ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်

ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော် - Property Knowledge in Myanmar from iMyanmarHouse.com
15 Apr 2024 10:46 am တွင် တင်ခဲ့သည်
1260 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

• နတ်မင်းကြီးကိုးပါးအား ပူဇော်ပသရန် ထိုင်းနိုင်ငံ ဖူးခက်၌ ၉ ရက်တာ ကျင်းပသော ပွဲတော်ဖြစ်

• ပူဇော်ပွဲတွင် ပါဝင်သူများမှာ ၎င်းတို့၏ အသက်နှင့် ခန္ဓာကို နတ်မင်းကြီးများအား ပေးလှူထားကြပြီး အသားငါးနှင့် ပတ်သက်သည့် ထုတ်ကုန်အားလုံး မစားသောက်ဘဲ ရှောင်ကြဉ်ကြရ

ထိုင်းနိုင်ငံတွင် နှစ်စဉ်ကျင်းပသော သက်သတ်လွတ်ပွဲတော်၌ ပူဇော်ပွဲပါဝင်သူတို့သည် ၎င်းတို့၏ပါးများကို ဓား ၊ ပုဆိန် ၊ ထီးလက်ကိုင်တို့ဖြင့် ထိုးဖောက်ကြပုံကို တွေ့ကြရသည်။

သက်သတ်လွတ်ပွဲတော်ကို ၉ ရက်တာ ကျင်းပပြီး နတ်မင်းကြီး ၉ ပါးအား ပူဇော်ခြင်းဖြစ်သည်။

ပူဇော်ပွဲတွင် ပါဝင်မည့်သူတို့သည် ၎င်းတို့၏ အသက်နှင့် ခန္ဓာကို နတ်မင်းကြီးများအား ပေးလှူထားကြပြီး အသားငါးနှင့် ပတ်သက်သည့် ထုတ်ကုန်အားလုံး မစားသောက်ဘဲ ရှောင်ကြဉ်ကြရသည်။

နတ်မင်းကြီးများက ၎င်းတို့၏ ကံကြမ္မာဆိုးများကို မောင်းထုတ်ပေးနိုင်သည်ဟု ယုံကြည်ကြသည်။

အဆိုပါ ပွဲတော်အား ပီပီပြင်ပြင်ကွက်ကွက်ကွင်းကွင်းရိုက်ကူးထားသော ဓာတ်ပုံများအရ ပါးများအား ထိုးဖောက်ခြင်းကို ဖူးခက်တွင် ကျင်းပသော ပွဲတော်အတွင်း ပြုလုပ်ကြသည်ကို တွေ့ရသည်။

ကောင်းချီးမင်္ဂလာနှင့် ကံကောင်းစေရန် မျှော်လင့်ကြသော ထိုင်းနိုင်ငံသားများနှင့် ကမ္ဘာလှည့်ခရီးသည် ထောင်ပေါင်းများစွာ နှစ်စဉ်လာရောက်လေ့ရှိကြသည်။

ပွဲတော်တွင် ပူဇော်ရာ၌ ပါဝင်ကာ မိမိတို့ပါးများ ထိုးဖောက်ခံကြသူတို့ကို နတ်ဝင်သည်များဟု အများက ခေါ်ကြသည်။

ထိုသူတို့က ၎င်းတို့နှင့် နတ်မင်းတစ်ပါးပါးအကြား ဆက်သွယ်မှုရှိသည်ဟု ယုံကြည်ကြသည်။

ပူဇော်ပွဲတွင် ပါဝင်ရန် ကြိုတင်စာရင်းပေးလျှောက်ထားကြရပြီး ပါဝင်ခွင့်မပြုမီ စေ့စေ့စပ်စပ် သုံးသပ်ရွေးချယ် လေ့ရှိကြသည်။

