အလုပ်နဲ့ဘဝ ဟန်ချက်ညီအောင် ထိန်းညှိနည်း

အလုပ်နဲ့ဘဝ ဟန်ချက်ညီအောင် ထိန်းညှိနည်း - Property Knowledge in Myanmar from iMyanmarHouse.com
29 Jan 2024 12:04 pm တွင် တင်ခဲ့သည်
584 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

သင့်အလုပ်က ကာယအားစိုက်ရသည်ဖြစ်စေ ကာယအားစိုက်ဖို့ မလိုအပ်သည်ဖြစ်စေ အလုပ်ဟာ သင့်ကို အားအင် ဆုတ်ယုတ်ပင်ပန်းစေနိုင်ပါတယ်။ သင်က တစ်နေကုန် ခုံတစ်ခုံမှာထိုင်ပြီးတော့ပဲ အလုပ်လုပ်ရတယ် ဆိုရင်တောင် သင့်အလုပ်ရဲ့ နေ့စဥ်တောင်းဆိုမှုတွေက သင့်ကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအားဖြင့်ပါ ပင်ပန်းနွမ်းလျ သွားစေနိုင်ပါတယ်။

ဆက်ဆံရေးပြဿနာတွေ၊ ငွေရေးကြေးရေးစိုးရိမ်မှုတွေ၊ ကျန်းမာရေးပြဿနာတွေ စတဲ့ အခြားစိတ်ဖိစီးစေတဲ့အရာတွေကလည်း အလုပ်ကြောင့်ပင်ပန်းမှုကို ပိုပြီးပြင်းထန်စေပါတယ်။

အလုပ်လုပ်ရတာ ပင်ပန်းတာဟာသိပ်ကို ဖြစ်နေကျအခြင်းအရာတစ်ခုဆိုပေမဲ့ အထူးသဖြင့် အခုလိုမျိုး ခက်ခဲကြပ်တည်းတဲ့ကာလမှာ ပိုခံစားရနိုင်ပါတယ်။ အလုပ်ပင်ပန်းလို့ဆိုပြီး အလုပ်ကနေ ရက်ရှည်အနားယူခြင်းလိုမျိုး လုံလုံလောက်လောက်အပန်းဖြေအနားယူဖို့ရာ သင့်အနေနဲ့ အခွင့်အရေးရှိချင်မှရှိပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုပြုလုပ်ဖို့ အခွင့်အရေးမရှိဘူးဆိုပြီး သင့်အားအင်တွေ တဖြည်းဖြည်းဆုတ်ယုတ်ပြုန်းတီးသွားမှာကို ဒီအတိုင်း ခွင့်ပြုလိုက်လို့လည်း မဖြစ်ပါဘူး။

အရင်ဆုံး လှုပ်လှုပ်ရှားရှားနေခြင်း/ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်း၊ စွမ်းအင်ရရှိရန် ကိုယ်အလေးချိန် လျှော့ချခြင်း၊ နှစ်ခြိုက်စွာအိပ်စက်ခြင်း၊ စွမ်းအင်မြှင့်တင်ရန် (အားကစားခန်းမတွင် လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ယောဂကျင့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ စာဖတ်ခြင်း၊ သူငယ်ချင်းမိတ်ဆွေများနှင့် အချိန်ကုန်ခြင်း စသည့် စိတ်ဖြေလျှော့မှုတစ်နည်းနည်းဖြင့်) စိတ်ဖိစီးမှုကို လျှော့ချခြင်း၊ နှစ်သိမ့်ဆွေးနွေးမှုကုထုံးခံယူခြင်း၊ ကဖိန်းဓာတ် ဖြတ်တောက်ခြင်း၊ အရက်လျှော့သောက်ခြင်း၊ ရေများများပိုသောက်ခြင်း စတာတွေနဲ့ ပင်ပန်းမှုကို ချေဖျက်ကြည့်ပါ။ ဒီအချက်တွေနဲ့ မနိုင်တော့ဘူးဆိုရင်တော့ အောက်ဖော်ပြပါအချက်တွေအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

၁။ သင်ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပြောင်းအလဲတွေကို ဖော်ထုတ်ပါ

သင့်ရဲ့မောပန်းမှုကို ဖြစ်ပွားစေရာမှာ ပါဝင်နေနိုင်တဲ့ အမူအကျင့်တွေကို ရှာဖွေပြောင်းလဲပစ်ရမှာဖြစ်ပါတယ်။ ဥပမာ - အလုပ်ဆင်းပြီး အိမ်ပြန်ရောက်တဲ့အခါ ဧည့်ခန်းက ထိုင်ခုံမှာ မလိုအပ်ဘဲ အချိန်အကြာကြီး ဒီအတိုင်း ထိုင်နေတတ်/လဲလျောင်းနေတတ်တာမျိုးကို ပြောင်းလဲပစ်ရမှာပါ။ ခဏဆိုပြီးနားရာကနေ အချိန်ကြာသွားရင် လူက ပိုမိုလေးလံထိုင်းမှိုင်းသွားတတ်လို့ဖြစ်ပါတယ်။

၂။ အလုပ်ကို အလုပ်မှာပဲ ထားခဲ့ပါ

အလုပ်ကို သတ်မှတ်နေရာ၊ သတ်မှတ်အချိန်အတွင်းမှာ အတတ်နိုင်ဆုံးဆောင်ရွက်ပါ။ အလုပ်အရမ်းများတဲ့အခါ နောက်ကျတဲ့အထိ အလုပ်လုပ်ဖို့ လိုအပ်ကောင်းလိုအပ်နိုင်ပါတယ်။ ဒါပေမဲ့ အခြားသူတွေအဆင်ပြေကျေနပ်စေဖို့ ဒါမှမဟုတ် သင့်မှာအပြစ်မကင်းသလိုစိတ်မလုံမလဲခံစားရမယ့်အဖြစ်မှ ရှောင်ကြဥ်ဖို့ သင့်အနေနဲ့ အလုပ်ပို လုပ်လေ့ရှိတာ/အလုပ်ပိုလုပ်ဖို့လက်ခံလေ့ရှိတာ ဟုတ်မဟုတ် စဥ်းစားပါ။ ဟုတ်တယ်ဆိုရင် ဘောင်ထဲကနေ ယဥ်ယဥ်ကျေးကျေး ငြင်းပယ်ပါ၊ ဒါဆို သင့်အတွက် နောင်ကာလမှာ ပိုအဆင်ပြေစေပါလိမ့်မယ်။ ပင်ပန်းနေလျက်နဲ့ အလုပ်လုပ်ရတဲ့အခါ အကျိုးဖြစ်ထွန်း/အလုပ်ဖြစ်ထွန်းဖို့ရာလည်း ခက်ခဲကြာရှည်ပါတယ်။ တစ်နည်းပြောရရင် သင့်မှာ အားအင်ပြည့်ဝလန်းဆန်းနေတဲ့အခါ သင်အပါအဝင် လူတိုင်းအတွက် အကျိုးရှိပါတယ်။

 

 

၃။ အကူအညီတောင်းခံပါ

သင့်မှာ လက်တွေ့အားဖြင့် အကူအညီမပါဘဲ ပြီးစီးရမယ့် အလုပ်အများအပြား ရှိတဲ့အခါ အကူအညီတောင်းဖို့ ဘယ်တော့မှ ဝန်မလေးပါနဲ့။

