နယူးယောက်ရှိ ဟိုတယ်ကြီးတစ်ခုတွင် ၅ နှစ်ကြာ အခမဲ့ နေထိုင်ခဲ့သူ လိမ်လည်မှု ပေါ်ပေါက်လာပြီး ယခုအခါ ဟိုတယ်မှ ထွက်ခွာပေးရဖွယ်ရှိ

နယူးယောက်ရှိ ဟိုတယ်ကြီးတစ်ခုတွင် ၅ နှစ်ကြာ အခမဲ့ နေထိုင်ခဲ့သူ လိမ်လည်မှု ပေါ်ပေါက်လာပြီး ယခုအခါ ဟိုတယ်မှ ထွက်ခွာပေးရဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
22 Feb 2024 11:00 am တွင် တင်ခဲ့သည်
770 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နယူးယောက်မြို့သားတစ်ဦးသည် New Yorker ဟိုတယ်တွင် ဆယ်စုနှစ် ထက်ဝက်ခန့် တည်းခိုခ တစ်ပြားတစ်ချပ်မျှ မပေးရဘဲ နေထိုင်နိုင်ခဲ့သည်။

သို့သော် ယခုအခါတွင်မူ သူ၏ လိမ်လည်မှု ပေါ်ပေါက်လာခဲ့သည်။

ရဲတပ်ဖွဲ့က မစ်ကီ ဘာရက်တို (Mickey Barreto) ဆိုသူကို ပြီးခဲ့သော ရက်သတ္တပတ်က အိမ်ခြံမြေ အချက်အလက်များ လိမ်လည်မှုဖြင့် ဖမ်းဆီးလိုက်သည်။

မစ်ကီက ဟိုတယ်ပိုင်ဆိုင်မှုရှိသည်ဟု လိမ်လည်ပြောဆိုထားခဲ့ခြင်း ဖြစ်ကြောင်း မန်ဟက်တန်ခရိုင် ရှေ့နေရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(မှတ်ချက်။ အမေရိကန် ရှေ့နေရုံးသည် ပြည်ထောင်စုနှင့် သက်ဆိုင်သော အမှုများကို ကိုင်တွယ်သည်။ လွှတ်တော်က ပြဌာန်းခဲ့သော ပြည်ထောင်စု ဥပဒေချိုးဖောက်မှုများကို ပြည်ထောင်စု တရားရုံးများတွင် စစ်ဆေးသည်)

တရားရေးအဖွဲ့က ပြောသည်မှာ ဘာရက်တိုသည် လူသိနည်းသော ဒေသတွင်း အိမ်ခြံမြေဥပဒေတစ်ခုကို လက်ကိုင်ထား အမြတ်ထုတ်ကာ တည်းခိုခ မပေးရန် ရှောင်လွှဲခဲ့သည့်အပြင် တည်းခိုနေထိုင်သည့် အခြားသူများထံမှ ငွေကြေးရရန်လည်း ကြိုးစားခဲ့သည်ဟု ဆိုသည်။

“စွပ်စွဲထားချက်အရ မစ်ကီ ဘာရက်တိုဟာ နယူးယောက်ရဲ့ အထင်ကရအဖြစ်ဆုံး အထိမ်းအမှတ်နေရာ တွေထဲက တစ်ခုဖြစ်တဲ့ New Yorker ဟိုတယ်ရဲ့ ပိုင်ရှင်ဖြစ်တယ်လို့ အကြိမ်ကြိမ် လိမ်လည်ခဲ့ပါတယ်” ဟု မန်ဟက်တန် ခရိုင်ရှေ့နေ Alvin Bragg က ပြောသည်။

New Yorker တွင် အခမဲ့နေထိုင်မှုမှာ ၂၀၁၈ ခုနှစ်မှ စတင်ခဲ့သည်။

ထိုအချိန်က မစ်ကီသည် နယူးယောက်မြို့တွင် ပြဌာန်းထားသော အိမ်ငှား တည်ငြိမ်မှုရှိရေး ဥပဒေ (Rent Stabilization Code) ကို ပထမဆုံး သိလာခဲ့သည်။

