၁၉၇၈ ခုနှစ်က ဝယ်ယူခဲ့သည့် ၈ ဒေါ်လာတန် ဝင်ခွင့်လက်မှတ်ဖြင့် Disney World ကစားကွင်းသို့ သွားရောက်ခဲ့သည့် လူငယ်တစ်ဦး
၁၉၇၈ ခုနှစ်က ဝယ်ယူခဲ့သည့် ၈ ဒေါ်လာတန် ဝင်ခွင့်လက်မှတ်ဖြင့် Disney World ကစားကွင်းသို့ သွားရောက်ခဲ့သည့် လူငယ်တစ်ဦး - Property News in Myanmar from iMyanmarHouse.com
13 Feb 2024 12:19 pm တွင် တင်ခဲ့သည်
899 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
မက်သူး အေဘယ်လ်၏ မိသားစုတွင် ၁၉၇၈ ခုနှစ်က ဝယ်ယူထားသည့် Magic Kingdom ကစားကွင်း ဝင်ခွင့်လက်မှတ်တစ်စောင် အံဆွဲတစ်ခုထဲတွင် ရှိနေသည်။
မက်သူးက ထိုလက်မှတ်ကို ခေတ်ဟောင်းအမှတ်တရပစ္စည်းတစ်ခုဟု ထင်ခဲ့သည်။
“ဒီလက်မှတ်က ကျွန်တော် မမွေးခင်အချိန်ကတည်းက လက်မှတ်ဖြစ်ပြီး ဖုန်အလိမ်းလိမ်း တက်နေပါပြီ။ မိသားစုရဲ့ အမှတ်တရတစ်ခုအနေနဲ့ သိမ်းထားတယ်လို့ ကျွန်တော်ထင်ခဲ့တာပါ။ ဒီလက်မှတ်ဟာ မသုံးရ သေးဘူး၊ သက်တမ်းကုန်ဆုံးတဲ့ရက်စွဲလည်း ဖော်ပြမထားဘူးဆိုတာ နောက်မှ သတိထားမိလာတယ်။”ဟု မက်သူးက ပြောသည်။
မက်သူးက အဆိုပါလက်မှတ်ကို မှန်ဘီလူးဖြင့် ကြည့်ရှုနေပုံကို ဗွီဒီယိုဖိုင်ရိုက်ကူးကာ TikTok လူမှုကွန်ရက်တွင် တင်ခဲ့ရာ ကြည့်ရှုမှုအကြိမ်ရေ ၉ သန်းကျော် ရှိနေပြီ ဖြစ်သည်။
  (ဓာတ်ပုံ - Matthew Ables/TikTok)
မက်သူးက အဆိုပါလက်မှတ်ကို ယူဆောင်ကာ ဖလော်ရီဒါပြည်နယ်၊ Orlando သို့ သွားရောက်ခဲ့ပြီး ထိုလက်မှတ်ဖြင့် ကစားကွင်းသို့ ဝင်နိုင်သလောဆိုသည်ကို စမ်းသပ်ကြည့်ခဲ့သည်။
“၄၆ နှစ်သက်တမ်းရှိပြီဖြစ်တဲ့ ဝင်ခွင့်လက်မှတ်နဲ့ Disney World ကို ဝင်ဖို့ ကျွန်တော်ကြိုးစားကြည့်ခဲ့ပါတယ်” ဟု မက်သူးက လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
Magic Kingdom ရှိ လက်မှတ်အရောင်းဌာနသို့ ရောက်ချိန်တွင် မက်သူးက သူ၏လက်မှတ်ကို ပြလိုက်ရာ လက်မှတ်ကောင်တာမှ အမျိုးသမီးက သူ၏ လက်မှတ်ပေါ်တွင် “အသုံးပြုပြီး”ဟု တံဆိပ်ရိုက်လိုက်ရာ မက်သူး မှာ တုန်လှုပ်သွားခဲ့သည်။
  (ဓာတ်ပုံ - Matthew Ables/TikTok)
သို့သော် ထိုအမျိုးသမီးက မက်သူးထံ ပြန်ရောက်လာပြီး ကစားကွင်းသို့ ဝင်နိုင်မည့် အဝါရောင်လက်မှတ် တစ်စောင် ပေးခဲ့သည်။
၄၆ နှစ်သက်တမ်းရှိပြီဖြစ်သော ဝင်ခွင့်လက်မှတ်တစ်စောင်ကို Disney က အသိအမှတ်ပြုခဲ့ခြင်းမှာ အံ့ဖွယ်ပင်။
ယနေ့ကာလ ဝင်ခွင့်လက်မှတ်တစ်စောင်၏ တန်ကြေးမှာ ၁၆၄ ဒေါ်လာဖြစ်ပြီး ငွေကြေးဖောင်းပွမှု ပမာဏကို ထည့်သွင်းတွက်ချက်လျှင်ပင် များစွာဈေးကြီးနေသည်။
ငွေကြေးဖောင်းပွမှုနှုန်းအရသာ ဈေးတက်မည်ဆိုပါက ၂၀၂၄ ခုနှစ်အတွင်း Magic Kingdom သို့ ဝင်ခွင့်လက်မှတ်မှာ ၃၇ ဒသမ ၆၄ ဒေါ်လာသာ ကျသင့်မည် ဖြစ်သည်။
သူ၏ ဗွီဒီယိုဖိုင်တွင် ဝင်ရောက်မှတ်ချက်ပြုသူတို့က ရေးသားသည်မှာ Disney ၏ ကစားကွင်းများသို့ အလွန် သက်တမ်းရင့်နေသော လက်မှတ်ဟောင်းများဖြင့် လာကြသည်မှာ မထူးဆန်းသောဖြစ်ရပ်ဖြစ်ကြောင်း ပြောကြ သည်။
“ကျွန်တော် Magic Kingdom ရဲ့ ဧည့်သည်တော်ဆက်ဆံရေးဌာနမှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။ ဒါမျိုးဖြစ်ရပ်က တစ်ပတ်ကို အနည်းငယ်လောက် ကြုံရပါတယ်”ဟု Allison ဆိုသူက မှတ်ချက်ပြုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: A guy found an unused $8 Disney World ticket from 1978 and tried to get into the park (upworthy)
Photo Credit:  Matthew Ables/TikTok
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service