အကူအညီတောင်းတာက အားနည်းမှု (သို့) မစွမ်းနိုင်မှုကို ညွှန်ပြတယ်လို့ သင့်အနေနဲ့ စိုးရိမ်ကောင်း စိုးရိမ်နိုင်ပါတယ်။ ဒါပေမဲ့ သင့်အလုပ်ရှင်က သင့်ကို ဖြစ်နိုင်သမျှ အလုပ်ကို အကောင်းဆုံးလုပ်စေချင်တာ ဖြစ်နိုင်ခြေရှိတယ်ဆိုတာကို သတိရပါ။ သင်တကယ်ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို သူတို့မသိပါဘဲနဲ့ သင်အလိုရှိတဲ့ပန်းတိုင်ကို ရောက်ရှိဖို့ရာ သူတို့တွေ သင့်ကို ကူညီမပေးနိုင်ပါဘူး။

သင့်မှာ တစ်ယောက်တည်းနဲ့ပြီးစီးရမယ့် အလုပ်သိပ်များနေတဲ့အခါ သင်အကြောင်းကြားတာကို ခံရတဲ့ ကြီးကြပ်သူအထက်လူကြီးက သင့်ကို ကူညီပေးနိုင်မယ့် သင့်လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ရှာဖွေပေးခြင်း ဒါမှမဟုတ် အချို့အလုပ်တာဝန်တွေကိုပဲ ပြန်လည်တာဝန်ပေးအပ်ခြင်းဖြင့် အကူအညီပေးနိုင်ပါတယ်။

သင့်ဘက်ကို ပြောရမယ်ဆိုရင် သင်မကိုင်တွယ်/မဖြေရှင်းနိုင်တဲ့ တာဝန်တွေကို ယူခြင်းမှ ရှောင်ကြဥ်ပါ။ အလုပ်ပိုလက်ခံခြင်းက လေးစားမှုနဲ့ အကောင်းဘက်မြင်တဲ့ အလေးထားမှုကို ရဖို့ နည်းလမ်းကောင်းတစ်ခုလိုမျိုး ထင်ရကောင်းထင်ရနိုင်ပါတယ်၊ ဒါပေမဲ့ ဒါက သင့်ကို ပင်ပန်းနွမ်းနယ်အဆင်မပြေဖြစ်ကျန်ရစ်စေတယ်ဆိုရင်တော့ သင့်အတွက် ဘာအကူအညီမှဖြစ်စေမှာမဟုတ်ပါဘူး။

ဒါပေမဲ့လည်း သင့်အနေနဲ့ ပင်ပန်းနွမ်းလျစိတ်မပါဖြစ်နေချိန်ဖြစ်စေဦးတော့ သင့်ပုံမှန်တာဝန်တွေကိုတော့ ဘေးမချိတ်ထားပစ်မိအောင် ကြိုးပမ်းအားထုတ်ဖို့ လိုပါတယ်။

သင်တတ်နိုင်သမျှအကောင်းဆုံး‌ဆောင်ရွက်တာကို သိခြင်းက အောင်မြင်ပြီးစီးမှုရသကို မြှင့်တင်ပေးနိုင်ကာ သင့်ကို ရှေ့ဆက်ဖို့အတွက် ပိုမိုတက်ကြွစေပါတယ်။

၄။ သင့်အားလပ်ချိန်ကို အကျိုးကျေးဇူးရှိသော ဝါသနာများဖြင့် ကုန်ဆုံးပါ

တစ်နေကုန်အလုပ်လုပ်ပြီးနောက် ဥပမာ - ညဘက်မှာ ရုပ်ရှင်ကြည့်တာကလွဲပြီး အခြားဘယ်အရာ လုပ်ဆောင်ဖို့ အတွက်မှ ခွန်အားမရှိတော့သလို ခံစားရကောင်းခံစားနိုင်ပါတယ်။ ဒါပေမဲ့လည်း အထူးသဖြင့် သင်အားအင် အဆုတ်ယုတ်ဆုံးလို့ ခံစားရတဲ့အခါ အခြားမတူတဲ့အရာတစ်ခုခုကို ပြုလုပ်ဖို့ သင့်ကိုသင် မကြာမကြာ စိန်ခေါ်ပါ။

တီဗီကြည့်ခြင်း (သို့) ဗီဒီယိုဂိမ်းကစားခြင်းက စိတ်အပန်းပြေစေတယ်လို့ ခံစားရကောင်းခံစားရနိုင်ပါတယ်၊ တီဗီအစီအစဥ်တစ်ခု/နှစ်ခုလောက် ကြည့်ခြင်းက ဘာမှမမှားပါဘူး။ ဒါပေမဲ့လည်း အဲဒီထက်ပိုပြီး ရည်ရွယ်ချက်ရှိတဲ့ ဝါသနာတွေဖြစ်မယ်ဆိုရင်တော့ အကျိုးကျေးဇူးပိုရှိတယ်လို့ မကြာခဏခံစားရနိုင်ပြီး သင့်ကို ပိုမိုနက်ရှိုင်းတဲ့ စိတ်ကျေနပ်မှုရသ ခံစားရစေနိုင်ပါတယ်။

သင့်အားလပ်ချိန်မှာ ပိုပြီးအားသစ်လောင်းနုပျိုသလိုခံစားရစေဖို့ဆိုရင် ပန်းဥယျာဥ်လေးတစ်ခု ပျိုးထောင်ခြင်း၊ စာအုပ်တစ်အုပ် ရွေးချယ်ဖတ်ရှုခြင်း (သို့) သင်နေထိုင်တဲ့ဧရိယာကို နေ့စဥ်ပိုမိုကောင်းမွန်စေတဲ့ အရာတစ်ခုခု လုပ်ဆောင်ခြင်းကို ဆောင်ရွက်ဖို့ စဥ်းစားပါ။

 

 

၅။ ကိုယ့်ကိုယ့်ကိုယ်စောင့်ရှောက်မှုအစီအစဥ်ပြုလုပ်ပါ

သင့်ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေနဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ဦးစားပေးခြင်းက သင့်အလုပ်နဲ့ တစ်ကိုယ်ရည်ဘဝအကြား မျှခြေဖန်တီးခြင်းရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သင့်ကိုယ်သင်ကောင်းကောင်းဂရုစိုက်ခြင်းက ဒူပေနာပေခံနိုင်မှုနဲ့ ကြံ့ခိုင်မှုကို ပိုမိုကောင်းမွန်စေကာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို ပိုပြီးလွယ်ကူစွာရင်ဆိုင်စီမံနိုင်စေပါတယ်။

ကိုယ်ရောစိတ်ပါအဆင်ပြေနေတဲ့အခါ အများအားဖြင့် အကောင်းဘက်မြင်ဖို့နဲ့ စိတ်ကသိကအောက်ဖြစ်မှု၊ မျှော်လင့်ချက်မဲ့မှုနဲ့ အဆိုးမြင်မှု(မကောင်းမြင်မှု) ခံစားချက်တွေကို ရှောင်ဖို့ ပိုမိုလွယ်ကူလာပါတယ်။

