ဘွဲ့ရတစ်ယောက်မဟုတ်သော်လည်း တနှစ်လျှင် ဒေါ်လာ ၆၀၀၀၀၀ ကျော် ဝင်ငွေရှိသူ အသက် ၂၉ နှစ်အရွယ် မိန်းကလေး

ဘွဲ့ရတစ်ယောက်မဟုတ်သော်လည်း တနှစ်လျှင် ဒေါ်လာ ၆၀၀၀၀၀ ကျော် ဝင်ငွေရှိသူ အသက် ၂၉ နှစ်အရွယ် မိန်းကလေး - Property Knowledge in Myanmar from iMyanmarHouse.com
8 Jan 2024 10:59 am တွင် တင်ခဲ့သည်
1187 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

ဂျင်းနီ ငုယင် (Jenny Nguyen) သည် နယူးယောက်ရှိ Hofstra တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။

တတိယနှစ်သို့ ရောက်သောအခါ မိဘများအားကူညီရန် နှင့် မွေးချင်းအငယ်သုံးယောက်အား ငွေကြေးထောက်ပံ့နိုင်ရေးအတွက် အချိန်ပြည့်အလုပ်လုပ်ရန်အတွက် ကျောင်းထွက်ခဲ့သည်။

ထိုအချိန်က မိသားစုအားလုံး နယူးယောက်တွင် နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် နယူးယောက်မှ လော့အိန်ဂျလိသို့ ပြောင်းရွှေ့ခဲ့၏။

ထိုအချိန်တွင် ငုယင်သည် အစိုးရ စာသင်ကျောင်းရပ်ကွက်တစ်ခုတွင် အစားထိုးဆရာမတစ်ဦးအဖြစ် လုပ်ကိုင်နေသည်။ ရှေ့ဆက်၍လည်း လော့စ်အိန်ဂျလိတွင် စာသင်ခြင်းဖြင့်အသက်မွေးဝမ်းကြောင်းပြုရန် တွေးထားသည်။

သို့သော် စာသင်သောအလုပ်မှ ဝင်ငွေများများစားစားမရခြင်းကြောင့် အလုပ်သစ်၊ နယ်ပယ်အသစ်တစ်ခုတွင် ကြိုးစားကြည့်လိုသည့် ဆန္ဒရှိနေသော်လည်း ဘာလုပ်ရမှန်းမသိဖြစ်နေသည်။

 

 

(အလုပ်များသည့်အခါမျိုးဆိုလျှင် တစ်ပတ်လျှင် နာရီပေါင်း ၈၀ မှ ၁၀၀ ကြား အလုပ်လုပ်ရကြောင်း ဂျင်းနီ ငုယင်က ပြောသည်။ ဓာတ်ပုံ-Andrew Evers)

 

ထို့နောက်တွင် ကိုဗစ်ကပ်ဘေးကြီး ဆိုက်လာခဲ့သည်။

လော့ဒေါင်းကာလအတွင်း အိမ်တွင်သာ နေထိုင်ချိန်ကာလအတွင်း ငုယင်သည် အင်စတာဂရမ် မှ လက်သည်းအလှအနုပညာရှင်များကို Follow လုပ်ထားပြီး ၎င်းတို့၏လက်ရာများကို အမြဲလေ့လာခဲ့၏။ မိမိလည်း ကြိုးစားကြည့်ရန် အတွေးဝင်ခဲ့သည်။

လအနည်းငယ် လေ့လာလိုက်ရာ အတော်ကျွမ်းကျင်လာသည်။

၂၀၂၁ ခုနှစ်အစပိုင်းတွင် ကယ်လီဖိုးနီးယားပြည်နယ်ရှိ Advance Beauty College မှ လက်သည်းအလှပြင် ပညာရှင်လိုင်စင်တခုကို ဒေါ်လာကိုးထောင်ကုန်ကျသည့် ရက်တို ပရိုဂရမ်တက်ရောက်ကာ ရယူခဲ့သည်။

ငုယင်က သူ၏ဝန်ဆောင်မှုကို အင်စတာဂရမ်တွင် ကြော်ငြာခြင်း၊ ဓါတ်ပုံဆရာများနှင်ချိတ်ဆက်ကာ ၎င်းတို့၏ ရိုက်ကွင်းများတွင် အခမဲ့လက်သည်းအလှပြင်ပေးခြင်းဖြင့် လူသိများအောင် တည်ဆောက်ခဲ့သည်။

သူ၏ လက်ရာဒီဇိုင်းများသည် Tiktok နှင့် Instagram တို့တွင့် မြန်မြန်ဆန်ဆန် လူသိများလာပြီး လူမှုကွန်ရက် influencer များနှင့် အကျော်အမော်များက ဆက်သွယ်လာကာ ရက်ချိန်းတောင်းခြင်းများ ပြုလုပ်လာကြသည်။

