ကယ်လီဖိုးနီးယားတွင် ကုန်ကျစရိတ် ဒေါ်လာ ၂၀၀ မျှဖြင့် ရွှံ့အိမ်တစ်လုံး ဆောက်လုပ်ကာ အကြွေးကင်းစွာ နေထိုင်သော အမျိုးသား

ကယ်လီဖိုးနီးယားတွင် ကုန်ကျစရိတ် ဒေါ်လာ ၂၀၀ မျှဖြင့် ရွှံ့အိမ်တစ်လုံး ဆောက်လုပ်ကာ အကြွေးကင်းစွာ နေထိုင်သော အမျိုးသား - Property News in Myanmar from iMyanmarHouse.com
15 Jan 2024 11:30 am တွင် တင်ခဲ့သည်
897 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဆေ့ဂျ် စတုန်းမန်း (Sage Stoneman) ဟူသော အမျိုးသား၏ နေအိမ်မှာ ဆောက်လုပ်မှုကုန်ကျစရိတ် ဒေါ်လာ ၂၀၀ သာ ရှိရာ ၎င်းအဖို့ အိမ်ခြံမြေ အရစ်ကျ ပြန်လည်ပေးဆပ်ရမှုများ မရှိဘဲ ကြွေးမြီကင်းစွာ နေထိုင်နိုင်လျက်ရှိသည်။

စတုန်းမန်းက သူ၏အိမ်ကို ရွှံ့၊ ကောက်ရိုးတို့ကဲ့သို့သော သဘာဝပစ္စည်းများဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။

ရွှံ့စေး ၊ ကောက်ရိုးနှင့် သဲတို့ကို ရှေးခေတ်ကတည်းကပင် ခိုင်ခံ့မာကျောသော အဆောက်အအုံများ ဆောက်လုပ်ရန် အသုံးပြုခဲ့ကြောင်း အော်ရီဂွန် တက္ကသိုလ်က ပြောသည်။

 

 

ထိုသို့နေထိုင်ရန် ရွေးချယ်ခဲ့ရခြင်း၏ အကြောင်းရင်းမှာ ကိုယ်ကျန်းမာရေးနှင့် စိတ်ကျန်းမာရေး ကောင်းမွန်စေ ရန် ဖြစ်ကြောင်း Natural Building က YouTube တွင် လွှင့်တင်ခဲ့သော ဗွီဒီယိုဖိုင်တစ်ခု၌ စတုန်းမန်းက ပြောသည်။

စတုန်းမန်းက ပြောသည်မှာ ကယ်လီဖိုးနီးယားပြည်နယ်တွင် ယခုအိမ်ကို ဆောက်လုပ်ခဲ့ခြင်းမှာ သဘာဝ ပတ်ဝန်းကျင်အား ပိုမိုနီးကပ်စွာ ခံစားလို၍ ဖြစ်ကြောင်း ပြောသည်။

မိမိကိုယ်ကို ပိုးတောင်မာအကောင်အဖြစ် စဉ်းစားရခြင်းကို သဘောကျကြောင်း စတုန်းမန်းက ပြောသည်။

 

 

ဆောက်လုပ်ရာတွင် အသုံးပြုသော ရွှံ့ ၊ ကောက်ရိုးနှင့် သစ်တို့မှာ ထိုနေရာတွင် တွေ့ရသည့်အရာများကို အသုံးပြုခြင်းဖြစ်ရာ ငွေကြေးမကုန်ကျချေ။

စတုန်းမန်းသည် ပြတင်းပေါက်များအတွက် တပတ်ရစ်မှန်များကို အသုံးပြုပြီး အခြားဆောက်လုပ်ရေး စီမံကိန်းများမှ စွန့်ပစ်လိုက်သော သစ်များကိုလည်း ပြန်လည် အသုံးပြုသည်။

စတုန်းမန်းအတွက် အဓိက ကုန်ကျသည်မှာ စကူများ ၊ ကော်နှင့် ဆီလီကွန်တို့အတွက် ဖြစ်သည်။

သူ၏အိမ်မှာ များစွာ ကျယ်ဝန်းပုံမရ။

 

 

သို့သော် သူ၏ အလုပ်များဖြစ်သော တေးဂီတဖန်တီးခြင်းနှင့် စာရေးခြင်းတို့အတွက် လုံလောက်သောနေရာ အကျယ်အဝန်းရှိသည်။

