိုရည်ကို ထိုင်းလုပ်ငန်းရှင် ချာလီယို ယုဝိဒယနှင့် ပူးတွဲ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ယုဝိဒယ၏ သားဖြစ်သူ ချာလန်မှာလည်း ယခုအခါ ဘီလျံနာတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

ကျွဲရိုင်းအချိုရည် စတင်တည်ထောင်ပြီးချိန်ကတည်းက ယနေ့အချိန်အထိ ကမ္ဘာတဝန်းတွင် အချိုရည်ဘူး ပေါင်း ၁၀၀ ဘီလီယံကျော် ရောင်းချခဲ့ပြီးဖြစ်သည်။

၂၀၂၃ တစ်နှစ်ထဲတွင်ပင် အချိုရည်ဘူး ၁၂ ဘီလီယံကျော် ရောင်းချခဲ့ပြီး ဝင်ငွေ ကန်ဒေါ်လာ ၁၁ ဒသမ ၆ ဘီလီယံ ရရှိခဲ့သည်။

(၂။ ဂျွန်ကောလစ်ဆင်၊ ၃၃ နှစ်၊ ကန်ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံ၊ Stripe )

ကိုယ်ထူးကိုယ်ချွန် ဘီလျံနာသူဌေး ဂျွန်ကောလစ်ဆင်နှင့် သူ၏ညီငယ် ပက်ထရစ်တို့သည် အထက်တန်း ကျောင်းသားဘဝက တည်ထောင်ခဲ့သော လုပ်ငန်းတစ်ခုကို ၂၀၀၇ ခုနှစ်တွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းချခဲ့သည်။

 

(ကိုယ်ထူးကိုယ်ချွန်ဘီလျံနာ ဂျွန်ကောလစ်ဆင် )

 

ဟားဗတ်တက္ကသိုလ်မှ ကျောင်းပြီးခဲ့သူ ဂျွန်ကောလစ်ဆင်သည် ငွေပေးချေမှု ဆော့ဖ်ဝဲဖြစ်သော Stripe ကို ပူးတွဲတည်ထောင်ခဲ့သူဖြစ်ပြီး Elon Musk,Peter Thiel,Max Levchin နှင့် Sequoia Capital တို့၏ ကျောထောက်နောက်ခံ ရရှိထားသည်။

 

(၃။ ဖီးရက် မစ္စရီ၊ ၂၇ နှစ်၊ ကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံ၊ Tata Sons)

ဖီးရက် မစ္စရီနှင့် ဇာဟန် မစ္စရီတို့ညီအစ်ကိုမှာ ကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံ ချမ်းသာကြွယ်ဝပြီး အသက် ၃၀ အောက် ဘီလျံနာများတွင် အချမ်းသာဆုံးဖြစ်သည်။

မစ္စရီသည် Tata Sons ကုမ္ပဏီတွင် ရှယ်ယာ ၄ ဒသမ ၆ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

Tata Sons သည် အိန္ဒိယလုပ်ငန်းစုံ ကုမ္ပဏီကြီးဖြစ်ပြီး အတိုင်ပင်ခံ ကုမ္ပဏီ Tata Consultancy နှင့် ကားထုတ်လုပ်ရေးကုမ္ပဏီ Tata Motors တို့ အပါအဝင် ကုမ္ပဏီပေါင်း ၂၉ ခု ပိုင်ဆိုင်ထားသည်။

မိခင်ကုမ္ပဏီဖြစ်သော Tata Groups ၏ ပြီးခဲ့သောနှစ် ဝင်ငွေမှာ ကန်ဒေါ်လာ ၁၅၀ ဘီလီယံခန့် ရှိသည်။

အချမ်းသာဆုံး လူငယ်ဘီလျံနာများအနက် အဆင့် ၄ မှ အဆင့် ၁၀ အထိ ရပ်တည်နေသော အခြားပုဂ္ဂိုလ်များမှာ.....

