ဥဇဘက်ကစ္စတန်ကို နှစ်ပေါင်း ၃၀ နီးပါး အုပ်ချုပ်သွားသော သမ္မတ၏ သမီးတစ်ဦးက လော့စ်အိန်ဂျလိမြို့ ဘီဗာလီဟေးစ်အရပ်ရှိ စံအိမ်ကို ကန်ဒေါ်လာ ၃၆ သန်းဖြင့် ရောင်းချ

ဥဇဘက်ကစ္စတန်ကို နှစ်ပေါင်း ၃၀ နီးပါး အုပ်ချုပ်သွားသော သမ္မတ၏ သမီးတစ်ဦးက လော့စ်အိန်ဂျလိမြို့ ဘီဗာလီဟေးစ်အရပ်ရှိ စံအိမ်ကို ကန်ဒေါ်လာ ၃၆ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
26 Feb 2024 11:45 am တွင် တင်ခဲ့သည်
739 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဥဇဘက်ကစ္စတန်တွင် ကာလကြာရှည် အုပ်ချုပ်သွားသော သမ္မတ၏ သမီးဖြစ်သူက အမေရိကန် ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်ရှိ စံအိမ်ကို ကန်ဒေါ်လာ ၃၆ သန်းဖြင့် ရောင်းချလိုက်သည်။

(မှတ်ချက်။ ဥဇဘက်ကစ္စတန်သည် ဗဟိုအာရှနိုင်ငံတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် ဝါဂွမ်းအများဆုံး ထုတ်လုပ် သည့် နိုင်ငံဖြစ်ကာ သစ်ခွခြံ၊ စပျစ်ခြံ၊ သိုးမွေးမြူရေး၊ ပိုးထည်ထုတ်လုပ်ရေးများဖြင့် နာမည်ကျော်သည်။

ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ အာဖဂန်နစ္စတန်၊ တာ့ခ်မန်နစ္စတန်နိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်တည်ရှိသည်)

ဥဇဘက် သံအမတ်ကြီးဟောင်းဖြစ်သူ လိုလာ ကာရီမိုဗာ တဲလီဗာ (Lola Karimova Tillyaeva) သည် အဆိုပါစံအိမ်ကို ဆယ်စုနှစ်တစ်ခုကျော် ပိုင်ဆိုင်ထားခဲ့ပြီးနောက်ပိုင်း ရောင်းချလိုက်ခြင်းလည်း ဖြစ်သည်။

ယခုအရောင်းအဝယ်မှာ ထိုဒေသတွင် ယခုနှစ်၏ ယခုအချိန်ထိ ဈေးအကြီးဆုံး အိမ်ခြံမြေအရောင်းအဝယ်အဖြစ် စံချိန်တင်သွားသည်။

ယခုရက်သတ္တပတ်အစောပိုင်းတွင် အရောင်းအဝယ်ဖြစ်ခဲ့ကာ Wall Street Journal က ပထမဆုံး သတင်းဖော်ပြခဲ့သည်။ မည်သူ ဝယ်ယူသွားသည်ကို မသိရသေးသည့်အပြင် အရောင်းအဝယ်ဖြစ်ခဲ့သည့် ဈေးနှုန်း အတိအကျကိုလည်း မသိရသေးချေ။

ကာရီမိုဗာ တဲလီဗာသည် ကွယ်လွန်သွားပြီဖြစ်သော ဥဇဘက်ကစ္စတန် သမ္မတ အစ္စလမ် ကာရီမော့ဗ်၏ ချမ်းသာကြွယ်ဝသော သမီးဖြစ်သည်။

(မှတ်ချက်။ အစ္စလမ် ကာရီမော့ဗ် (မွေး ၁၉၃၈-ကွယ်လွန် ၂၀၁၆) သည် ဥဇဘက်ကစ္စတန်၏ ပထမဆုံး သမ္မတဖြစ်ပြီး သမ္မတအဖြစ် ၁၉၉၁ ခုနှစ်မှ ကွယ်လွန်ချိန် ၂၀၁၆ ခုနှစ်အထိ အုပ်ချုပ်သွားသူ ဖြစ်သည်။)

ကာရီမိုဗာ တဲလီဗာသည် ဤစံအိမ်ကို ၂၀၁၃ ခုနှစ်အတွင်း အိမ်ခြံမြေ Developer မိုဟာမက်ဟာဒစ်ထံမှ ကန်ဒေါ်လာ ၃၃ သန်းအောက်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၄၈၀၀၀ ခန့်ရှိပြီး လော့စ်အိန်ဂျလိ၏ အကြီးမားဆုံး စံအိမ်ကြီးများတွင် တစ်ခုအပါအဝင် ဖြစ်သည်ဟု ဆိုသည်။