၆။ ချစ်ခင်သူများနှင့် စကားပြောပါ

မိသားစုဝင်တွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေမှာ သင့်ရဲ့အလုပ်ပင်ပန်းမှုကို တိုက်ရိုက်သက်သာလျော့ပါးစေနိုင်စွမ်း ရှိချင်မှရှိပါလိမ့်မယ်။ ဒါပေမဲ့လည်း သူတို့တွေဟာ သင်စကားပြောဖော်လိုတဲ့အခါ သင့်စကားကို နားထောင်ပေး ခြင်းအားဖြင့်တော့ ကူညီပေးနိုင်ပါသေးတယ်။ ဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး သူတို့ကို ပြောလိုက်ရင် သူတို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမှာကို သင့်အနေနဲ့ စိုးရိမ်ကောင်းစိုးရိမ်နေနိုင်ပါတယ်။ ဒါပေမဲ့ သင့်နေရာမှာ သူတို့ဆိုရင် သင်ဘယ်လိုခံစားရမလဲ တွေးကြည့်လိုက်ပါ။ သင်အကြံမပေးနိုင်ရင်တောင် နားထောင်ပေးခြင်း အားဖြင့်တော့ ကူညီပေးချင်လောက်မှာပဲ မဟုတ်ပါလား။

သင့်ကိုချစ်ခင်သူတွေဆီကနေ ကူညီပံ့ပိုးမှုရတယ်ဆိုတာကို သိရှိရုံလေးနဲ့တင် သင့်ခံစားချက်တွေ နွေးထွေး ကောင်းမွန်လာပြီး အလုပ်နဲ့ဘဝကို ခွဲခြားနေထိုင်နိုင်ဖို့ လွယ်ကူလာစေပါတယ်။ အလုပ်မှာ သင့်စိတ်ကို ချည်နှောင်ထားမှုတွေကို တင်းကျပ်မနေစေခြင်း (တစ်နည်း) အလုပ်ကိုပဲစွဲလန်း၊ အလုပ်ပဲဖိလုပ်နေခြင်းတွေကို လျှော့ချခြင်းက သင့်ကို စိတ်ဖိစီးမှုလျော့ပါးစေဖို့နဲ့ အောင်မြင်စွာ ပိုမိုအားပြန်ပြည့်စေဖို့ ကူညီပေးပါတယ်။

၇။ ရိုးအီနေခြင်းကို အဆုံးသတ်ခြင်း

ထပ်တလဲလဲဖြစ်နေတဲ့ အလုပ်တာဝန်တွေကိုပဲ နေ့စဥ်တစ်ပုံစံတည်း လုပ်ဆောင်နေခြင်းက ငြီးငွေ့စရာကောင်းနိုင် ပြီး အာရုံစိုက်မှုကိုလွတ်သွားစေနိုင်ပါတယ်။ ငြီးငွေ့စရာကောင်းတဲ့ အလုပ်နေ့ရက်က သင့်ကို မောပန်းစေနိုင်ပြီး ထုံထိုင်းသွားစေနိုင်ပါတယ်။ သင့်ရဲ့ပုံမှန်တစ်နေ့တာလုပ်ငန်းဆောင်ရွက်မှုပုံစံကို ပြောင်းလဲခြင်းက ကြီးမားတဲ့ ခြားနားချက်တစ်ခုကို ဖြစ်စေနိုင်ပါတယ်။

လုပ်ကြည့်လို့ရကောင်းရနိုင်မယ့် အပြောင်းအလဲလေးတွေကို ဥပမာပေးလိုက်ပါတယ် -

(၁) သင့်နေ့စဥ်အလုပ်တာဝန်တွေရဲ့ ရှေ့နောက်အစီအစဥ်ကို ပြောင်းလဲပါ။ ဥပမာ - သင်လန်းဆန်းပြီး အာရုံစူးစိုက် အားကောင်းတဲ့ နံနက်ပိုင်းမှာ စိန်ခေါ်မှုနည်းတဲ့ (အခက်အခဲနည်းတဲ့) အလုပ်တာဝန်တွေကို ဆောင်ရွက်ပါ၊ နေ့လည်ခင်းမှာတော့ နေ့လည်စာစားပြီး မိန်းမောနေခြင်းကနေ လွတ်မြောက်စေဖို့ လန်းဆန်းစေတဲ့/ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အလုပ်တာဝန်တွေကို လုပ်ဆောင်ပါ။

(၂) သတိရှိပါ။ ခေတ္တနားချိန်တစ်ခုစီကနေ မိနစ်အနည်းငယ်မှာ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ တရားမှတ်ခြင်း၊ လမ်းလျှောက်ခြင်းတို့ ပြုလုပ်ပါ။ ဒါတွေက ဆိုရှယ်မီဒီယာကြည့်ခြင်းနဲ့ နောက်ဆုံးရသတင်းတွေ ဖတ်ရှုခြင်း တွေလိုမျိုး အခြားလုပ်ရပ်တွေထက် ပိုပြီးတော့ သင့်ကို လန်းဆန်းစေနိုင်ပါတယ်။ (ဒီအချက်ကတော့ ဘယ်အလုပ်နဲ့ မဆို အကျုံးဝင်တဲ့အချက်ပဲ ဖြစ်ပါတယ်)

 

 

(၃) အလုပ်လုပ်တဲ့ (စားပွဲနေရာ) နေရာအကွက်အကွင်းပြောင်းလဲဖို့ စဥ်းစားပါ။ ဥပမာ - ထိုင်စားပွဲအစား မတ်ရပ်စားပွဲပြောင်းသုံးကြည့်နိုင်သလို မိုးမရွာဘဲနေသာတဲ့အချိန်မှာ ပြတင်းပေါက်နားပြောင်းထိုင်ကြည့်ခြင်း၊ အခန်းအပြင်ဘက်မှာ အလုပ်လုပ်ကြည့်ခြင်း စသဖြင့် သင်အလုပ်လုပ်တဲ့ပတ်ဝန်းကျင်ကို ဖြစ်နိုင်ရင် ပြောင်းလဲကြည့်ပါ။

(၄) ပြောင်းလွယ်ပြင်လွယ်ဖြစ်တဲ့ အလုပ်အချိန်ဇယားဖြစ်အောင် တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပါ။ အချို့လူတွေဆို သူတို့က နံနက်ခင်းစောစောပိုင်းမှာ အလုပ်ပိုတွင်တတ်ကြပြီး တချို့ကျတော့ ညဘက်မှာ အလုပ်ပိုတွင်တတ်ကြပါတယ်။

အထက်ဖော်ပြပါအချက်တွေကိုလည်း ပြုလုပ်ကြည့်ပြီးတာတောင် အလုပ်နဲ့ဘဝဟန်ချက်မညီသေးဘဲ မတရားပင်ပန်းနေရတုန်းဆိုရင်တော့ ကုထုံးတစ်ခုခုနဲ့ အထူးပြုကုသတဲ့ ပညာရှင်တစ်ဦးဦးနဲ့ ကုသကြည့်သင့်ပါတယ်။ အကယ်၍ သင်က အလုပ်အကိုင်ပြောင်းလဲဖို့ စဥ်းစားနေတယ်ဆိုရင်လည်း သင်ကူးပြောင်းမယ့် အလုပ်အကိုင်က သင်နဲ့ကိုက်ညီစေဖို့အတွက် သေချာစဥ်းစားရွေးချယ်ဖို့ အကြံပြုလိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Drained from Work? 9 Ways to Restore Your Work-Life Balance (Healthline.com)

