စူပါမင်းဇာတ်ကားဖြင့် နာမည်ကြီးခဲ့သူ George Reeves သရဲဖြစ်ကာ ခြောက်လှန့်နေသော လော့စ်အိန်ဂျလိ စံအိမ်
စူပါမင်းဇာတ်ကားဖြင့် နာမည်ကြီးခဲ့သူ George Reeves သရဲဖြစ်ကာ ခြောက်လှန့်နေသော လော့စ်အိန်ဂျလိ စံအိမ် - Property News in Myanmar from iMyanmarHouse.com
4 Sep 2023 11:43 am တွင် တင်ခဲ့သည်
1244 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
(တည်နေရာ-အမှတ် ၁၅၇၉၊ Benedict Canyon Dr လမ်း၊ Beverly Hills အရပ်၊ လော့စ်အိန်ဂျလိမြို့၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု။ စံအိမ်တန်ကြေး- ကန်ဒေါ်လာ ၁ ဒသမ ၁ သန်း ဝန်းကျင်)
ဂျော့ချ်ရိဗ် (မွေး ၁၉၁၄ - ကွယ်လွန် ၁၉၅၉) သည် အမေရိကန်ရုပ်ရှင်မင်းသားဖြစ်ပြီး ၁၉၅၂ မှ ၁၉၅၈ အထိ ထုတ်လွှင့်ပြသခဲ့သော Adventures of Superman ရုပ်သံဇာတ်လမ်းတွဲတွင် စူပါမန်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် လူသိများခဲ့သူ ဖြစ်သည်။
၁၉၅၉ ခုနှစ် ဇွန်လ ၁၆ ရက် မနက် ၁း၃၀ မှ ၂း၀၀ အကြား Benedict Canyon Dr လမ်း၊ Beverly Hills အရပ် စံအိမ်တွင် ဦးခေါင်းတွင် သေနတ်ဒဏ်ရာ တစ်ချက်ဖြင့် ဂျော့ချ်ရိဗ် သေဆုံးခဲ့ကြောင်း လော့စ်အိန်ဂျလိ ရဲတပ်ဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြသည်။
ဂျော့ချ်ရိဗ် သေဆုံးချိန်တွင် သူ၏ စံအိမ်၌ သူနှင့် စေ့စပ်ထားသူ မိန်းကလေး Lemmon အပြင် အခြားဧည့်သည်များ ပါတီပွဲအတွက် ရောက်ရှိနေချိန်ဖြစ်သည်။
Lemmon က ရဲတပ်ဖွဲ့သို့ ပြောသည်မှာ မိမိတို့ဧည့်ခန်းတွင် ရှိနေစဉ် သေနတ်သံတစ်ချက် ကြားခဲ့ရကြောင်း ပြောသည်။
ဂျော့ချ်ရိဗ်၏ အသက်ကို နှုတ်ယူခဲ့သော ကျည်ဆံကို သူ၏ အိပ်ခန်းမျက်နှာကြက်မှ ရှာဖွေတွေ့ရှိခဲ့ပြီး ကျည်ဆံခွံကို သူ၏ ခန္ဓာကိုယ်အောက်မှ တွေ့ရှိခဲ့သည်။
ဂျော့ချ်ရိဗ် သေဆုံးသွားခဲ့ရမှုတွင် မဖြေရှင်းနိုင်သည့် မေးခွန်းများ ရှိနေနိုင်သော်လည်း မျက်မြင်သက်သေများနှင့် သဲလွန်စများအရ မိမိကိုယ်ကို အဆုံးစီရင်မှုအဖြစ် တရားဝင် သတ်မှတ်ခဲ့သည်။
ထိုသို့ အဆုံးမစီရင်မီ ရက်ပိုင်းအလိုတွင် စေ့စပ်ထားသူ Leonore Lemmon နှင့် လက်ထပ်ရန် စီစဉ်ခဲ့သည်။
သူသေဆုံးသောညတွင် ဂျော့ချ်ရိဗ်သည် အရက်အလွန်အကျွံသောက်ထားပြီး Lemmon နှင့် အကြီးအကျယ် ရန်ဖြစ်ခဲ့ကြောင်း မျက်မြင်သက်သေ မိတ်ဆွေများဖြစ်သော ဝီလျံဘလစ် ၊ စာရေးဆရာ ရောဘတ် ကွန်ဒန်နှင့် ကာရိုး ဗန် ရွန်ကဲတို့က ပြောသည်။
ဂျော့ချ်ရိဗ်သည် အပေါ်ထပ်သို့ ဒေါသခြောင်းခြောင်းထွက်ကာ တက်သွားခဲ့ပြီး ခဏအကြာတွင် သူ၏ အိပ်ခန်းဆီမှ သေနတ်သံတစ်ချက် ကြားလိုက်ရကြောင်း Lemmon နှင့် ဧည့်သည်များက ပြောသည်။
(George Reeves and Lenore Lemmon)
မိမိကိုယ်ကို အဆုံးစီရင်မှုအဖြစ် သတ်မှတ်ခဲ့ကြသော်လည်း အခင်းဖြစ်နေရာတွင် ထူးခြားသည့်အခြင်းအရာများ တွေ့ရှိခဲ့ရခြင်းကြောင့် များစွာသော သူတို့မှာ ဂျော့ချ်ရိဗ် မိမိကိုယ်ကို အဆုံးစီရင်သည်ဟု မယုံရချေ။
အထက်ပါ ဖြစ်ရပ်များ ဖြစ်ပွားပြီး ထိုစံအိမ်ကြီးတွင် ဂျော့ချ်ရိဗ် သရဲဖြစ်ကာ ခြောက်လှန့်နေသည်ဟူသော သတင်းများ ထွက်လာသည်။
