စကော့တလန်နိုင်ငံရှိ လူသူအလှမ်းကွာသော ကျွန်းတစ်ကျွန်းတွင် ရဲတိုက်ကြီးတစ်လုံး ဒေါ်လာ ၃၇၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ ၊ သို့သော် ဒေါ်လာ ၁၅ သန်းကုန်မည့် မြှုပ်ကွက်တစ်ခုရှိနေ

စကော့တလန်နိုင်ငံရှိ လူသူအလှမ်းကွာသော ကျွန်းတစ်ကျွန်းတွင် ရဲတိုက်ကြီးတစ်လုံး ဒေါ်လာ ၃၇၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ ၊ သို့သော် ဒေါ်လာ ၁၅ သန်းကုန်မည့် မြှုပ်ကွက်တစ်ခုရှိနေ - Property News in Myanmar from iMyanmarHouse.com
14 Jun 2023 11:27 am တွင် တင်ခဲ့သည်
612 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စတော့တလန်နိုင်ငံရှိ ရဲတိုက်ကြီးတစ်လုံး ပေါင် ၃၀၀၀၀ (ကန်ဒေါ်လာ ၃၇၀၀၀) မျှဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

သို့သော် မြှုပ်ကွက်တစ်ခု ရှိနေသည်။

အတ္တလန္တိတ်သမုဒ္ဒရာအတွင်း အလှမ်းကွာဝေးလှသော ကျွန်းတစ်ကျွန်းပေါ်တွင် ရှိသော ထိုရဲတိုက်ကို ဝယ်ယူမည်ဆိုပါက ပြင်ဆင်စရိတ် ပေါင် ၁၂ သန်း (ကန်ဒေါ်လာ ၁၅ သန်း) နီးပါး ကုန်ကျမည်ဖြစ်သည်။

သက်တမ်းနှစ်ပေါင်း ၂၀၀ ရှိသော ရဲတိုက်ကြီးကို ထိန်းသိမ်းမွမ်းမံရန်အတွက် ၁၉၉၀ ပြည့်လွန်ကာလများတွင် The Brough Lodge Trust အမည်ရှိ ကုမ္ပဏီကို ဖွဲ့စည်းခဲ့သည်။

ယင်းနောက် ရဲတိုက်ကြီးကို အိပ်ခန်းကျယ် ၂၄ ခန်းပါသော အပန်းဖြေစခန်းတစ်ခုအဖြစ် ပြောင်းလဲရန် စီမံကိန်းတစ်ခု ချခဲ့သည်။

အဆိုပါ စီမံကိန်းကို လက်တွေ့အကောင်အထည်ဖော်ပေးမည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ရှာဖွေနေကြောင်း ၎င်းတို့က ပြောသည်။

(ရဲတိုက်ကြီး၏ ခြံဝန်းအကျယ်မှာ ဧက ၄၀ ခန့်ရှိသည်။ ဓာတ်ပုံ- The Brough Lodge Trust)

The Brough Lodge သည် A အဆင့်ရှိ သမိုင်းဝင်အဆောက်အအုံဖြစ်ပြီး အမျိုးသားအဆင့်နှင့် နိုင်ငံတကာ ဗိသုကာနှင့် သမိုင်းဆိုင်ရာ အရေးပါသော အဆောက်အအုံတစ်ခု ဖြစ်သည်။

ရဲတိုက်ကြီးတွင် မျှော်စင်များ ၊ တံတိုင်းခတ်ဥယျာဉ်များ ပါဝင်သည်။

(တည်နေရာမှာ စကော့တလန်နိုင်ငံ ၊ Shetland ကျွန်းစု ၊ Fetlar ကျွန်းပေါ်တွင် တည်ရှိသည်။ ဓာတ်ပုံ- Getty Images)

Shetland ကျွန်းစုတွင် ကျွန်းပေါင်း ၁၀၀ ကျော်ပါဝင်ပြီး ယင်းအနက် ကျွန်းပေါင်း ၁၆ ကျွန်းတွင် လူများ အခြေချနေထိုင်ကြသည်။

အဆိုပါ ကျွန်းစုတွင် Fetlar ကျွန်းမှာ စတုတ္ထမြောက်အကြီးမားဆုံးဖြစ်ပြီး အခြေချနေထိုင်သူ ၆၉ ဦးရှိသည်။

(ဤရဲတိုက်ကို ၁၈၂၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-The Brough Lodge Trust)

အဆိုပါ ရဲတိုက်ကြီးတွင် ၁၉၇၀ ပြည့်လွန်ကာလများအထိ နေထိုင်သူများရှိခဲ့ပြီး ယင်းနောက်ပိုင်း နှစ်ပေါင်းများစွာ လူသူကင်းမဲ့သွားသည်။

