အာမခံပစ္စည်းထားရှိ၍ ငွေချေးရာတွင် သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

အာမခံပစ္စည်းထားရှိ၍ ငွေချေးရာတွင် သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
6 Jan 2024 10:49 am တွင် တင်ခဲ့သည်
535 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

 

အာမခံပစ္စည်းထားရှိကာ ငွေချေးမည်ဆိုပါက ထိုအာမခံပစ္စည်းမှာ ချေးယူငွေ၊ အတိုးငွေ များနှင့် ကိုက်ညီ လုံလောက်မှုရှိသည့် တန်ဖိုးငွေဖြစ်ရန် လိုအပ်သည်။ သို့မှသာ ငွေချေးသူမှာ ချေးငွေအား ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိပါက အဆိုပါပစ္စည်းအား ထုခွဲရောင်းချလျှင် အဆင်ပြေမည်ဖြစ်သည်။

ဘဏ်များတွင် အာမခံပစ္စည်းထားရှိ၍ ငွေချေးလျှင် ငွေချေးသူမှာ အဆိုပါပစ္စည်းအား ပိုင်ဆိုင်မှု ခိုင်မာခြင်းရှိမရှိ သေချာစစ်ဆေးသည်။

ချေးယူငွေ မကျေမချင်း ဘဏ်သည် အာမခံပစ္စည်းနှင့် ပိုင်ဆိုင်မှု စာရွက်စာတမ်းများကို လက်ဝယ်ထားရှိပိုင်ခွင့် အခွင့်အရေးရှိသည်။

သာမာန်အားဖြင့် ဘဏ်သည့် ငွေချေးသူအား အကျင့်စရိတ္တ ကောင်းမွန်ခြင်းရှိမရှိ ဝင်ငွေ ရလမ်း ကောင်းမကောင်း၊ ချေးငွေအား ပြန်လည်ပေးဆပ်နိုင်သော အရည်အချင်း ရှိမရှိ၊ ချေးငွေအတွက် ဘဏ်မှချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်ခြင်း ရှိမရှိ စီစစ်သည်။ အာမခံပစ္စည်းဖြင့် ငွေချေးသည့်အခါတိုင်း တန်ဖိုးငွေ စီစစ်ရန် ရာဖြတ်ကိုလဲ ခန့်အပ်ထားရှိသည်။

ဘဏ်များသည် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများအား အာမခံပစ္စည်းအဖြစ်ထားရှိကာ လက်ခံငွေချေးမည်ဆိုပါက မြေပုံမြေရာဇဝင်ကို စစ်ဆေးကြည့်ရှုသည့်အပြင် မြေပိုင်ဆိုင်မှုကို သေချာစွာ စစ်ဆေးသည်။ ထို့အပြင် ဘဏ်ရှေ့နေမှ ပိုင်ဆိုင်ခွင့်မှာ အငြင်းပွှားမှုရှိမရှိ ၊ အခြားသူများမှ အဆိုပါ အာမခံပစ္စည်းအား အကျိုးခံစားခွင့်ရှိမရှိ စစ်ဆေးသည်။

ငွေချေးရာ၌ မြေပိုင်ဆိုင်မှု မြေငှားဂရန်အမည်ပေါက်အပြင် မြေပုံ၊မြေရာဇဝင်၊ မြေခွန်ပြေစာ၊ အရောင်းအဝယ်မှတ်ပုံတင်စာချုပ်များ၊ ကျမ်းကျိန်လွှာတို့အား ဘဏ်၏ သတ်မှတ်လျှောက်လွှာနှင့် အတူ ပူးတွဲတင်ပြကာ ငွေချေးရသည်။ ဘဏ်ရှေ့နေနှင့် ရာဖြတ်တို့မှ စီစစ်ပြီး ၎င်းတို့တင်ပြသည့် အစီရင်ခံစာများအရ ဘဏ်က ငွေချေးနိုင်သူ ၊ ငွေပြန်လည် ပေးဆပ်နိုင်သူ ဖြစ်မှသာ ငွေထုတ်ချေးသည်။ သာမန်အားဖြင့် အာမခံပစ္စည်းအား အမှန်တကယ်ရောင်းချရလျှင် အတင်းအကျပ်ရောင်းဈေး၏ ၃၀% ၄၀% ကိုသာ ဘဏ်မှ ငွေထုတ်ချေးပါသည်။

ချေးငွေအား လက်ခံသည့်အခါ ဘဏ်၏ စည်းကမ်းချက်များနှင့် အာမခံပစ္စည်းအတွက် စာချုပ်ချုပ်ဆိုပြီးမှသာ ငွေထုတ်ချေးသည်။ ပေါင်နှံသူမှာ အိမ်ထောင်ရှိပါက လင်မယားနှစ်ဦး စလုံးအား လက်မှတ်ရေးထိုးစေပြီး အသိသက်သေအဖြစ် အနည်းဆုံးနှစ်ဦးအား လက်မှတ်ရေးထိုးစေပါသည်။ တနည်းဆိုရသော် ဘဏ်များသည့် အပေါင်စာချုပ်အား မှတ်ပုံတင်စာချုပ်ချုပ်ဆိုကာ ပိုင်ဆိုင်မှု စာချုပ်စာတမ်းများအား လက်ဝယ်ထား၍ ငွေချေးခြင်းပင်ဖြစ်သည်။

ထို့အပြင် ဘဏ်သည် ငွေချေးသူမှ ကတိပြုချက်အတိုင်း ငွေပြန်လည် ပေးဆပ်နိုင်ခြင်း မရှိပါက ပျက်ကွက်သည့်နေ့မှ ၁၄ ရက်အတွင်း နို့တစ်စာထုတ်ကာ တရားစွဲပိုင်ခွင့်လဲရှိကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသား ဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

 

[Zawgyi]

 















 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service