အမေရိကန် Jazz ဂီတသမား Joe Farrell ၏ Bridgehampton ကျေးရွာမှစံအိမ် ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

အမေရိကန် Jazz ဂီတသမား Joe Farrell ၏ Bridgehampton ကျေးရွာမှစံအိမ် ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
26 Jul 2023 10:05 am တွင် တင်ခဲ့သည်
402 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်ပြည်နယ် ၊ Long Island ကျွန်း ၊ Bridgehampton ကျေးရွာတွင် အမေရိကန် Jazz ဂီတသမား ဂျိုးဖဲရဲ (Joe Farrell) ပိုင်ဆိုင်ခဲ့သော စံအိမ်အရောင်းဈေးကွက်ဝင်လာသည်။

 

 

စံအိမ်တည်နေရာမှာ Long Island ကျွန်း ၊ Hamptons အရပ် Surfside Drive လမ်း ၊ အမှတ် ၁၅၅ တွင် တည်ရှိပြီး ကန်ဒေါ်လာ ၁၂၅ သန်း ဈေးခေါ်ထားသည်။

 

 

အိမ်ခြံမြေမှတ်တမ်းများအရ အဆိုပါမြေနေရာသည် လွန်ခဲ့သော ၃ နှစ်ခန့်က ကန်ဒေါ်လာ ၁၆ ဒသမ ၅ သန်းဖြင့် လက်လွှဲလက်ပြောင်းဖြစ်ခဲ့ဖူးကြောင်း သိရသည်။

 

ဂျိုးဖဲရဲ (မွေး-၁၉၃၇ ကွယ်လွန်-၁၉၈၆)၏ အမည်ရင်းမှာ ဂျိုးဇက် ကားလ် ဖီရန်တယ်လိုဖြစ်ပြီး ဂျိုးဖဲရဲဟုသာ လူသိများသည်။

 

ဂျိုးဖဲရဲသည် Jazz ဂီတသမားဖြစ်ပြီး အဓိကတီးမှုတ်သည်မှာ ဆက်ဆိုဖုန်းနှင့် ပလွေဖြစ်သည်။

 

 

CTI တေးထုတ်လုပ်ရေးကုမ္ပဏီတွင် သူ၏ အမည်ဖြင့် ဂီတအယ်လ်ဘမ်များစွာ ထုတ်လုပ်ခဲ့ပြီး Return to Forever တီးဝိုင်းတွင် ပါဝင်တီးခတ်ခဲ့မှုဖြင့် လူသိများသည်။

 

 

အဆိုပါ စံအိမ်တွင် ကျိကျိတက်ချမ်းသာသူတို့၏ စံအိမ်မျိုးတွင် ရှိသင့်ရှိထိုက်သည့် အရာအားလုံး ပါဝင်သည်။

ခြံဝန်းအကျယ် ၁ ဒသမ ၅ ဧကရှိပြီး ပင်လယ်မျက်နှာစာ ၁၂၅ ပေပိုင်ဆိုင်ထားသည်။

 

စံအိမ်အတွင်း အလှပြင်ခန်းမ ၊ ကား ၁၆ စင်းဆန့်ဂိုဒေါင် ၊ ရေကူးကန် ၊ အပျော်တမ်းဂေါက်ရိုက်ရန် နေရာပါသော Rooftop ၊ အရက်ဘား ၂ ခုနှင့် Shuffleboard ကစားသည့် နေရာတစ်ခုတို့ ပါဝင်သည်။

 

 

ပင်မစံအိမ်မှာ စတုရန်းပေ ၁၀၀၀၀ ကျယ်ဝန်းရာ ယခုခေါ်ဈေးအရ ၁ စတုရန်းပေလျှင် ကန်ဒေါ်လာ ၁၂၅၀၀ ကျသင့်မည် ဖြစ်သည်။

စံအိမ်အတွင်း အိပ်ခန်း ၈ ခန်းနှင့် ရေချိုးခန်း ၉ ခန်း ပါဝင်သည်။

 

ကြမ်းပြင်မှ မျက်နှာကြက်အထိ မြင့်မားသော ပြတင်းများ တပ်ဆင်ထားရာ ပင်လယ်ရှုမျှော်ခင်း၏ အလှကို ကောင်းစွာ ခံစားရမည် ဖြစ်သည်။

