အခွင့်ရကိုယ်စားလှယ်နှင့် တရားဝင်ကိုယ်စားလှယ်ကွာခြားမှုအကြောင်း ဥပဒေ ဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အခွင့်ရကိုယ်စားလှယ်နှင့် တရားဝင်ကိုယ်စားလှယ်ကွာခြားမှုအကြောင်း ဥပဒေ ဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
23 Dec 2023 1:24 pm တွင် တင်ခဲ့သည်
1374 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

ကိုယ်စားလှယ်နှင့် တရားဝင်ကိုယ်စားလှယ်မှာ မတူပါဘူး။ အမှုတစ်ခုတွင် သက်ရှိထင်ရှားရှိသူ တစ်ဦးမှ အမှုအတော်အတွင်း ၎င်း၏ ကိုယ်စားအမှုတွင် ပြောဆိုချေပခွင့် ၊ လက်မှတ်ရေးထိုးပိုင်ခွင့် ၊ သက်သေများတင်ပြခွင့်အား ကိုယ်စားလှယ်ခန့်အပ်ထားရှိနိုင်ပြီး ထိုသူအား အခွင့်ရကိုယ်စားလှယ်ဟု ခေါ်ဆိုပါသည်။

တရားဝင်ကိုယ်စားလှယ်ဆိုသည်မှာ များသောအားဖြင့် အမွေဆက်ခံခွင့်ရှိသူ မိသားစုဝင်ထဲမှ ကွန်လွန်သူ အမှုသည်၏ ကိုယ်စားပါဝင်လာသူကို ဆိုလိုပါသည်။

တရားဝင်ကိုယ်စားလှယ်အဖြစ် ထည့်သွင်းလိုပါက ကာလစည်းကမ်းသတ်အတွင်း လျှောက်ထားရပါမည်။ ထို့သို့လျှောက်ထားပါက တရားဝင်ကိုယ်စားလှယ်အဖြစ် အမှုတွင် ပါဝင်လာမည်ဖြစ်ကာ အမှုမှာရပ်စဲသွားခြင်း မရှိပါ။ အခြားပုဂ္ဂိုလ်တစ်ဦးက ကွယ်လွန်သူ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် လျှောက်ထားမှုရှိလာပါကလဲ တရားမကျင့်ထုံး ဥပဒေ အမိန့်-၁ ၊ နည်းဥပဒေ-၁၀နှင့်အညီ တရားရုံး မှ စီစစ်ကာ ပါဝင်ခွင့်ပြုနိုင်ပါသည်။

မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို လွှဲပြောင်းရန် ပဋိဉာဉ်လဲချုပ်ဆိုပြီးသော ကိစ္စရပ်များတွင် ကတိပြုသူ ကွယ်လွန်ပါက အမွေစားအမွေခံများအား ဆက်လက် ဆောင်ရွက်ပေးရန် ကတိရသူမှ တောင်းဆိုခွင့်ရှိပါသည်။

အရောင်းအဝယ်စာချုပ်များတွင် ရောင်းသူဝယ်သူအပြင် ၎င်းတို့ တရားဝင်ကိုယ်စားလှယ်များ၊ အမွေဆက်ခံခွင့်ရှိသူများ၊ အမွေစား အမွေခံများပါ ပါဝင်ကြောင်း ထည့်သွင်းချုပ်ဆိုခြင်း များရှိပြီး တရားမမှုများတွင်လဲ တရားဝင်ကိုယ်စားလှယ်အဖြစ် ပါဝင်လိုပါက အမှုသည်ကွယ်လွန်ပြီး ရက်ပေါင်း(၉၀) အတွင်း တရားရုံးသို့ တရားဝင်လျှောက်ထားရပါမည်။ တရားမကျင့်ထုံးဥပဒေ အမိန့်-၇ ၊ နည်းဥပဒေ-၁အရ တရားမမှုများတွင် အမှုသည်အား ကိုယ်တိုင်လာ ရောက်ရန် ညွှန်ကြားထားသည့်ကိစ္စမှာတစ်ပါး အမှုသည်ကိုယ်စား ၎င်း၏ရှေ့နေ ၊ ကိုယ်စားလှယ်အား တရားရုံးသို့ လာရောက်ရန် ခွင့်ပြုနိုင်ပါသည်။မိမိပိုင်ဆိုင်သည့်ပစ္စည်းဖြစ်ကြောင်း မြွတ်ဟကြေညာပေးစေလိုမှုတွင် တရားလို သေဆုံးလျှင် အမှုမှာ ရပ်ဆဲသွားပြီး တရားဝင်ကိုယ်စားလှယ် ပါဝင်ခွင့်မရှိပါ။

