တက္ကဆပ်ပြည်နယ်မှ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက အိမ်ငယ်လေးများရွာ တည်ထောင်ကာ တစ်လုံးလျှင် ဒေါ်လာ ၇၀၀ ဖြင့် အငှားချ
တက္ကဆပ်ပြည်နယ်မှ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက အိမ်ငယ်လေးများရွာ တည်ထောင်ကာ တစ်လုံးလျှင် ဒေါ်လာ ၇၀၀ ဖြင့် အငှားချ - Property News in Myanmar from iMyanmarHouse.com
29 Jun 2023 12:09 pm တွင် တင်ခဲ့သည်
738 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်တွင် တယ်ရီ လန်းထရစ်ပ် (Terry Lantrip) အမည်ရှိ အိမ်ခြံမြေ လုပ်ငန်းရှင်တစ်ဦးသည် တက္ကဆပ်ပြည်နယ်မြောက်ပိုင်း Lewisville ရေကန်ကြီး၏ ကမ်းခြေရှိ လူဦးရေ ၇၀၀၀ မျှသာရှိသော Lake Dallas အမည်ရှိ မြို့ငယ်ကလေးတွင် ၁ ဧကကျယ်သော မြေနေရာနှင့် ယာတောအိမ် တစ်လုံးကို ၂၀၀၂ ခုနှစ်တွင် ဝယ်ယူခဲ့သည်။
လန်ထရစ်ပ်သည် မိသားစုအိမ်ခြံမြေလုပ်ငန်းငယ်လေးတစ်ခုလုပ်ကိုင်သူဖြစ်ပြီး Urban-Retro ကို တည်ထောင်သူ ဖြစ်သည်။
လန်ထရစ်ပ်သည် ကနဦးတွင် တက္ကဆပ်ပြည်နယ်မှ ခြံကွက်ကလေးကို အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုတစ်ရပ် အနေဖြင့်သာ ဝယ်ယူထားခဲ့ခြင်းဖြစ်ပြီး အခြားမည်သည့်အစီအစဉ်မျှ မရှိခဲ့။
(အိမ်ငယ်လေးများ မဆောက်လုပ်မီ လန်းထရစ်ပ်၏ ယာတောအိမ်နှင့် မြေကွက်ကို တွေ့ခဲ့ရပုံ။ ဓာတ်ပုံ- Terry Lantrip)
“ကျွန်တော့်ကို ဒီအိမ်ကွက်ရောင်းလိုက်တဲ့ မိသားစုက ဒီအိမ်ကို မဖြိုဖို့နဲ့ ခြံထဲက သစ်ပင်တွေကို မခုတ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ကျွန်တော့်အတွက် အကျပ်ဆိုက်ခဲ့ပါတယ်”ဟု လန်ထရစ်ပ်က Insider သတင်းဌာနသို့ ပြောသည်။
ထိုခြံကို ဝယ်ယူပြီး နှစ်ပေါင်းများစွာကြာချိန်တွင် လန်ထရစ်ပ်၏ အမြင်ပြောင်းလဲသွားခဲ့သည်။
၂၀၁၆ ခုနှစ်တွင် လန်ထရစ်ပ်သည် ဒါးလက်စ်တွင် ကျင်းပသော မြေကမ္ဘာနေ့ ပြပွဲသို့ တက်ခဲ့ရာ စတုရန်းပေ ၆၀၀ အောက်သာရှိသော အိမ်ငယ်လေးများကို တွေ့ခဲ့သည်။
ထိုအိမ်လေးများ၏ ဒီဇိုင်းနှင့် ကုန်ကျစရိတ်သက်သာမှုတို့ကို တွေ့ရှိပြီးနောက် လန်ထရစ်ပ်က သူ၏ခြံမှ ယာတောခြံကို မဖျက်ဘဲ အိမ်ငယ်လေးများ ဆောက်လုပ်သွားရန် အကြံရခဲ့သည်။
(အိမ်ငယ်လေးများ ကျေးရွာကို ၂၀၁၈ တွင် ဖွင့်လှစ်ခဲ့သည်။ ဓာတ်ပုံ- Alcynna Lloyd)
(ကျေးရွာအဝင်ဝ ။ ဓာတ်ပုံ- Alcynna Lloyd)
