ဆန်ဖရန်စစ္စကိုရှိ ရေမီးမပါသော ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

ဆန်ဖရန်စစ္စကိုရှိ ရေမီးမပါသော ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
16 Jan 2024 10:31 am တွင် တင်ခဲ့သည်
901 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

  အမေရိကန်ပြည်ထောင်စု ၊ San Francisco Bay ရှိ တစ်ခုတည်းသော ပုဂ္ဂလိကပိုင်ကျွန်းတစ်ကျွန်း ဝယ်လက်ရှာဖွေလျက်ရှိသည်။

ကျွန်းအမည်မှာ Red Rock Island ဟု အမည်ရပြီး နိုဝင်ဘာလအတွင်း ကန်ဒေါ်လာ ၂၅ သန်းဖြင့် ဈေးကွက် ဝင်လာခြင်း ဖြစ်သည်။ကျွန်းအကျယ်မှာ ၆ ဧကနီးပါးရှိပြီး မို့မောက်သော ပုံသဏ္ဍာန်ရှိကာ ဆန်ဖရန်စစ္စကိုရှိ Richmond-San Rafael တံတားအနီးတွင် တည်ရှိသည်။

ကျွန်း၏ အမြင့်ဆုံးနေရာမှတဆင့် ပင်လယ်ကွေ့၏ အပြောကျယ်သော ရှုခင်းများကို ခံစားနိုင်ပြီး ကျွန်းရှိရာသို့ လှေ(သို့မဟုတ်) ရဟတ်ယာဉ်ဖြင့်သာ ရောက်ရှိနိုင်သည်။ကျွန်းတွင် မက်စောက်သော ချောက်ကမ်းပါးများ ၊ ကျောက်တုံးကျောက်ခဲထူထပ်သော ကမ်းရိုးတန်းနှင့် သစ်ပင် အနည်းငယ်တို့ ပါဝင်သည်။

ရောင်းချသူ Brock Durning က ဤကျွန်းအတွက် ဈေးနှုန်းမြင့်မားစွာရရှိရန် မျှော်လင့်ထားသည်။

ရောင်းသူဘက်မှ အကျိုးဆောင် ခရစ္စလင်းက ပြောသည်မှာ “ဒီကျွန်းကို ဝယ်ယူတာဟာ လီယိုနာဒို ဒါဗင်ချီ (ဒါမှမဟုတ်) Mark Rothko တို့ရဲ့ ပန်းချီလက်ရာတွေကို ပိုင်ဆိုင်ရသလိုမျိုး ဖြစ်တယ်လို့ ကျွန်တော်တော့ ယူဆတယ်။ ပန်းချီ (ဒါမှမဟုတ်) ပန်းပုလက်ရာတစ်ခု ဝယ်ယူပိုင်ဆိုင်ကြသလိုမျိုးပါပဲ” ဟု နယူးယောက်တိုင်းမ် သတင်းစာကြီးသို့ ပြောသည်။

(ဆန်ဖရန်စစ္စကိုရှိ Richmond-San Rafael တံတားအနီးတွင် တည်ရှိသည်။ ဓာတ်ပုံ-Jam Press Vid/Aerial Canvas)

(ကျွန်းရှိရာသို့ လှေ(သို့မဟုတ်) ရဟတ်ယာဉ်ဖြင့်သာ ရောက်ရှိနိုင်သည်။ ဓာတ်ပုံ-Jam Press Vid/Aerial Canvas)

(Red Rock ကျွန်းသည် ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့တွင် တစ်ခုတည်းသော ပုဂ္ဂလိကပိုင် ကျွန်းဖြစ်သည်။ ဓာတ်ပုံ-Jam Press Vid/Aerial Canvas)

(ကျွန်းပေါ်မှ ငှက်များ။ ဓာတ်ပုံ-Jam Press Vid/Aerial Canvas)