(Le Palais ဟု အမည်ရသော စံအိမ်ကြီးတွင် အိမ်တွင်းအိမ်ပြင် ရေကူးကန်များ ပါဝင်ပြီး စတုရန်းပေ ၄၈၀၀၀ ကျယ်ဝန်းကာ ဘီဗာလီဟေးစ်၏ စံနှုန်းများဖြင့် နှိုင်းယှဉ်လျှင်ပင် အလွန်ကြီးကျယ် ခမ်းနားလှသည်။ ဓာတ်ပုံ-Google Earth)

၁ ဒသမ ၀၉ ဧက ကျယ်ဝန်းသော ခြံဝန်းကြီးနှင့် စံအိမ်မှာ တရားဝင် အရောင်းဈေးကွက်ဝင်ခဲ့ဖူးခြင်း မရှိချေ။

ထို့ကြောင့် ကာရီမိုဗာ တဲလီဗာ ၁၁ နှစ်နီးပါး ပိုင်ဆိုင်ထားစဉ်ကာလအတွင်း မည်သို့မည်ပုံ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်ကို မသိရချေ။

(ခြံဝန်းရှေ့မှ တောက်ပသော ဒိုးနတ်ပုံ ရုပ်တု။ ဓာတ်ပုံ-Google Earth)

(ဤစံအိမ်ဝန်းသည် ဘီဗာလီဟေးစ်ရှိ မြေယာအလှပြုပြင်မှု အနုစိတ်ပြုလုပ်ထားကြသည့် စံအိမ်အချို့တွင် ပါဝင်ပြီး ကြီးမားသော ရုပ်လုံးဖော်အပင်များ၊ ဂနိုင့်ကျက်သရေပင် ရာပေါင်းများစွာနှင့် သက်ရင့် တတိုင်းမွှေး ပင်ကြီးများ ပါရှိသည်။ ဓာတ်ပုံ-Google Earth)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Ref: A Daughter of Uzbekistan’s Longtime President Just Sold Her $36 Million Beverly Hills Mansion (Robbreport)

Photo Credit- Google Earth

[Zawgyi]

ဥဇဘက္ကစၥတန္ကို ႏွစ္ေပါင္း ၃၀ နီးပါး အုပ္ခ်ဳပ္သြားေသာ သမၼတ၏ သမီးတစ္ဦးက ေလာ့စ္အိန္ဂ်လိျမိဳ႕ ဘီဗာလီေဟးစ္အရပ္ရွိ စံအိမ္ကို ကန္ေဒၚလာ ၃၆ သန္းျဖင့္ ေရာင္းခ်

ဥဇဘက္ကစၥတန္တြင္ ကာလၾကာရွည္ အုပ္ခ်ဳပ္သြားေသာ သမၼတ၏ သမီးျဖစ္သူက အေမရိကန္ ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘီဗာလီေဟးလ္အရပ္ရွိ စံအိမ္ကို ကန္ေဒၚလာ ၃၆ သန္းျဖင့္ ေရာင္းခ်လိုက္သည္။

(မွတ္ခ်က္။ ဥဇဘက္ကစၥတန္သည္ ဗဟိုအာရွႏိုင္ငံတစ္ခုျဖစ္ျပီး ကမၻာေပၚတြင္ ဝါဂြမ္းအမ်ားဆံုး ထုတ္လုပ္ သည့္ ႏိုင္ငံျဖစ္ကာ သစ္ခြျခံ၊ စပ်စ္ျခံ၊ သိုးေမြးျမဴေရး၊ ပိုးထည္ထုတ္လုပ္ေရးမ်ားျဖင့္ နာမည္ေက်ာ္သည္။

ကာဇက္စတန္၊ ကာဂ်စ္စတန္၊ တာဂ်စ္ကစၥတန္၊ အာဖဂန္နစၥတန္၊ တာ့ခ္မန္နစၥတန္ႏိုင္ငံမ်ားႏွင့္ နယ္နိမိတ္ခ်င္း ထိစပ္တည္ရွိသည္)

ဥဇဘက္ သံအမတ္ၾကီးေဟာင္းျဖစ္သူ လိုလာ ကာရီမိုဗာ တဲလီဗာ (Lola Karimova Tillyaeva) သည္ အဆိုပါစံအိမ္ကို ဆယ္စုႏွစ္တစ္ခုေက်ာ္ ပိုင္ဆိုင္ထားခဲ့ျပီးေနာက္ပိုင္း ေရာင္းခ်လိုက္ျခင္းလည္း ျဖစ္သည္။

ယခုအေရာင္းအဝယ္မွာ ထိုေဒသတြင္ ယခုႏွစ္၏ ယခုအခ်ိန္ထိ ေစ်းအၾကီးဆံုး အိမ္ျခံေျမအေရာင္းအဝယ္အျဖစ္ စံခ်ိန္တင္သြားသည္။