“လူမှုကွန်ရက်မှာ ကြော်ငြာတာနဲ့ customer တွေရဲ့ လက်ဆင့်ကမ်းလမ်းညွှန်ကြတာတွေကြောင့် ဖောက်သည်တွေ တိုးလာခဲ့ပါတယ်”ဟု ငုယင်က ပြောသည်။

အသက် ၂၉ နှစ်အရွယ်ရှိ ဂျင်းနီ ငုယင်သည် ယခုအခါ နာမည်ကြီး Nail Artist တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ငုယင်သည် လော့စ်အိန်ဂျလိမြို့လယ်တွင် JennPaintt Nail Lounge အမည်ရှိ သူ၏ဆိုင်ကိုဖွင့်လှစ်ခဲ့သည်။

လက်သည်းအလှပြင်ခြင်းမှသည် မျက်တောင်တုတပ်ခြင်းမျိုးအထိ ဝန်ဆောင်မှုအမျိုးမျိုးပေးသော်လည်း ငုယင်အဓိက နာမည်ကြီးသည်မှာ လက်သည်းအလှပြင်ခြင်း ဖြစ်သည်။

လက်သည်းအလှဆင်ခြင်း အနုပညာလက်ရာသည် ရက်သတ္တပတ်အနည်းငယ်သာခံသော်လည်း ဟောလိဝုဒ် အကျော်အမော်များကို ဝန်ဆောင်မှုပေးရာတွင် ဒေါ်လာ ၅၀၀ အထိရသည်။

ဂျယ်ဆေးဆိုးခြင်း၊ အရောင်တင်ခြင်း၊ ကျောက်မျက်ရတနာများ၊ စတစ်ကာများနှင့် အခြားပစ္စည်းများကို အသုံးပြု၍ ငုယင်သည် လက်သည်းပေါ်တွင် အနုစိတ်တိမ်တိုက်တစ်ခုပုံ (သို့မဟုတ်) နွေဦးပန်းစည်းတစ်ခုပုံ အနုပညာလက်ရာများကို ဖန်တီးနိုင်စွမ်း ရှိသည်။ ထိုလက်ရာဒီဇိုင်းများသည် ပုံမှန်အားဖြင့် ရက်သတ္တနှစ်ပတ်မှ သုံးပတ်ကြာသာခံတတ်သည်။

ငုယင်၏အကျော်ကြားဆုံးဖောက်သည်များတွင် Paris Hilton နှင့် Hailey Bieber တို့ပါဝင်သော်လည်း သူ၏ဆိုင်သည် အကျော်အမော်မဟုတ်သူများအတွက်လည်း ဝန်ဆောင်မှုပေးသည်။

ငုယင်၏ လက်ရာဒီဇိုင်းများကို Apple၊ Converse နှင့် Chanel ကဲ့သို့သော ကုမ္ပဏီများ၏ ကြော်ငြာများတွင်လည်း ထည့်သွင်းအသုံးပြုခြင်းခံရသည်။

CNBC Make It မှ ကြည့်ရှုခွင့်ရသော အကောက်ခွန်စာရွက်စာတမ်းများအရ ၂၀၂၂ ခုနှစ်အတွင်း ငုယင်၏ ဆိုင်သည် ဒေါ်လာ ၆၀၀၀၀၀ ကျော်ရရှိခဲ့သည်ဟု ဆိုသည်။

ပုံမှန်အားဖြင့် ရက်သတ္တပတ်လျှင် ဖောက်သည် ၃၀၀ ခန့်ရှိကြောင်း ငုယင်က ပြောပြသည်။ လက်ရှိတွင် အိမ်ထောင်ဖက်ဖြစ်သူ Bryan Truong အပါအဝင် ဝန်ထမ်း ၁၆ ဦး ရှိသည်။ Bryan Truong က ငုယင်နှင့်အတူ ဆိုင်ကို ပူးတွဲပိုင်ဆိုင်ပြီး စီမံခန့်ခွဲနေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This 29-year-old brings in more than $600,000 a year without a college degree—here's how (cnbc)

 

 

 

 

[Zawgyi]

 

ဘြဲ႕ရတစ္ေယာက္မဟုတ္ေသာ္လည္း တႏွစ္လွ်င္ ေဒၚလာ ၆၀၀၀၀၀ ေက်ာ္ ၀င္ေငြရွိသူ အသက္ ၂၉ ႏွစ္အရြယ္ မိန္းကေလး

 

