အင်္ဂလန်နိုင်ငံတောင်ပိုင်း Basingstoke မြို့တွင် အိမ်တစ်လုံးရောင်းထွက်ရန် ၂၄ ရက်သာ ကြာမြင့်
အင်္ဂလန်နိုင်ငံတောင်ပိုင်း Basingstoke မြို့တွင် အိမ်တစ်လုံးရောင်းထွက်ရန် ၂၄ ရက်သာ ကြာမြင့် - Property News in Myanmar from iMyanmarHouse.com
22 Feb 2024 10:43 am တွင် တင်ခဲ့သည်
430 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အင်္ဂလန်နိုင်ငံတောင်ပိုင်းမှ မြို့တစ်မြို့သည် အင်္ဂလန် အနောက်မြောက်ပိုင်းပြီးလျှင် အိမ်ခြံမြေဈေးကွက် အလှုပ်ခတ်ဆုံးနေရာတစ်ခုဖြစ်လာသည်။
ဒုတိယကမ္ဘာစစ်ကြီးမတိုင်မီက Basingstoke မြို့ကလေးသည် ဈေးမြို့လေးတစ်ခုသာ ဖြစ်ခဲ့သည်။
သို့သော် ၁၉၆၀ ပြည့်လွန်ကာလများတွင် အိမ်ခြံမြေရှားပါးမှုပြဿနာကြောင့် လန်ဒန်မြို့သားများ ရွှေ့ပြောင်း အခြေချလာခဲ့ကြသည်။
ယင်းနောက်ပိုင်းကတည်းက Basingstoke မှာ များစွာဖွံ့ဖြိုးစည်ကားလာခဲ့သည်။
ယခုအချိန်ထိလည်း လန်ဒန်ကို ကျောခိုင်းစွန့်ခွာလိုသူတို့ အဆက်မပြတ် လာရောက် အခြေချလျက်ရှိနေ ကြသည်။
လန်ဒန်မြို့ရှိ ဝါတာလူး ဘူတာမှ Basingstoke သို့ တိုက်ရိုက်အသွားအပြန်ရထားများတွင် ခရီးသည်ဦးရေ မြင့်တက်လာလျက်ရှိနေသည်။
Zoopla ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ Basingstoke မြို့တွင် ပြီးခဲ့သောနှစ်အတွင်း ပျှမ်းမျှအားဖြင့် နေအိမ်တစ်လုံးရောင်းထွက်ရန် ၂၄ ရက်သာ ကြာမြင့်လေ့ရှိကြောင်း ဖော်ပြသည်။
Basingstoke မြို့လေး၏ အရာအများစုမှာ အသစ်ဖြစ်သော်လည်း မြို့လေးမှာ သက်ဝင်လှုပ်ရှားသော သမိုင်းဝင်မြို့လေးဖြစ်ပြီး သာယာလှပသော ကျေးလက်ရှုခင်း၊ ကျေးလက်တောရွာများဖြင့် ဝန်းပတ်ထားသည်။
Bovis Home ကုမ္ပဏီမှ အရောင်းအတိုင်ပင်ခံနှင့် အိမ်ဆောက်လုပ်ရေးသမား Matt Morrison သည် ဤမြို့လေးသို့ ၎င်းနှင့် စေ့စပ်ထားသူ Kayleigh နှင့်အတူ ပြီးခဲ့သော မေလက ပြောင်းရွှေ့လာခဲ့သည်။
၎င်းတို့စုံတွဲက ဤမြို့လေးတွင် အိပ်ခန်း ၂ ခန်းပါ အိမ်တစ်လုံးကို ကြိုပွိုင့်ဝယ်ယူခဲ့ပြီးနောက် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။
((Basingstoke မြို့ အိမ်ခြံမြေဈေးနှုန်း အချက်အလက်များ))
ပျမ်းမျှအိမ်ခြံမြေဈေးနှုန်း- ၃၅၉၁၀၈ ပေါင်
ပျမ်းမျှအိမ်ငှားခ- ၁၆၈၃ ပေါင် မြို့ကောင်စီသို့ပေးရသောအခွန်-၁၉၂၈ ဒသမ ၅၆ ပေါင်
ခရီးသွားလာမှုကြာချိန်- လန်ဒန်မြို့ဝါတာလူးဘူတာသို့ ၄၅ မိနစ်
တစ်နှစ်စာ ရထားလက်မှတ်တန်ကြေး- ၅၂၉၂ ပေါင်
Matt Morrison က Metro သတင်းဌာနသို့ ပြောသည်မှာ ဤဒေသတွင် နေအိမ်များ မည်သို့ ကောင်းကောင်း ဆောက်လုပ်ထားသည်ကို တွေ့ရှိထားသောကြောင့် ရွှေ့ပြောင်းနေထိုင်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ထို့ကြောင့် ဆာရေးခရိုင် Ash မြို့တွင် ငှားရမ်းထားသောအိမ်ကို ပြန်အပ်ရန် Kayleigh အား ဆွဲဆောင်ခဲ့ကြောင်း ပြောသည်။
(Matt Morrison တို့စုံတွဲက အိပ်ခန်း ၂ ခန်းပါအိမ်ကို ကြိုပွိုင့် ဝယ်ယူခဲ့သည်။)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: The unexpected UK town where it takes just 24 days to sell a house (Metro)
Photo Credit: Metro
[Zawgyi]
Photo Credit: Metro
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
mya-villa
area-one-business-complex
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service