“အနာဂတ်မှာ သဘာဝ အဆောက်အအုံတွေနဲ့ ကိုယ်တိုင်ဆောက်တဲ့အိမ်ကို လူတိုင်းသုံးခွင့်ရလာကြမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”

 

ဆောက်လုပ်ရေးတွင် သဘာဝပစ္စည်းများ အသုံးပြုခြင်းမှာ အခြားသော အကျိုးကျေးဇူးများလည်း ရှိသည်။

ကိုလိုရာဒိုပြည်နယ် အခြေစိုက် ထွန်းသစ်စ ကုမ္ပဏီတစ်ခုက နေအိမ်များ ဆောက်လုပ်ရာတွင် ရွှံ့အုတ်များ အသုံးပြုလာသည်။

 

ထိုအုတ်တို့သည် မီးဘေးဒဏ်ခံနိုင်စွမ်းရှိပြီး ကမ္ဘာ့အပူချိန်မြင့်တက်လာနေချိန်တွင် ရွှံ့အုတ်တို့မှာ အသုံးပြုမှု ကျယ်ပြန့်လာသည်။

မြန်မာနိုင်ငံတွင် နေထိုင်သူများစွာမှာ ဝါးကို အခြေပြုသော အဆောက်အအုံများဖြင့် နေထိုင်ကြပြီး ကုန်ကျစရိတ် အလွန်သက်သာကြကြောင်း Yahoo သတင်းက ဖော်ပြသည်။

 

 

စတုန်းမန်း၏ ဗွီဒီယိုဖိုင်မှာ YouTube တွင် ကြည့်ရှုမှုအကြိမ်ရေ ၁၇၀၀၀၀ ကျော် ရှိပြီး Like ပေးသူ ၆၀၀၀ နီးပါးရှိကာ မှတ်ချက်ပြုသူများစွာ ရှိခဲ့သည်။

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Man lives debt-free in cob home that only cost $200 to build: ‘It’s just beautiful’ (yahoo)

Photo Credit: Natural Buildings

 

 

[Zawgyi]

 

ကယ္လီဖုိးနီးယားတြင္ ကုန္က်စရိတ္ ေဒၚလာ ၂၀၀ မွ်ျဖင့္ ရႊံ႕အိမ္တစ္လံုး ေဆာက္လုပ္ကာ အေၾကြးကင္းစြာ ေနထိုင္ေသာ အမ်ဳိးသား

 

ေဆ့ဂ်္ စတုန္းမန္း (Sage Stoneman) ဟူေသာ အမ်ိဳးသား၏ ေနအိမ္မွာ ေဆာက္လုပ္မႈကုန္က်စရိတ္ ေဒၚလာ ၂၀၀ သာ ရွိရာ ၎အဖို႔ အိမ္ျခံေျမ အရစ္က် ျပန္လည္ေပးဆပ္ရမႈမ်ား မရွိဘဲ ေၾကြးျမီကင္းစြာ ေနထိုင္ႏိုင္လ်က္ရွိသည္။

စတုန္းမန္းက သူ၏အိမ္ကို ရႊံ႕၊ ေကာက္ရိုးတို႔ကဲ့သို႔ေသာ သဘာဝပစၥည္းမ်ားျဖင့္ ေဆာက္လုပ္ထားျခင္း ျဖစ္သည္။

ရႊံ႕ေစး ၊ ေကာက္ရိုးႏွင့္ သဲတို႔ကို ေရွးေခတ္ကတည္းကပင္ ခိုင္ခံ့မာေက်ာေသာ အေဆာက္အအံုမ်ား ေဆာက္လုပ္ရန္ အသံုးျပဳခဲ့ေၾကာင္း ေအာ္ရီဂြန္ တကၠသိုလ္က ေျပာသည္။

ထိုသို႔ေနထိုင္ရန္ ေရြးခ်ယ္ခဲ့ရျခင္း၏ အေၾကာင္းရင္းမွာ ကိုယ္က်န္းမာေရးႏွင့္ စိတ္က်န္းမာေရး ေကာင္းမြန္ေစ ရန္ ျဖစ္ေၾကာင္း Natural Building က YouTube တြင္ လႊင့္တင္ခဲ့ေသာ ဗီြဒီယိုဖိုင္တစ္ခု၌ စတုန္းမန္းက ေျပာသည္။

