မှတ်သားဖွယ် ဥပဒေအမေးအဖြေများ

မှတ်သားဖွယ် ဥပဒေအမေးအဖြေများ - Property Knowledge in Myanmar from iMyanmarHouse.com
11 Feb 2024 12:59 pm တွင် တင်ခဲ့သည်
594 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

ဒီကနေ့ညမှာတော့ စလစ်မြေပေါ်တွင် အိမ်ဆောက်လို့ ရသလားဆိုတဲ့ မေးခွန်းအပါအဝင် စိတ်ဝင်စားဖွယ်ဥပဒေအမေးအဖြေ သုံးခုကို တင်ဆက်ပေးထားပါတယ်.......

 

မေးခွန်း (၁)။ ငှါးရမ်းထားသော အဆောက်အဦးပေါ်တွင် ငှါးရမ်းသူက ဥပဒေနှင့် ငြိစွန်းသော စီးပွားရေး လုပ်ကိုင်ပါက ပိုင်ရှင်နှင့် အဆောက်အဦးထိခိုက်ပါသလား။

အဆောက်အအုံတစ်ခုအား ကာလအပိုင်းအခြား တစ်ခုသတ်မှတ်ကာ ငှားရမ်းသူနှင့် အငှားချထားသူ သဘောတူညီမှုဖြင့် ငှားရမ်းကြပါက စာချုပ်ခိုင်ခိုင်လုံလုံ ချုပ်ဆိုကြရပါမည်။

စာချုပ်တွင် ဥပဒေနှင့် မလွတ်ကင်းသော အလုပ်အကိုင်များ အိမ်ငှားမှ လုပ်ကိုင်ပါက အိမ်ရှင်မှ ငှားရမ်းခြင်းအား ရပ်စဲမည်ဖြစ်ကာ ထိုအခါအိမ်ငှားမှ ဖယ်ရှားထွက်ခွာပေးရမည်ဖြစ်ကြောင်း ကတိပြုချက်အား စာချုပ်တွင် ထည့်သွင်းချုပ်ဆိုရပါမည်။ ထို့အပြင် စာချုပ်တွင် အိမ်ရှင်မှ မိမိနေအိမ်အတွင်းသို့ အချိန်မရွေး ဝင်ရောက်ကြည့်ရှုလိုပါက အိမ်ငှားမှ ခွင့်ပြုရမည်ဖြစ်ကြောင်းလဲ စာချုပ်တွင် ထည့်သွင်းချုပ်ဆိုကာ အိမ်ငှားမှ ဥပဒေနှင့် မလွတ်ကင်းသည်များ လုပ်ဆောင်နေပါက အိမ်ရှင်မှ ငှားရမ်းခြင်းအား ရပ်စဲမှုပြုရမည်။

အိမ်ငှားမှ ဥပဒေနှင့် မလွတ်ကင်းသော အနှိပ်ခန်း၊ ဖဲဝိုင်း၊ လောင်းကစား၊ မူးရစ်ဆေးဝါး လုပ်ငန်းများလုပ်ကိုင်ပါက အဆိုပါကိစ္စရပ်များမှာ အိမ်ငှားနှင့် သက်ဆိုင်ကာ အိမ်ငှားတွင်တာဝန်ရှိပါသည်။ သို့သော် အဆိုပါဥပဒေနှင့် မလွတ်ကင်းသည့် လုပ်ငန်းများ လုပ်ကိုင်နေကြောင်း အိမ်ရှင်မှ သိလျက်နှင့် ဆက်လက်နေထိုင်ခွင့်ပြုထားလျှင် အိမ်ရှင်တွင်လဲ အဆိုပါကိစ္စရပ်အတွက် တာဝန်ရှိမည်ဖြစ်ပါသည်။

အဆောက်အအုံတွင် မူးရစ်ဆေးဝါး သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ငှားရမ်းခြင်း ပြုလုပ်ပါက အဆိုပါ အဆောက်အအုံမှာ ချိတ်ပိတ်ခြင်းခံရမည်ဖြစ်ပါသည်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေကြောင်း တွေ့ရှိပါက အဆောက်အအုံအား မူးယစ်ဆေးဝါးဥပဒေ-၂၄(ခ) အရ ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်ဖြစ်ပါသည်။ ထိုအခါ အိမ်ရှင်မှ ပိုင်ဆိုင်မှု အထောက်အထားများပြသကာ ၎င်းမှသာ အဆောက်အအုံအား ပိုင်ဆိုင်ပြီး ဥပဒေနှင့် မလွတ်ကင်းသည့် အလုပ်အကိုင်များ လုပ်ကိုင်သည်ကို မသိရှိကြောင်း သက်သေခိုင်ခိုင် လုံလုံဖြင့် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ရပါသည်။