ပွဲတော်ကို စက်တင်ဘာလအတွင်း တခုသောရက်၏ နေထွက်ချိန်တွင် ကျင်းပလေ့ရှိသည်။

နတ်ကွန်းတစ်ခုတွင် စည်များရိုက်ဆော် ၊ ခေါင်းလောင်းများတီး ၊ အမွှေးတိုင်များ ထွန်းညှိချိန်တွင် နတ်ဝင်သည် တို့က ကြိုတင်ပြင်ဆင်ကြရသည်။ ဖူးခက်ကျွန်း ၊ Wichit မြို့ရှိ ကျော့ဆူးကုံနခ အမည်ရှိ နတ်ကွန်းတွင် ကျင်းပခြင်း ဖြစ်သည်။

ပူဇော်ပွဲတွင် ပါဝင်သည့် နတ်ဝင်သည်တို့သည် ကျော့ဆူးကုံနခ နတ်ကွန်းထဲမှ ထွက်လာပြီးနောက် ၎င်းတို့ရွေးချယ်သော ချွန်ထက်သည့် ပစ္စည်းများဖြင့် အရေပြားအား ထိုးဖောက်နေချိန်တွင် သူနာပြုတို့က အနီးကပ်စောင့်ကြည့်ကြသည်။

ထိုသို့ ထိုးဖောက်မှုများ ပြီးဆုံးသွားချိန်တွင် နတ်ဝင်သည်တို့အား အကူအညီပေးမည့်သူတို့က ပင်လယ်ကမ်းခြေ အနီး ၃ မိုင်အကွာတွင် တည်ရှိသော ပန်းခြံတစ်ခုဆီသို့ ခေါ်ဆောင်သွားကြသည်။

ထိုသို့ စီတန်းလှည့်လည်ချိန်တွင် အချို့သော နတ်ဝင်သည်တို့မှာ နတ်ပူးသကဲ့သို့ တကိုယ်လုံး တုန်တုန်ရီရီ ဖြစ်ကာ မျက်လုံးများ လည်နေရင်း ကခုန်ခြင်း ၊ ရာနှင့်ချီသော လူအုပ်ကြီးအား ကောင်းချီးပေးခြင်းများ ပြုလုပ်ကြသည်။

(Sapam နတ်ကွန်းတွင် လျှာအား အချွန်များဖြင့် ထိုးဖောက်ထားသည့် အမျိုးသားတစ်ဦးကို တွေ့ရပုံ။)

 

(သက်သတ်လွတ်ပွဲတော်၏ ပူဇော်ပွဲတွင် ပါဝင်သော အမျိုးသမီးတစ်ဦး။) (ပွဲတော် စီတန်းလှည့်လည်ပုံ။)

 

(Kuan Tae Kun ဘုရားကျောင်းတွင် ပူဇော်ပွဲ ပါဝင်သူတစ်ဦး၏ ပါးများအား စက္ကူထီးများ ထိုးဖောက်ထား သည်ကို တွေ့ရပုံ)

 

(နတ်ဝင်သည်များ စီတန်းလှည့်လည်ကြပုံ။)

 

(သက်သတ်လွတ်ပွဲတော်တွင် အမျိုးသမီးတစ်ဦး ပါးအား ထိုးဖောက်နေပုံ။)

 

(ဖူးခက်တွင် နှစ်စဉ်ကျင်းပသော ပွဲတော်၌ ပါဝင်သော အမျိုးသမီးတစ်ဦး။)

 

(အမျိုးသားတစ်ဦး၏ ပါးနှင့် ပါးစပ်အား ထိုးဖောက်ထားပုံ။)

 

(ပွဲတော် စီတန်းလှည့်လည်ပုံ။)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Facing their fears! Swords, axes and umbrella handles are pushed through devotees' CHEEKS at Thai vegetarian festival (dailymail)

Photo Credit: REUTERS , Geety image

 

 

[Zawgyi]

ထုိင္းႏိုင္ငံမွ ထူးဆန္းေသာ သက္သတ္လြတ္ပြဲေတာ္

 

• နတ္မင္းၾကီးကိုးပါးအား ပူေဇာ္ပသရန္ ထိုင္းႏိုင္ငံ ဖူးခက္၌ ၉ ရက္တာ က်င္းပေသာ ပြဲေတာ္ျဖစ္