ထိုဥပဒေအရ ၁၉၆၉ ခုနှစ် မတိုင်မီက အဆောက်အအုံများရှိ အခန်းများတွင် နေထိုင်သူတို့အနေဖြင့် ၆ လတာ ငှားရမ်းနေထိုင်ခွင့် တောင်းဆိုခွင့်ရှိသည်ဟု ဆိုသည်။

မစ်ကီ ဘာရက်တိုက ဟိုတယ်ခန်းကို တစ်ညတာအတွက် ငှားရမ်းခဲ့ပြီးနောက် ၎င်းသည် ဟိုတယ်ခန်း၏ အိမ်ငှားတစ်ဦးဖြစ်သည်ဟု ခံယူလိုက်သည်။

၎င်းအား ၆ လငှားရမ်းရန် တောင်းဆိုလိုက်၏။ သို့သော် ဟိုတယ်က သူ၏ တောင်းဆိုချက်ကို ငြင်းပယ်ကာ ဟိုတယ်မှ နှင်ထုတ်ခဲ့သည်။

မစ်ကီက ဟိုတယ်ကို ပိုင်ဆိုင်သော Holy Spirit Association (HSA) အား တရားစွဲခဲ့သည်။

HSA သည် အဆိုပါဟိုတယ်ကို ၁၉၇၆ ခုနှစ်က ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ထိုအမှုမှာ တရားလွှတ်တော်ချုပ်အထိ ရောက်သွားပြီး ဟိုတယ်အဆောက်အအုံ ပိုင်ရှင်က အမှုရင်ဆိုင်ရန် ရောက်မလာသောကြောင့် နောက်ဆုံးတွင် မစ်ကီ၏ အယူခံ အနိုင်ရရှိခဲ့သည်။

မစ်ကီ ဘာရက်တိုအား အခန်းအပ်ရန် တရားရုံးက အမိန့်ချမှတ်ခဲ့သော်လည်း ဟိုတယ်နှင့် မစ်ကီအကြား အငှားစာချုပ်သဘောတူထားခဲ့ခြင်း မရှိ။

ထို့ကြောင့် မစ်ကီ ဘာရက်တိုမှာ နှင်ထုတ်၍ မရတော့သည့်အပြင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအထိ တစ်ပြားတစ်ချပ်မျှ ပေးစရာမလိုဘဲ နေထိုင်ခဲ့ခြင်း ဖြစ်သည်။

ခရိုင်ရှေ့နေရုံးက ထုတ်ပြန်ရာတွင် မစ်ကီ ဘာရက်တိုသည် ဟိုတယ်ပိုင်ရှင်အဖြစ် မိမိကိုယ်ကို ပုံဖော်ခဲ့ကာ ဟိုတယ်မှ အကျိုးအမြတ်ရရန် ကြိုးစားခဲ့ကြောင်း ဖော်ပြသည်။

ထိုသို့ လုပ်ဆောင်ချက်များအနက် နယူးယောက်မြို့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဌာနတွင် ဟိုတယ်ကို ၎င်း၏ အမည်ဖြင့် မှတ်ပုံတင်ခြင်းလည်း အပါအဝင်ဖြစ်သည်။

ဟိုတယ်၏ ဘဏ်အကောင့်ကို ၎င်းထံ လွှဲပြောင်းရယူရန် လုပ်ဆောင်ချက်ဖြစ်ကြောင်း ခရိုင်ရှေ့နေရုံး ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၂၀၁၉ ခုနှစ်တွင် HSA က ဘာရက်တိုအပေါ် ဟိုတယ်ပိုင်ရှင်အဖြစ် ဟန်ဆောင်မှုဖြင့် တရားစွဲခဲ့သည်။