 

မေးခွန်း (၂)။ စလစ်မြေပေါ်တွင် အိမ်ဆောက်လို့ ရပါသလား။

အိမ်၊ခြံ၊မြေ ဈေးကွက်အတွင်းတွင် လူထိုင်ခွင့်သတ်မှတ်ထားသော မြေငှား စာချုပ် ဂရန်မြေ၊ မြေပိုင်မြေ (ဘိုးဘွားပိုင်မြေ)၊ လိုင်စင်မြေ၊ ပါမစ်မြေ၊ စကွာတာမြေ များအပြင် စလစ်မြေများလဲ ဝယ်လိုအား များပြား ကြပါသည်။

စလစ်မြေဆိုသည်မှာ အမည်ပေါက်ဖြင့် နေထိုင်ခြင်းပြုထားသော မြေပြေစာ ထွက်ရှိပြီးသား မြေအမျိုး အစားပင် ဖြစ်ပါသည်။ မြို့ရွာ၊ အိုးအိမ်ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ချပေးထားသော မြေချပါမစ်ဖြစ်ပြီး မြို့သစ်များ ဖော်ဆောင်သည့်အခါ စလစ်မြေများချပေးပါသည်။ အိမ်ရာမဲ့သူများအား မြေစည်ပင်စရိတ် ပေးသွင်းစေကာ လူနေရပ်ကွက်များ သတ်မှတ်ပေးခြင်းဖြစ်ပြီး သက်ဆိုင်ရာ မြေနေရာချထားရေးကော်မတီ ထံတွင် မြေကွက်တန်ဖိုးသွင်းထားသည့် ပြေစာရှိ အကွက်ရိုက်ဖော်ထုတ်ထားသော မြေကွက်ပဲဖြစ်ပါတယ်။

အဆိုပါစလစ်မြေအား ပါမစ်မြေအဖြစ် မြေအမျိုးအစား ပြောင်းလဲပြီးမှသာလျှင် မြေငှားစာချုပ်ရရှိ အောင် ဆက်လက်လျှောက်ထားမှု ပြုနိုင်ပါသည်။ မြေချစလစ်မြေမှာ အိမ်ဆောက်လုပ်ခွင့်ရှိပြီး ဝယ်ယူလိုသည့် အခါ မြို့ရွာ၊ အိုးအိမ် ဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် စစ်ဆေးမှုများပြုပြီး အမည်ပေါက်ထံမှ စာချုပ် အဆက်အစပ် မှန်ကန်မှသာ ဝယ်ယူပါ။ ဂရန်မြေနှင့် ဈေးနှုန်းကွာခြားချက်ကြောင့် ဝယ်လိုအား များပြားမှုရှိပြီး မြေပြင်အခြေအနေ၌ ကျူးကျော်သူများလဲ ရှိနေနိုင်သဖြင့် လက်ရောက်ရယူနိုင်မှ ဝယ်ယူသင့်ကြောင်း ဖြေဆို ရေးသား ပေးလိုက်ပါသည်။

 

မေးခွန်း (၃)။ နှစ်ချုပ်ငှါးရမ်းပြီးသော လုံးချင်းအိမ်ကို ရောင်း၍ရပါသလား။

စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေ ပုဒ်မ-၁၆(ခ) အရ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကိုဖြစ်စေ၊ ၎င်းနှင့် ဆက်စပ်သည့် ငွေကျပ် (၁) သိန်းနှင့် အထက်ရှိသော ရောင်းချခြင်း၊ လွှဲအပ်ခြင်း၊ စွန့်လွှတ်ခြင်း၊ ဖျက်သိမ်းခြင်း စာချုပ်များတွင်ဖြစ်စေ ခိုင်မာမှုရှိစေရန် မဖြစ်မနေ မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ချုပ်ဆိုကာ ဝယ်ယူရပါ မည်ဟု ဖော်ပြထားပါသည်။

စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေပုဒ်မ-၁၆ (ဃ) အရ မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို တစ်နှစ်ပြီး တစ်နှစ်ငှားရမ်းခြင်း၊ တစ်နှစ်ထက်ပိုသော ငှားရမ်းခြင်း နှစ်ရှည်အငှားစာချုပ်များအားလဲ မဖြစ်မနေ မှတ်ပုံတင် ရမည်ဖြစ်ကြောင်း ဖော်ပြထားပြီးဖြစ်ပါသည်။