၄။ ဇာဟန် မစ္စ်ရီ၊ ၂၅ နှစ်၊ ကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံ၊ Tata Sons

 

၅။ လူလာ ဒဲလ်ဘက်ခီယို ၊ ၂၂ နှစ်၊ ကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံ၊ Delfin

၆။ လီယိုနာဒို မာရီယာ ဒဲလ်ဘက်ခီယို၊ ၂၈ နှစ်၊ ကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံ၊ Delfin

 

၇။ ကလီမန်တီ ဒဲလ်ဘက်ခီယို၊ ၁၉ နှစ်၊ ကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံ၊ Delfin

 

 

၈။မီဟာ စတားနက်၊ ၃၁ နှစ်၊ ကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံ၊ CSG

 

 

၉။ ဂုစတာ မက်ဂ်နာ ဝစ်ဇိုး၊ ၃၀ နှစ်၊ ကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ၊ Salma ASA

၁၀။ ကီဗင် ဒေးဗစ် လေမန်း၊ ၂၁ နှစ်၊ ကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံ၊ (dm-drogerie markt)

 

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Austrian Mark Mateschitz, 31, is the world's richest young billionaire worth a mega $39.6BLN after inheriting Red Bull, according to Forbes latest global list of super rich under 33: Brazilian Livia Voigt, 19, becomes the youngest worth $1.1BLN (dailymail)

 

 

[Zawgyi]

Forbes မဂၢဇင္းၾကီးက ထုတ္ျပန္လိုက္ေသာ ကမၻာ့အသက္ငယ္ဆံုး ဘီလ်ံနာမ်ား စာရင္းတြင္ ကၽြဲရိုင္းအခ်ဳိရည္ ၏ အေမြဆက္ခံလိုက္သူ အသက္ ၃၁ ႏွစ္အရြယ္ ၾသစထရီးယားႏိုင္ငံသား မာ့ခ္ မိတ္စကစ္ဇ္မွာ ၾကြယ္ဝမႈ ကန္ေဒၚလာ ၃၉ ဒသမ ၆ ဘီလီယံျဖင့္ ထိပ္ဆံုးတြင္ ရပ္တည္

 

Forbes မဂၢဇင္းၾကီးက ကမၻာ့အသက္ငယ္ဆံုး ဘီလ်ံနာမ်ားစာရင္းကို ထုတ္ျပန္လိုက္ရာ အသက္ ၃၃ ႏွစ္ ေအာက္ ခ်မ္းသာၾကြယ္ဝသူမ်ားကို စုစည္းေဖာ္ျပထားျခင္း ျဖစ္သည္။

အဆုိပါ စာရင္းတြင္ လူငယ္ဘီလ်ံနာ ၂၅ ဦး၏ စာရင္း ေဖာ္ျပထားျပီး ၎တို႔၏ စုစုေပါင္းၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁၁၀ ဘီလီယံေက်ာ္ ရွိသည္။ ယခုႏွစ္စာရင္းတြင္ ပါဝင္သူအခ်ဳိ႕မွာ ကိုယ့္ထူးကိုယ္ခၽြန္ ခ်မ္းသာလာသူမ်ားျဖစ္ျပီး Snapchat ႏွင့္ Gymshark တို႔ကဲ့သို႔ လုပ္ငန္းမ်ား တည္ေထာင္ထားသူမ်ား ျဖစ္သည္။

က်န္အမ်ားစုမွာမူ အေမြရျခင္းႏွင့္ မ်ဳိးရိုးစဥ္ဆက္ ခ်မ္းသာသူမ်ား ျဖစ္ၾကသည္။

ယခုႏွစ္ Forbes မဂၢဇင္းၾကီးကေဖာ္ျပေသာ အခ်မ္းသာဆံုးလူငယ္ဘီလ်ံနာမွာ မာ့ခ္ မိတ္စကစ္ဇ္ (Mark Mateschitz) ျဖစ္သည္။

မာ့ခ္ မိတ္စကစ္ဇ္သည္ ကၽြဲရိုင္းအခ်ဳိရည္ (Red Bull) ၏ ရွယ္ယာ တစ္ဝက္နီးပါး ကန္ေဒၚလာ ၃၉ ဒသမ ၆ ဘီလီယံ အေမြရရွိခဲ့ျခင္း ျဖစ္သည္။ လူငယ္ဘီလ်ံနာ ၂၅ ဦးအနက္ ၁၅ ဦးမွာ ဥေရာပမွ ျဖစ္သည္။

