သမီးဖြစ်သူ၏ စိတ်ထဲတွင် မိမိအား နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်သည်ဟု ယူဆနေကြောင်း Mark Zukerberg ပြော

သမီးဖြစ်သူ၏ စိတ်ထဲတွင် မိမိအား နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်သည်ဟု ယူဆနေကြောင်း Mark Zukerberg ပြော - Property News in Myanmar from iMyanmarHouse.com
28 Feb 2024 10:26 am တွင် တင်ခဲ့သည်
989 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Mark Zuckerberg ၏ လုပ်ငန်းမှာ ကလေးငယ်တစ်ဦးအား ရှင်းပြရန် ခက်ခဲလှသည်။

သို့သော် သူ၏ ဝါသနာများအနက်မှတစ်ခုဖြစ်သော နွားမွေးမြူရေးနှင့် အမဲသားထုတ်လုပ်မှုမှာမူ ကလေးငယ်များ နားလည်ရန် ပိုမိုလွယ်ကူသောအလုပ်တစ်ခု ဖြစ်သည်။

Meta ၏ စီအီးအို Mark Zuckerberg မကြာသေးမီက ထုတ်ဖော်ပြောပြသည်မှာ သမီးဖြစ်သူက မိမိ၏ အဓိက အလုပ်နှင့်ပတ်သက်ပြီး နားလည်မှုလွဲမှားနေကြောင်း ပြောသည်။

“သမီးရဲ့ စိတ်ထဲမှာ သူ့အဖေဟာ နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်တဲ့သူအဖြစ် အချိန်အတော်ကြာ ယူဆထားခဲ့ပါတယ်” ဟု Facebook ပူးတွဲတည်ထောင်သူ Mark Zukerberg က ပြီးခဲ့သော သောကြာနေ့က Morning Brew Daily သတင်းဌာနသို့ ပြောသည်။

 

 

Zuckerberg သည် ကိုယ်ခံပညာ ဝါသနာကြီးခြင်းမှာလည်း လူသိများသည်။

ထို့အပြင် ကမ္ဘာပေါ်တွင် အကောင်းဆုံး အမဲသားထုတ်လုပ်ရန်လည်း ရည်မှန်းနေသည်။

သို့သော် စီးပွားဖြစ် ရောင်းချရန်မဟုတ်ဘဲ မိသားစုနှင့် မိတ်ဆွေများအတွက်သာ ဖြစ်သည်။

နည်းပညာလုပ်ငန်းဖြင့် ချမ်းသာလာသူ ဘီလျံနာသူဌေးကြီး Zuckerberg က ဟာဝိုင်အီကျွန်းစုမှ Kauai ကျွန်းပေါ်တွင် မြေဧကများစွာ ဝယ်ယူကာ နွားများ မွေးမြူလျက် ရှိသည်။

ပြီးခဲ့သောလအတွင်း အင်စတာဂရမ်တွင် Zuckerberg က ရေးသားခဲ့သည်မှာ “Kauai ကျွန်းပေါ်က Ko’olau မွေးမြူရေးခြံမှာ နွားတွေ စတင်မွေးမြူနေပါပြီ။ ကျွန်တော့်ရဲ့ ရည်မှန်းချက်က ကမ္ဘာပေါ်မှာ အကောင်းဆုံး အမဲသား ရရှိဖို့ပါပဲ။ Wagyu နဲ့ Angus နွားမျိုးတွေပါ။ သူတို့ကို မက္ကဒေးမီးယားကျွေး၊ ဘီယာတိုက်ပြီး မွေးမြူမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ထိုကျွန်းပေါ်တွင် Zuckerberg အတွက် မြေနေရာ အလုံအလောက်ရှိသည်။

သူ၏ ခြံဝန်းကြီးမှာ ဧကပေါင်း ၁၄၀၀ ခန့်ရှိသည်ဟု ဆိုသည်။

“အဲဒီမှာ ဝယ်ထားတဲ့ မြေနေရာရဲ့ ၁ ရာခိုင်နှုန်းအောက်ပဲရှိတဲ့ အကျယ်အဝန်းကို အဆောက်အအုံနဲ့ မွမ်းမံပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ အဓိကကတော့ မွေးမြူရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအတွက် ရည်ရွယ်ပါတယ်” ဟု Zuckerberg နှင့် ဇနီးဖြစ်သူ Priscilla Chan တို့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Wired သတင်းဌာနသို့ ပြောသည်။