မစ်ကီ၏ LinkedIn ပရိုဖိုင်တွင် အဆိုပါဟိုတယ်၏ ပိုင်ရှင်အဖြစ် ဖော်ပြထားသည့်အပြင် မြို့၏ ဝက်ဘ်ဆိုက်၌ စာရွက်စာတမ်းအတုတစ်ခု တင်ခဲ့မှုဖြင့် တရားစွဲခြင်း ဖြစ်သည်။

ထိုအမှုမှာ ဆက်လက်စစ်ဆေးနေဆဲဖြစ်ပြီး မစ်ကီအား ဟိုတယ်ပိုင်ရှင်ဟု ပြောဆိုနေခြင်းများ ရပ်တန့်ထားရန် တရားရုံးက ကြားဖြတ်အမိန့်တစ်ခု ချမှတ်ထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A man who has lived in a New York City hotel rent-free for 5 years may finally have to move out (businessinsider)

Photo Credit: Associated Press

[Zawgyi]

နယူးေယာက္ရွိ ဟိုတယ္ၾကီးတစ္ခုတြင္ ၅ ႏွစ္ၾကာ အခမဲ့ ေနထိုင္ခဲ့သူ လိမ္လည္မႈ ေပၚေပါက္လာျပီး ယခုအခါ ဟိုတယ္မွ ထြက္ခြာေပးရဖြယ္ရွိ

နယူးေယာက္ျမိဳ႕သားတစ္ဦးသည္ New Yorker ဟိုတယ္တြင္ ဆယ္စုႏွစ္ ထက္ဝက္ခန္႔ တည္းခိုခ တစ္ျပားတစ္ခ်ပ္မွ် မေပးရဘဲ ေနထိုင္ႏိုင္ခဲ့သည္။

သို႔ေသာ္ ယခုအခါတြင္မူ သူ၏ လိမ္လည္မႈ ေပၚေပါက္လာခဲ့သည္။

ရဲတပ္ဖြဲ႔က မစ္ကီ ဘာရက္တို (Mickey Barreto) ဆိုသူကို ျပီးခဲ့ေသာ ရက္သတၱပတ္က အိမ္ျခံေျမ အခ်က္အလက္မ်ား လိမ္လည္မႈျဖင့္ ဖမ္းဆီးလိုက္သည္။

မစ္ကီက ဟိုတယ္ပိုင္ဆိုင္မႈရွိသည္ဟု လိမ္လည္ေျပာဆိုထားခဲ့ျခင္း ျဖစ္ေၾကာင္း မန္ဟက္တန္ခရိုင္ ေရွ႕ေနရံုး၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

(မွတ္ခ်က္။ အေမရိကန္ ေရွ႕ေနရံုးသည္ ျပည္ေထာင္စုႏွင့္ သက္ဆိုင္ေသာ အမႈမ်ားကို ကိုင္တြယ္သည္။ လႊတ္ေတာ္က ျပဌာန္းခဲ့ေသာ ျပည္ေထာင္စု ဥပေဒခ်ဳိးေဖာက္မႈမ်ားကို ျပည္ေထာင္စု တရားရံုးမ်ားတြင္ စစ္ေဆးသည္)

တရားေရးအဖြဲ႔က ေျပာသည္မွာ ဘာရက္တိုသည္ လူသိနည္းေသာ ေဒသတြင္း အိမ္ျခံေျမဥပေဒတစ္ခုကို လက္ကိုင္ထား အျမတ္ထုတ္ကာ တည္းခိုခ မေပးရန္ ေရွာင္လႊဲခဲ့သည့္အျပင္ တည္းခိုေနထုိင္သည့္ အျခားသူမ်ားထံမွ ေငြေၾကးရရန္လည္း ၾကိဳးစားခဲ့သည္ဟု ဆိုသည္။

“စြပ္စြဲထားခ်က္အရ မစ္ကီ ဘာရက္တိုဟာ နယူးေယာက္ရဲ႕ အထင္ကရအျဖစ္ဆံုး အထိမ္းအမွတ္ေနရာ ေတြထဲက တစ္ခုျဖစ္တဲ့ New Yorker ဟိုတယ္ရဲ႕ ပိုင္ရွင္ျဖစ္တယ္လို႔ အၾကိမ္ၾကိမ္ လိမ္လည္ခဲ့ပါတယ္” ဟု မန္ဟက္တန္ ခရိုင္ေရွ႕ေန Alvin Bragg က ေျပာသည္။