နှစ်ရှည် အငှားချထားသော လုံးချင်းအိမ်အား အရောင်းအဝယ်ပြုလုပ်ပါက ဝယ်ယူသူမှာ ပိုင်ဆိုင်မှုစာရွက်စာတမ်းအထောက်အထား ခိုင်မာစေရန် မှတ်ပုံတင်စာချုပ်ချုပ်ဆိုကာ တရားဝင်အရောင်းအဝယ် ပြုလုပ်ရပါမည်။ ဝယ်ယူသူမှ မိမိလွှဲပြောင်းဝယ်ယူခြင်းအတွက် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီးမှသာလျှင် ယခင် အမည်ပေါက်ပိုင်ရှင်မှ အငှားချထားသော အိမ်ငှားများနှင့် ဆက်လက် အငှားချထားခြင်း စာချုပ်ချုပ်ဆိုနိုင်မည် ဖြစ်ပါသည်။

ငှားရမ်းခြင်းကာလမှာ ကျန်ရှိနေသေးပြီး မိမိမှလဲ ဝယ်ယူခြင်း ပြုလိုပါက အိမ်ရှင်၊အိမ်ငှားနှင့် ဝယ်သူတို့ တွေ့ဆုံ ညိနှိုင်းပြီး ဝယ်ယူသူမှ တရားဝင် မှတ်ပုံတင်စာချုပ်ချုပ်ဆို ဝယ်ယူခြင်းပြုနိုင်မှသာ အိမ်လခများ တရားဝင် လွှဲပြောင်းရယူနိုင်မှာ ဖြစ်ပါတယ်။

စည်းကမ်းသတ် အက်ဥပဒေပုဒ်မ ၂၈ အရ ကာလစည်းကမ်းသတ်ကျော်လွန်ပါက တရားစွဲဆိုခွင့် ဆုံးရှုံးမည်ဖြစ်ကာ ခွင့်ပြုချက်ဖြင့် ထားသူအား ပြန်လည်ရုတ်သိမ်းနှင်လိုမှု ပြုလိုလျှင် ကာလစည်းကမ်းသတ် ဥပဒေအရ (၆ )နှစ်အတွင်း တရားစွဲဆိုရပါတယ်။ အိမ်ငှားနှင်လိုမှုပြုလိုလျှင် ကာလစည်းကမ်းသတ် (၁၂) နှစ်အတွင်း တရားစွဲဆိုရပါတယ်။

ထို့သို့ တရားစွဲဆိုသည့်အခါ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပုဒ်မ- ၁၀၆ နှင့်အညီ ငှားရမ်းသူ အိမ်ရှင်မှ နို့တစ်စာပေးပို့ပြီးမှ တရားစွဲဆိုမှုပြုနိုင်သောကြောင့် ယခုအိမ်ငှားရှိ အိမ်ခြံမြေအား လွှဲပြောင်း ဝယ်ယူလိုသူမှာ ပိုင်ဆိုင်မှု အခိုင်အမာရှိမှသာ အိမ်ရှင်အိမ်ငှားပြဿနာများ ပေါ်ပေါက်လာပါက နှင်လိုမှုပြုနိုင်မည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

 

မွတ္သားဖြယ္ ဥပေဒအေမးအေျဖမ်ား

 

ဒီကေန႔ညမွာေတာ့ စလစ္ေျမေပၚတြင္ အိမ္ေဆာက္လို႔ ရသလား ဆိုတဲ့ ေမးခြန္းအပါအဝင္ စိတ္ဝင္စားဖြယ္ဥပေဒအေမးအေျဖ သုံးခုကို တင္ဆက္ေပးထားပါတယ္........

ေမးခြန္း (၁)။ ငွါးရမ္းထားေသာ အေဆာက္အဦးေပၚတြင္ ငွါးရမ္းသူက ဥပေဒႏွင့္ ၿငိစြန္းေသာ စီးပြားေရး လုပ္ကိုင္ပါက ပိုင္႐ွင္ႏွင့္ အေဆာက္အဦးထိခိုက္ပါသလား။

အေဆာက္အအုံတစ္ခုအား ကာလအပိုင္းအျခား တစ္ခုသတ္မွတ္ကာ ငွားရမ္းသူႏွင့္ အငွားခ်ထားသူ သေဘာတူညီမႈျဖင့္ ငွားရမ္းၾကပါက စာခ်ဳပ္ခိုင္ခိုင္လုံလုံ ခ်ဳပ္ဆိုၾကရပါမည္။

