၃ နှစ် ကမ္ဘာပတ်မည့် အပျော်စီးသင်္ဘောကြီးပေါ်တွင် လိုက်ပါရန်အတွက် တိုက်ခန်းနှင့် ပိုင်ဆိုင်သမျှ ရောင်းချခဲ့ကာ လက်မှတ်ဝယ်ခဲ့သော စုံတွဲ ကုမ္ပဏီက ခရီးစဉ်ဖျက်သိမ်းမှုကြောင့် ဟိုတယ်ခန်းတစ်ခုတွင် နေထိုင်နေရ
၃ နှစ် ကမ္ဘာပတ်မည့် အပျော်စီးသင်္ဘောကြီးပေါ်တွင် လိုက်ပါရန်အတွက် တိုက်ခန်းနှင့် ပိုင်ဆိုင်သမျှ ရောင်းချခဲ့ကာ လက်မှတ်ဝယ်ခဲ့သော စုံတွဲ ကုမ္ပဏီက ခရီးစဉ်ဖျက်သိမ်းမှုကြောင့် ဟိုတယ်ခန်းတစ်ခုတွင် နေထိုင်နေရ - Property News in Myanmar from iMyanmarHouse.com
10 Jan 2024 4:29 pm တွင် တင်ခဲ့သည်
1116 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
၃ နှစ်တာ ကမ္ဘာပတ်မည့် အပျော်စီးသင်္ဘောကြီးတွင် လိုက်ပါရန်အတွက် တိုက်ခန်းနှင့် ပိုင်ဆိုင်သမျှ ရောင်းချခဲ့သော စုံတွဲမှာ ခရီးစဉ်ဖျက်သိမ်းမှုကြောင့် ယခုအခါ အိမ်ရာမဲ့ဖြစ်မည့်အရေး စိုးရိမ်နေကြသည်။
အမေရိကန်ပြည် အိုဟိုင်းအိုပြည်နယ်မှ ကာရာနှင့် ဂျိုးယူဆက်ဖ်တို့စုံတွဲသည် တူရကီအခြေစိုက် ခရီးသွား အေဂျင်စီ Miray Cruises က စီစဉ်သော Life at Sea trip အမည်ရှိ ကမ္ဘာပတ်မည့် ခရီးစဉ်အကြောင်း ကြားသိရချိန်တွင် အလွန်ကြည်နူးပျော်ရွှင် စိတ်အားတက်ကြွခဲ့ကြသည်။
အဆိုပါ ခရီးစဉ်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်တွင် စတင်ရန် စီစဉ်ခဲ့ပြီး ပင်လယ်ပြင်တွင် ၁၀၉၅ ရက် ဖြတ်သန်းကာ ကမ္ဘာပတ်ရန်နှင့် ကမ္ဘာတစ်ဝန်းရှိ ဆိပ်ကမ်းပေါင်း ၃၈၂ ခုတွင် ရပ်နားရန် စီစဉ်ခဲ့သည်။
ကာရာတို့စုံတွဲက သင်္ဘောလက်မှတ်အတွက် ၎င်းတို့နှစ်ဦးလုံး၏ အိမ်များအပြင် တစ်ဘဝလုံး စုဆောင်းထားသည့် အားလုံးနီးပါးကို သုံးစွဲရန် ဆုံးဖြတ်ခဲ့ကြသည်။
ခရီးစဉ်ထွက်ခွာရန် ရက်အနည်းငယ်သာ လိုသောအချိန်တွင်မှ ခရီးစဉ်ဖျက်သိမ်းကြောင်း အေဂျင်စီက ပြောလာသည်။
လက်ရှိအားဖြင့် ကာရာတို့စုံတွဲသည် တူရကီနိုင်ငံ ၊ အစ္စတန်ဘူမြို့ရှိ ဟိုတယ်တစ်ခုတွင် နေထိုင်လျက်ရှိပြီး ၎င်းတို့ ပေးသွင်းထားသော ဒေါ်လာ ၈၀၀၀၀ ပြန်အမ်းငွေရရန် စောင့်ဆိုင်းနေကြသည်။
(အမေရိကန်ပြည် အိုဟိုင်းအိုပြည်နယ်မှ ကာရာနှင့် ဂျိုးယူဆက်ဖ်တို့စုံတွဲသည် တူရကီအခြေစိုက် ခရီးသွား အေဂျင်စီ Miray Cruises က စီစဉ်သော Life at Sea trip အမည်ရှိ ကမ္ဘာပတ်မည့် ခရီးစဉ်အကြောင်း ကြားသိရချိန်တွင် အလွန်ကြည်နူးပျော်ရွှင် စိတ်အားတက်ကြွခဲ့ကြသည်။)
“နောက်ဆုံး မိနစ်တွေအထိ သူတို့က မျှော်လင့်ချက်တွေ ပေးထားခဲ့တယ်။ ဒီအိပ်မက် အကောင်အထည်ဖော်ဖို့ အတွက် အားလုံးကို ရောင်းချခဲ့ရ ပါတယ်။ အခုချိန်မှာ လုံးဝ ရှုံးနိမ့်သွားပြီလို့ ခံစားရတယ်။”ဟု ကာရာက နယူးယောက်တိုင်းမ် သတင်းဌာနသို့ ပြောသည်။
