ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
အဆောက်အဦးကြီးပြီးဆုံးခဲ့လျှင် ဘယ်လောက်များခမ်းနားနေမလဲ တွေးချင်စရာ...။ ဂန္တဝင်ဆန်ဆန်ဝရံတာအကွေ့လေးများနှင့် လှပစွာဒီဇိုင်းဆွဲဆောက်လုပ်ခဲ့တဲ့ Sathorn Unique Tower ဟာ အမြင့်ပေ ၆၀၇ ပေမြင့်ပါတယ်။ လူချမ်းသာများနေထိုင်ရန်အတွက် အဆင့်မြင့်ဇိမ်ခံကွန်ဒိုမီနီယံအဆောက်အအုံအဖြစ် စီစဉ်ဆောက်လုပ်ခဲ့သော်ငြား သရဲခြောက်သည့်အဆောက်အအုံပျက်တစ်ခုအဖြစ်သာ နာမည်ကြီးလာခဲ့ပါတော့တယ်။
၁၉၉၀ ခုနှစ်တွင်စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် ဆောက်လုပ်ရေးကို ရပ်နားခဲ့ပါတယ်။ အာရှဘဏ္ဍာရေးအကျပ်အတည်းကြောင့် ရပ်နားခဲ့ရတယ်လို့ဆိုပါတယ်။
၂၀၁၄ ခုနှစ်တွင် ကျောပိုးအိတ်လွယ်လေ့လာသူတစ်ဦးရဲ့ ရုပ်အလောင်းကို အဆောက်အဦး၏ ၄၃ လွှာတွင်တွေ့ရှိခဲ့ပြီး ထိုအလွှာက အခုထိတိုင် ခြောက်လှန့်မှုများရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။
သရဲရှာဖွေသော အဖွဲ့များ၊ တစ်ကိုယ်တည်းစွန့်စားလိုသော စူးစမ်းလေ့လာသူများက အဆောက်အဦးအတွင်းရှာဖွေစူးစမ်းခဲ့ကြပြီး တစ်စတစ်စ သရဲခြောက်သည့်တာဝါပျက်ကြီးဟု နာမည်ကျော်ကြားလာခဲ့ပါတယ်။
ထိုအချိန်မှစပြီး Ghost Tower ဟုအမည်တွင်ခဲ့ပြီး အခုထိတိုင်း ထိုတိုက်ကြီးအား စွန့်ပစ်ထားဆဲဖြစ်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
မိုးေမွ်ာ္စင္ ၄၃ လႊာတြင္ သရဲေျခာက္သည္ဟု နာမည္ႀကီးေသာ ထိုင္းႏိုင္ငံ႐ွိ ၆၀၇ ေပျမင့္ စြန္႔ပစ္ခံအေဆာက္အဦးႀကီး
အေဆာက္အဦးႀကီးၿပီးဆုံးခဲ့လွ်င္ ဘယ္ေလာက္မ်ားခမ္းနားေနမလဲ ေတြးခ်င္စရာ...။ ဂႏၲဝင္ဆန္ဆန္ဝရံတာအေကြ႕ေလးမ်ားႏွင့္ လွပစြာဒီဇိုင္းဆြဲေဆာက္လုပ္ခဲ့တဲ့ Sathorn Unique Tower ဟာ အျမင့္ေပ ၆၀၇ ေပျမင့္ပါတယ္။ လူခ်မ္းသာမ်ားေနထိုင္ရန္အတြက္ အဆင့္ျမင့္ဇိမ္ခံကြန္ဒိုမီနီယံအေဆာက္အအုံအျဖစ္ စီစဥ္ေဆာက္လုပ္ခဲ့ေသာ္ျငား သရဲေျခာက္သည့္အေဆာက္အအုံပ်က္တစ္ခုအျဖစ္သာ နာမည္ႀကီးလာခဲ့ပါေတာ့တယ္။
၁၉၉၀ ခုႏွစ္တြင္စတင္ေဆာက္လုပ္ခဲ့ျခင္းျဖစ္ၿပီး ၁၉၉၇ ခုႏွစ္တြင္ ေဆာက္လုပ္ေရးကို ရပ္နားခဲ့ပါတယ္။ အာ႐ွဘ႑ာေရးအက်ပ္အတည္းေၾကာင့္ ရပ္နားခဲ့ရတယ္လို႔ဆိုပါတယ္။ ၂၀၁၄ ခုႏွစ္တြင္ ေက်ာပိုးအိတ္လြယ္ေလ့လာသူတစ္ဦးရဲ႕ ႐ုပ္အေလာင္းကို အေဆာက္အဦး၏ ၄၃ လႊာတြင္ေတြ႕႐ွိခဲ့ၿပီး ထိုအလႊာက အခုထိတိုင္ ေျခာက္လွန္႔မႈမ်ား႐ွိေနဆဲျဖစ္တယ္လို႔သိရပါတယ္။ သရဲ႐ွာေဖြေသာ အဖြဲ႕မ်ား၊ တစ္ကိုယ္တည္းစြန္႔စားလိုေသာ စူးစမ္းေလ့လာသူမ်ားက အေဆာက္အဦးအတြင္း႐ွာေဖြစူးစမ္းခဲ့ၾကၿပီး တစ္စတစ္စ သရဲေျခာက္သည့္တာဝါပ်က္ႀကီးဟု နာမည္ေက်ာ္ၾကားလာခဲ့ပါတယ္။
ထိုအခ်ိန္မွစၿပီး Ghost Tower ဟုအမည္တြင္ခဲ့ၿပီး အခုထိတိုင္း ထိုတိုက္ႀကီးအား စြန္႔ပစ္ထားဆဲျဖစ္ပါတယ္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com