ဂ်င္းနီ ငုယင္ (Jenny Nguyen) သည္ နယူးေယာက္ရွိ Hofstra တကၠသိုလ္တြင္ ပညာသင္ၾကားခဲ့သည္။

တတိယႏွစ္သို႔ ေရာက္ေသာအခါ မိဘမ်ားအားကူညီရန္ ႏွင့္ ေမြးခ်င္းအငယ္သံုးေယာက္အား ေငြေၾကးေထာက္ပံ့ႏိုင္ေရးအတြက္ အခ်ိန္ျပည့္အလုပ္လုပ္ရန္အတြက္ ေက်ာင္းထြက္ခဲ့သည္။

ထိုအခ်ိန္က မိသားစုအားလံုး နယူးေယာက္တြင္ ေနထိုင္ခဲ့ၾကျခင္း ျဖစ္သည္။

၂၀၁၉ ခုႏွစ္တြင္ နယူးေယာက္မွ ေလာ့အိန္ဂ်လိသို႔ ေျပာင္းေရႊ႕ခဲ့၏။

ထိုအခ်ိန္တြင္ ငုယင္သည္ အစိုးရ စာသင္ေက်ာင္းရပ္ကြက္တစ္ခုတြင္ အစားထိုးဆရာမတစ္ဦးအျဖစ္ လုပ္ကိုင္ေနသည္။ ေရွ႕ဆက္၍လည္း ေလာ့စ္အိန္ဂ်လိတြင္ စာသင္ျခင္းျဖင့္အသက္ေမြး၀မ္းေၾကာင္းျပဳရန္ ေတြးထားသည္။

သို႔ေသာ္ စာသင္ေသာအလုပ္မွ ဝင္ေငြမ်ားမ်ားစားစားမရျခင္းေၾကာင့္ အလုပ္သစ္၊ နယ္ပယ္အသစ္တစ္ခုတြင္ ၾကိဳးစားၾကည့္လိုသည့္ ဆႏၵရွိေနေသာ္လည္း ဘာလုပ္ရမွန္းမသိျဖစ္ေနသည္။

(အလုပ္မ်ားသည့္အခါမ်ဳိးဆိုလွ်င္ တစ္ပတ္လွ်င္ နာရီေပါင္း ၈၀ မွ ၁၀၀ ၾကား အလုပ္လုပ္ရေၾကာင္း ဂ်င္းနီ ငုယင္က ေျပာသည္။ ဓာတ္ပံု-Andrew Evers)

ထို႔ေနာက္တြင္ ကုိဗစ္ကပ္ေဘးၾကီး ဆိုက္လာခဲ့သည္။

ေလာ့ေဒါင္းကာလအတြင္း အိမ္တြင္သာ ေနထိုင္ခ်ိန္ကာလအတြင္း ငုယင္သည္ အင္စတာဂရမ္ မွ လက္သည္းအလွအႏုပညာရွင္မ်ားကို Follow လုပ္ထားျပီး ၎တို႔၏လက္ရာမ်ားကို အျမဲေလ့လာခဲ့၏။ မိမိလည္း ႀကိဳးစားၾကည့္ရန္ အေတြး၀င္ခဲ့သည္။

လအနည္းငယ္ ေလ့လာလိုက္ရာ အေတာ္ကၽြမ္းက်င္လာသည္။

၂၀၂၁ ခုႏွစ္အစပိုင္းတြင္ ကယ္လီဖိုးနီးယားျပည္နယ္ရွိ Advance Beauty College မွ လက္သည္းအလွျပင္ ပညာရွင္လိုင္စင္တခုကို ေဒၚလာကိုးေထာင္ကုန္က်သည့္ ရက္တို ပ႐ိုဂရမ္တက္ေရာက္ကာ ရယူခဲ့သည္။

ငုယင္က သူ၏ဝန္ေဆာင္မႈကို အင္စတာဂရမ္တြင္ ေၾကာ္ျငာျခင္း၊ ဓါတ္ပံုဆရာမ်ားႏွင္ခ်ိတ္ဆက္ကာ ၎တို႔၏ ရိုက္ကြင္းမ်ားတြင္ အခမဲ့လက္သည္းအလွျပင္ေပးျခင္းျဖင့္ လူသိမ်ားေအာင္္ တည္ေဆာက္ခဲ့သည္။

သူ၏ လက္ရာဒီဇိုင္းမ်ားသည္ Tiktok ႏွင့္ Instagram တို႔တြင့္ ျမန္ျမန္ဆန္ဆန္ လူသိမ်ားလာၿပီး လူမႈကြန္ရက္ influencer မ်ားႏွင့္ အေက်ာ္အေမာ္မ်ားက ဆက္သြယ္လာကာ ရက္ခ်ိန္းေတာင္းျခင္းမ်ား ျပဳလုပ္လာၾကသည္။