ယခုရက္သတၱပတ္အေစာပိုင္းတြင္ အေရာင္းအဝယ္ျဖစ္ခဲ့ကာ Wall Street Journal က ပထမဆံုး သတင္းေဖာ္ျပခဲ့သည္။ မည္သူ ဝယ္ယူသြားသည္ကို မသိရေသးသည့္အျပင္ အေရာင္းအဝယ္ျဖစ္ခဲ့သည့္ ေစ်းႏႈန္း အတိအက်ကိုလည္း မသိရေသးေခ်။

ကာရီမိုဗာ တဲလီဗာသည္ ကြယ္လြန္သြားျပီျဖစ္ေသာ ဥဇဘက္ကစၥတန္ သမၼတ အစၥလမ္ ကာရီေမာ့ဗ္၏ ခ်မ္းသာၾကြယ္ဝေသာ သမီးျဖစ္သည္။

(မွတ္ခ်က္။ အစၥလမ္ ကာရီေမာ့ဗ္ (ေမြး ၁၉၃၈-ကြယ္လြန္ ၂၀၁၆) သည္ ဥဇဘက္ကစၥတန္၏ ပထမဆံုး သမၼတျဖစ္ျပီး သမၼတအျဖစ္ ၁၉၉၁ ခုႏွစ္မွ ကြယ္လြန္ခ်ိန္ ၂၀၁၆ ခုႏွစ္အထိ အုပ္ခ်ဳပ္သြားသူ ျဖစ္သည္။)

ကာရီမိုဗာ တဲလီဗာသည္ ဤစံအိမ္ကို ၂၀၁၃ ခုႏွစ္အတြင္း အိမ္ျခံေျမ Developer မိုဟာမက္ဟာဒစ္ထံမွ ကန္ေဒၚလာ ၃၃ သန္းေအာက္ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

စံအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၄၈၀၀၀ ခန္႔ရွိျပီး ေလာ့စ္အိန္ဂ်လိ၏ အၾကီးမားဆံုး စံအိမ္ၾကီးမ်ားတြင္ တစ္ခုအပါအဝင္ ျဖစ္သည္ဟု ဆိုသည္။

(Le Palais ဟု အမည္ရေသာ စံအိမ္ၾကီးတြင္ အိမ္တြင္းအိမ္ျပင္ ေရကူးကန္မ်ား ပါဝင္ျပီး စတုရန္းေပ ၄၈၀၀၀ က်ယ္ဝန္းကာ ဘီဗာလီေဟးစ္၏ စံႏႈန္းမ်ားျဖင့္ ႏႈိင္းယွဥ္လွ်င္ပင္ အလြန္ၾကီးက်ယ္ ခမ္းနားလွသည္။ ဓာတ္ပံု-Google Earth)

၁ ဒသမ ၀၉ ဧက က်ယ္ဝန္းေသာ ျခံဝန္းၾကီးႏွင့္ စံအိမ္မွာ တရားဝင္ အေရာင္းေစ်းကြက္ဝင္ခဲ့ဖူးျခင္း မရွိေခ်။

ထုိ႔ေၾကာင့္ ကာရီမိုဗာ တဲလီဗာ ၁၁ ႏွစ္နီးပါး ပိုင္ဆိုင္ထားစဥ္ကာလအတြင္း မည္သုိ႔မည္ပံု ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္ကို မသိရေခ်။

(ျခံဝန္းေရွ႕မွ ေတာက္ပေသာ ဒိုးနတ္ပံု ရုပ္တု။ ဓာတ္ပံု-Google Earth)

(ဤစံအိမ္ဝန္းသည္ ဘီဗာလီေဟးစ္ရွိ ေျမယာအလွျပဳျပင္မႈ အႏုစိတ္ျပဳလုပ္ထားၾကသည့္ စံအိမ္အခ်ဳိ႕တြင္ ပါဝင္ျပီး ၾကီးမားေသာ ရုပ္လံုးေဖာ္အပင္မ်ား၊ ဂႏိုင့္က်က္သေရပင္ ရာေပါင္းမ်ားစြာႏွင့္ သက္ရင့္ တတိုင္းေမႊး ပင္ၾကီးမ်ား ပါရွိသည္။ ဓာတ္ပုံ-Google Earth)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A Daughter of Uzbekistan’s Longtime President Just Sold Her $36 Million Beverly Hills Mansion (Robbreport)

Photo Credit- Google Earth

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
ဟင်နရီ ဇီးဂလန်းဆိုသူကို ၎င်း၏ ယောက်ဖက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ လွဲချော်သွားပြီး သစ်ပင်ထဲ ကျည်ဝင်သွားခဲ့၊ နှစ် ၂၀ အကြာတွင် ဇီးဂလန်းက သစ်ပင်ကို ဒိုင်းနမိုက်ဖြင့် ခွဲကာ လှဲခဲ့ရာ ကျည်ပြန်ထွက်လာပြီး နဖူးမှန်ကာ သေဆုံးခဲ့ရ...

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service