နယူးယောက်တိုင်းမ်၏ ဖော်ပြချက်အရ ကမ္ဘာပတ်မည့် အပျော်စီးသင်္ဘောခရီးစဉ် စီစဉ်မည့် အကြံအစည်ကို Mikael Petterson အမည်ရှိ လုပ်ငန်းရှင်တစ်ဦးက ၂၀၂၂ ခုနှစ် ၊ ဇွန်လတွင် စတင်အကြံရခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
၎င်းက Miray ခရီးသွားအေဂျင်စီ၏ ပိုင်ရှင် Vedat Ugurlu နှင့် ဆက်သွယ်ခဲ့သည်။
Vedat Ugurlu က ပြောသည်မှာ MC Gemini အမည်ရှိ သင်္ဘောတစ်စင်းရှိကြောင်း ၊ အခန်းပေါင်း ၄၀၀ ပါဝင်ပြီး ခရီးသည် ၁၀၀၀ ခန့် လိုက်ပါနိုင်ကြောင်း ပြောပြသည်။
Miray အေဂျင်စီက ကမ္ဘာပတ်မည့် ခရီးစဉ်ကို ၂၀၂၃ ခုနှစ် ၊ မတ်လတွင် ကြေညာခဲ့သည်။
အခန်းဈေးနှုန်းများမှာ အသေးဆုံး အခန်းအတွက် ဒေါ်လာ ၉၀၀၀၀ မှစကာ အခန်းကျယ်တစ်ခုအတွက် ဒေါ်လာ ၉၇၅၀၀၀ အထိ ကောက်ခံခဲ့သည်။
ထိုမျှ ဈေးနှုန်းများပြားလှသော်လည်း ခရီးစဉ်အကြောင်း လူသိများသွားကာ လူပေါင်း ရာဂဏန်းခန့် စာရင်းပေးခဲ့ကြသည်။
သို့သော် နောင်တစ်လခန့်ကြာသောအခါ ဤမျှ ကြာမြင့်လှသည့်ခရီး သွားလာရန် ကုန်ကျမည့် လောင်စာဆီ ပမာဏနှင့် စပ်လျဉ်းပြီး စိုးရိမ်မကင်း ဖြစ်လာကြသည်။
(၃ နှစ် ကမ္ဘာပတ်မည့် ခရီးစဉ်တွင် လိုက်ပါရန် ခရီးသည်များစွာ စာရင်းပေးသွင်းထားသော်လည်း ရက်နီးကပ် လာချိန်တွင် အေဂျင်စီက ခရီးစဉ် ဖျက်သိမ်းခဲ့သည်။)
(ကာရာတို့စုံတွဲက သင်္ဘောလက်မှတ်အတွက် ၎င်းတို့နှစ်ဦးလုံး၏ အိမ်များအပြင် တစ်ဘဝလုံး စုဆောင်းထား သည့် အားလုံးနီးပါးကို သုံးစွဲရန် ဆုံးဖြတ်ခဲ့ကြသည်။)
(လက်ရှိအားဖြင့် ကာရာတို့စုံတွဲသည် တူရကီနိုင်ငံ ၊ အစ္စတန်ဘူမြို့ရှိ ဟိုတယ်တစ်ခုတွင် နေထိုင်လျက်ရှိပြီး ၎င်းတို့ ပေးသွင်းထားသော ဒေါ်လာ ၈၀,၀၀၀ ပြန်အမ်းငွေရရန် စောင့်ဆိုင်းနေကြသည်။)
ယခုလအစောပိုင်းတွင် Miray အေဂျင်စီ၏ ပိုင်ရှင် Vedat က ပြောခဲ့သည်မှာ ငွေမလုံလောက်မှုနှင့် လူစိတ်ဝင်စားခြင်း နည်းပါးမှုတို့ကြောင့် ခရီးစဉ် ဖျက်သိမ်းခြင်းဖြစ်ကြောင်း ပြောသည်။
“အဖြေရှာဖို့အတွက် ကျွန်တော်တို့ အရာရာ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးအချိန်ထိ ရင်းနှီးမြှုပ်နှံသူ မရှိတဲ့အပြင် လက်မှတ်တွေလည်း သိပ်မရောင်းခဲ့ရဘူး။”ဟု Vedat က ပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Couple who sold their apartment and most of their belongings to embark on three-year cruise forced to live in a hotel room after voyage gets canceled (dailymail)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service