• ပူေဇာ္ပြဲတြင္ ပါဝင္သူမ်ားမွာ ၎တု႔ိ၏ အသက္ႏွင့္ ခႏၶာကို နတ္မင္းၾကီးမ်ားအား ေပးလွဴထားၾကျပီး အသားငါးႏွင့္ ပတ္သက္သည့္ ထုတ္ကုန္အားလံုး မစားေသာက္ဘဲ ေရွာင္ၾကဥ္ၾကရ

ထိုင္းႏိုင္ငံတြင္ ႏွစ္စဥ္က်င္းပေသာ သက္သတ္လြတ္ပြဲေတာ္၌ ပူေဇာ္ပြဲပါဝင္သူတို႔သည္ ၎တို႔၏ပါးမ်ားကို ဓား ၊ ပုဆိန္ ၊ ထီးလက္ကိုင္တို႔ျဖင့္ ထုိးေဖာက္ၾကပံုကို ေတြ႔ၾကရသည္။

သက္သတ္လြတ္ပြဲေတာ္ကုိ ၉ ရက္တာ က်င္းပျပီး နတ္မင္းၾကီး ၉ ပါးအား ပူေဇာ္ျခင္းျဖစ္သည္။

ပူေဇာ္ပြဲတြင္ ပါဝင္မည့္သူတို႔သည္ ၎တု႔ိ၏ အသက္ႏွင့္ ခႏၶာကို နတ္မင္းၾကီးမ်ားအား ေပးလွဴထားၾကျပီး အသားငါးႏွင့္ ပတ္သက္သည့္ ထုတ္ကုန္အားလံုး မစားေသာက္ဘဲ ေရွာင္ၾကဥ္ၾကရသည္။

နတ္မင္းၾကီးမ်ားက ၎တို႔၏ ကံၾကမၼာဆိုးမ်ားကို ေမာင္းထုတ္ေပးႏိုင္သည္ဟု ယံုၾကည္ၾကသည္။

အဆိုပါ ပြဲေတာ္အား ပီပီျပင္ျပင္ကြက္ကြက္ကြင္းကြင္းရိုက္ကူးထားေသာ ဓာတ္ပံုမ်ားအရ ပါးမ်ားအား ထိုးေဖာက္ျခင္းကို ဖူးခက္တြင္ က်င္းပေသာ ပြဲေတာ္အတြင္း ျပဳလုပ္ၾကသည္ကို ေတြ႔ရသည္။

ေကာင္းခ်ီးမဂၤလာႏွင့္ ကံေကာင္းေစရန္ ေမွ်ာ္လင့္ၾကေသာ ထိုင္းႏိုင္ငံသားမ်ားႏွင့္ ကမၻာလွည့္ခရီးသည္ ေထာင္ေပါင္းမ်ားစြာ ႏွစ္စဥ္လာေရာက္ေလ့ရွိၾကသည္။

ပြဲေတာ္တြင္ ပူေဇာ္ရာ၌ ပါဝင္ကာ မိမိတို႔ပါးမ်ား ထိုးေဖာက္ခံၾကသူတုိ႔ကုိ နတ္ဝင္သည္မ်ားဟု အမ်ားက ေခၚၾကသည္။

ထိုသူတို႔က ၎တို႔ႏွင့္ နတ္မင္းတစ္ပါးပါးအၾကား ဆက္သြယ္မႈရွိသည္ဟု ယံုၾကည္ၾကသည္။

ပူေဇာ္ပြဲတြင္ ပါဝင္ရန္ ၾကိဳတင္စာရင္းေပးေလွ်ာက္ထားၾကရျပီး ပါဝင္ခြင့္မျပဳမီ ေစ့ေစ့စပ္စပ္ သံုးသပ္ေရြးခ်ယ္ ေလ့ရွိၾကသည္။