(ကျွန်းပေါ်တွင် ရေ ၊ မီး မရှိချေ။ ဓာတ်ပုံ-Jam Press Vid/Aerial Canvas)

(အကျိုးဆောင် ခရစ္စလင်း ကျွန်းကို ပြသနေပုံ။ ဓာတ်ပုံ-Jam Press Vid/Aerial Canvas)

(ကျွန်းအကျယ်အဝန်း ၆ ဧကရှိသည်။ ဓာတ်ပုံ-Jam Press Vid/Aerial Canvas)

(ကျွန်းထိပ်ဆီမှ ရှုမျှော်ခင်း။ ဓာတ်ပုံ-Jam Press Vid/Aerial Canvas)

(ကျွန်းပေါ်တွင် သစ်ပင်ပန်းမန် များများစားစားမရှိ။ ဓာတ်ပုံ-Jam Press Vid/Aerial Canvas)

(ကျောက်တုံးကျောက်ခဲများ ပြည့်နှက်နေသော ကမ်းခြေ။ ဓာတ်ပုံ-Jam Press Vid/Aerial Canvas)

(အကျိုးဆောင် ခရစ္စလင်းကို ကမ်းခြေတွင် တွေ့ရပုံ။ ဓာတ်ပုံ-Jam Press Vid/Aerial Canvas)

ပိုင်ရှင်ဖြစ်သူ Brock Durning သည် ဤကျွန်းပေါ်တွင် စခန်းချနေထိုင် ကြီးပြင်းလာခဲ့သူဖြစ်သည်။

ဖခင်ဖြစ်သူ၏ စီးပွားဘက် David Glickman က ဤကျွန်းကို ၁၉၆၄ ခုနှစ်တွင် ကန်ဒေါ်လာ ၄၉၅၀၀ ဖြင့် ဝယ်ယူခဲ့ပြီး နောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့အခြေချသွားခဲ့သည်။ ထိုင်းသို့ ပြောင်းရွှေ့ချိန်တွင် Brock ၏ ဖခင်အား ဤကျွန်းပိုင်ဆိုင်မှု လွှဲပြောင်းပေးသွားခဲ့ခြင်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This private island doesn’t have water or electricity — and asks $25M for sale (nypost)

Photo Credit: New York Post

[Zawgyi]



အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤေနရာကို ႏွိပ္ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤေနရာကို ႏွိပ္ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: https://nypost.com/2024/01/03/real-estate/own-san-franciscos-only-private-island-for-25m/

Photo Credit: New York Post

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တစ်နှစ်မှာတစ်ခါ ပျော်ရွှင်စရာ ခရမ်းချဉ်သီးမှည့်များနဲ့ ပစ်ပေါက်ကြတဲ့ La Tomatina ခရမ်းချဉ်သီးပွဲတော်...
တစ်နှစ်မှာတစ်ခါ ပျော်ရွှင်စရာ ခရမ်းချဉ်သီးမှည့်များနဲ့ ပစ်ပေါက်ကြတဲ့ La Tomatina ခရမ်းချဉ်သီးပွဲတော်...
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
နိုင်ငံခြားသား ဝယ်ယူနိုင်သောကွန်ဒိုများကိုစိတ်ဝင်စားမှု မြင့်တက်နေ
နိုင်ငံခြားသား ဝယ်ယူနိုင်သောကွန်ဒိုများကိုစိတ်ဝင်စားမှု မြင့်တက်နေ
သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင့် တည်းခိုနေသော ဇိမ်ခံအပန်းဖြေစခန်း….....
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင့် တည်းခိုနေသော ဇိမ်ခံအပန်းဖြေစခန်း….....
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်...
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်...
နိုင်ငံခြားရောက် အလုပ်သမားများက အိမ်ခြံမြေ ဝယ်ယူမှုများနေ
နိုင်ငံခြားရောက် အလုပ်သမားများက အိမ်ခြံမြေ ဝယ်ယူမှုများနေ
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
shwe-moe-kaung
pan-swal-taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service