ပန်းဥယျာဉ်အတွင်းမှ လူသွားလမ်းကလေးက အိမ်ရှေ့တံခါးဆီသို့ ဦးတည်ထားသည်။

 

ပင်မအထပ်တွင် ကြီးမားသော ခန်းမကြီးတစ်ခု တွေ့ရမည်ဖြစ်ပြီး ထိုအခန်းမှတဆင့် ရေကူးကန်နေရာသို့ ပေါက်သည်။

 

ရေကန်နေရာတွင် အကင်နေရာနှင့် ပင်ပေါင်စားပွဲတစ်ခုတို့ ရှိသည်။

မီးဖိုဆောင်တွင် ဝိုင်ပုလင်းများ ထားရှိသော စတိုခန်းငယ်တစ်ခု ရှိသည်။

 

ပင်မအိပ်ခန်းမှာ ပင်လယ်ပြင်ကိုမျက်နှာမူထားပြီး ပန်းဥယျာဉ်ကို စီးမိုးတွေ့မြင်နေရသည့် ရုံးခန်းတစ်ခုလည်း ပါဝင်သည်။

ဒုတိယထပ်တွင် အိပ်ခန်းများအပြင် အားကစားလေ့ကျင့်ခန်းမတစ်ခုလည်း ရှိသည်။

 

စံအိမ်၏ အထပ် ၄ ထပ်ကို ဓာတ်လှေကားတစ်စင်းဖြင့် ဆက်သွယ်ပေးထားသည်။

အရောင်းဈေးကွက်တင်ပေးသူမှာ Serhant အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Craig Beem ဖြစ်သည်။

 

 အကျိုးဆောင် Craig Beem က Mansion Global အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်သို့ ပြောသည်မှာ ဤစံအိမ်မှာ ငွေသုံးနိုင်သော ဘီလျံနာတို့အတွက် ဖြစ်ကြောင်း ပြောသည်။

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Joe Farrell home in Bridgehampton listed for $125M (therealdeal)

 

 

[Zawgyi]

 

အေမရိကန္ Jazz ဂီတသမား Joe Farrell ၏ Bridgehampton ေက်းရြာမွစံအိမ္ ကန္ေဒၚလာ ၁၂၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

 

အေမရိကန္ျပည္ေထာင္စု ၊ နယူးေယာက္ျပည္နယ္ ၊ Long Island ကၽြန္း ၊ Bridgehampton ေက်းရြာတြင္ အေမရိကန္ Jazz ဂီတသမား ဂ်ဳိးဖဲရဲ (Joe Farrell) ပိုင္ဆိုင္ခဲ့ေသာ စံအိမ္အေရာင္းေစ်းကြက္ဝင္လာသည္။

စံအိမ္တည္ေနရာမွာ Long Island ကၽြန္း ၊ Hamptons အရပ္ Surfside Drive လမ္း ၊ အမွတ္ ၁၅၅ တြင္ တည္ရွိျပီး ကန္ေဒၚလာ ၁၂၅ သန္း ေစ်းေခၚထားသည္။

အိမ္ျခံေျမမွတ္တမ္းမ်ားအရ အဆိုပါေျမေနရာသည္ လြန္ခဲ့ေသာ ၃ ႏွစ္ခန္႔က ကန္ေဒၚလာ ၁၆ ဒသမ ၅ သန္းျဖင့္ လက္လႊဲလက္ေျပာင္းျဖစ္ခဲ့ဖူးေၾကာင္း သိရသည္။

ဂ်ဳိးဖဲရဲ (ေမြး-၁၉၃၇ ကြယ္လြန္-၁၉၈၆)၏ အမည္ရင္းမွာ ဂ်ဳိးဇက္ ကားလ္ ဖီရန္တယ္လိုျဖစ္ျပီး ဂ်ဳိးဖဲရဲဟုသာ လူသိမ်ားသည္။

ဂ်ဳိးဖဲရဲသည္ Jazz ဂီတသမားျဖစ္ျပီး အဓိကတီးမႈတ္သည္မွာ ဆက္ဆိုဖုန္းႏွင့္ ပေလြျဖစ္သည္။