“လူမႈကြန္ရက္မွာ ေၾကာ္ျငာတာနဲ႔ customer ေတြရဲ႕ လက္ဆင့္ကမ္းလမ္းညႊန္ၾကတာေတြေၾကာင့္ ေဖာက္သည္ေတြ တိုးလာခဲ့ပါတယ္”ဟု ငုယင္က ေျပာသည္။

အသက္ ၂၉ ႏွစ္အရြယ္ရွိ ဂ်င္းနီ ငုယင္သည္ ယခုအခါ နာမည္ၾကီး Nail Artist တစ္ဦး ျဖစ္လာခဲ့ျပီ ျဖစ္သည္။

၂၀၂၂ ခုႏွစ္ ဇန္နဝါရီလတြင္ ငုယင္သည္ ေလာ့စ္အိန္ဂ်လိၿမိဳ႕လယ္တြင္ JennPaintt Nail Lounge အမည္ရွိ သူ၏ဆိုင္ကိုဖြင့္လွစ္ခဲ့သည္။

လက္သည္းအလွျပင္ျခင္းမွသည္ မ်က္ေတာင္တုတပ္ျခင္းမ်ဳိးအထိ ဝန္ေဆာင္မႈအမ်ဳိးမ်ဳိးေပးေသာ္လည္း ငုယင္အဓိက နာမည္ၾကီးသည္မွာ လက္သည္းအလွျပင္ျခင္း ျဖစ္သည္။

လက္သည္းအလွဆင္ျခင္း အႏုပညာလက္ရာသည္ ရက္သတၱပတ္အနည္းငယ္သာခံေသာ္လည္း ေဟာလိဝုဒ္ အေက်ာ္အေမာ္မ်ားကို ဝန္ေဆာင္မႈေပးရာတြင္ ေဒၚလာ ၅၀၀ အထိရသည္။

ဂ်ယ္ေဆးဆိုးျခင္း၊ အေရာင္တင္ျခင္း၊ ေက်ာက္မ်က္ရတနာမ်ား၊ စတစ္ကာမ်ားႏွင့္ အျခားပစၥည္းမ်ားကို အသုံးျပဳ၍ ငုယင္သည္ လက္သည္းေပၚတြင္ အႏုစိတ္တိမ္တိုက္တစ္ခုပံု (သို႔မဟုတ္) ေႏြဦးပန္းစည္းတစ္ခုပံု အႏုပညာလက္ရာမ်ားကို ဖန္တီးနိုင္စြမ္း ရွိသည္။ ထိုလက္ရာဒီဇိုင္းမ်ားသည္ ပုံမွန္အားျဖင့္ ရက္သတၱႏွစ္ပတ္မွ သုံးပတ္ၾကာသာခံတတ္သည္။

ငုယင္၏အေက်ာ္ၾကားဆုံးေဖာက္သည္မ်ားတြင္ Paris Hilton ႏွင့္ Hailey Bieber တို႔ပါဝင္ေသာ္လည္း သူ၏ဆိုင္သည္ အေက်ာ္အေမာ္မဟုတ္သူမ်ားအတြက္လည္း ဝန္ေဆာင္မႈေပးသည္။

ငုယင္၏ လက္ရာဒီဇိုင္းမ်ားကို Apple၊ Converse ႏွင့္ Chanel ကဲ့သို႔ေသာ ကုမၸဏီမ်ား၏ ေၾကာ္ျငာမ်ားတြင္လည္း ထည့္သြင္းအသံုးျပဳျခင္းခံရသည္။

CNBC Make It မွ ၾကည့္ရႈခြင့္ရေသာ အေကာက္ခြန္စာရြက္စာတမ္းမ်ားအရ ၂၀၂၂ ခုႏွစ္အတြင္း ငုယင္၏ ဆိုင္သည္ ေဒၚလာ ၆၀၀၀၀၀ ေက်ာ္ရရွိခဲ့သည္ဟု ဆိုသည္။

ပုံမွန္အားျဖင့္ ရက္သတၱပတ္လွ်င္ ေဖာက္သည္ ၃၀၀ ခန႔္ရွိေၾကာင္း ငုယင္က ေျပာျပသည္။ လက္ရွိတြင္ အိမ္ေထာင္ဖက္ျဖစ္သူ Bryan Truong အပါအဝင္ ဝန္ထမ္း ၁၆ ဦး ရွိသည္။

Bryan Truong က ငုယင္ႏွင့္အတူ ဆိုင္ကို ပူးတြဲပိုင္ဆိုင္ၿပီး စီမံခန႔္ခြဲေနသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: This 29-year-old brings in more than $600,000 a year without a college degree—here's how (cnbc)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service