စာခ်ဳပ္တြင္ ဥပေဒႏွင့္ မလြတ္ကင္းေသာ အလုပ္အကိုင္မ်ား အိမ္ငွားမွ လုပ္ကိုင္ပါက အိမ္႐ွင္မွ ငွားရမ္းျခင္းအား ရပ္စဲမည္ျဖစ္ကာ ထိုအခါအိမ္ငွားမွ ဖယ္႐ွားထြက္ခြာေပးရမည္ျဖစ္ေၾကာင္း ကတိျပဳခ်က္အား စာခ်ဳပ္တြင္ ထည့္သြင္းခ်ဳပ္ဆိုရပါမည္။ ထို႔အျပင္ စာခ်ဳပ္တြင္ အိမ္႐ွင္မွ မိမိေနအိမ္အတြင္းသို႔ အခ်ိန္မေ႐ြး ဝင္ေရာက္ၾကည့္႐ႈလိုပါက အိမ္ငွားမွ ခြင့္ျပဳရမည္ျဖစ္ေၾကာင္းလဲ စာခ်ဳပ္တြင္ ထည့္သြင္းခ်ဳပ္ဆိုကာ အိမ္ငွားမွ ဥပေဒႏွင့္ မလြတ္ကင္းသည္မ်ား လုပ္ေဆာင္ေနပါက အိမ္႐ွင္မွ ငွားရမ္းျခင္းအား ရပ္စဲမႈျပဳရမည္။

အိမ္ငွားမွ ဥပေဒႏွင့္ မလြတ္ကင္းေသာ အႏွိပ္ခန္း၊ ဖဲဝိုင္း၊ ေလာင္းကစား၊ မူးရစ္ေဆးဝါး လုပ္ငန္းမ်ားလုပ္ကိုင္ပါက အဆိုပါကိစၥရပ္မ်ားမွာ အိမ္ငွားႏွင့္ သက္ဆိုင္ကာ အိမ္ငွားတြင္တာဝန္႐ွိပါသည္။ သို႔ေသာ္ အဆိုပါဥပေဒႏွင့္ မလြတ္ကင္းသည့္ လုပ္ငန္းမ်ား လုပ္ကိုင္ေနေၾကာင္း အိမ္႐ွင္မွ သိလ်က္ႏွင့္ ဆက္လက္ေနထိုင္ခြင့္ျပဳထားလွ်င္ အိမ္႐ွင္တြင္လဲ အဆိုပါကိစၥရပ္အတြက္ တာဝန္႐ွိမည္ျဖစ္ပါသည္။

အေဆာက္အအုံတြင္ မူးရစ္ေဆးဝါး သိုေလွာင္ျခင္း၊ ျဖန္႔ျဖဴးျခင္း၊ ငွားရမ္းျခင္း ျပဳလုပ္ပါက အဆိုပါ အေဆာက္အအုံမွာ ခ်ိတ္ပိတ္ျခင္းခံရမည္ျဖစ္ပါသည္။ မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားေနေၾကာင္း ေတြ႕႐ွိပါက အေဆာက္အအုံအား မူးယစ္ေဆးဝါးဥပေဒ-၂၄(ခ) အရ ျပည့္သူ႕ဘ႑ာအျဖစ္ သိမ္းဆည္းျခင္းခံရမည္ျဖစ္ပါသည္။ ထိုအခါ အိမ္႐ွင္မွ ပိုင္ဆိုင္မႈ အေထာက္အထားမ်ားျပသကာ ၎မွသာ အေဆာက္အအုံအား ပိုင္ဆိုင္ၿပီး ဥပေဒႏွင့္ မလြတ္ကင္းသည့္ အလုပ္အကိုင္မ်ား လုပ္ကိုင္သည္ကို မသိ႐ွိေၾကာင္း သက္ေသခိုင္ခိုင္ လုံလုံျဖင့္ ေျဖ႐ွင္းေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ရပါသည္။

ေမးခြန္း (၂)။ စလစ္ေျမေပၚတြင္ အိမ္ေဆာက္လို႔ ရပါသလား။

အိမ္၊ျခံ၊ေျမ ေဈးကြက္အတြင္းတြင္ လူထိုင္ခြင့္သတ္မွတ္ထားေသာ ေျမငွား စာခ်ဳပ္ ဂရန္ေျမ၊ ေျမပိုင္ေျမ (ဘိုးဘြားပိုင္ေျမ)၊ လိုင္စင္ေျမ၊ ပါမစ္ေျမ၊ စကြာတာေျမ မ်ားအျပင္ စလစ္ေျမမ်ားလဲ ဝယ္လိုအား မ်ားျပား ၾကပါသည္။