အပေါ်ထပ် အိပ်ခန်းအတွင်းမှ ထူးဆန်းသော အသံများ ကြားရခြင်း ၊ ယမ်းမှုန့်အနံ့များရခြင်း ၊ အိမ်တွင်းမှ ပစ္စည်းများ ရွေ့လျားနေခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
ထို့အပြင် စင်္ကြန်လမ်းမှ ခွေးများ ထိုးဟောင်နေပြီး အိမ်ထဲသို့ ဝင်ခိုင်း၍ မရခြင်းအပြင် မီးများ အလိုအလျောက် ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေခြင်းများလည်း ဖြစ်ပေါ်ခဲ့သည်။
အချို့၏ ပြောကြားချက်အရ အိပ်ခန်းအတွင်းကုတင်ခြေရင်းတွင် ဂျော့ချ်ရိဗ်ကို စူပါမန်း ဝတ်စုံဖြင့် မကြာခဏ တွေ့ရသည်ဟု ဆိုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: George Reeves' home (businessinsider)
[Zawgyi]
ဂျော့ခ်ျရိဗ် (မွေး ၁၉၁၄ - ကွယ်လွန် ၁၉၅၉) သည် အမေရိကန်ရုပ်ရှင်မင်းသားဖြစ်ပြီး ၁၉၅၂ မှ ၁၉၅၈ အထိ ထုတ်လွှင့်ပြသခဲ့သော Adventures of Superman ရုပ်သံဇာတ်လမ်းတွဲတွင် စူပါမန်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် လူသိများခဲ့သူ ဖြစ်သည်။
၁၉၅၉ ခုနှစ် ဇွန်လ ၁၆ ရက် မနက် ၁း၃၀ မှ ၂း၀၀ အကြား Benedict Canyon Dr လမ်း၊ Beverly Hills အရပ် စံအိမ်တွင် ဦးခေါင်းတွင် သေနတ်ဒဏ်ရာ တစ်ချက်ဖြင့် ဂျော့ခ်ျရိဗ် သေဆုံးခဲ့ကြောင်း လော့စ်အိန်ဂျလိ ရဲတပ်ဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြသည်။
ဂျော့ခ်ျရိဗ် သေဆုံးချိန်တွင် သူ၏ စံအိမ်၌ သူနှင့် စေ့စပ်ထားသူ မိန်းကလေး Lemmon အပြင် အခြားဧည့်သည်များ ပါတီပွဲအတွက် ရောက်ရှိနေချိန်ဖြစ်သည်။
ဂျော့ခ်ျရိဗ်၏ အသက်ကို နှုတ်ယူခဲ့သော ကျည်ဆံကို သူ၏ အိပ်ခန်းမျက်နှာကြက်မှ ရှာဖွေတွေ့ရှိခဲ့ပြီး ကျည်ဆံခွံကို သူ၏ ခန္ဓာကိုယ်အောက်မှ တွေ့ရှိခဲ့သည်။
ဂျော့ခ်ျရိဗ် သေဆုံးသွားခဲ့ရမှုတွင် မဖြေရှင်းနိုင်သည့် မေးခွန်းများ ရှိနေနိုင်သော်လည်း မျက်မြင်သက်သေများနှင့် သဲလွန်စများအရ မိမိကိုယ်ကို အဆုံးစီရင်မှုအဖြစ် တရားဝင် သတ်မှတ်ခဲ့သည်။
သူသေဆုံးသောညတွင် ဂျော့ခ်ျရိဗ်သည် အရက်အလွန်အကျွံသောက်ထားပြီး Lemmon နှင့် အကြီးအကျယ် ရန်ဖြစ်ခဲ့ကြောင်း မျက်မြင်သက်သေ မိတ်ဆွေများဖြစ်သော ဝီလျံဘလစ် ၊ စာရေးဆရာ ရောဘတ် ကွန်ဒန်နှင့် ကာရိုး ဗန် ရွန်ကဲတို့က ပြောသည်။
ဂျော့ခ်ျရိဗ်သည် အပေါ်ထပ်သို့ ဒေါသခြောင်းခြောင်းထွက်ကာ တက်သွားခဲ့ပြီး ခဏအကြာတွင် သူ၏ အိပ်ခန်းဆီမှ သေနတ်သံတစ်ချက် ကြားလိုက်ရကြောင်း Lemmon နှင့် ဧည့်သည်များက ပြောသည်။
မိမိကိုယ်ကို အဆုံးစီရင်မှုအဖြစ် သတ်မှတ်ခဲ့ကြသော်လည်း အခင်းဖြစ်နေရာတွင် ထူးခြားသည့်အခြင်းအရာများ တွေ့ရှိခဲ့ရခြင်းကြောင့် များစွာသော သူတို့မှာ ဂျော့ခ်ျရိဗ် မိမိကိုယ်ကို အဆုံးစီရင်သည်ဟု မယုံရချေ။
အထက်ပါ ဖြစ်ရပ်များ ဖြစ်ပွားပြီး ထိုစံအိမ်ကြီးတွင် ဂျော့ခ်ျရိဗ် သရဲဖြစ်ကာ ခြောက်လှန့်နေသည်ဟူသော သတင်းများ ထွက်လာသည်။
အချို့၏ ပြောကြားချက်အရ အိပ်ခန်းအတွင်းကုတင်ခြေရင်းတွင် ဂျော့ခ်ျရိဗ်ကို စူပါမန်း ဝတ်စုံဖြင့် မကြာခဏ တွေ့ရသည်ဟု ဆိုသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service