ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
မော်လမြိုင်မြို့ တွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(၁) ခုနဲ့ လေယာဉ်ကွင်း (၁) ခု တည်ဆောက်ဖို့ စီမံကိန်းရေးဆွဲဆောင်ရွက်နေတယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။
အဲဒီအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနဲ့ လေယာဉ်ကွင်းတည်ဆောက်ဖို့အတွက် မြေနေရာတွေရွေးချယ်ထားပြီး ရွေးချယ်ထားတဲ့မြေနေရာပေါ်မှာ ပိုင်ဆိုင်မှုရှိထားတဲ့ ပြည်သူတွေကို မြေယာလျော်ကြေးငွေ ပေးအပ်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။
မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ပတ်သက်ပြီး လျော်ကြေးပေးတာ မြေယာပိုင်ဆိုင်မှု ဆောင်ရွက်တာတွေကို မြေယာလုပ်ထုံးလုပ်နည်းတွေအတိုင်း အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်းနဲ့ ဆိပ်ကမ်းတည်ဆောက်ဖို့ အတွက် မော်လမြိုင်မြို့အနီး စီမံကိန်းမြေစုစုပေါင်း ဧရိယာ (၄၆၉၅.၅၈) ဧက ကျယ်ဝန်းတယ်လို့လည်း သိရပါတယ်။
လေယာဉ်ကွင်းတည်ဆောက်ဖို့ မြေယာအသုံးချခွင့် အမြန်ဆုံးရရှိရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအခြေနေတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
မော်လမြိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (၁)ခုနဲ့ လေယာဉ်ကွင်း (၁)ခု တည်ဆောက်မည်