အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်နေထိုင်ပြီး ယခုအခါ ၎င်းတို့ကို မောင်းထုတ်၍ မရဖြစ်နေ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်နေထိုင်ပြီး ယခုအခါ ၎င်းတို့ကို မောင်းထုတ်၍ မရဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
22 Mar 2024 12:16 pm တွင် တင်ခဲ့သည်
1029 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ် ၊ Dekalb ခရိုင်မှ အမျိုးသားတစ်ဦးက ပြောသည်မှာ မကျန်းမာသောဇနီးကို ပြုစုစောင့်ရှောက်ပြီးနောက် အိမ်သို့ ပြန်လာချိန်တွင် ကျူးကျော်သူများက သူ၏ အိမ်အတွင်း ဝင်ရောက်နေထိုင်ကြကာ သော့များ ပြောင်းလဲထားသည်ကို တွေ့ခဲ့ရကြောင်း ပြောသည်။

ပြည်နယ် ဥပဒေများအရ ထိုသူတို့အား မောင်းထုတ်၍ မရဘဲ ဖြစ်နေသည်။

“ဒီလူတွေက သောကြာနေ့မှာ ရောက်လာခဲ့ပြီး ကျွန်တော့်အိမ်ကို ချိုးဖျက် ဝင်ရောက်ခဲ့ကြပါတယ်။ ပြီးတော့ U-Haul ကုမ္ပဏီရဲ့ အိမ်ပြောင်းရွှေ့ဝန်ဆောင်မှုနဲ့ သူတို့ပစ္စည်းတွေအားလုံး ရွှေ့လာခဲ့ကြတယ်။ စိတ်ပျက်ဖို့ ကောင်းပါတယ်။ သိပ်ကို စိတ်ပျက်ဖို့ကောင်းပါတယ်။ ကျွန်တော် အိပ်လို့တောင် မပျော်ဘူး”ဟု Paul Callins က WSB-TV သတင်းဌာနသို့ ပြောသည်။

Callins သည် ကွယ်လွန်သွားပြီဖြစ်သော ဖခင်ထံမှ ဤအိမ်ကို အမွေရခဲ့ပြီးနောက် ဒေါ်လာ ထောင်သောင်းချီ သုံးစွဲကာ ပြုပြင်မွမ်းမံမှုများ ကိုယ်တိုင်ပြုလုပ်ခဲ့သည်။

ယခုအခါ ကျူးကျော်သူများ ဝင်ရောက်နေထိုင်လျက်ရှိပြီး ၎င်းတို့အား နှင်ထုတ်ရန် အခက်ကြုံရလျက် ရှိသည်။

“သူတို့ဟာ အရင်တုန်းကလည်း ဒီလိုမျိုး လုပ်ခဲ့ဖူးကြတယ်လို့ ကျွန်တော် ခန့်မှန်းမိတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်ရဲကို ခေါ်တဲ့အချိန်မှာ သူတို့ဟာ အလိမ်ခံရတဲ့ အိမ်ငှားတွေ ဖြစ်တယ်လို့ ပြောပြီး သူတို့ အနေနဲ့ ဘာမှ မတတ်နိုင်ဘူး။ ဒါက တရားမကြောင်း ပြဿနာပဲလို့ ပြောပါတယ်။” 

(Paul Callins ၏ ကျူးကျော်ခံရသောအိမ်။ ဓာတ်ပုံ-Google Maps)

မိမိက အဆိုပါအိမ်ကို အွန်လိုင်းတွင် အငှားကြော်ငြာတင်ခဲ့သောကြောင့် ကျူးကျော်သူတို့က မိမိအား ပစ်မှတ် ထားခဲ့ခြင်းဖြစ်ကြောင်း Callins က ပြောသည်။

ဂျော်ဂျီယာပြည်နယ် ဥပဒေအရ ကျူးကျော်သူများကို အင်အားသုံး နှင်ထုတ်ခြင်း ခွင့်မပြုဘဲ တရားရုံးတွင် တင်ပြရမည်ဖြစ်ပြီး တရားရုံး၏ ခွင့်ပြုချက်ဖြင့်သာ ရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်နိုင်ကြောင်း Callins က ရှင်းပြသည်။

“ကျွန်တော့်အနေနဲ့ တရားရုံးလမ်းကြောင်းကနေ သွားရမှာ ဖြစ်ပါတယ်။ အဲဒါက ရက် ၆၀ ကနေ ၉၀ လောက် ကြာမြင့်နိုင်ပါတယ်။”