တရားလို၊ တရားပြိုင် တစ်ဦးထက် ပိုရှိလျှင် အမှုသည် တစ်ဦးသေဆုံးရုံဖြင့် အမှုမှာ မပျက်ပြယ်သွားပါ။ သို့သော် သေဆုံးသည့်တရားပြိုင်မှာ အဓိက လိုအပ်သော အမှုသည်ဖြစ်နေလျှင် အမွေစား ၊ အမွေခံများအား တရားဝင်ကိုယ်စားလှယ်အဖြစ် ထည့်သွင်းနိုင်ရန် တရားရုံးမှ တရားလိုအား အဆိုလွှာကို ပြင်ဆင်ခွင့်ပြုနိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါသည်။

အမွေဆက်ခံခွင့်လက်မှတ် လျှောက်ထားမှုများတွင်လဲ အမှုသည်သေဆုံးပါက တရားဝင် ကိုယ်စားလှယ်အဖြစ် ပါဝင်ကာ လျှောက်ထားဆာင်ရွက်ခွင့်မရှိကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

 

အခြင့္ရကိုယ္စားလွယ္ႏွင့္ တရားဝင္ကိုယ္စားလွယ္ကြာျခားမႈအေၾကာင္း ဥပေဒ ဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပေပးလိုက္ပါသည္။

 

ကိုယ္စားလွယ္ႏွင့္ တရားဝင္ကိုယ္စားလွယ္မွာ မတူပါဘူး။ အမႈတစ္ခုတြင္ သက္႐ွိထင္႐ွား႐ွိသူ တစ္ဦးမွ အမႈအေတာ္အတြင္း ၎၏ ကိုယ္စားအမႈတြင္ ေျပာဆိုေခ်ပခြင့္ ၊ လက္မွတ္ေရးထိုးပိုင္ခြင့္ ၊ သက္ေသမ်ားတင္ျပခြင့္အား ကိုယ္စားလွယ္ ခန္႔အပ္ထား႐ွိႏိုင္ၿပီး ထိုသူအား အခြင့္ရကိုယ္စားလွယ္ဟု ေခၚဆိုပါသည္။

တရားဝင္ကိုယ္စားလွယ္ဆိုသည္မွာ မ်ားေသာအားျဖင့္ အေမြဆက္ခံခြင့္႐ွိသူ မိသားစုဝင္ထဲမွ ကြန္လြန္သူ အမႈသည္၏ ကိုယ္စားပါဝင္လာသူကို ဆိုလိုပါသည္။

တရားဝင္ကိုယ္စားလွယ္အျဖစ္ ထည့္သြင္းလိုပါက ကာလစည္းကမ္းသတ္အတြင္း ေလွ်ာက္ထားရပါမည္။ ထို႔သို႔ေလွ်ာက္ထားပါက တရားဝင္ကိုယ္စားလွယ္အျဖစ္ အမႈတြင္ ပါဝင္လာမည္ျဖစ္ကာ အမႈမွာ ရပ္စဲသြားျခင္း မ႐ွိပါ။ အျခားပုဂၢိဳလ္တစ္ဦးက ကြယ္လြန္သူ၏ တရားဝင္ ကိုယ္စားလွယ္အျဖစ္ ေလွ်ာက္ထားမႈ႐ွိလာပါကလဲ တရားမ က်င့္ထုံး ဥပေဒ အမိန္႔-၁ ၊ နည္းဥပေဒ-၁၀ႏွင့္အညီ တရား႐ုံး မွ စီစစ္ကာ ပါဝင္ခြင့္ျပဳႏိုင္ပါသည္။

မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ားကို လႊဲေျပာင္းရန္ ပဋိဉာဥ္လဲခ်ဳပ္ဆိုၿပီးေသာ ကိစၥရပ္မ်ားတြင္ ကတိျပဳသူ ကြယ္လြန္ပါက အေမြစားအေမြခံမ်ားအား ဆက္လက္ ေဆာင္႐ြက္ေပးရန္ ကတိရသူမွ ေတာင္းဆိုခြင့္႐ွိပါသည္။

အေရာင္းအဝယ္စာခ်ဳပ္မ်ားတြင္ ေရာင္းသူဝယ္သူအျပင္ ၎တို႔ တရားဝင္ကိုယ္စားလွယ္မ်ား၊ အေမြဆက္ခံခြင့္႐ွိသူမ်ား၊ အေမြစား အေမြခံမ်ားပါ ပါဝင္ေၾကာင္း ထည့္သြင္းခ်ဳပ္ဆိုျခင္း မ်ား႐ွိၿပီး တရားမမႈမ်ားတြင္လဲ တရားဝင္ကိုယ္စားလွယ္အျဖစ္ ပါဝင္လိုပါက အမႈသည္ကြယ္လြန္ၿပီး ရက္ေပါင္း(၉၀) အတြင္း တရား႐ုံးသို႔ တရားဝင္ေလွ်ာက္ထားရပါမည္။ တရားမက်င့္ထုံးဥပေဒ အမိန္႔-၇ ၊ နည္းဥပေဒ-၁အရ တရားမမႈမ်ားတြင္ အမႈသည္အား ကိုယ္တိုင္လာ ေရာက္ရန္ ၫႊန္ၾကားထားသည့္ကိစၥမွာတစ္ပါး အမႈသည္ကိုယ္စား ၎၏ေ႐ွ႕ေန ၊ ကိုယ္စားလွယ္အား တရား႐ုံးသို႔ လာေရာက္ရန္ ခြင့္ျပဳႏိုင္ပါသည္။မိမိပိုင္ဆိုင္သည့္ပစၥည္းျဖစ္ေၾကာင္း ႁမြတ္ဟေၾကညာေပးေစလိုမႈတြင္ တရားလို ေသဆုံးလွ်င္ အမႈမွာ ရပ္ဆဲသြားၿပီး တရားဝင္ကိုယ္စားလွယ္ ပါဝင္ခြင့္မ႐ွိပါ။

တရားလို၊ တရားၿပိဳင္ တစ္ဦးထက္ ပို႐ွိလွ်င္ အမႈသည္ တစ္ဦးေသဆုံး႐ုံျဖင့္ အမႈမွာ မပ်က္ျပယ္သြားပါ။ သို႔ေသာ္ ေသဆုံးသည့္တရားၿပိဳင္မွာ အဓိက လိုအပ္ေသာ အမႈသည္ျဖစ္ေနလွ်င္ အေမြစား ၊ အေမြခံမ်ားအား တရားဝင္ကိုယ္စားလွယ္အျဖစ္ ထည့္သြင္းႏိုင္ရန္ တရား႐ုံးမွ တရားလိုအား အဆိုလႊာကို ျပင္ဆင္ခြင့္ျပဳႏိုင္ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပလိုက္ရပါသည္။

အေမြဆက္ခံခြင့္လက္မွတ္ ေလွ်ာက္ထားမႈမ်ားတြင္လဲ အမႈသည္ေသဆုံးပါက တရားဝင္ ကိုယ္စားလွယ္အျဖစ္ ပါဝင္ကာ ေလွ်ာက္ထားဆာင္႐ြက္ခြင့္မ႐ွိေၾကာင္း ေျဖဆို ေရးသားေပးလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service