စလစ္ေျမဆိုသည္မွာ အမည္ေပါက္ျဖင့္ ေနထိုင္ျခင္းျပဳထားေသာ ေျမေျပစာ ထြက္႐ွိၿပီးသား ေျမအမ်ိဳး အစားပင္ ျဖစ္ပါသည္။ ၿမိဳ႕႐ြာ၊ အိုးအိမ္ဖြံၿဖိဳးတိုးတက္ေရး ဦးစီးဌာနမွ ခ်ေပးထားေသာ ေျမခ်ပါမစ္ျဖစ္ၿပီး ၿမိဳ႕သစ္မ်ား ေဖာ္ေဆာင္သည့္အခါ စလစ္ေျမမ်ားခ်ေပးပါသည္။ အိမ္ရာမဲ့သူမ်ားအား ေျမစည္ပင္စရိတ္ ေပးသြင္းေစကာ လူေနရပ္ကြက္မ်ား သတ္မွတ္ေပးျခင္းျဖစ္ၿပီး သက္ဆိုင္ရာ ေျမေနရာခ်ထားေရးေကာ္မတီ ထံတြင္ ေျမကြက္တန္ဖိုးသြင္းထားသည့္ ေျပစာ႐ွိ အကြက္႐ိုက္ေဖာ္ထုတ္ထားေသာ ေျမကြက္ပဲျဖစ္ပါတယ္။

အဆိုပါစလစ္ေျမအား ပါမစ္ေျမအျဖစ္ ေျမအမ်ိဳးအစား ေျပာင္းလဲၿပီးမွသာလွ်င္ ေျမငွားစာခ်ဳပ္ရ႐ွိ ေအာင္ ဆက္လက္ေလွ်ာက္ထားမႈ ျပဳႏိုင္ပါသည္။ ေျမခ်စလစ္ေျမမွာ အိမ္ေဆာက္လုပ္ခြင့္႐ွိၿပီး ဝယ္ယူလိုသည့္ အခါ ၿမိဳ႕႐ြာ၊ အိုးအိမ္ ဖြံ႕ၿဖိဳးတိုးတက္ေရးဌာနတြင္ စစ္ေဆးမႈမ်ားျပဳၿပီး အမည္ေပါက္ထံမွ စာခ်ဳပ္ အဆက္အစပ္ မွန္ကန္မွသာ ဝယ္ယူပါ။ ဂရန္ေျမႏွင့္ ေဈးႏႈန္းကြာျခားခ်က္ေၾကာင့္ ဝယ္လိုအား မ်ားျပားမႈ႐ွိၿပီး ေျမျပင္အေျခအေန၌ က်ဴးေက်ာ္သူမ်ားလဲ ႐ွိေနႏိုင္သျဖင့္ လက္ေရာက္ရယူႏိုင္မွ ဝယ္ယူသင့္ေၾကာင္း ေျဖဆို ေရးသား ေပးလိုက္ပါသည္။

ေမးခြန္း (၃)။ ႏွစ္ခ်ဳပ္ငွါးရမ္းၿပီးေသာ လုံးခ်င္းအိမ္ကို ေရာင္း၍ရပါသလား။

စာခ်ဳပ္စာတမ္းမ်ားမွတ္ပုံတင္ဥပေဒ ပုဒ္မ-၁၆(ခ) အရ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းကိုျဖစ္ေစ၊ ၎ႏွင့္ ဆက္စပ္သည့္ ေငြက်ပ္ (၁) သိန္းႏွင့္ အထက္႐ွိေသာ ေရာင္းခ်ျခင္း၊ လႊဲအပ္ျခင္း၊ စြန္႔လႊတ္ျခင္း၊ ဖ်က္သိမ္းျခင္း စာခ်ဳပ္မ်ားတြင္ျဖစ္ေစ ခိုင္မာမႈ႐ွိေစရန္ မျဖစ္မေန မွတ္ပုံတင္ အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆိုကာ ဝယ္ယူရပါ မည္ဟု ေဖာ္ျပထားပါသည္။

စာခ်ဳပ္စာတမ္းမ်ား မွတ္ပုံတင္ဥပေဒပုဒ္မ-၁၆ (ဃ) အရ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ားကို တစ္ႏွစ္ၿပီး တစ္ႏွစ္ငွားရမ္းျခင္း၊ တစ္ႏွစ္ထက္ပိုေသာ ငွားရမ္းျခင္း ႏွစ္႐ွည္အငွားစာခ်ဳပ္မ်ားအားလဲ မျဖစ္မေန မွတ္ပုံတင္ ရမည္ျဖစ္ေၾကာင္း ေဖာ္ျပထားၿပီးျဖစ္ပါသည္။

ႏွစ္႐ွည္ အငွားခ်ထားေသာ လုံးခ်င္းအိမ္အား အေရာင္းအဝယ္ျပဳလုပ္ပါက ဝယ္ယူသူမွာ ပိုင္ဆိုင္မႈစာ႐ြက္စာတမ္းအေထာက္အထား ခိုင္မာေစရန္ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုကာ တရားဝင္အေရာင္းအဝယ္ ျပဳလုပ္ရပါမည္။ ဝယ္ယူသူမွ မိမိလႊဲေျပာင္းဝယ္ယူျခင္းအတြက္ မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆိုၿပီးမွသာလွ်င္ ယခင္ အမည္ေပါက္ပိုင္႐ွင္မွ အငွားခ်ထားေသာ အိမ္ငွားမ်ားႏွင့္ ဆက္လက္ အငွားခ်ထားျခင္း စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္မည္ ျဖစ္ပါသည္။