(Callins က အငှားတင်ရန်အတွက် ဒေါ်လာ ထောင်သောင်းချီ သုံးစွဲကာ မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ-WSB-TV)

(Callins ၏ နေအိမ်အတွင်း အမျိုးသား ၂ ဦးဝင်ရောက်နေပုံ။ ဓာတ်ပုံ-WSB-TV)

ဂျော်ဂျီယာပြည်နယ်တွင် Callins ကဲ့သို့ အခြေအနေမျိုး ရင်ဆိုင်ရသူ အလွန်များပြားနေသည်။

အမျိုးသား အငှားအိမ် ကောင်စီ၏ ထုတ်ပြန်ချက်အရ DeKalb ခရိုင်တွင် နေအိမ်ပေါင်း ၁၂၀၀ ခန့်မှာ ကျူးကျော်ခံရထားသည်ဟုဆိုသည်။

ကျူးကျော်ခံရမှုကို တရားမမှုအဖြစ် သတ်မှတ်ထားသောကြောင့် အိမ်ပိုင်ရှင်များအနေဖြင့် ကျူးကျော်သူတို့ကို လွယ်ကူစွာ မောင်းထုတ်နိုင်ခြင်း မရှိချေ။

ဂျော်ဂျီယာပြည်နယ်မှ လွှတ်တော်အမတ်တို့က ကျူးကျော်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ရေး ဥပဒေကြမ်း ရေးဆွဲလျက်ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Squatters take over Georgia man’s home while he was caring for sick wife — and now he can’t evict them: report (nypost)

Photo Credit-Google Maps, WSB-TV

[Zawgyi]

အေမရိကန္ျပည္၊ ေဂ်ာ္ဂ်ီယာျပည္နယ္တြင္ မက်န္းမာေသာ ဇနီးအား ျပဳစုေစာင့္ေရွာက္ေနစဥ္ ေနအိမ္ကို အျခားသူမ်ားက ဝင္ေရာက္က်ဴးေက်ာ္ေနထိုင္ျပီး ယခုအခါ ၎တို႔ကို ေမာင္းထုတ္၍ မရျဖစ္ေန

အေမရိကန္ျပည္ေထာင္စု၊ ေဂ်ာ္ဂ်ီယာျပည္နယ္ ၊ Dekalb ခရိုင္မွ အမ်ဳိးသားတစ္ဦးက ေျပာသည္မွာ မက်န္းမာေသာဇနီးကို ျပဳစုေစာင့္ေရွာက္ျပီးေနာက္ အိမ္သို႔ ျပန္လာခ်ိန္တြင္ က်ဴးေက်ာ္သူမ်ားက သူ၏ အိမ္အတြင္း ဝင္ေရာက္ေနထုိင္ၾကကာ ေသာ့မ်ား ေျပာင္းလဲထားသည္ကို ေတြ႔ခဲ့ရေၾကာင္း ေျပာသည္။

ျပည္နယ္ ဥပေဒမ်ားအရ ထိုသူတို႔အား ေမာင္းထုတ္၍ မရဘဲ ျဖစ္ေနသည္။

“ဒီလူေတြက ေသာၾကာေန႔မွာ ေရာက္လာခဲ့ျပီး ကၽြန္ေတာ့္အိမ္ကို ခ်ဳိးဖ်က္ ဝင္ေရာက္ခဲ့ၾကပါတယ္။ ျပီးေတာ့ U-Haul ကုမၸဏီရဲ႕ အိမ္ေျပာင္းေရႊ႕ဝန္ေဆာင္မႈနဲ႔ သူတို႔ပစၥည္းေတြအားလံုး ေရႊ႕လာခဲ့ၾကတယ္။ စိတ္ပ်က္ဖို႔ ေကာင္းပါတယ္။ သိပ္ကို စိတ္ပ်က္ဖို႔ေကာင္းပါတယ္။ ကၽြန္ေတာ္ အိပ္လို႔ေတာင္ မေပ်ာ္ဘူး”ဟု Paul Callins က WSB-TV သတင္းဌာနသို႔ ေျပာသည္။

Callins သည္ ကြယ္လြန္သြားျပီျဖစ္ေသာ ဖခင္ထံမွ ဤအိမ္ကို အေမြရခဲ့ျပီးေနာက္ ေဒၚလာ ေထာင္ေသာင္းခ်ီ သံုးစြဲကာ ျပဳျပင္မြမ္းမံမႈမ်ား ကိုယ္တုိင္ျပဳလုပ္ခဲ့သည္။

