စာရင်းကိုင် ဆော့ဖ်ဝဲ Xeno ကုမ္ပဏီက အလုပ်ခေါ်ယူသည့် အင်တာဗျူးတွင် ကော်ဖီတိုက်ကာ စမ်းသပ်မှု တစ်ခု ပြုလုပ်လေ့ရှိပြီး စမ်းသပ်မှု ကျရှုံးသူတို့အား အလုပ်ခန့်အပ်လေ့မရှိ

စာရင်းကိုင် ဆော့ဖ်ဝဲ Xeno ကုမ္ပဏီက အလုပ်ခေါ်ယူသည့် အင်တာဗျူးတွင် ကော်ဖီတိုက်ကာ စမ်းသပ်မှု တစ်ခု ပြုလုပ်လေ့ရှိပြီး စမ်းသပ်မှု ကျရှုံးသူတို့အား အလုပ်ခန့်အပ်လေ့မရှိ - Property Knowledge in Myanmar from iMyanmarHouse.com
9 Feb 2024 11:15 am တွင် တင်ခဲ့သည်
708 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

လုပ်ငန်းရှင်တစ်ဦးက ၎င်းသည် အလုပ်ခေါ်ယူမှု အင်တာဗျူးတိုင်းတွင် ကော်ဖီစမ်းသပ်ချက်တစ်ခု ပြုလုပ်လေ့ ရှိကြောင်း ၊ ထိုစမ်းသပ်ချက်ဖြင့် မည်သူအား အလုပ်ခန့်မည်ကို ဆုံးဖြတ်ကြောင်း ၊ စမ်းသပ်ချက် ကျရှုံးသူတို့ အား အလုပ်မခန့်ကြောင်း ထုတ်ဖော်ပြောကြားလာသည်။

အလုပ်အင်တာဗျူးတို့သည် ပျော်ရွှင်ဖွယ် အတွေ့အကြုံတစ်ခု မဟုတ်ချေ။ သို့သော် ထိုအရာမှာ ဘဝ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကျွန်ုပ်တို့အားလုံး ရင်ဆိုင်ကြရမည့်အရာ ဖြစ်သည်။

ကော်ဖီစမ်းသပ်ချက်နည်းလမ်းကို အသုံးပြုသူမှာ လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် Trent Innes ဖြစ်သည်။

သူသည် ယခင်က စာရင်းကိုင် ဆော့ဖ်ဝဲ Xeno ကုမ္ပဏီတွင် မန်နေးဂျင်းဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ပြီး ယခုအခါ SiteMinder ၏ Chief Growth Officer အဖြစ် တာဝန်ထမ်းဆောင်နေသည်။

စီးပွားရေးဆိုင်ရာ podcast များ ထုတ်လွှင့်သော The Ventures တွင် ၎င်းက ပြောခဲ့သည်မှာ အလုပ် လျှောက်ထားသူအား ရုံးရှိ စားသောက်ခန်းသို့ လမ်းလျှောက်ရင်း ခေါ်ဆောင်သွားပြီး သောက်စရာတစ်ခုခု တိုက်လေ့ရှိကြောင်း ပြောသည်။

ထိုသို့ တစ်ခုခုသောက်ရန် ကမ်းလှမ်းခြင်းကို ငြင်းဆို၍ မရချေ။ သင့်အနေဖြင့် ကော်ဖီတစ်ခွက်ကား သောက်ရမည် ဖြစ်သည်။

“အဲ့ဒီနောက် ကျွန်တော်တို့ ပြန်လာကြပြီး အင်တာဗျူးလုပ်ပါတယ်။”

“အင်တာဗျူးပြီးချိန်မှာ ကျွန်တော်အမြဲ ကြည့်တဲ့အချက်က အင်တာဗျူးလာရောက်ဖြေဆိုသူဟာ ကော်ဖီခွက်ကို စားသောက်ဆောင်မှာ ပြန်ထားသလား ဆိုတာပါပဲ”ဟု Trent Innes က ဆက်လက်ပြောကြားသည်။ ထိုစမ်းသပ်ချက်၏ အဓိကသော့ချက်ကား သင့်အနေဖြင့် ကော်ဖီခွက်ကို စားသောက်ဆောင်တွင် ပြန်မထား ပါက သင်သည် ကုမ္ပဏီအတွက် သင့်တော်သူတစ်ဦးမဟုတ်ဟု ဆိုသည်။

“လူတစ်ယောက်ဟာ ကျွမ်းကျင်မှုတွေ မြင့်လာအောင်လုပ်လို့ရတယ်။ ဗဟုသုတတွေ ၊ အတွေ့အကြုံတွေ များလာအောင်လုပ်လို့ရတယ်။”