လန်ထရစ်ပ်က ၂၀၁၇ တွင် ဆောက်လုပ်ရေးုလုပ်ငန်းများ စတင်ခဲ့ပြီး ရေပိုက်လိုင်း ၊ ရေဆိုးပိုက်လိုင်း ၊ မိလ္လာပိုက်လိုင်းများ တပ်ဆင်ခဲ့ပြီး နေထိုင်မည့်သူများအတွက် အဝတ်လျှော်ခန်းမတစ်ခုလည်း ဆောက်လုပ်ခဲ့ကာ Lake Dallas Tiny Home Village ဟူသောအမည်ဖြင့် ၂၀၁၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။
အဝတ်လျှော်ခန်းမ ၊ မီးဖိုနှင့် ပန်းဥယျာဉ်တို့ အပါအဝင် အခြား Facilities များ အသုံးပြုခွင့်ရှိပြီး အိမ်လခမှာ တစ်လလျှင် ဒေါ်လာ ၇၀၀ ခန့်ဖြစ်သည်။
သူ၏ ရွာကလေးတွင် နေအိမ် ၁၃ လုံးရှိပြီး ၁၂ လုံးမှာ အငှားချထားပြီးဖြစ်ကာ မကြာမီတွင် လူသစ်တစ်ဦး ထပ်မံရောက်ရှိလာမည်ဟု ဆိုသည်။
(နေအိမ် ၁၃ လုံးအနက်မှ တစ်ခု။ ဓာတ်ပုံ- Alcynna Lloyd)
(ကျေးရွာအတွင်း တစ်နေရာ။ ဓာတ်ပုံ- Alcynna Lloyd)
(အများဆိုင် ပန်းခြံနေရာတွင် နေထိုင်သူများအနေဖြင့် သစ်ပင်ပန်းမန်များ စိုက်ပျိုးနိုင်သည်။ ဓာတ်ပုံ- Alcynna Lloyd)
ရွာကလေးတွင် နေထိုင်သူများ၌ စာရေးဆရာများ ၊ ကျောင်းဆရာများ ၊ ကျန်းမာရေး ဝန်ထမ်းများ ပါဝင်ကြောင်း တစ်ဦးအပေါ်တစ်ဦး ကူညီကြကြောင်း လန်ထရစ်ပ်က ပြောသည်။
(အခမဲ့ အဝတ်လျှော်ခန်း။ ဓာတ်ပုံ- Alcynna Lloyd)
(မီးဖိုအနီးတွင် နေထိုင်သူများ စုဝေးကာ စကားစမြည် ပြောဆိုကြသည်။ ဓာတ်ပုံ- Alcynna Lloyd)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
 (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
 Ref: A Texas real-estate investor created a tiny-home village where sites rent for $700. Its residents get a slice of the American dream, and have formed a tight-knit community. See inside. (businessinsider)
[Zawgyi]
(ကျေးရွာအဝင်ဝ ။ ဓာတ်ပုံ- Alcynna Lloyd)
လန်ထရစ်ပ်က ၂၀၁၇ တွင် ဆောက်လုပ်ရေုးလုပ်ငန်းများ စတင်ခဲ့ပြီး ရေပိုက်လိုင်း ၊ ရေဆိုးပိုက်လိုင်း ၊ မိလ္လာပိုက်လိုင်းများ တပ်ဆင်ခဲ့ပြီး နေထိုင်မည့်သူများအတွက် အဝတ်လျှော်ခန်းမတစ်ခုလည်း ဆောက်လုပ်ခဲ့ကာ Lake Dallas Tiny Home Village ဟူသောအမည်ဖြင့် ၂၀၁၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။
(အခမဲ့ အဝတ်လျှော်ခန်း။ ဓာတ်ပုံ- Alcynna Lloyd)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service