New Yorker တြင္ အခမဲ့ေနထိုင္မႈမွာ ၂၀၁၈ ခုႏွစ္မွ စတင္ခဲ့သည္။

ထိုအခ်ိန္က မစ္ကီသည္ နယူးေယာက္ျမိဳ႕တြင္ ျပဌာန္းထားေသာ အိမ္ငွား တည္ျငိမ္မႈရွိေရး ဥပေဒ (Rent Stabilization Code) ကို ပထမဆံုး သိလာခဲ့သည္။

ထိုဥပေဒအရ ၁၉၆၉ ခုႏွစ္ မတိုင္မီက အေဆာက္အအံုမ်ားရွိ အခန္းမ်ားတြင္ ေနထိုင္သူတို႔အေနျဖင့္ ၆ လတာ ငွားရမ္းေနထိုင္ခြင့္ ေတာင္းဆိုခြင့္ရွိသည္ဟု ဆိုသည္။

မစ္ကီ ဘာရက္တိုက ဟိုတယ္ခန္းကို တစ္ညတာအတြက္ ငွားရမ္းခဲ့ျပီးေနာက္ ၎သည္ ဟိုတယ္ခန္း၏ အိမ္ငွားတစ္ဦးျဖစ္သည္ဟု ခံယူလိုက္သည္။

၎အား ၆ လငွားရမ္းရန္ ေတာင္းဆိုလိုက္၏။ သို႔ေသာ္ ဟိုတယ္က သူ၏ ေတာင္းဆိုခ်က္ကို ျငင္းပယ္ကာ ဟိုတယ္မွ ႏွင္ထုတ္ခဲ့သည္။

မစ္ကီက ဟိုတယ္ကို ပိုင္ဆိုင္ေသာ Holy Spirit Association (HSA) အား တရားစြဲခဲ့သည္။

HSA သည္ အဆိုပါဟုိတယ္ကို ၁၉၇၆ ခုႏွစ္က ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ထိုအမႈမွာ တရားလႊတ္ေတာ္ခ်ဳပ္အထိ ေရာက္သြားျပီး ဟိုတယ္အေဆာက္အအံု ပိုင္ရွင္က အမႈရင္ဆိုင္ရန္ ေရာက္မလာေသာေၾကာင့္ ေနာက္ဆံုးတြင္ မစ္ကီ၏ အယူခံ အႏိုင္ရရွိခဲ့သည္။

မစ္ကီ ဘာရက္တိုအား အခန္းအပ္ရန္ တရားရံုးက အမိန္႔ခ်မွတ္ခဲ့ေသာ္လည္း ဟိုတယ္ႏွင့္ မစ္ကီအၾကား အငွားစာခ်ဳပ္သေဘာတူထားခဲ့ျခင္း မရွိ။

ထို႔ေၾကာင့္ မစ္ကီ ဘာရက္တိုမွာ ႏွင္ထုတ္၍ မရေတာ့သည့္အျပင္ ၂၀၂၃ ခုႏွစ္၊ ဇူလိုင္လအထိ တစ္ျပားတစ္ခ်ပ္မွ် ေပးစရာမလိုဘဲ ေနထိုင္ခဲ့ျခင္း ျဖစ္သည္။

ခရိုင္ေရွ႕ေနရံုးက ထုတ္ျပန္ရာတြင္ မစ္ကီ ဘာရက္တိုသည္ ဟိုတယ္ပိုင္ရွင္အျဖစ္ မိမိကိုယ္ကို ပံုေဖာ္ခဲ့ကာ ဟိုတယ္မွ အက်ဳိးအျမတ္ရရန္ ၾကိဳးစားခဲ့ေၾကာင္း ေဖာ္ျပသည္။