“ဒါပေမယ့် စိတ်နေစိတ်ထားနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အများကြီး ပြောနေရတာက …..ကိုယ့်ကော်ဖီခွက် ကိုယ်ဆေးပါ…ဆိုတဲ့ သဘောတရားပဲ”ဟု Trent Innes က ရှင်းပြသည်။

Trent Innes က ကုမ္ပဏီ၏ Culture နှင့် အံ့ကိုက်မှုအကြောင်းရပ်အကြောင်း ဆက်လက်ပြောပြသည်။

“ခင်ဗျားဟာ တချိန်ချိန်မှာ Xeno မှာ အလုပ်ဝင်ခဲ့မယ်ဆိုရင် အဲဒီက စားသောက်ဆောင်ဟာ အမြဲတမ်း သန့်ရှင်းပြီး ဖိတ်ဖိတ်လက်နေတာကို တွေ့ပါလိမ့်မယ်။ ဒါက ကိုယ့်ကော်ဖီခွက် ကိုယ်ဆေးတဲ့ သဘောတရား ပါပဲ”ဟု ၎င်းက ပြောသည်။

“သူတို့ဟာ Xeno ရဲ့ Culture နဲ့ တကယ်ကို ကိုက်ညီတဲ့သူတွေဆိုတာ အသေအချာပြသနေပါတယ်။ သူတို့ လုပ်သင့်တဲ့အရာတိုင်း လုပ်ဆောင်နေတယ်ဆိုတာကိုလည်း ပြသတာဖြစ်ပါတယ်”

(ဆက်စပ်သတင်း)

Apple ၏ စီအီးအို Steve Jobs က ကုမ္ပဏီအတွက် ဝန်ထမ်းခေါ်ယူရာတွင် ဘီယာတိုက်ကာ အင်တာဗျူးလေ့ရှိ

https://www.imyanmarhouse.com/news/read/1098051

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Manager uses coffee test in every interview and won't hire anyone who fails (unilad)

Photo Credit: Twitter/@trentinnes/Anastasiya Mihailovna/Getty

 

 

 

[Zawgyi]

 

စာရင္းကိုင္ ေဆာ့ဖ္ဝဲ Xeno ကုမၸဏီက အလုပ္ေခၚယူသည့္ အင္တာဗ်ဴးတြင္ ေကာ္ဖီတိုက္ကာ စမ္းသပ္မႈ တစ္ခု ျပဳလုပ္ေလ့ရွိျပီး စမ္းသပ္မႈ က်ရံႈးသူတို႔အား အလုပ္ခန္႔အပ္ေလ့မရွိ

လုပ္ငန္းရွင္တစ္ဦးက ၎သည္ အလုပ္ေခၚယူမႈ အင္တာဗ်ဴးတိုင္းတြင္ ေကာ္ဖီစမ္းသပ္ခ်က္တစ္ခု ျပဳလုပ္ေလ့ ရွိေၾကာင္း ၊ ထိုစမ္းသပ္ခ်က္ျဖင့္ မည္သူအား အလုပ္ခန္႔မည္ကို ဆံုးျဖတ္ေၾကာင္း ၊ စမ္းသပ္ခ်က္ က်ရံႈးသူတို႔ အား အလုပ္မခန္႔ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလာသည္။

အလုပ္အင္တာဗ်ဴးတို႔သည္ ေပ်ာ္ရႊင္ဖြယ္ အေတြ႔အၾကံဳတစ္ခု မဟုတ္ေခ်။ သို႔ေသာ္ ထိုအရာမွာ ဘဝ၏ အစိတ္အပိုင္းတစ္ခုျဖစ္ျပီး ကၽြႏု္ပ္တို႔အားလံုး ရင္ဆိုင္ၾကရမည့္အရာ ျဖစ္သည္။

ေကာ္ဖီစမ္းသပ္ခ်က္နည္းလမ္းကို အသံုးျပဳသူမွာ လုပ္ငန္းရွင္တစ္ဦးျဖစ္သည့္ Trent Innes ျဖစ္သည္။

သူသည္ ယခင္က စာရင္းကိုင္ ေဆာ့ဖ္ဝဲ Xeno ကုမၸဏီတြင္ မန္ေနးဂ်င္းဒါရိုက္တာအျဖစ္ တာဝန္ထမ္းေဆာင္ ခဲ့သူျဖစ္ျပီး ယခုအခါ SiteMinder ၏ Chief Growth Officer အျဖစ္ တာဝန္ထမ္းေဆာင္ေနသည္။