က်န္ ၁၀ ဦးမွာ ဘရာဇီး၊ ေတာင္ကိုရီးယားႏွင့္ ေဟာင္ေကာင္တုိ႔မွ အေမြရရွိကာ ခ်မ္းသာလာေသာ ဘီလ်ံနာ မ်ားႏွင့္ ဂ်ပန္၊ အေမရိကန္တို႔မွ ကိုယ့္ထူးကိုယ္ခၽြန္ဘီလ်ံနာမ်ား အပါအဝင္ ကမၻာတစ္ဝန္းမွ ျဖစ္သည္။

(၁။ မာ့ခ္ မိတ္စကစ္ဇ္ ၊ ၃၁ ႏွစ္၊ ကန္ေဒၚလာ ၃၉ ဒသမ ၆ ဘီလီယံ၊ Red Bull )

မာ့ခ္ မိတ္စကစ္ဇ္သည္ အေမြရရွိကာ ဘီလ်ံနာျဖစ္လာသူျဖစ္ျပီး ကၽြဲရိုင္းအခ်ဳိရည္ (Red Bull )၏ ရွယ္ယာ ၄၉ ရာခိုင္ႏႈန္း ပိုင္ဆိုင္ထားသည္။ ကၽြဲရိုင္းအခ်ဳိရည္ကို ၎၏ ဖခင္ ဒီသရိုက္ မစ္စကစ္ဇ္က ၁၉၈၇ ခုႏွစ္တြင္ တည္ေထာင္ခဲ့ျပီး ၂၀၂၂ ခုႏွစ္ အတြင္း ကြယ္လြန္သြားခဲ့ရာ မာ့ခ္ မိတ္စကစ္ဇ္က အေမြဆက္ခံခဲ့ျခင္း ျဖစ္သည္။

(ကၽြဲရိုင္းအခ်ဳိရည္၏ စီအီးအို မာ့ခ္ မိတ္စကစ္ဇ္)

ဒီသရိုက္သည္ ကၽြဲရိုင္းအခ်ဳိရည္ကို ထိုင္းလုပ္ငန္းရွင္ ခ်ာလီယို ယုဝိဒယႏွင့္ ပူးတြဲ တည္ေထာင္ခဲ့ျခင္း ျဖစ္သည္။

ယုဝိဒယ၏ သားျဖစ္သူ ခ်ာလန္မွာလည္း ယခုအခါ ဘီလ်ံနာတစ္ဦး ျဖစ္ေနျပီ ျဖစ္သည္။

ကၽြဲရိုင္းအခ်ဳိရည္ စတင္တည္ေထာင္ျပီးခ်ိန္ကတည္းက ယေန႔အခ်ိန္အထိ ကမၻာတဝန္းတြင္ အခ်ဳိရည္ဘူး ေပါင္း ၁၀၀ ဘီလီယံေက်ာ္ ေရာင္းခ်ခ့ဲျပီးျဖစ္သည္။

၂၀၂၃ တစ္ႏွစ္ထဲတြင္ပင္ အခ်ဳိရည္ဘူး ၁၂ ဘီလီယံေက်ာ္ ေရာင္းခ်ခဲ့ျပီး ဝင္ေငြ ကန္ေဒၚလာ ၁၁ ဒသမ ၆ ဘီလီယံ ရရွိခဲ့သည္။

(၂။ ဂၽြန္ေကာလစ္ဆင္၊ ၃၃ ႏွစ္၊ ကန္ေဒၚလာ ၇ ဒသမ ၂ ဘီလီယံ၊ Stripe )

ကိုယ္ထူးကိုယ္ခၽြန္ ဘီလ်ံနာသူေဌး ဂၽြန္ေကာလစ္ဆင္ႏွင့္ သူ၏ညီငယ္ ပက္ထရစ္တုိ႔သည္ အထက္တန္း ေက်ာင္းသားဘဝက တည္ေထာင္ခဲ့ေသာ လုပ္ငန္းတစ္ခုကို ၂၀၀၇ ခုႏွစ္တြင္ ေဒၚလာ ၅ သန္းျဖင့္ ေရာင္းခ်ခဲ့သည္။

(ကိုယ္ထူးကိုယ္ခၽြန္ဘီလ်ံနာ ဂၽြန္ေကာလစ္ဆင္ )