ထိုသို႔ လုပ္ေဆာင္ခ်က္မ်ားအနက္ နယူးေယာက္ျမိဳ႕ သဘာဝပတ္ဝန္းက်င္ ကာကြယ္ေရးဌာနတြင္ ဟိုတယ္ကို ၎၏ အမည္ျဖင့္ မွတ္ပံုတင္ျခင္းလည္း အပါအဝင္ျဖစ္သည္။

ဟိုတယ္၏ ဘဏ္အေကာင့္ကို ၎ထံ လႊဲေျပာင္းရယူရန္ လုပ္ေဆာင္ခ်က္ျဖစ္ေၾကာင္း ခရိုင္ေရွ႕ေနရံုး ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

၂၀၁၉ ခုႏွစ္တြင္ HSA က ဘာရက္တိုအေပၚ ဟိုတယ္ပိုင္ရွင္အျဖစ္ ဟန္ေဆာင္မႈျဖင့္ တရားစြဲခဲ့သည္။

မစ္ကီ၏ LinkedIn ပရိုဖိုင္တြင္ အဆိုပါဟိုတယ္၏ ပိုင္ရွင္အျဖစ္ ေဖာ္ျပထားသည့္အျပင္ ျမိဳ႕၏ ဝက္ဘ္ဆိုက္၌ စာရြက္စာတမ္းအတုတစ္ခု တင္ခဲ့မႈျဖင့္ တရားစြဲျခင္း ျဖစ္သည္။

ထိုအမႈမွာ ဆက္လက္စစ္ေဆးေနဆဲျဖစ္ျပီး မစ္ကီအား ဟိုတယ္ပိုင္ရွင္ဟု ေျပာဆိုေနျခင္းမ်ား ရပ္တန္႔ထားရန္ တရားရံုးက ၾကားျဖတ္အမိန္႔တစ္ခု ခ်မွတ္ထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A man who has lived in a New York City hotel rent-free for 5 years may finally have to move out (businessinsider)

Photo Credit: Associated Press

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် အိမ်ရှင်က ဆောက်လုပ်ရေးသမားများကို ငွေရှင်းမပေးသောကြောင့် ဆောက်လုပ်ရေးသမား တို့က ခြံဝန်းတွင်းရှိ ကွန်ကရစ်ယာဉ်မောင်းလမ်းကို ထုချေဖျက်ဆီး...
သြစတေးလျတွင် အိမ်ရှင်က ဆောက်လုပ်ရေးသမားများကို ငွေရှင်းမပေးသောကြောင့် ဆောက်လုပ်ရေးသမား တို့က ခြံဝန်းတွင်းရှိ ကွန်ကရစ်ယာဉ်မောင်းလမ်းကို ထုချေဖျက်ဆီး...
ကာရစ်ဘီယံရှိ နိုင်ငံများတွင် လှူဒါန်းခြင်း၊ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းတို့ဖြင့် နိုင်ငံသားအဖြစ် ရရှိမည်ဟုဆို...
ကာရစ်ဘီယံရှိ နိုင်ငံများတွင် လှူဒါန်းခြင်း၊ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းတို့ဖြင့် နိုင်ငံသားအဖြစ် ရရှိမည်ဟုဆို...
ပထမဇနီးကို သတ်ခဲ့သည့်အပြင် ဒုတိယဇနီးနှင့် ရသော ကလေး ၂ ဦးကိုလည်း မကောင်းဆိုးရွားများ ဖြစ်သည် ဟုဆိုကာ ဒုတိယဇနီးနှင့် ပူးပေါင်းသတ်ခဲ့သော အမေရိကန် အမျိုးသား ဖမ်းဆီးအရေးယူခံရပြီးနောက် သူ၏နေအိမ်ကို ရှေ့နေခအဖြစ် ရှေ့နေအား ပေးခဲ့...