ငွားရမ္းျခင္းကာလမွာ က်န္႐ွိေနေသးၿပီး မိမိမွလဲ ဝယ္ယူျခင္း ျပဳလိုပါက အိမ္႐ွင္၊အိမ္ငွားႏွင့္ ဝယ္သူတို႔ ေတြ႕ဆုံ ညိႏိႈင္းၿပီး ဝယ္ယူသူမွ တရားဝင္ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆို ဝယ္ယူျခင္းျပဳႏိုင္မွသာ အိမ္လခမ်ား တရားဝင္ လႊဲေျပာင္းရယူႏိုင္မွာ ျဖစ္ပါတယ္။

စည္းကမ္းသတ္ အက္ဥပေဒပုဒ္မ ၂၈ အရ ကာလစည္းကမ္းသတ္ေက်ာ္လြန္ပါက တရားစြဲဆိုခြင့္ ဆုံး႐ႈံးမည္ျဖစ္ကာ ခြင့္ျပဳခ်က္ျဖင့္ ထားသူအား ျပန္လည္႐ုတ္သိမ္းႏွင္လိုမႈ ျပဳလိုလွ်င္ ကာလစည္းကမ္းသတ္ ဥပေဒအရ (၆ )ႏွစ္အတြင္း တရားစြဲဆိုရပါတယ္။ အိမ္ငွားႏွင္လိုမႈျပဳလိုလွ်င္ ကာလစည္းကမ္းသတ္ (၁၂) ႏွစ္အတြင္း တရားစြဲဆိုရပါတယ္။