“နွားတစ်ကောင်ဟာ တစ်နှစ်ကို အစာ ပေါင် ၅၀၀၀ ကနေ ၁၀၀၀၀ ကြား စားပါတယ်။ ဒါကြောင့် မက္ကဒေးမီးယား ဧက အများကြီးစိုက်ထားပါတယ်။ ကျွန်တော့်သမီးတွေက မက္ကဒေးမီးယားပင်တွေ ကူညီစိုက်ပျိုး ပေးပြီး ကျွန်တော်တို့ရဲ့ မွေးမြူရေးတိရ စ္ဆာန်တွေကို စောင့်ရှောက်ပေးပါတယ်။ အခုမှ ကျွန်တော်တို့ရဲ့ ခရီးက အစပဲရှိပါသေးတယ်။ အဲဒီမှာ အမြဲတိုးတက်အောင်လုပ်နေရတာ ပျော်စရာပါပဲ” ဟု Zuckerberg က အင်စတာဂရမ်တွင် ရေးသားခဲ့သည်။

Meta ၏ လုပ်ငန်းများဖြစ်သော ဖေ့စ်ဘုတ်၊ အင်စတာဂရမ်နှင့် Metaverse တို့ထက် ဤလုပ်ငန်းက ကလေးများအတွက် နားလည်ရန် ပိုမိုလွယ်ကူသည်။

“ကလေးတစ်ယောက်အတွက် Meta က ဘာလုပ်ငန်းလဲဆိုတာ နားလည်ဖို့ ခက်ခဲပါတယ်” ဟု Zuckerberg က ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Mark Zuckerberg says his daughter ‘thought that I was a cattle rancher’ for a while thanks to his unusual hobby in Hawaii (fortune)

Photo Credit: Getty Images

 

 

[Zawgyi]

သမီးျဖစ္သူ၏ စိတ္ထဲတြင္ မိမိအား ႏြားေမြးျမဴေရးလုပ္ငန္း လုပ္ကိုင္သူတစ္ဦးျဖစ္သည္ဟု ယူဆေနေၾကာင္း Mark Zukerberg ေျပာ

 

 

Mark Zuckerberg ၏ လုပ္ငန္းမွာ ကေလးငယ္တစ္ဦးအား ရွင္းျပရန္ ခက္ခဲလွသည္။

သို႔ေသာ္ သူ၏ ဝါသနာမ်ားအနက္မွတစ္ခုျဖစ္ေသာ ႏြားေမြးျမဴေရးႏွင့္ အမဲသားထုတ္လုပ္မႈမွာမူ ကေလးငယ္မ်ား နားလည္ရန္ ပိုမိုလြယ္ကူေသာအလုပ္တစ္ခု ျဖစ္သည္။

Meta ၏ စီအီးအို Mark Zuckerberg မၾကာေသးမီက ထုတ္ေဖာ္ေျပာျပသည္မွာ သမီးျဖစ္သူက မိမိ၏ အဓိက အလုပ္ႏွင့္ပတ္သက္ျပီး နားလည္မႈလြဲမွားေနေၾကာင္း ေျပာသည္။

“သမီးရဲ႕ စိတ္ထဲမွာ သူ႔အေဖဟာ ႏြားေမြးျမဴေရးလုပ္ငန္း လုပ္ကိုင္တဲ့သူအျဖစ္ အခ်ိန္အေတာ္ၾကာ ယူဆထားခဲ့ပါတယ္” ဟု Facebook ပူးတြဲတည္ေထာင္သူ Mark Zukerberg က ျပီးခဲ့ေသာ ေသာၾကာေန႔က Morning Brew Daily သတင္းဌာနသို႔ ေျပာသည္။

Zuckerberg သည္ ကိုယ္ခံပညာ ဝါသနာၾကီးျခင္းမွာလည္း လူသိမ်ားသည္။

ထို႔အျပင္ ကမၻာေပၚတြင္ အေကာင္းဆံုး အမဲသားထုတ္လုပ္ရန္လည္း ရည္မွန္းေနသည္။

သို႔ေသာ္ စီးပြားျဖစ္ ေရာင္းခ်ရန္မဟုတ္ဘဲ မိသားစုႏွင့္ မိတ္ေဆြမ်ားအတြက္သာ ျဖစ္သည္။

နည္းပညာလုပ္ငန္းျဖင့္ ခ်မ္းသာလာသူ ဘီလ်ံနာသူေဌးၾကီး Zuckerberg က ဟာဝိုင္အီကၽြန္းစုမွ Kauai ကၽြန္းေပၚတြင္ ေျမဧကမ်ားစြာ ဝယ္ယူကာ ႏြားမ်ား ေမြးျမဴလ်က္ ရွိသည္။