 

 

 

[Zawgyi]

အလုပ္နဲ႔ဘဝ ဟန္ခ်က္ညီေအာင္ ထိန္းညႇိနည္း

 

သင့္အလုပ္က ကာယအားစိုက္ရသည္ျဖစ္ေစ ကာယအားစိုက္ဖို႔ မလိုအပ္သည္ျဖစ္ေစ အလုပ္ဟာ သင့္ကို အားအင္ ဆုတ္ယုတ္ပင္ပန္းေစႏိုင္ပါတယ္။ သင္က တစ္ေနကုန္ ခုံတစ္ခုံမွာထိုင္ၿပီးေတာ့ပဲ အလုပ္လုပ္ရတယ္ ဆိုရင္ေတာင္ သင့္အလုပ္ရဲ႕ ေန႔စဥ္ေတာင္းဆိုမႈေတြက သင့္ကို ႐ုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာအားျဖင့္ပါ ပင္ပန္းႏြမ္းလ် သြားေစႏိုင္ပါတယ္။

ဆက္ဆံေရးျပႆနာေတြ၊ ေငြေရးေၾကးေရးစိုးရိမ္မႈေတြ၊ က်န္းမာေရးျပႆနာေတြ စတဲ့ အျခားစိတ္ဖိစီးေစတဲ့အရာ ေတြကလည္း အလုပ္ေၾကာင့္ပင္ပန္းမႈကို ပိုၿပီးျပင္းထန္ေစပါတယ္။

အလုပ္လုပ္ရတာ ပင္ပန္းတာဟာ သိပ္ကို ျဖစ္ေနက်အျခင္းအရာတစ္ခုဆိုေပမဲ့ အထူးသျဖင့္ အခုလိုမ်ိဳး ခက္ခဲၾကပ္တည္းတဲ့ကာလမွာ ပိုခံစားရႏိုင္ပါတယ္။ အလုပ္ပင္ပန္းလို႔ဆိုၿပီး အလုပ္ကေန ရက္႐ွည္အနားယူျခင္းလိုမ်ိဳး လုံလုံေလာက္ေလာက္အပန္းေျဖအနားယူဖို႔ရာ သင့္အေနနဲ႔ အခြင့္အေရး႐ွိခ်င္မွ႐ွိပါလိမ့္မယ္။ ဒါေပမဲ့ အဲဒီလိုျပဳလုပ္ဖို႔ အခြင့္အေရးမ႐ွိဘူးဆိုၿပီး သင့္အားအင္ေတြ တျဖည္းျဖည္းဆုတ္ယုတ္ျပဳန္းတီးသြားမွာကို ဒီအတိုင္း ခြင့္ျပဳလိုက္လို႔လည္း မျဖစ္ပါဘူး။

အရင္ဆုံး လႈပ္လႈပ္႐ွား႐ွားေနျခင္း/ ကိုယ္လက္ေလ့က်င့္ခန္းပုံမွန္ျပဳလုပ္ေပးျခင္း၊ စြမ္းအင္ရ႐ွိရန္ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ျခင္း၊ ႏွစ္ၿခိဳက္စြာအိပ္စက္ျခင္း၊ စြမ္းအင္ျမႇင့္တင္ရန္ (အားကစားခန္းမတြင္ ေလ့က်င့္ခန္းျပဳလုပ္ျခင္း၊ ေယာဂက်င့္ျခင္း၊ သီခ်င္းနားေထာင္ျခင္း၊ စာဖတ္ျခင္း၊ သူငယ္ခ်င္းမိတ္ေဆြမ်ားႏွင့္ အခ်ိန္ကုန္ျခင္း စသည့္ စိတ္ေျဖေလွ်ာ့မႈတစ္နည္းနည္းျဖင့္) စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ျခင္း၊ ႏွစ္သိမ့္ေဆြးေႏြးမႈကုထုံးခံယူျခင္း၊ ကဖိန္းဓာတ္ ျဖတ္ေတာက္ျခင္း၊ အရက္ေလွ်ာ့ေသာက္ျခင္း၊ ေရမ်ားမ်ားပိုေသာက္ျခင္း စတာေတြနဲ႔ ပင္ပန္းမႈကို ေခ်ဖ်က္ၾကည့္ ပါ။ ဒီအခ်က္ေတြနဲ႔ မႏိုင္ေတာ့ဘူးဆိုရင္ေတာ့ ေအာက္ေဖာ္ျပပါအခ်က္ေတြအတိုင္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ၾကည့္ပါလို႔ တိုက္တြန္းလိုက္ပါတယ္။

၁။ သင္ကိုယ္တိုင္ျပဳလုပ္ႏိုင္တဲ့ အေျပာင္းအလဲေတြကို ေဖာ္ထုတ္ပါ

သင့္ရဲ႕ေမာပန္းမႈကို ျဖစ္ပြားေစရာမွာ ပါဝင္ေနႏိုင္တဲ့ အမူအက်င့္ေတြကို ႐ွာေဖြေျပာင္းလဲပစ္ရမွာျဖစ္ပါတယ္။ ဥပမာ - အလုပ္ဆင္းၿပီး အိမ္ျပန္ေရာက္တဲ့အခါ ဧည့္ခန္းက ထိုင္ခုံမွာ မလိုအပ္ဘဲ အခ်ိန္အၾကာႀကီး ဒီအတိုင္း ထိုင္ေနတတ္/လဲေလ်ာင္းေနတတ္တာမ်ိဳးကို ေျပာင္းလဲပစ္ရမွာပါ။ ခဏဆိုၿပီးနားရာကေန အခ်ိန္ၾကာသြားရင္ လူက ပိုမိုေလးလံထိုင္းမိႈင္းသြားတတ္လို႔ျဖစ္ပါတယ္။

 

၂။ အလုပ္ကို အလုပ္မွာပဲ ထားခဲ့ပါ

အလုပ္ကို သတ္မွတ္ေနရာ၊ သတ္မွတ္အခ်ိန္အတြင္းမွာ အတတ္ႏိုင္ဆုံးေဆာင္႐ြက္ပါ။ အလုပ္အရမ္းမ်ားတဲ့အခါ ေနာက္က်တဲ့အထိ အလုပ္လုပ္ဖို႔ လိုအပ္ေကာင္းလိုအပ္ႏိုင္ပါတယ္။ ဒါေပမဲ့ အျခားသူေတြအဆင္ေျပေက်နပ္ေစဖို႔ ဒါမွမဟုတ္ သင့္မွာအျပစ္မကင္းသလိုစိတ္မလုံမလဲခံစားရမယ့္အျဖစ္မွ ေ႐ွာင္ၾကဥ္ဖို႔ သင့္အေနနဲ႔ အလုပ္ပို လုပ္ေလ့႐ွိတာ/အလုပ္ပိုလုပ္ဖို႔လက္ခံေလ့႐ွိတာ ဟုတ္မဟုတ္ စဥ္းစားပါ။ ဟုတ္တယ္ဆိုရင္ ေဘာင္ထဲကေန ယဥ္ယဥ္ေက်းေက်း ျငင္းပယ္ပါ၊ ဒါဆို သင့္အတြက္ ေနာင္ကာလမွာ ပိုအဆင္ေျပေစပါလိမ့္မယ္။ ပင္ပန္းေနလ်က္နဲ႔ အလုပ္လုပ္ရတဲ့အခါ အက်ိဳးျဖစ္ထြန္း/အလုပ္ျဖစ္ထြန္းဖို႔ရာလည္း ခက္ခဲၾကာ႐ွည္ပါတယ္။ တစ္နည္းေျပာရရင္ သင့္မွာ အားအင္ျပည့္ဝလန္းဆန္းေနတဲ့အခါ သင္အပါအဝင္ လူတိုင္းအတြက္ အက်ိဳး႐ွိပါတယ္။