CTI ေတးထုတ္လုပ္ေရးကုမၸဏီတြင္ သူ၏ အမည္ျဖင့္ ဂီတအယ္လ္ဘမ္မ်ားစြာ ထုတ္လုပ္ခဲ့ျပီး Return to Forever တီးဝိုင္းတြင္ ပါဝင္တီးခတ္ခဲ့မႈျဖင့္ လူသိမ်ားသည္။

အဆိုပါ စံအိမ္တြင္ က်ိက်ိတက္ခ်မ္းသာသူတုိ႔၏ စံအိမ္မ်ဳိးတြင္ ရွိသင့္ရွိထုိက္သည့္ အရာအားလံုး ပါဝင္သည္။

ျခံဝန္းအက်ယ္ ၁ ဒသမ ၅ ဧကရွိျပီး ပင္လယ္မ်က္ႏွာစာ ၁၂၅ ေပပိုင္ဆိုင္ထားသည္။

စံအိမ္အတြင္း အလွျပင္ခန္းမ ၊ ကား ၁၆ စင္းဆန္႔ဂိုေဒါင္ ၊ ေရကူးကန္ ၊ အေပ်ာ္တမ္းေဂါက္ရိုက္ရန္ ေနရာပါေသာ Rooftop ၊ အရက္ဘား ၂ ခုႏွင့္ Shuffleboard ကစားသည့္ ေနရာတစ္ခုတို႔ ပါဝင္သည္။

ပင္မစံအိမ္မွာ စတုရန္းေပ ၁၀၀၀၀ က်ယ္ဝန္းရာ ယခုေခၚေစ်းအရ ၁ စတုရန္းေပလွ်င္ ကန္ေဒၚလာ ၁၂၅၀၀ က်သင့္မည္ ျဖစ္သည္။

စံအိမ္အတြင္း အိပ္ခန္း ၈ ခန္းႏွင့္ ေရခ်ဳိးခန္း ၉ ခန္း ပါဝင္သည္။

ၾကမ္းျပင္မွ မ်က္ႏွာၾကက္အထိ ျမင့္မားေသာ ျပတင္းမ်ား တပ္ဆင္ထားရာ ပင္လယ္ရႈေမွ်ာ္ခင္း၏ အလွကို ေကာင္းစြာ ခံစားရမည္ ျဖစ္သည္။

ပန္းဥယ်ာဥ္အတြင္းမွ လူသြားလမ္းကေလးက အိမ္ေရွ႕တံခါးဆီသို႔ ဦးတည္ထားသည္။

ပင္မအထပ္တြင္ ၾကီးမားေသာ ခန္းမၾကီးတစ္ခု ေတြ႔ရမည္ျဖစ္ျပီး ထုိအခန္းမွတဆင့္ ေရကူးကန္ေနရာသို႔ ေပါက္သည္။

ေရကန္ေနရာတြင္ အကင္ေနရာႏွင့္ ပင္ေပါင္စားပြဲတစ္ခုတို႔ ရွိသည္။

မီးဖိုေဆာင္တြင္ ဝိုင္ပုလင္းမ်ား ထားရွိေသာ စတုိခန္းငယ္တစ္ခု ရွိသည္။

ပင္မအိပ္ခန္းမွာ ပင္လယ္ျပင္ကိုမ်က္ႏွာမူထားျပီး ပန္းဥယ်ာဥ္ကုိ စီးမိုးေတြ႔ျမင္ေနရသည့္ ရံုးခန္းတစ္ခုလည္း ပါဝင္သည္။

ဒုတိယထပ္တြင္ အိပ္ခန္းမ်ားအျပင္ အားကစားေလ့က်င့္ခန္းမတစ္ခုလည္း ရွိသည္။

စံအိမ္၏ အထပ္ ၄ ထပ္ကို ဓာတ္ေလွကားတစ္စင္းျဖင့္ ဆက္သြယ္ေပးထားသည္။

အေရာင္းေစ်းကြက္တင္ေပးသူမွာ Serhant အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Craig Beem ျဖစ္သည္။

အက်ဳိးေဆာင္ Craig Beem က Mansion Global အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္သို႔ ေျပာသည္မွာ ဤစံအိမ္မွာ ေငြသံုးႏိုင္ေသာ ဘီလ်ံနာတုိ႔အတြက္ ျဖစ္ေၾကာင္း ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Joe Farrell home in Bridgehampton listed for $125M (therealdeal)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service