ျပီးခဲ့ေသာလအတြင္း အင္စတာဂရမ္တြင္ Zuckerberg က ေရးသားခဲ့သည္မွာ “Kauai ကၽြန္းေပၚက Ko’olau ေမြးျမဴေရးျခံမွာ ႏြားေတြ စတင္ေမြးျမဴေနပါျပီ။ ကၽြန္ေတာ့္ရဲ႕ ရည္မွန္းခ်က္က ကမၻာေပၚမွာ အေကာင္းဆံုး အမဲသား ရရွိဖို႔ပါပဲ။ Wagyu နဲ႔ Angus ႏြားမ်ဳိးေတြပါ။ သူတို႔ကို မကၠေဒးမီးယားေကၽြး၊ ဘီယာတိုက္ျပီး ေမြးျမဴမွာ ျဖစ္ပါတယ္” ဟု ဆိုသည္။

ထိုကၽြန္းေပၚတြင္ Zuckerberg အတြက္ ေျမေနရာ အလံုအေလာက္ရွိသည္။

သူ၏ ျခံဝန္းၾကီးမွာ ဧကေပါင္း ၁၄၀၀ ခန္႔ရွိသည္ဟု ဆိုသည္။

“အဲဒီမွာ ဝယ္ထားတဲ့ ေျမေနရာရဲ႕ ၁ ရာခိုင္ႏႈန္းေအာက္ပဲရွိတဲ့ အက်ယ္အဝန္းကို အေဆာက္အအံုနဲ႔ မြမ္းမံျပင္ဆင္မႈေတြ လုပ္ခဲ့ပါတယ္။ အဓိကကေတာ့ ေမြးျမဴေရး၊ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းမႈအတြက္ ရည္ရြယ္ပါတယ္” ဟု Zuckerberg ႏွင့္ ဇနီးျဖစ္သူ Priscilla Chan တို႔၏ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက Wired သတင္းဌာနသို႔ ေျပာသည္။

“ႏြားတစ္ေကာင္ဟာ တစ္ႏွစ္ကို အစာ ေပါင္ ၅၀၀၀ ကေန ၁၀၀၀၀ ၾကား စားပါတယ္။ ဒါေၾကာင့္ မကၠေဒးမီးယား ဧက အမ်ားၾကီးစိုက္ထားပါတယ္။ ကၽြန္ေတာ့္သမီးေတြက မကၠေဒးမီးယားပင္ေတြ ကူညီစိုက္ပ်ဳိး ေပးျပီး ကၽြန္ေတာ္တို႔ရဲ႕ ေမြးျမဴေရးတိရ စၦာန္ေတြကို ေစာင့္ေရွာက္ေပးပါတယ္။ အခုမွ ကၽြန္ေတာ္တို႔ရဲ႕ ခရီးက အစပဲရွိပါေသးတယ္။ အဲဒီမွာ အျမဲတိုးတက္ေအာင္လုပ္ေနရတာ ေပ်ာ္စရာပါပဲ” ဟု Zuckerberg က အင္စတာဂရမ္တြင္ ေရးသားခဲ့သည္။

Meta ၏ လုပ္ငန္းမ်ားျဖစ္ေသာ ေဖ့စ္ဘုတ္၊ အင္စတာဂရမ္ႏွင့္ Metaverse တုိ႔ထက္ ဤလုပ္ငန္းက ကေလးမ်ားအတြက္ နားလည္ရန္ ပိုမိုလြယ္ကူသည္။

“ကေလးတစ္ေယာက္အတြက္ Meta က ဘာလုပ္ငန္းလဲဆိုတာ နားလည္ဖို႔ ခက္ခဲပါတယ္” ဟု Zuckerberg က ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Mark Zuckerberg says his daughter ‘thought that I was a cattle rancher’ for a while thanks to his unusual hobby in Hawaii (fortune)

Photo Credit: Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက်ရှ် အမ်ဘာနီ၊ အဒါနီနှင့် တာတာတို့ ဒူဘိုင်းသို့ ပြောင်းရွှေ့ နေထိုင်ဖွယ်ရှိ...
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက်ရှ် အမ်ဘာနီ၊ အဒါနီနှင့် တာတာတို့ ဒူဘိုင်းသို့ ပြောင်းရွှေ့ နေထိုင်ဖွယ်ရှိ...
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

maha
platinum-garden

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service