၃။ အကူအညီေတာင္းခံပါ

သင့္မွာ လက္ေတြ႕အားျဖင့္ အကူအညီမပါဘဲ ၿပီးစီးရမယ့္ အလုပ္အမ်ားအျပား ႐ွိတဲ့အခါ အကူအညီေတာင္းဖို႔ ဘယ္ေတာ့မွ ဝန္မေလးပါနဲ႔။

အကူအညီေတာင္းတာက အားနည္းမႈ (သို႔) မစြမ္းႏိုင္မႈကို ၫႊန္ျပတယ္လို႔ သင့္အေနနဲ႔ စိုးရိမ္ေကာင္း စိုးရိမ္ႏိုင္ပါတယ္။ ဒါေပမဲ့ သင့္အလုပ္႐ွင္က သင့္ကို ျဖစ္ႏိုင္သမွ် အလုပ္ကို အေကာင္းဆုံးလုပ္ေစခ်င္တာ ျဖစ္ႏိုင္ေျခ႐ွိတယ္ဆိုတာကို သတိရပါ။ သင္တကယ္ဘယ္လိုလုပ္ေဆာင္ရမယ္ဆိုတာကို သူတို႔မသိပါဘဲနဲ႔ သင္အလို႐ွိတဲ့ပန္းတိုင္ကို ေရာက္႐ွိဖို႔ရာ သူတို႔ေတြ သင့္ကို ကူညီမေပးႏိုင္ပါဘူး။

သင့္မွာ တစ္ေယာက္တည္းနဲ႔ၿပီးစီးရမယ့္ အလုပ္သိပ္မ်ားေနတဲ့အခါ သင္အေၾကာင္းၾကားတာကို ခံရတဲ့ ႀကီးၾကပ္သူအထက္လူႀကီးက သင့္ကို ကူညီေပးႏိုင္မယ့္ သင့္လုပ္ေဖာ္ကိုင္ဖက္တစ္ဦးကို ႐ွာေဖြေပးျခင္း ဒါမွမဟုတ္ အခ်ိဳ႕အလုပ္တာဝန္ေတြကိုပဲ ျပန္လည္တာဝန္ေပးအပ္ျခင္းျဖင့္ အကူအညီေပးႏိုင္ပါတယ္။

သင့္ဘက္ကို ေျပာရမယ္ဆိုရင္ သင္မကိုင္တြယ္/မေျဖ႐ွင္းႏိုင္တဲ့ တာဝန္ေတြကို ယူျခင္းမွ ေ႐ွာင္ၾကဥ္ပါ။ အလုပ္ပိုလက္ခံျခင္းက ေလးစားမႈနဲ႔ အေကာင္းဘက္ျမင္တဲ့ အေလးထားမႈကို ရဖို႔ နည္းလမ္းေကာင္းတစ္ခုလိုမ်ိဳး ထင္ရေကာင္းထင္ရႏိုင္ပါတယ္၊ ဒါေပမဲ့ ဒါက သင့္ကို ပင္ပန္းႏြမ္းနယ္အဆင္မေျပျဖစ္က်န္ရစ္ေစတယ္ဆိုရင္ေတာ့ သင့္အတြက္ ဘာအကူအညီမွျဖစ္ေစမွာမဟုတ္ပါဘူး။

ဒါေပမဲ့လည္း သင့္အေနနဲ႔ ပင္ပန္းႏြမ္းလ်စိတ္မပါျဖစ္ေနခ်ိန္ျဖစ္ေစဦးေတာ့ သင့္ပုံမွန္တာဝန္ေတြကိုေတာ့ ေဘးမခ်ိတ္ထားပစ္မိေအာင္ ႀကိဳးပမ္းအားထုတ္ဖို႔ လိုပါတယ္။

သင္တတ္ႏိုင္သမွ်အေကာင္းဆုံး‌ေဆာင္႐ြက္တာကို သိျခင္းက ေအာင္ျမင္ၿပီးစီးမႈရသကို ျမႇင့္တင္ေပးႏိုင္ကာ သင့္ကို ေ႐ွ႕ဆက္ဖို႔အတြက္ ပိုမိုတက္ႂကြေစပါတယ္။

၄။ သင့္အားလပ္ခ်ိန္ကို အက်ိဳးေက်းဇူး႐ွိေသာ ဝါသနာမ်ားျဖင့္ ကုန္ဆုံးပါ

တစ္ေနကုန္အလုပ္လုပ္ၿပီးေနာက္ ဥပမာ - ညဘက္မွာ ႐ုပ္႐ွင္ၾကည့္တာကလြဲၿပီး အျခားဘယ္အရာ လုပ္ေဆာင္ဖို႔ အတြက္မွ ခြန္အားမ႐ွိေတာ့သလို ခံစားရေကာင္းခံစားႏိုင္ပါတယ္။ ဒါေပမဲ့လည္း အထူးသျဖင့္ သင္အားအင္ အဆုတ္ယုတ္ဆုံးလို႔ ခံစားရတဲ့အခါ အျခားမတူတဲ့အရာတစ္ခုခုကို ျပဳလုပ္ဖို႔ သင့္ကိုသင္ မၾကာမၾကာ စိန္ေခၚပါ။

တီဗီၾကည့္ျခင္း (သို႔) ဗီဒီယိုဂိမ္းကစားျခင္းက စိတ္အပန္းေျပေစတယ္လို႔ ခံစားရေကာင္းခံစားရႏိုင္ပါတယ္၊ တီဗီအစီအစဥ္တစ္ခု/ႏွစ္ခုေလာက္ ၾကည့္ျခင္းက ဘာမွမမွားပါဘူး။ ဒါေပမဲ့လည္း အဲဒီထက္ပိုၿပီး ရည္႐ြယ္ခ်က္႐ွိတဲ့ ဝါသနာေတြျဖစ္မယ္ဆိုရင္ေတာ့ အက်ိဳးေက်းဇူးပို႐ွိတယ္လို႔ မၾကာခဏခံစားရႏိုင္ၿပီး သင့္ကို ပိုမိုနက္႐ိႈင္းတဲ့ စိတ္ေက်နပ္မႈရသ ခံစားရေစႏိုင္ပါတယ္။