စီးပြားေရးဆိုင္ရာ podcast မ်ား ထုတ္လႊင့္ေသာ The Ventures တြင္ ၎က ေျပာခဲ့သည္မွာ အလုပ္ ေလွ်ာက္ထားသူအား ရံုးရွိ စားေသာက္ခန္းသို႔ လမ္းေလွ်ာက္ရင္း ေခၚေဆာင္သြားျပီး ေသာက္စရာတစ္ခုခု တိုက္ေလ့ရွိေၾကာင္း ေျပာသည္။

ထိုသို႔ တစ္ခုခုေသာက္ရန္ ကမ္းလွမ္းျခင္းကို ျငင္းဆို၍ မရေခ်။ သင့္အေနျဖင့္ ေကာ္ဖီတစ္ခြက္ကား ေသာက္ရမည္ ျဖစ္သည္။

“အဲ့ဒီေနာက္ ကၽြန္ေတာ္တို႔ ျပန္လာၾကျပီး အင္တာဗ်ဴးလုပ္ပါတယ္။”

“အင္တာဗ်ဴးျပီးခ်ိန္မွာ ကၽြန္ေတာ္အျမဲ ၾကည့္တဲ့အခ်က္က အင္တာဗ်ဴးလာေရာက္ေျဖဆိုသူဟာ ေကာ္ဖီခြက္ကို စားေသာက္ေဆာင္မွာ ျပန္ထားသလား ဆိုတာပါပဲ”ဟု Trent Innes က ဆက္လက္ေျပာၾကားသည္။ ထိုစမ္းသပ္ခ်က္၏ အဓိကေသာ့ခ်က္ကား သင့္အေနျဖင့္ ေကာ္ဖီခြက္ကို စားေသာက္ေဆာင္တြင္ ျပန္မထား ပါက သင္သည္ ကုမၸဏီအတြက္ သင့္ေတာ္သူတစ္ဦးမဟုတ္ဟု ဆိုသည္။

“လူတစ္ေယာက္ဟာ ကၽြမ္းက်င္မႈေတြ ျမင့္လာေအာင္လုပ္လို႔ရတယ္။ ဗဟုသုတေတြ ၊ အေတြ႔အၾကံဳေတြ မ်ားလာေအာင္လုပ္လို႔ရတယ္။”

“ဒါေပမယ့္ စိတ္ေနစိတ္ထားနဲ႔ ပတ္သက္ျပီး ကၽြန္ေတာ္တို႔ အမ်ားၾကီး ေျပာေနရတာက …..ကိုယ့္ေကာ္ဖီခြက္ ကိုယ္ေဆးပါ…ဆိုတဲ့ သေဘာတရားပဲ”ဟု Trent Innes က ရွင္းျပသည္။

Trent Innes က ကုမၸဏီ၏ Culture ႏွင့္ အံ့ကိုက္မႈအေၾကာင္းရပ္အေၾကာင္း ဆက္လက္ေျပာျပသည္။

“ခင္ဗ်ားဟာ တခ်ိန္ခ်ိန္မွာ Xeno မွာ အလုပ္ဝင္ခဲ့မယ္ဆိုရင္ အဲဒီက စားေသာက္ေဆာင္ဟာ အျမဲတမ္း သန္႔ရွင္းျပီး ဖိတ္ဖိတ္လက္ေနတာကို ေတြ႔ပါလိမ့္မယ္။ ဒါက ကိုယ့္ေကာ္ဖီခြက္ ကိုယ္ေဆးတဲ့ သေဘာတရား ပါပဲ”ဟု ၎က ေျပာသည္။

“သူတို႔ဟာ Xeno ရဲ႕ Culture နဲ႔ တကယ္ကို ကိုက္ညီတဲ့သူေတြဆိုတာ အေသအခ်ာျပသေနပါတယ္။ သူတို႔ လုပ္သင့္တဲ့အရာတိုင္း လုပ္ေဆာင္ေနတယ္ဆိုတာကိုလည္း ျပသတာျဖစ္ပါတယ္”

(ဆက္စပ္သတင္း)

Apple ၏ စီအီးအို Steve Jobs က ကုမၸဏီအတြက္ ဝန္ထမ္းေခၚယူရာတြင္ ဘီယာတိုက္ကာ အင္တာဗ်ဴးေလ့ရွိ

https://www.imyanmarhouse.com/news/read/1098051

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Manager uses coffee test in every interview and won't hire anyone who fails (unilad)

Photo Credit: Twitter/@trentinnes/Anastasiya Mihailovna/Getty

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service