ထို႔သို႔ တရားစြဲဆိုသည့္အခါ ပစၥည္းလႊဲေျပာင္းျခင္း ဥပေဒပုဒ္မ- ၁၀၆ ႏွင့္အညီ ငွားရမ္းသူ အိမ္႐ွင္မွ ႏို႔တစ္စာေပးပို႔ၿပီးမွ တရားစြဲဆိုမႈျပဳႏိုင္ေသာေၾကာင့္ ယခုအိမ္ငွား႐ွိ အိမ္ျခံေျမအား လႊဲေျပာင္း ဝယ္ယူလိုသူမွာ ပိုင္ဆိုင္မႈ အခိုင္အမာ႐ွိမွသာ အိမ္႐ွင္အိမ္ငွားျပႆနာမ်ား ေပၚေပါက္လာပါက ႏွင္လိုမႈျပဳႏိုင္မည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဖရိက၏ အချမ်းသာဆုံးပုဂ္ဂိုလ် Dangote က ပြည်ပနိုင်ငံများတွင် အိမ်ခြံမြေများ ပိုင်ဆိုင်မထားသည့် အကြောင်းရင်းကို ရှင်းပြ...
အာဖရိက၏ အချမ်းသာဆုံးပုဂ္ဂိုလ် Dangote က ပြည်ပနိုင်ငံများတွင် အိမ်ခြံမြေများ ပိုင်ဆိုင်မထားသည့် အကြောင်းရင်းကို ရှင်းပြ...
ရွှန်းဆကု ဆဂမိ၏ အောင်မြင်မှု (သို့မဟုတ်) ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ချမ်းသာသော ဂျပန်၏ အသက်အငယ်ဆုံး ဘီလျံနာ...
ရွှန်းဆကု ဆဂမိ၏ အောင်မြင်မှု (သို့မဟုတ်) ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ချမ်းသာသော ဂျပန်၏ အသက်အငယ်ဆုံး ဘီလျံနာ...
သန်းကြွယ်သူဌေးများ ဖြစ်လာလျက်ရှိသော ထိုင်း ဒူးရင်းစိုက်ပျိုးသူများနှင့် တင်ပို့သူများ
သန်းကြွယ်သူဌေးများ ဖြစ်လာလျက်ရှိသော ထိုင်း ဒူးရင်းစိုက်ပျိုးသူများနှင့် တင်ပို့သူများ
အမျိုးသမီးများသာ ဝင်ခွင့်ပြုသော အိန္ဒိယမှ ဘုရားကျောင်းများ
အမျိုးသမီးများသာ ဝင်ခွင့်ပြုသော အိန္ဒိယမှ ဘုရားကျောင်းများ
တရုတ်ပြည်တွင် သခင်တို့ အလုပ်သွားနေချိန်အတွင်း အိမ်မွေးတိရ စ္ဆာန်ကလေးများအား Pet မူကြိုသို့ ပို့ဆောင်ထားမှု ခေတ်စားနေ၊ Pet မူကြိုတွင် အိမ်မွေးတိရ စ္ဆာန်လေးများအား ခေါင်းညိတ်၊ ခေါင်းခါ၊ လက်ဝါးရိုက် နှုတ်ဆက်နည်း၊ သေချင်ဟန်ဆေ...
တရုတ်ပြည်တွင် သခင်တို့ အလုပ်သွားနေချိန်အတွင်း အိမ်မွေးတိရ စ္ဆာန်ကလေးများအား Pet မူကြိုသို့ ပို့ဆောင်ထားမှု ခေတ်စားနေ၊ Pet မူကြိုတွင် အိမ်မွေးတိရ စ္ဆာန်လေးများအား ခေါင်းညိတ်၊ ခေါင်းခါ၊ လက်ဝါးရိုက် နှုတ်ဆက်နည်း၊ သေချင်ဟန်ဆေ...
တရုတ်ပြည်တွင် အညတရ သတင်းစာ အလုပ်သင်ဝန်ထမ်းမလေးတစ်ဦးဘဝမှ လူမှုကွန်ရက်တွင် follower သန်း ၂၀ ရှိ ဆယ်လီဖြစ်လာသော မိန်းကလေးတစ်ဦး၊ ပဲရစ်မြို့ အီဖဲမျှော်စင်ကြီးအောက်တွင် ချစ်သူ၏ ချစ်ရေးဆိုခြင်းခံရသော ဗွီဒီယို အွန်လိုင်းတွင် ကြည့်ရှုမှု အကြိမ်ရေ သန်း ၆၀ ရ...
တရုတ်ပြည်တွင် အညတရ သတင်းစာ အလုပ်သင်ဝန်ထမ်းမလေးတစ်ဦးဘဝမှ လူမှုကွန်ရက်တွင် follower သန်း ၂၀ ရှိ ဆယ်လီဖြစ်လာသော မိန်းကလေးတစ်ဦး၊ ပဲရစ်မြို့ အီဖဲမျှော်စင်ကြီးအောက်တွင် ချစ်သူ၏ ချစ်ရေးဆိုခြင်းခံရသော ဗွီဒီယို အွန်လိုင်းတွင် ကြည့်ရှုမှု အကြိမ်ရေ သန်း ၆၀ ရ...
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
1970 ပြည့်နှစ်များဆီက ဆောက်လုပ်ခဲ့သော သဘာဝဆန်ဆန်ဖန်တီးမှု မှိုပွင့်ပုံစံ အိမ်ထူးဆန်း
1970 ပြည့်နှစ်များဆီက ဆောက်လုပ်ခဲ့သော သဘာဝဆန်ဆန်ဖန်တီးမှု မှိုပွင့်ပုံစံ အိမ်ထူးဆန်း
နူးညံ့မှုရဲ့အလှတရားကို ရှာဖွေခံစားနိုင်မယ့် ဂျပန်နိုင်ငံရဲ့ တစ်နှစ်မှတစ်ခါ ချယ်ရီပန်းကြည့်ပွဲတော် ( ဟာနမိ )...
နူးညံ့မှုရဲ့အလှတရားကို ရှာဖွေခံစားနိုင်မယ့် ဂျပန်နိုင်ငံရဲ့ တစ်နှစ်မှတစ်ခါ ချယ်ရီပန်းကြည့်ပွဲတော် ( ဟာနမိ )...