သင့္အားလပ္ခ်ိန္မွာ ပိုၿပီးအားသစ္ေလာင္းႏုပ်ိဳသလိုခံစားရေစဖို႔ဆိုရင္ ပန္းဥယ်ာဥ္ေလးတစ္ခု ပ်ိဳးေထာင္ျခင္း၊ စာအုပ္တစ္အုပ္ ေ႐ြးခ်ယ္ဖတ္႐ႈျခင္း (သို႔) သင္ေနထိုင္တဲ့ဧရိယာကို ေန႔စဥ္ပိုမိုေကာင္းမြန္ေစတဲ့ အရာတစ္ခုခု လုပ္ေဆာင္ျခင္းကို ေဆာင္႐ြက္ဖို႔ စဥ္းစားပါ။

 

၅။ ကိုယ့္ကိုယ့္ကိုယ္ေစာင့္ေ႐ွာက္မႈအစီအစဥ္ျပဳလုပ္ပါ

သင့္႐ုပ္ပိုင္းဆိုင္ရာလိုအပ္ခ်က္ေတြနဲ႔ စိတ္ပိုင္းဆိုင္ရာလိုအပ္ခ်က္ေတြကို ဦးစားေပးျခင္းက သင့္အလုပ္နဲ႔ တစ္ကိုယ္ရည္ဘဝအၾကား မွ်ေျခဖန္တီးျခင္းရဲ႕ အေရးပါတဲ့အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။ သင့္ကိုယ္သင္ေကာင္းေကာင္းဂ႐ုစိုက္ျခင္းက ဒူေပနာေပခံႏိုင္မႈနဲ႔ ၾကံ့ခိုင္မႈကို ပိုမိုေကာင္းမြန္ေစကာ ရင္ဆိုင္ရမယ့္ စိန္ေခၚမႈေတြကို ပိုၿပီးလြယ္ကူစြာရင္ဆိုင္စီမံႏိုင္ေစပါတယ္။

ကိုယ္ေရာစိတ္ပါအဆင္ေျပေနတဲ့အခါ အမ်ားအားျဖင့္ အေကာင္းဘက္ျမင္ဖို႔နဲ႔ စိတ္ကသိကေအာက္ျဖစ္မႈ၊ ေမွ်ာ္လင့္ခ်က္မဲ့မႈနဲ႔ အဆိုးျမင္မႈ(မေကာင္းျမင္မႈ) ခံစားခ်က္ေတြကို ေ႐ွာင္ဖို႔ ပိုမိုလြယ္ကူလာပါတယ္။

၆။ ခ်စ္ခင္သူမ်ားႏွင့္ စကားေျပာပါ

မိသားစုဝင္ေတြနဲ႔ သူငယ္ခ်င္းမိတ္ေဆြေတြမွာ သင့္ရဲ႕အလုပ္ပင္ပန္းမႈကို တိုက္႐ိုက္သက္သာေလ်ာ့ပါးေစႏိုင္စြမ္း ႐ွိခ်င္မွ႐ွိပါလိမ့္မယ္။ ဒါေပမဲ့လည္း သူတို႔ေတြဟာ သင္စကားေျပာေဖာ္လိုတဲ့အခါ သင့္စကားကို နားေထာင္ေပး ျခင္းအားျဖင့္ေတာ့ ကူညီေပးႏိုင္ပါေသးတယ္။ ျဖစ္ပ်က္ေနတာေတြနဲ႔ပတ္သက္ၿပီး သူတို႔ကို ေျပာလိုက္ရင္ သူတို႔အတြက္ ဝန္ထုပ္ဝန္ပိုးျဖစ္ေစမွာကို သင့္အေနနဲ႔ စိုးရိမ္ေကာင္းစိုးရိမ္ေနႏိုင္ပါတယ္။ ဒါေပမဲ့ သင့္ေနရာမွာ သူတို႔ဆိုရင္ သင္ဘယ္လိုခံစားရမလဲ ေတြးၾကည့္လိုက္ပါ။ သင္အၾကံမေပးႏိုင္ရင္ေတာင္ နားေထာင္ေပးျခင္း အားျဖင့္ေတာ့ ကူညီေပးခ်င္ေလာက္မွာပဲ မဟုတ္ပါလား။

သင့္ကိုခ်စ္ခင္သူေတြဆီကေန ကူညီပံ့ပိုးမႈရတယ္ဆိုတာကို သိ႐ွိ႐ုံေလးနဲ႔တင္ သင့္ခံစားခ်က္ေတြ ေႏြးေထြး ေကာင္းမြန္လာၿပီး အလုပ္နဲ႔ဘဝကို ခြဲျခားေနထိုင္ႏိုင္ဖို႔ လြယ္ကူလာေစပါတယ္။ အလုပ္မွာ သင့္စိတ္ကို ခ်ည္ ေႏွာင္ထားမႈေတြကို တင္းက်ပ္မေနေစျခင္း (တစ္နည္း) အလုပ္ကိုပဲစြဲလန္း၊ အလုပ္ပဲဖိလုပ္ေနျခင္းေတြကို ေလွ်ာ့ခ်ျခင္းက သင့္ကို စိတ္ဖိစီးမႈေလ်ာ့ပါးေစဖို႔နဲ႔ ေအာင္ျမင္စြာ ပိုမိုအားျပန္ျပည့္ေစဖို႔ ကူညီေပးပါတယ္။

၇။ ႐ိုးအီေနျခင္းကို အဆုံးသတ္ျခင္း

ထပ္တလဲလဲျဖစ္ေနတဲ့ အလုပ္တာဝန္ေတြကိုပဲ ေန႔စဥ္တစ္ပုံစံတည္း လုပ္ေဆာင္ေနျခင္းက ၿငီးေငြ႕စရာေကာင္းႏိုင္ ၿပီး အာ႐ုံစိုက္မႈကိုလြတ္သြားေစႏိုင္ပါတယ္။ ၿငီးေငြ႕စရာေကာင္းတဲ့ အလုပ္ေန႔ရက္က သင့္ကို ေမာပန္းေစႏိုင္ၿပီး ထုံထိုင္းသြားေစႏိုင္ပါတယ္။ သင့္ရဲ႕ပုံမွန္တစ္ေန႔တာလုပ္ငန္းေဆာင္႐ြက္မႈပုံစံကို ေျပာင္းလဲျခင္းက ႀကီးမားတဲ့ ျခားနားခ်က္တစ္ခုကို ျဖစ္ေစႏိုင္ပါတယ္။

လုပ္ၾကည့္လို႔ရေကာင္းရႏိုင္မယ့္ အေျပာင္းအလဲေလးေတြကို ဥပမာေပးလိုက္ပါတယ္ -

(၁) သင့္ေန႔စဥ္အလုပ္တာဝန္ေတြရဲ႕ ေ႐ွ႕ေနာက္အစီအစဥ္ကို ေျပာင္းလဲပါ။ ဥပမာ - သင္လန္းဆန္းၿပီး အာ႐ုံစူးစိုက္ အားေကာင္းတဲ့ နံနက္ပိုင္းမွာ စိန္ေခၚမႈနည္းတဲ့ (အခက္အခဲနည္းတဲ့) အလုပ္တာဝန္ေတြကို ေဆာင္႐ြက္ပါ၊ ေန႔လည္ခင္းမွာေတာ့ ေန႔လည္စာစားၿပီး မိန္းေမာေနျခင္းကေန လြတ္ေျမာက္ေစဖို႔ လန္းဆန္းေစတဲ့/ စိတ္ဝင္စားဖြယ္ေကာင္းတဲ့ အလုပ္တာဝန္ေတြကို လုပ္ေဆာင္ပါ။