စတုန္းမန္းက ေျပာသည္မွာ ကယ္လီဖိုးနီးယားျပည္နယ္တြင္ ယခုအိမ္ကို ေဆာက္လုပ္ခဲ့ျခင္းမွာ သဘာဝ ပတ္ဝန္းက်င္အား ပိုမိုနီးကပ္စြာ ခံစားလို၍ ျဖစ္ေၾကာင္း ေျပာသည္။

မိမိကုိယ္ကို ပိုးေတာင္မာအေကာင္အျဖစ္ စဥ္းစားရျခင္းကို သေဘာက်ေၾကာင္း စတုန္းမန္းက ေျပာသည္။

ေဆာက္လုပ္ရာတြင္ အသံုးျပဳေသာ ရႊံ႕ ၊ ေကာက္ရိုးႏွင့္ သစ္တုိ႔မွာ ထုိေနရာတြင္ ေတြ႔ရသည့္အရာမ်ားကို အသံုးျပဳျခင္းျဖစ္ရာ ေငြေၾကးမကုန္က်ေခ်။

စတုန္းမန္းသည္ ျပတင္းေပါက္မ်ားအတြက္ တပတ္ရစ္မွန္မ်ားကို အသံုးျပဳျပီး အျခားေဆာက္လုပ္ေရး စီမံကိန္းမ်ားမွ စြန္႔ပစ္လိုက္ေသာ သစ္မ်ားကိုလည္း ျပန္လည္ အသံုးျပဳသည္။

စတုန္းမန္းအတြက္ အဓိက ကုန္က်သည္မွာ စကူမ်ား ၊ ေကာ္ႏွင့္ ဆီလီကြန္တုိ႔အတြက္ ျဖစ္သည္။

သူ၏အိမ္မွာ မ်ားစြာ က်ယ္ဝန္းပံုမရ။

သို႔ေသာ္ သူ၏ အလုပ္မ်ားျဖစ္ေသာ ေတးဂီတဖန္တီးျခင္းႏွင့္ စာေရးျခင္းတို႔အတြက္ လံုေလာက္ေသာေနရာ အက်ယ္အဝန္းရွိသည္။

“အနာဂတ္မွာ သဘာဝ အေဆာက္အအံုေတြနဲ႔ ကိုယ္တိုင္ေဆာက္တဲ့အိမ္ကို လူတိုင္းသံုးခြင့္ရလာၾကမယ္လို႔ ကၽြန္ေတာ္ ယံုၾကည္ပါတယ္။”

ေဆာက္လုပ္ေရးတြင္ သဘာဝပစၥည္းမ်ား အသံုးျပဳျခင္းမွာ အျခားေသာ အက်ဳိးေက်းဇူးမ်ားလည္း ရွိသည္။

ကိုလိုရာဒိုျပည္နယ္ အေျခစိုက္ ထြန္းသစ္စ ကုမၸဏီတစ္ခုက ေနအိမ္မ်ား ေဆာက္လုပ္ရာတြင္ ရႊံ႕အုတ္မ်ား အသုံးျပဳလာသည္။

ထုိအုတ္တုိ႔သည္ မီးေဘးဒဏ္ခံႏိုင္စြမ္းရွိျပီး ကမၻာ့အပူခ်ိန္ျမင့္တက္လာေနခ်ိန္တြင္ ရႊံ႕အုတ္တုိ႔မွာ အသံုးျပဳမႈ က်ယ္ျပန္႔လာသည္။

ျမန္မာႏုိင္ငံတြင္ ေနထိုင္သူမ်ားစြာမွာ ဝါးကို အေျချပဳေသာ အေဆာက္အအံုမ်ားျဖင့္ ေနထုိင္ၾကျပီး ကုန္က်စရိတ္ အလြန္သက္သာၾကေၾကာင္း Yahoo သတင္းက ေဖာ္ျပသည္။

စတုန္းမန္း၏ ဗီြဒီယိုဖိုင္မွာ YouTube တြင္ ၾကည့္ရႈမႈအၾကိမ္ေရ ၁၇၀၀၀၀ ေက်ာ္ ရွိျပီး Like ေပးသူ ၆၀၀၀ နီးပါးရွိကာ မွတ္ခ်က္ျပဳသူမ်ားစြာ ရွိခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Man lives debt-free in cob home that only cost $200 to build: ‘It’s just beautiful’ (yahoo)

Photo Credit: Natural Buildings

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခါ…...
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခါ…...
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ...
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ...
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့်ပေးခဲ့သောအဖြစ်...
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့်ပေးခဲ့သောအဖြစ်...
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service