The Ellen Show ပဲ့ကိုင်ရှင် Ellen Degeneres တစ်ချိန်က ချစ်သူကောင်မလေးနှင့်အတူပိုင်ဆိုင်ခဲ့သော ဒေါ်လာ (၄၅) သန်းတန်ကြေးရှိ Santa Barbara Villa...
The Ellen Show ပဲ့ကိုင်ရှင် Ellen Degeneres တစ်ချိန်က ချစ်သူကောင်မလေးနှင့်အတူပိုင်ဆိုင်ခဲ့သော ဒေါ်လာ (၄၅) သန်းတန်ကြေးရှိ Santa Barbara Villa...
အမေရိကန်ပြည်တွင် အဘိုးအိုတစ်ဦးက သူ၏နေအိမ်ကို နှစ်ရှည်ပြန်ငှားပေးမည်ဟု ကတိပြုသည့် ကုမ္ပဏီ တစ်ခုထံ ရောင်းချလိုက်ပြီးနောက် ထိုကုမ္ပဏီက အိမ်လခ ဆက်တိုက်တိုးမြှင့်‌တောင်းခံကာ အိမ်လခ မပေးနိုင်ချိန်တွင် နှင်ထုတ်လိုက်သောကြောင့် အဘိုးအိုမှာ အ...

အမေရိကန်ပြည် လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့တဲများ တိုက်ဖျက်ရေးဥပဒေအရ ဒေါ်လာ ၃ သန်း သုံးစွဲ အကောင်အထည်ဖော်ခဲ့သည်မှာ ၃ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း အိမ်ရာမဲ့ ၂ ဦးတည်းသာ အမြဲနေထိုင်မည့် နေရာ ရရှိသေး...
အမေရိကန်ပြည် လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့တဲများ တိုက်ဖျက်ရေးဥပဒေအရ ဒေါ်လာ ၃ သန်း သုံးစွဲ အကောင်အထည်ဖော်ခဲ့သည်မှာ ၃ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း အိမ်ရာမဲ့ ၂ ဦးတည်းသာ အမြဲနေထိုင်မည့် နေရာ ရရှိသေး...
အိမ်ခြံမြေဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအပေါ် အရေးပါသည့် သက်ရောက်မှု ရှိလာနိုင်ကြောင်း လေ့လာချက်တစ်ရပ်တွင် တွေ့ရှိ...
အိမ်ခြံမြေဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအပေါ် အရေးပါသည့် သက်ရောက်မှု ရှိလာနိုင်ကြောင်း လေ့လာချက်တစ်ရပ်တွင် တွေ့ရှိ...
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ကျဆင်းသွား...
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ကျဆင်းသွား...
ပိုးဟပ်တို့၏ နိဗ္ဗာန်ဘုံ (သို့မဟုတ်) အမေရိကန်မှာ ဘယ်မြို့က အညစ်ပတ်ဆုံးလဲ
ပိုးဟပ်တို့၏ နိဗ္ဗာန်ဘုံ (သို့မဟုတ်) အမေရိကန်မှာ ဘယ်မြို့က အညစ်ပတ်ဆုံးလဲ
နာမည်ကြီးမော်ဒယ် ကေတီပရိုက်စ် အခွန် ပေါင် ၇၆၀,၀၀၀ ကျော် မပေးဆောင်နိုင်ကာ ဒုတိယအကြိမ် ဒေဝါလီ ခံခဲ့ရ၊ ပေါင် ၂ သန်းတန်အိမ်မှ ဆင်းပေးရန် တရားရုံးအမိန့် ထုတ်ခံရပြီးနောက် ဆပ်ဆက်ခရိုင်ရှိ အိပ်ခန်း ၄ ခန်းပါအိမ်သို့ ပြောင်းရွှေ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
ဆော်ဒီလုပ်ငန်းရှင်သူဌေးကြီးက နယူးယောက်မြို့ရှိ ဒေါ်လာ ၁၆၉ သန်းတန် Penthouse ခန်းကို သန်း ၁၀၀ ကျော် ဈေးလျှော့ကာ ဒေါ်လာ ၆၄
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်က
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်က
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ruby
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service