(၂) သတိ႐ွိပါ။ ေခတၱနားခ်ိန္တစ္ခုစီကေန မိနစ္အနည္းငယ္မွာ အသက္႐ွဴေလ့က်င့္ခန္းျပဳလုပ္ျခင္း၊ တရားမွတ္ျခင္း၊ လမ္းေလွ်ာက္ျခင္းတို႔ ျပဳလုပ္ပါ။ ဒါေတြက ဆို႐ွယ္မီဒီယာၾကည့္ျခင္းနဲ႔ ေနာက္ဆုံးရသတင္းေတြ ဖတ္႐ႈျခင္း ေတြလိုမ်ိဳး အျခားလုပ္ရပ္ေတြထက္ ပိုၿပီးေတာ့ သင့္ကို လန္းဆန္းေစႏိုင္ပါတယ္။ (ဒီအခ်က္ကေတာ့ ဘယ္အလုပ္နဲ႔ မဆို အက်ံဳးဝင္တဲ့အခ်က္ပဲ ျဖစ္ပါတယ္)

(၃) အလုပ္လုပ္တဲ့ (စားပြဲေနရာ) ေနရာအကြက္အကြင္းေျပာင္းလဲဖို႔ စဥ္းစားပါ။ ဥပမာ - ထိုင္စားပြဲအစား မတ္ရပ္စားပြဲေျပာင္းသုံးၾကည့္ႏိုင္သလို မိုးမ႐ြာဘဲေနသာတဲ့အခ်ိန္မွာ ျပတင္းေပါက္နားေျပာင္းထိုင္ၾကည့္ျခင္း၊ အခန္းအျပင္ဘက္မွာ အလုပ္လုပ္ၾကည့္ျခင္း စသျဖင့္ သင္အလုပ္လုပ္တဲ့ပတ္ဝန္းက်င္ကို ျဖစ္ႏိုင္ရင္ ေျပာင္းလဲ ၾကည့္ပါ။

(၄) ေျပာင္းလြယ္ျပင္လြယ္ျဖစ္တဲ့ အလုပ္အခ်ိန္ဇယားျဖစ္ေအာင္ တာဝန္႐ွိသူေတြနဲ႔ ညႇိႏိႈင္းပါ။ အခ်ိဳ႕လူေတြဆို သူတို႔က နံနက္ခင္းေစာေစာပိုင္းမွာ အလုပ္ပိုတြင္တတ္ၾကၿပီး တခ်ိဳ႕က်ေတာ့ ညဘက္မွာ အလုပ္ပိုတြင္တတ္ၾက ပါတယ္။