ယခုအခါ က်ဴးေက်ာ္သူမ်ား ဝင္ေရာက္ေနထိုင္လ်က္ရွိျပီး ၎တို႔အား ႏွင္ထုတ္ရန္ အခက္ၾကံဳရလ်က္ ရွိသည္။

“သူတုိ႔ဟာ အရင္တုန္းကလည္း ဒီလိုမ်ဳိး လုပ္ခဲ့ဖူးၾကတယ္လို႔ ကၽြန္ေတာ္ ခန္႔မွန္းမိတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ကၽြန္ေတာ္ရဲကို ေခၚတဲ့အခ်ိန္မွာ သူတို႔ဟာ အလိမ္ခံရတဲ့ အိမ္ငွားေတြ ျဖစ္တယ္လုိ႔ ေျပာျပီး သူတုိ႔ အေနနဲ႔ ဘာမွ မတတ္ႏိုင္ဘူး။ ဒါက တရားမေၾကာင္း ျပႆနာပဲလို႔ ေျပာပါတယ္။”

(Paul Callins ၏ က်ဴးေက်ာ္ခံရေသာအိမ္။ ဓာတ္ပံု-Google Maps)

မိမိက အဆုိပါအိမ္ကို အြန္လိုင္းတြင္ အငွားေၾကာ္ျငာတင္ခဲ့ေသာေၾကာင့္ က်ဴးေက်ာ္သူတို႔က မိမိအား ပစ္မွတ္ ထားခဲ့ျခင္းျဖစ္ေၾကာင္း Callins က ေျပာသည္။

ေဂ်ာ္ဂ်ီယာျပည္နယ္ ဥပေဒအရ က်ဴးေက်ာ္သူမ်ားကို အင္အားသံုး ႏွင္ထုတ္ျခင္း ခြင့္မျပဳဘဲ တရားရံုးတြင္ တင္ျပရမည္ျဖစ္ျပီး တရားရံုး၏ ခြင့္ျပဳခ်က္ျဖင့္သာ ရဲတပ္ဖြဲ႔က အေရးယူေဆာင္ရြက္ႏုိင္ေၾကာင္း Callins က ရွင္းျပသည္။

“ကၽြန္ေတာ့္အေနနဲ႔ တရားရံုးလမ္းေၾကာင္းကေန သြားရမွာ ျဖစ္ပါတယ္။ အဲဒါက ရက္ ၆၀ ကေန ၉၀ ေလာက္ ၾကာျမင့္ႏုိင္ပါတယ္။”

(Callins က အငွားတင္ရန္အတြက္ ေဒၚလာ ေထာင္ေသာင္းခ်ီ သံုးစြဲကာ မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။ ဓာတ္ပံု-WSB-TV)

(Callins ၏ ေနအိမ္အတြင္း အမ်ဳိးသား ၂ ဦးဝင္ေရာက္ေနပံု။ ဓာတ္ပံု-WSB-TV)

ေဂ်ာ္ဂ်ီယာျပည္နယ္တြင္ Callins ကဲ့သို႔ အေျခအေနမ်ဳိး ရင္ဆိုင္ရသူ အလြန္မ်ားျပားေနသည္။

အမ်ိဳးသား အငွားအိမ္ ေကာင္စီ၏ ထုတ္ျပန္ခ်က္အရ DeKalb ခရိုင္တြင္ ေနအိမ္ေပါင္း ၁၂၀၀ ခန္႔မွာ က်ဴးေက်ာ္ခံရထားသည္ဟုဆိုသည္။ က်ဴးေက်ာ္ခံရမႈကို တရားမမႈအျဖစ္ သတ္မွတ္ထားေသာေၾကာင့္ အိမ္ပိုင္ရွင္မ်ားအေနျဖင့္ က်ဴးေက်ာ္သူတို႔ကို လြယ္ကူစြာ ေမာင္းထုတ္ႏိုင္ျခင္း မရွိေခ်။

ေဂ်ာ္ဂ်ီယာျပည္နယ္မွ လႊတ္ေတာ္အမတ္တုိ႔က က်ဴးေက်ာ္မႈကို ရာဇဝတ္မႈအျဖစ္ သတ္မွတ္ေရး ဥပေဒၾကမ္း ေရးဆြဲလ်က္ရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Squatters take over Georgia man’s home while he was caring for sick wife — and now he can’t evict them: report (nypost)

Photo Credit-Google Maps, WSB-TV

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ်လာ ၂၅၀ ဖြင့် အငှားဈေးကွက်တင်လာ၊ ငှားရမ်းမည့်သူအနေဖြင့် မိတ်ဆွေသူငယ်ချင်းများ ခေါ်ယူခွင့်မရှိဟုဆို...