မိမိ နေအိမ်ခြံဝင်းအတွင်းသို့ မြွေများ မလာစေလိုလျှင်...
မိမိ နေအိမ်ခြံဝင်းအတွင်းသို့ မြွေများ မလာစေလိုလျှင်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည် ဟူနန်ပြည်နယ်တွင် အကြီးအကျယ် ရေလွှမ်းမိုးမှု ဖြစ်ပွားရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အား ရင်စို့ခန့်ရှိသော ရေထဲ
တရုတ်ပြည် ဟူနန်ပြည်နယ်တွင် အကြီးအကျယ် ရေလွှမ်းမိုးမှု ဖြစ်ပွားရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အား ရင်စို့ခန့်ရှိသော ရေထဲ
ဘီလ်ဂိတ်၏ ပထမဆုံးဝန်ထမ်းများတွင် ပါဝင်ခဲ့သူ စတိဗ် ဘောမား၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၅၇ ဒသမ ၂ ဘီလီယံ ရှိလာပြီး အလုပ်ရှင်ဟော
ဘီလ်ဂိတ်၏ ပထမဆုံးဝန်ထမ်းများတွင် ပါဝင်ခဲ့သူ စတိဗ် ဘောမား၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၅၇ ဒသမ ၂ ဘီလီယံ ရှိလာပြီး အလုပ်ရှင်ဟော
ဘောလိဝုဒ်ထိပ်သီးကြယ်ပွင့် ကာဂျိုးနှင့် အဂျေးဒေ့ဗ်ဂန်တို့စုံတွဲ၏ ရူပီး ကုဋေ ၆၀ တန်ကြေးရှိ သီဝရှက်တီ စံအိမ်ကြီး
ဘောလိဝုဒ်ထိပ်သီးကြယ်ပွင့် ကာဂျိုးနှင့် အဂျေးဒေ့ဗ်ဂန်တို့စုံတွဲ၏ ရူပီး ကုဋေ ၆၀ တန်ကြေးရှိ သီဝရှက်တီ စံအိမ်ကြီး
လှေဖြင့် ၆ ရက်သွားမှ ရောက်နိုင်သော ကမ္ဘာ့လူသူအလှမ်းကွာဆုံး သမုဒ္ဒရာအလယ်မှ မြို့ကလေး
လှေဖြင့် ၆ ရက်သွားမှ ရောက်နိုင်သော ကမ္ဘာ့လူသူအလှမ်းကွာဆုံး သမုဒ္ဒရာအလယ်မှ မြို့ကလေး
လူသိနည်းလွန်းတဲ့ မြေဖြူခဲရဲ့ အံ့မခန်းအသုံးဝင်ပုံ (၇) မျိုး
လူသိနည်းလွန်းတဲ့ မြေဖြူခဲရဲ့ အံ့မခန်းအသုံးဝင်ပုံ (၇) မျိုး
ဗြိတိန်ရှိ ကုမ္ပဏီကြီးတစ်ခု၏ စီအီးအိုက ဝန်ထမ်းများထံမှ မကြားလိုသော စကားများကို ဝှိုက်ဘုတ်တွင် ရေးသားထားသည့် ဖြစ်ရပ် လူမှ
ဗြိတိန်ရှိ ကုမ္ပဏီကြီးတစ်ခု၏ စီအီးအိုက ဝန်ထမ်းများထံမှ မကြားလိုသော စကားများကို ဝှိုက်ဘုတ်တွင် ရေးသားထားသည့် ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် ထိမ်းမြားမင်္ဂလာကျင်းပသည့် စုံတွဲက ဧည့်သည်တော်များကို လေယာဉ်စရိတ်၊ ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကြီးတွင် ၅ ရက်တာ
တရုတ်ပြည်တွင် ထိမ်းမြားမင်္ဂလာကျင်းပသည့် စုံတွဲက ဧည့်သည်တော်များကို လေယာဉ်စရိတ်၊ ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကြီးတွင် ၅ ရက်တာ
ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက် ခင်ပွန်းက ဇနီး၏ အုတ်ဂူသို့ တစ်ပတ်လျှင် ၃ ကြိမ်နှုန်းဖြင့် ၃၇ နှစ်တိုင် နှင်းဆီပန်း ၆ ပွ
ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက် ခင်ပွန်းက ဇနီး၏ အုတ်ဂူသို့ တစ်ပတ်လျှင် ၃ ကြိမ်နှုန်းဖြင့် ၃၇ နှစ်တိုင် နှင်းဆီပန်း ၆ ပွ
ဆိုဗီယက်တိုက်လေယာဉ်မှူးတစ်ဦး ပုန်းခိုနေထိုင်ခဲ့ဖူးသော အမေရိကန်ပြည်ထောင်စု၊ မွန်တားနားပြည်နယ်မှ မွေးမြူရေးခြံကြီး ကန်ဒေါ်
ဆိုဗီယက်တိုက်လေယာဉ်မှူးတစ်ဦး ပုန်းခိုနေထိုင်ခဲ့ဖူးသော အမေရိကန်ပြည်ထောင်စု၊ မွန်တားနားပြည်နယ်မှ မွေးမြူရေးခြံကြီး ကန်ဒေါ်
မင်းသားကြီး Johnny Depp ရဲ့ ၃၇ ဧကအထိကျယ်ဝန်းတဲ့ ၁၉ ရာစုစတိုင် အပန်းဖြေ ပြင်သစ်ရွာ
မင်းသားကြီး Johnny Depp ရဲ့ ၃၇ ဧကအထိကျယ်ဝန်းတဲ့ ၁၉ ရာစုစတိုင် အပန်းဖြေ ပြင်သစ်ရွာ
shwe-wutthmone
Pan Swal Taw Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service