တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့ကြပုံ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့ကြပုံ - Property News in Myanmar from iMyanmarHouse.com
17 Apr 2024 2:00 pm တွင် တင်ခဲ့သည်
1544 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
တရုတ်ပြည်မှ မြို့တစ်မြို့ရှိ အင်ဂျင်နီယာတို့သည် ၅ ထပ်မြင့်မားသော ဘတ်စ်ကားဂိတ် အဆောက်အအုံကြီး တစ်ခုကို နေရာသစ်သို့ တွန်းရွှေ့ခဲ့ကြသည်။
တန်ချိန် ၃၀၀၀၀ ရှိသော အဆောက်အအုံကြီးကို ရွှေ့ရန်အတွက် အဆောက်အအုံအောက်တွင် ဟိုက်ဒရောလစ် ဂျိုက်ပေါင်း ရာနှင့်ချီ ထားရှိကာ ဒလိမ့်ပြေးလမ်းများဖြင့် ရွှေ့ပြောင်းခဲ့ကြခြင်း ဖြစ်သည်။
အဆောက်အအုံကြီး၏ အလေးချိန်မှာ ပဲရစ်မြို့မှ အီဖဲတာဝါကြီး ၄ ခုစာ အလေးချိန်ရှိသည်။
ကျည်ဆန်ရထားလမ်း ဖောက်လုပ်ရန်အတွက် အဆောက်အအုံကြီးကို နေရာသစ်သို့ ရက် ၄၀ အတွင်း ရွှေ့ပြောင်းခဲ့ကြခြင်း ဖြစ်သည်။
(တရုတ်ပြည် ဟို့ရှီးလုံခရိုင် ကားဂိတ်အဆောက်အအုံကို ဒလိမ့်ပြေးလမ်းများဖြင့် ရွှေ့ပြောင်းခဲ့ရသည်။)
(ဟိုက်ဒရောလစ်ဂျိုက်ပေါင်း ရာနှင့်ချီ၍ အသုံးပြုပြီး ပင့်မြှောက်မတင်ကာ ရှေ့သို့ ရွေ့လျားစေခဲ့သည်။)
ဟို့ရှီးလုံ အဝေးပြေးကားဂိတ်သည် တရုတ်ပြည် အရှေ့တောင်ပိုင်း ဂျီးမေခရိုင် ၊ ရှမန်ပင်လယ်ဆိပ်ကမ်းမြို့တွင် တည်ရှိသည်။
ဟို့ရှီးလုံ ကားဂိတ်သည် မြေပေါ် ၃ ထပ်နှင့် မြေအောက် ၂ ထပ် ရှိပြီး ၅ နှစ်ကြာ ဆောက်လုပ်ခဲ့ရသည်။
ဆောက်လုပ်မှု ကုန်ကျစရိတ် ယွမ်ငွေ သန်း ၂၆၀ (ပေါင် သန်း ၃၀) ရှိခဲ့ပြီး အများပြည်သူအား ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ပေးခဲ့သည်။
မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းအတွက် မြို့အုပ်ချုပ်ရေးအဖွဲ့က အကြိမ်ကြိမ် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ခဲ့ပြီးနောက် အဆောက်အအုံကြီးတစ်ခုလုံးကို အခြားလမ်းသို့ ရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့သည်။
အဆောက်အအုံကြီးအား ၉၀ ဒီဂရီ ရေပြင်ညီ ရွေ့လျား ပြောင်းရွှေ့ရမည် ဖြစ်သည်။
အဆောက်အအုံမှာ အလျား ၅၃၁ ပေနှင့် အနံ ၁၁၀ ပေရှိသည်။
အဆောက်အအုံကို နေရာသစ်သို့ ရောက်ရှိစေရန် အဆောက်အအုံ၏ တစ်ဖက်စွန်းမှာ ၉၄၅ ပေ ထောင့်မှန်ပုံ ရွေ့လျားရမည် ဖြစ်သည်။
(ဟို့ရှီးလုံ အဝေးပြေးကားဂိတ်သည် တရုတ်ပြည် အရှေ့တောင်ပိုင်း ဂျီးမေခရိုင် ၊ ရှမန်ပင်လယ်ဆိပ်ကမ်းမြို့တွင် တည်ရှိသည်။)
ဤမျှကြီးမားသော အဆောက်အအုံကြီးကို အစောတလျင် ရွှေ့ပြောင်းရန်မှာ မကြုံဖူးသည့် စိန်ခေါ်မှုများ ရှိသည်။
အဆောက်အအုံကို ရွှေ့ရန်အတွက် အလုပ်သမားတို့က မူရင်းနေရာနှင့် နေရာသစ်အကြား မြေတူးသွားရသည်။
ယပ်တောင်ပုံသဏ္ဍာန် ဒလိမ့်ပြေးလမ်းများ ပြုလုပ်ကြရသည်။
ထို့နောက် အဆောက်အအုံအောက်တွင် ဟိုက်ဒရောလစ်ဂျိုက်ပေါင်း ၅၃၂ ခု ထားရှိကြရသည်။
အဆိုပါ အထူးဟိုက်ဒရောလစ်ဂျိုက်များသည် မရွှေ့ပြီးလျှင် ရှေ့သို့ အလိုအလျောက် ရွေ့လျားစေကာ အဆောက်အအုံနှင့်အတူ ပါသွားကြောင်း Haixi Morning Post သတင်းဌာနက ဖော်ပြသည်။
(မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းအတွက် အဆောက်အအုံကို နေရာရွှေ့ခြင်းဖြစ်သည်။)
ဟိုက်ဒရောလစ်ဂျိုက်များကို ကွန်ပြူတာဖြင့် ထိန်းချုပ်ထားသည်။
ပထမအုပ်စုဂျိုက်များက အဆောက်အအုံကို မတင်ကာ ရှေ့သို့ ရွေ့လျားစေပြီးနောက် ဒုတိယအုပ်စုဂျိုက်များက အလားတူ ထပ်မံပြုလုပ်ကြသည်။
ဟိုက်ဒရောလစ်ဂျိုက်များဖြင့် ၂၄ နာရီလုံး မရပ်မနား ရွေ့ပြောင်းရာတွင် အဆောက်အအုံကြီးသည် တစ်ရက်လျှင် ၁၀ မီတာမှ မီတာ ၂၀ အထိ (၃၂ ဒသမ ၈ ပေမှ ၆၅ ဒသမ ၆ ပေ အထိ ရွေ့လျားခဲ့သည်။)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Chinese engineers move a 30,000-tonne bus terminal in 40 days by sliding the entire building across the ground along rolling tracks (dailymail)
Photo Credit: dailymail
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service