ပြဲေတာ္ကို စက္တင္ဘာလအတြင္း တခုေသာရက္၏ ေနထြက္ခ်ိန္တြင္ က်င္းပေလ့ရွိသည္။

နတ္ကြန္းတစ္ခုတြင္ စည္မ်ားရိုက္ေဆာ္ ၊ ေခါင္းေလာင္းမ်ားတီး ၊ အေမႊးတိုင္မ်ား ထြန္းညိွခ်ိန္တြင္ နတ္ဝင္သည္ တို႔က ၾကိဳတင္ျပင္ဆင္ၾကရသည္။ ဖူးခက္ကၽြန္း ၊ Wichit ျမဳိ႕ရွိ ေက်ာ့ဆူးကံုနခ အမည္ရွိ နတ္ကြန္းတြင္ က်င္းပျခင္း ျဖစ္သည္။

ပူေဇာ္ပြဲတြင္ ပါဝင္သည့္ နတ္ဝင္သည္တို႔သည္ ေက်ာ့ဆူးကုံနခ နတ္ကြန္းထဲမွ ထြက္လာျပီးေနာက္ ၎တို႔ေရြးခ်ယ္ေသာ ခၽြန္ထက္သည့္ ပစၥည္းမ်ားျဖင့္ အေရျပားအား ထုိးေဖာက္ေနခ်ိန္တြင္ သူနာျပဳတို႔က အနီးကပ္ေစာင့္ၾကည့္ၾကသည္။

ထိုသို႔ ထုိးေဖာက္မႈမ်ား ျပီးဆံုးသြားခ်ိန္တြင္ နတ္ဝင္သည္တို႔အား အကူအညီေပးမည့္သူတုိ႔က ပင္လယ္ကမ္းေျခ အနီး ၃ မိုင္အကြာတြင္ တည္ရွိေသာ ပန္းျခံတစ္ခုဆီသို႔ ေခၚေဆာင္သြားၾကသည္။

ထိုသုိ႔ စီတန္းလွည့္လည္ခ်ိန္တြင္ အခ်ဳိ႕ေသာ နတ္ဝင္သည္တုိ႔မွာ နတ္ပူးသကဲ့သုိ႔ တကုိယ္လံုး တုန္တုန္ရီရီ ျဖစ္ကာ မ်က္လံုးမ်ား လည္ေနရင္း ကခုန္ျခင္း ၊ ရာႏွင့္ခ်ီေသာ လူအုပ္ၾကီးအား ေကာင္းခ်ီးေပးျခင္းမ်ား ျပဳလုပ္ၾကသည္။

(Sapam နတ္ကြန္းတြင္ လွ်ာအား အခၽြန္မ်ားျဖင့္ ထုိးေဖာက္ထားသည့္ အမ်ဳိးသားတစ္ဦးကို ေတြ႔ရပံု။)

(သက္သတ္လြတ္ပြဲေတာ္၏ ပူေဇာ္ပြဲတြင္ ပါဝင္ေသာ အမ်ဳိးသမီးတစ္ဦး။) (ပြဲေတာ္ စီတန္းလွည့္လည္ပံု။)

(Kuan Tae Kun ဘုရားေက်ာင္းတြင္ ပူေဇာ္ပြဲ ပါဝင္သူတစ္ဦး၏ ပါးမ်ားအား စကၠဴထီးမ်ား ထိုးေဖာက္ထား သည္ကို ေတြ႔ရပံု)

(နတ္ဝင္သည္မ်ား စီတန္းလွည့္လည္ၾကပံု။)

(သက္သတ္လြတ္ပြဲေတာ္တြင္ အမ်ဳိးသမီးတစ္ဦး ပါးအား ထိုးေဖာက္ေနပံု။)

(ဖူးခက္တြင္ ႏွစ္စဥ္က်င္းပေသာ ပြဲေတာ္၌ ပါဝင္ေသာ အမ်ိဳးသမီးတစ္ဦး။)

(အမ်ိဳးသားတစ္ဦး၏ ပါးႏွင့္ ပါးစပ္အား ထိုးေဖာက္ထားပံု။)

(ပြဲေတာ္ စီတန္းလွည့္လည္ပံု။)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Facing their fears! Swords, axes and umbrella handles are pushed through devotees' CHEEKS at Thai vegetarian festival (dailymail)

Photo Credit: REUTERS , Geety image

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service