ဗီယက်နမ်တွင် အုန်းပင်ပေါင်း ၄၀၀၀ ဖြင့် ဆောက်လုပ်ထားသောအိမ်ကို ကမ္ဘာလှည့်ခရီးသည်များ နေ့စဉ်ရာနှင့်ချီကာ လာရောက်လေ့လာကြရာ အိမ်ရှင်မှာ ဝင်ကြေးကောက်ခံကာ စီးပွားဖြစ်နေ...
ဗီယက်နမ်တွင် အုန်းပင်ပေါင်း ၄၀၀၀ ဖြင့် ဆောက်လုပ်ထားသောအိမ်ကို ကမ္ဘာလှည့်ခရီးသည်များ နေ့စဉ်ရာနှင့်ချီကာ လာရောက်လေ့လာကြရာ အိမ်ရှင်မှာ ဝင်ကြေးကောက်ခံကာ စီးပွားဖြစ်နေ...
ကမ္ဘာကျော် ရော့ခ်အဖွဲ့ကြီး Iron Maiden ၏ ပထမဆုံး အဆိုတော်ကြီး Paul Di’ Anno ဆင်းဆင်းရဲရဲဖြင့် အထီးကျန်စွာ ကွယ်လွန်သွားခဲ့သော အင်္ဂလန်ရှိ တန်ဖိုးနည်း လူနေအိမ်ရာမှ လူနေခန်းလေး...
ကမ္ဘာကျော် ရော့ခ်အဖွဲ့ကြီး Iron Maiden ၏ ပထမဆုံး အဆိုတော်ကြီး Paul Di’ Anno ဆင်းဆင်းရဲရဲဖြင့် အထီးကျန်စွာ ကွယ်လွန်သွားခဲ့သော အင်္ဂလန်ရှိ တန်ဖိုးနည်း လူနေအိမ်ရာမှ လူနေခန်းလေး...
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သေးထွက်ကျခဲ့ရသူ အော်စကာဆုရှင်မင်းသမီး ဂျနီဖာ လောရင့်စ်က နယူးယောက်တွင် ဒေါ်လာ ၂၁ ဒသမ ၉ သန်း...

စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိတ် အိမ်ပြောင်းသွား...
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိတ် အိမ်ပြောင်းသွား...
ရုပ်ရှင်ရိုက်နေစဉ် တွဲဖက်သရုပ်ဆောင် မင်းသမီးကြီး၏ မျက်နှာကိုတည်ကာ တမင်သက်သက် အီးပေါက်ခဲ့သူ မင်းသားကြီးအာနိုး လက်ရှိအားဖြင့် မြည်းလေးတစ်ကောင်နှင့်အတူ အထီးကျန်စွာ နေထိုင်လျက်ရှိသော လော့စ်အိန်ဂျလိစံအိမ်...