အထက္ေဖာ္ျပပါအခ်က္ေတြကိုလည္း ျပဳလုပ္ၾကည့္ၿပီးတာေတာင္ အလုပ္နဲ႔ဘဝဟန္ခ်က္မညီေသးဘဲ မတရား ပင္ပန္းေနရတုန္းဆိုရင္ေတာ့ ကုထုံးတစ္ခုခုနဲ႔ အထူးျပဳကုသတဲ့ ပညာ႐ွင္တစ္ဦးဦးနဲ႔ ကုသၾကည့္သင့္ပါတယ္။ အကယ္၍ သင္က အလုပ္အကိုင္ေျပာင္းလဲဖို႔ စဥ္းစားေနတယ္ဆိုရင္လည္း သင္ကူးေျပာင္းမယ့္ အလုပ္အကိုင္က သင္နဲ႔ကိုက္ညီေစဖို႔အတြက္ ေသခ်ာစဥ္းစားေ႐ြးခ်ယ္ဖို႔ အၾကံျပဳလိုက္ရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Drained from Work? 9 Ways to Restore Your Work-Life Balance (Healthline.com)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရားရုံးအမိန့်အနိုင်ဒီကရီကို အတည်ပြုခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့်ဖော်ပြပေးလိုက်ပါသည်။...
တရားရုံးအမိန့်အနိုင်ဒီကရီကို အတည်ပြုခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့်ဖော်ပြပေးလိုက်ပါသည်။...
ပဋိဉာဉ်တစ်ရပ်ချုပ်ဆိုပြီးပါက လိုက်နာသိရှိရမည့် အချက်လက်များအကြောင်း
ပဋိဉာဉ်တစ်ရပ်ချုပ်ဆိုပြီးပါက လိုက်နာသိရှိရမည့် အချက်လက်များအကြောင်း
Elon Musk က ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်မလာမီက တစ်နေ့လျှင် ၁ ဒေါ်လာမျှဖြင့် စားသောက်နေထိုင် ခဲ့ကြောင်း၊ အမေရိကတွင် အသက်ရှင် ရပ်တည်နိုင်ရေးမှာ အလွန်လွယ်ကူကြောင်း ပြောပြလာ...
Elon Musk က ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်မလာမီက တစ်နေ့လျှင် ၁ ဒေါ်လာမျှဖြင့် စားသောက်နေထိုင် ခဲ့ကြောင်း၊ အမေရိကတွင် အသက်ရှင် ရပ်တည်နိုင်ရေးမှာ အလွန်လွယ်ကူကြောင်း ပြောပြလာ...
Jeff Bezos က Amazon အတွက် ဝန်ထမ်းခေါ်ယူရာတွင် ၎င်းမေးသော မေးခွန်း ၂ ခု ဖြေဆိုနိုင်သူအား ချက်ချင်းအလုပ်ခန့်ထားခဲ့...
Jeff Bezos က Amazon အတွက် ဝန်ထမ်းခေါ်ယူရာတွင် ၎င်းမေးသော မေးခွန်း ၂ ခု ဖြေဆိုနိုင်သူအား ချက်ချင်းအလုပ်ခန့်ထားခဲ့...
Elon Musk က တစ်ရက်လျှင် ၈ နာရီ လမ်းလျှောက်ပေးမည့်သူများကို လစာ ဒေါ်လာ ၆၅၀၀ ကျော်ဖြင့် အလုပ်ခေါ်ယူလျက်ရှိ...
Elon Musk က တစ်ရက်လျှင် ၈ နာရီ လမ်းလျှောက်ပေးမည့်သူများကို လစာ ဒေါ်လာ ၆၅၀၀ ကျော်ဖြင့် အလုပ်ခေါ်ယူလျက်ရှိ...
အိမ်ခြံမြေဥပဒေအသိကြွယ်စေဖို့ရာ မှတ်သားစရာအဖြာဖြာ...
အိမ်ခြံမြေဥပဒေအသိကြွယ်စေဖို့ရာ မှတ်သားစရာအဖြာဖြာ...
ရွာလေးတစ်ခုထဲမှာ ဘဏ်ပေါင်း ၁၇ ခုဖွင့်လှစ်ထားတဲ့ အာရှတိုက်ရဲ့ အချမ်းသာဆုံး ကျေးရွာ ဘယ်နိုင်ငံမှာရှိလဲ...
ရွာလေးတစ်ခုထဲမှာ ဘဏ်ပေါင်း ၁၇ ခုဖွင့်လှစ်ထားတဲ့ အာရှတိုက်ရဲ့ အချမ်းသာဆုံး ကျေးရွာ ဘယ်နိုင်ငံမှာရှိလဲ...
အိမ်တွင်း ငွေကြေးကျပ်တည်းမှုကို လျော့ချနိုင်မယ့် လူတိုင်းလုပ်ဆောင်နိုင်သော လွယ်ကူသည့် ဖုန်းရွှေလာဘ်ခေါ်အစီအရင်...
အိမ်တွင်း ငွေကြေးကျပ်တည်းမှုကို လျော့ချနိုင်မယ့် လူတိုင်းလုပ်ဆောင်နိုင်သော လွယ်ကူသည့် ဖုန်းရွှေလာဘ်ခေါ်အစီအရင်...
ဆရာကြီးမင်းသိင်္ခသည် အဘယ်ကြောင့် အိမ်ကိုကောင်းကောင်းဆောက်ပြီး အိမ်ရှေ့မှာ ရေကန်ထားလေ့ရှိသနည်း။...
ဆရာကြီးမင်းသိင်္ခသည် အဘယ်ကြောင့် အိမ်ကိုကောင်းကောင်းဆောက်ပြီး အိမ်ရှေ့မှာ ရေကန်ထားလေ့ရှိသနည်း။...
မြောက်ကိုရီးယားသို့ အကြိမ်ပေါင်း ၁၈၀ ကျော် သွားရောက်လည်ပတ်ခဲ့သူက မြောက်ကိုရီးယားတွင် ပြဿနာမတက်ဘဲ လည်ပတ်နိုင်မည့်နည်းကို အကြံပြုပြောကြား...
မြောက်ကိုရီးယားသို့ အကြိမ်ပေါင်း ၁၈၀ ကျော် သွားရောက်လည်ပတ်ခဲ့သူက မြောက်ကိုရီးယားတွင် ပြဿနာမတက်ဘဲ လည်ပတ်နိုင်မည့်နည်းကို အကြံပြုပြောကြား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Elon Musk က SpaceX အတွက် ဝန်ထမ်းခေါ်ယူရာတွင် အသုံးပြုသည့် တမူထူးသော လက်နှစ်ဖက် စမ်းသပ်ချက်
Elon Musk က SpaceX အတွက် ဝန်ထမ်းခေါ်ယူရာတွင် အသုံးပြုသည့် တမူထူးသော လက်နှစ်ဖက် စမ်းသပ်ချက်
အင်္ဂလန်တွင် ဂိုဒေါင်တစ်လုံးပါသော အိပ်ခန်း ၄ ခန်းပါနေအိမ်တစ်လုံးကို ၁ ပေါင်မျှဖြင့် ရောင်းမည်၊ နေအိမ်တွင်းရှိ စန္ဒယားကြီ
အင်္ဂလန်တွင် ဂိုဒေါင်တစ်လုံးပါသော အိပ်ခန်း ၄ ခန်းပါနေအိမ်တစ်လုံးကို ၁ ပေါင်မျှဖြင့် ရောင်းမည်၊ နေအိမ်တွင်းရှိ စန္ဒယားကြီ
စကော့တလန်ရှိ အိပ်ခန်း ၇ ခန်းပါ နေအိမ်ကြီးကို ပေါင် ၈၀,၀၀၀ မျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ၊ သို့သော် ပတ်ဝ
စကော့တလန်ရှိ အိပ်ခန်း ၇ ခန်းပါ နေအိမ်ကြီးကို ပေါင် ၈၀,၀၀၀ မျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ၊ သို့သော် ပတ်ဝ
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိ နေအိမ်များမှာ ငါးကန်များ ဖြစ်လာလျက်ရှိ
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိ နေအိမ်များမှာ ငါးကန်များ ဖြစ်လာလျက်ရှိ
Elon Musk က တစ်ရက်လျှင် ၈ နာရီ လမ်းလျှောက်ပေးမည့်သူများကို လစာ ဒေါ်လာ ၆၅၀၀ ကျော်ဖြင့် အလုပ်ခေါ်ယူလျက်ရှိ
Elon Musk က တစ်ရက်လျှင် ၈ နာရီ လမ်းလျှောက်ပေးမည့်သူများကို လစာ ဒေါ်လာ ၆၅၀၀ ကျော်ဖြင့် အလုပ်ခေါ်ယူလျက်ရှိ
ကမ္ဘာတလွှား အလွန်ကျော်ကြားလာနေသော depaving (သို့မဟုတ်) ကမ္ဘာတဝန်းက မြို့တွေမှာ ကွန်ကရစ် ပလက်ဖောင်းတွေကို ဘာကြောင့် တူးဖေ
ကမ္ဘာတလွှား အလွန်ကျော်ကြားလာနေသော depaving (သို့မဟုတ်) ကမ္ဘာတဝန်းက မြို့တွေမှာ ကွန်ကရစ် ပလက်ဖောင်းတွေကို ဘာကြောင့် တူးဖေ
အမေရိကရဲ့ အဆင်းရဲဆုံးပြည်နယ်တွေဟာ တခြားပြည်နယ်တွေထက် ဘာကြောင့် အိမ်ပိုင်သူ ပိုများနေတာလဲ
အမေရိကရဲ့ အဆင်းရဲဆုံးပြည်နယ်တွေဟာ တခြားပြည်နယ်တွေထက် ဘာကြောင့် အိမ်ပိုင်သူ ပိုများနေတာလဲ
မြောက်ကိုရီးယားသို့ အကြိမ်ပေါင်း ၁၈၀ ကျော် သွားရောက်လည်ပတ်ခဲ့သူက မြောက်ကိုရီးယားတွင် ပြဿနာမတက်ဘဲ လည်ပတ်နိုင်မည့်နည်းကို
မြောက်ကိုရီးယားသို့ အကြိမ်ပေါင်း ၁၈၀ ကျော် သွားရောက်လည်ပတ်ခဲ့သူက မြောက်ကိုရီးယားတွင် ပြဿနာမတက်ဘဲ လည်ပတ်နိုင်မည့်နည်းကို
ဗီယက်နမ်တွင် ချစ်သူကောင်လေးက ဘဝရည်မှန်းချက်များရှိသောကြောင့် လက်မထပ်နိုင်သေးကြောင်း ပြောခဲ့သော်လည်း မိန်းကလေး၏ မိဘများက
ဗီယက်နမ်တွင် ချစ်သူကောင်လေးက ဘဝရည်မှန်းချက်များရှိသောကြောင့် လက်မထပ်နိုင်သေးကြောင်း ပြောခဲ့သော်လည်း မိန်းကလေး၏ မိဘများက
ဒူဘိုင်းတွင် အပူချိန်အလွန်ပြင်းထန်နေကာ ဟိုတယ်တည်းခိုခများ ထိုးကျ
ဒူဘိုင်းတွင် အပူချိန်အလွန်ပြင်းထန်နေကာ ဟိုတယ်တည်းခိုခများ ထိုးကျ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment
grand-aung-tharyar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service