ဟားဗတ္တကၠသိုလ္မွ ေက်ာင္းျပီးခဲ့သူ ဂၽြန္ေကာလစ္ဆင္သည္ ေငြေပးေခ်မႈ ေဆာ့ဖ္ဝဲျဖစ္ေသာ Stripe ကို ပူးတြဲတည္ေထာင္ခဲ့သူျဖစ္ျပီး Elon Musk,Peter Thiel,Max Levchin ႏွင့္ Sequoia Capital တို႔၏ ေက်ာေထာက္ေနာက္ခံ ရရွိထားသည္။

(၃။ ဖီးရက္ မစၥရီ၊ ၂၇ ႏွစ္၊ ကန္ေဒၚလာ ၄ ဒသမ ၉ ဘီလီယံ၊ Tata Sons)

ဖီးရက္ မစၥရီႏွင့္ ဇာဟန္ မစၥရီတို႔ညီအစ္ကိုမွာ ကန္ေဒၚလာ ၄ ဒသမ ၉ ဘီလီယံ ခ်မ္းသာၾကြယ္ဝျပီး အသက္ ၃၀ ေအာက္ ဘီလ်ံနာမ်ားတြင္ အခ်မ္းသာဆံုးျဖစ္သည္။

မစၥရီသည္ Tata Sons ကုမၸဏီတြင္ ရွယ္ယာ ၄ ဒသမ ၆ ရာခုိင္ႏႈန္း ပိုင္ဆုိင္ထားသည္။

Tata Sons သည္ အိႏိၵယလုပ္ငန္းစံု ကုမၸဏီၾကီးျဖစ္ျပီး အတုိင္ပင္ခံ ကုမၸဏီ Tata Consultancy ႏွင့္ ကားထုတ္လုပ္ေရးကုမၸဏီ Tata Motors တို႔ အပါအဝင္ ကုမၸဏီေပါင္း ၂၉ ခု ပိုင္ဆိုင္ထားသည္။

မိခင္ကုမၸဏီျဖစ္ေသာ Tata Groups ၏ ျပီးခဲ့ေသာႏွစ္ ဝင္ေငြမွာ ကန္ေဒၚလာ ၁၅၀ ဘီလီယံခန္႔ ရွိသည္။

အခ်မ္းသာဆံုး လူငယ္ဘီလ်ံနာမ်ားအနက္ အဆင့္ ၄ မွ အဆင့္ ၁၀ အထိ ရပ္တည္ေနေသာ အျခားပုဂၢိဳလ္မ်ားမွာ

၄။ ဇာဟန္ မစ္ၥရီ၊ ၂၅ ႏွစ္၊ ကန္ေဒၚလာ ၄ ဒသမ ၉ ဘီလီယံ၊ Tata Sons

၅။ လူလာ ဒဲလ္ဘက္ခီယို ၊ ၂၂ ႏွစ္၊ ကန္ေဒၚလာ ၄ ဒသမ ၇ ဘီလီယံ၊ Delfin

၆။ လီယုိနာဒို မာရီယာ ဒဲလ္ဘက္ခီယို၊ ၂၈ ႏွစ္၊ ကန္ေဒၚလာ ၄ ဒသမ ၇ ဘီလီယံ၊ Delfin

၇။ ကလီမန္တီ ဒဲလ္ဘက္ခီယို၊ ၁၉ ႏွစ္၊ ကန္ေဒၚလာ ၄ ဒသမ ၇ ဘီလီယံ၊ Delfin

၈။မီဟာ စတားနက္၊ ၃၁ ႏွစ္၊ ကန္ေဒၚလာ ၄ ဒသမ ၄ ဘီလီယံ၊ CSG

၉။ ဂုစတာ မက္ဂ္နာ ဝစ္ဇိုး၊ ၃၀ ႏွစ္၊ ကန္ေဒၚလာ ၄ ဒသမ ၂ ဘီလီယံ၊ Salma ASA

၁၀။ ကီဗင္ ေဒးဗစ္ ေလမန္း၊ ၂၁ ႏွစ္၊ ကန္ေဒၚလာ ၃ ဒသမ ၃ ဘီလီယံ၊ (dm-drogerie markt)

 

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစရွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္ရွိသည့္ အိမ္ၿခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Austrian Mark Mateschitz, 31, is the world's richest young billionaire worth a mega $39.6BLN after inheriting Red Bull, according to Forbes latest global list of super rich under 33: Brazilian Livia Voigt, 19, becomes the youngest worth $1.1BLN (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service