ကမ္ဘောဒီးယားက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ရည်ရွယ်ကာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံကို ဗီဇာမဲ့ လည်ပတ်ခွင့်ပေးလာ...
ကမ္ဘောဒီးယားက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ရည်ရွယ်ကာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံကို ဗီဇာမဲ့ လည်ပတ်ခွင့်ပေးလာ...
ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကို အချက်အလက်စစ်ဆေးရန်မှာ ၄၄ နှစ်ခန့် ကြာမည်ဟုဆို...
ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကို အချက်အလက်စစ်ဆေးရန်မှာ ၄၄ နှစ်ခန့် ကြာမည်ဟုဆို...
နေအိမ်ရှိ ရေကူးကန်ထဲတွင် ရံဖန်ရံခါ သေးပေါက်ချကြောင်း ထုတ်ဖော်ဝန်ခံထားသူ ရုပ်ရှင်မင်းသမီး Cameron Diaz က သူနေထိုင်သော ရေကူးကန်ပါ စံအိမ်ကို ဒေါ်လာ ၂၆ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
နေအိမ်ရှိ ရေကူးကန်ထဲတွင် ရံဖန်ရံခါ သေးပေါက်ချကြောင်း ထုတ်ဖော်ဝန်ခံထားသူ ရုပ်ရှင်မင်းသမီး Cameron Diaz က သူနေထိုင်သော ရေကူးကန်ပါ စံအိမ်ကို ဒေါ်လာ ၂၆ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ်ဝယ်ယူရာတွင် နာမည်ရင်းဖြင့် ဝယ်ယူမှုအပေါ် အိမ်နီးချင်းတို့ အမျက်ထွက်လျက်ရှိ...
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ်ဝယ်ယူရာတွင် နာမည်ရင်းဖြင့် ဝယ်ယူမှုအပေါ် အိမ်နီးချင်းတို့ အမျက်ထွက်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မနက် ၆ နာရီမှာ ထွက်ပေါ်လာတဲ့ ဦးခေါင်းပြတ်ပုံသဏ္ဍာန်မိုးပျံပူဖောင်းကြောင့် တိုကျိုမြို့နေ ဂျပန်ပြည်သူများ ထိတ်လန့်သွားခဲ့
မနက် ၆ နာရီမှာ ထွက်ပေါ်လာတဲ့ ဦးခေါင်းပြတ်ပုံသဏ္ဍာန်မိုးပျံပူဖောင်းကြောင့် တိုကျိုမြို့နေ ဂျပန်ပြည်သူများ ထိတ်လန့်သွားခဲ့
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
အိန္ဒိယ အထင်ကရ သူဌေးကြီး ရာတန်တာတာက အမေရိကန်ရှိ ၎င်းပိုင်သော ဟိုတယ်သို့ ရောက်ရှိခဲ့စဉ် မိမိမည်သူမည်ဝါဟု မပြောဘဲ နံနက်စာ
အိန္ဒိယ အထင်ကရ သူဌေးကြီး ရာတန်တာတာက အမေရိကန်ရှိ ၎င်းပိုင်သော ဟိုတယ်သို့ ရောက်ရှိခဲ့စဉ် မိမိမည်သူမည်ဝါဟု မပြောဘဲ နံနက်စာ
၁၀ တန်းဖြင့် ကျောင်းထွက်ခဲ့သော အိန္ဒိယနိုင်ငံသား ကြက်မောက်သီးနှင့် နဂါးမောက်သီး စိုက်ပျိုးကာ သန်းကြွယ်သူဌေးဖြစ်လာပုံ
၁၀ တန်းဖြင့် ကျောင်းထွက်ခဲ့သော အိန္ဒိယနိုင်ငံသား ကြက်မောက်သီးနှင့် နဂါးမောက်သီး စိုက်ပျိုးကာ သန်းကြွယ်သူဌေးဖြစ်လာပုံ
သိမှတ်စရာ တိုက်ခန်းများနေထိုင်ရန် BCC မကျတဲ့အခါ...
သိမှတ်စရာ တိုက်ခန်းများနေထိုင်ရန် BCC မကျတဲ့အခါ...
ဂျက်လီ ပါဝင်သော Once Upon a time in China ရုပ်ရှင်ဇာတ်လမ်းတွဲတွင် နံပါတ် ၁၃ အဒေါ်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် လူသိမျ
ဂျက်လီ ပါဝင်သော Once Upon a time in China ရုပ်ရှင်ဇာတ်လမ်းတွဲတွင် နံပါတ် ၁၃ အဒေါ်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် လူသိမျ
နှစ်ဘဝမင်းသားဟု လူသိများသူ အိန္ဒိယ တောင်ပိုင်းရုပ်ရှင်မင်းသား ရမ်ချာရန်နှင့် ဇနီးဖြစ်သူ ဥပသနာ (Apollo ဆေးရုံ၏ ဒုဥက္က) တိ
နှစ်ဘဝမင်းသားဟု လူသိများသူ အိန္ဒိယ တောင်ပိုင်းရုပ်ရှင်မင်းသား ရမ်ချာရန်နှင့် ဇနီးဖြစ်သူ ဥပသနာ (Apollo ဆေးရုံ၏ ဒုဥက္က) တိ
TV များ အချိန်မတိုင်ခင် ပျက်စီးခြင်းမှ ကာကွယ်ပြီး သက်တမ်းပြည့် အသုံးပြုနိုင်ရန်
TV များ အချိန်မတိုင်ခင် ပျက်စီးခြင်းမှ ကာကွယ်ပြီး သက်တမ်းပြည့် အသုံးပြုနိုင်ရန်
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ
ကမ္ဘာကျော်သူဌေးကြီး Warren Buffett ၏ လက်ထောက် Charlie Munger က ၎င်း၏ မိသားစု ပိုင်ဆိုင်သမျှ ငွေ ဒေါ်လာ သန်း ၉၀ ကို တရုတ်
ကမ္ဘာကျော်သူဌေးကြီး Warren Buffett ၏ လက်ထောက် Charlie Munger က ၎င်း၏ မိသားစု ပိုင်ဆိုင်သမျှ ငွေ ဒေါ်လာ သန်း ၉၀ ကို တရုတ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
Grand Aung Thar Yar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service