(ရဲတိုက်ကြီးကို ပြန်လည်ပြုပြင်ပြီးပါက တွေ့ရဖွယ်ရှိမည့် မြင်ကွင်း။ ဓာတ်ပုံ- The Brough Lodge Trust)

The Brough Lodge Trust က ရဲတိုက်ကြီးကို ကမ္ဘာ့အဆင့်မီ အပန်းဖြေစခန်းတစ်ခုအဖြစ် ပြောင်းလဲရန် စီစဉ်ထားပြီး ဧည့်သည်တော်များအနေဖြင့် ယောဂလေ့ကျင့်မှုများနှင့် တောတွင်းခရီးစဉ်များ ထွက်ရှိနိုင်ရန် ရည်ရွယ်ထားသည်။

(ပြုပြင်မွမ်းမံပြီးပါက ပင်လယ်နှင့် ဝန်းကျင်ရှုခင်းများကို တွေ့မြင်ရမည့် ညစာစားခန်းနေရာ။ ဓာတ်ပုံ- The Brough Lodge Trust)

(The Brough Lodge ရဲတိုက်ကြီးသည် ဗြိတိန်၏ ဝေးလံခေါင်သီလှသော အဆောက်အအုံများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဓာတ်ပုံ-Getty Images)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A remote castle in Scotland is up for sale for only $37,000 – but there's a $15 million catch (businessinsider)

[Zawgyi]

စေကာ့တလန္ႏုိင္ငံရွိ လူသူအလွမ္းကြာေသာ ကၽြန္းတစ္ကၽြန္းတြင္ ရဲတိုက္ၾကီးတစ္လံုး ေဒၚလာ ၃၇၀၀၀ မွ်ျဖင့္ အေရာင္းေစ်းကြက္ဝင္လာ ၊ သို႔ေသာ္ ေဒၚလာ ၁၅ သန္းကုန္မည့္ ျမွဳပ္ကြက္တစ္ခုရွိေန

စေတာ့တလန္ႏိုင္ငံရွိ ရဲတုိက္ၾကီးတစ္လံုး ေပါင္ ၃၀၀၀၀ (ကန္ေဒၚလာ ၃၇၀၀၀) မွ်ျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

သုိ႔ေသာ္ ျမွဳပ္ကြက္တစ္ခု ရွိေနသည္။

အတၱလႏၱိတ္သမုဒၵရာအတြင္း အလွမ္းကြာေဝးလွေသာ ကၽြန္းတစ္ကၽြန္းေပၚတြင္ ရွိေသာ ထိုရဲတုိက္ကို ဝယ္ယူမည္ဆိုပါက ျပင္ဆင္စရိတ္ ေပါင္ ၁၂ သန္း (ကန္ေဒၚလာ ၁၅ သန္း) နီးပါး ကုန္က်မည္ျဖစ္သည္။

သက္တမ္းႏွစ္ေပါင္း ၂၀၀ ရွိေသာ ရဲတုိက္ၾကီးကို ထိန္းသိမ္းမြမ္းမံရန္အတြက္ ၁၉၉၀ ျပည့္လြန္ကာလမ်ားတြင္ The Brough Lodge Trust အမည္ရွိ ကုမၸဏီကို ဖြဲ႔စည္းခဲ့သည္။

ယင္းေနာက္ ရဲတုိက္ၾကီးကို အိပ္ခန္းက်ယ္ ၂၄ ခန္းပါေသာ အပန္းေျဖစခန္းတစ္ခုအျဖစ္ ေျပာင္းလဲရန္ စီမံကိန္းတစ္ခု ခ်ခဲ့သည္။

အဆိုပါ စီမံကိန္းကို လက္ေတြ႔အေကာင္အထည္ေဖာ္ေပးမည့္ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးကို ရွာေဖြေနေၾကာင္း ၎တုိ႔က ေျပာသည္။

(ရဲတိုက္ၾကီး၏ ျခံဝန္းအက်ယ္မွာ ဧက ၄၀ ခန္႔ရွိသည္။ ဓာတ္ပံု- The Brough Lodge Trust)

The Brough Lodge သည္ A အဆင့္ရွိ သမိုင္းဝင္အေဆာက္အအံုျဖစ္ျပီး အမ်ဳိးသားအဆင့္ႏွင့္ ႏိုင္ငံတကာ ဗိသုကာႏွင့္ သမိုင္းဆိုင္ရာ အေရးပါေသာ အေဆာက္အအံုတစ္ခု ျဖစ္သည္။ ရဲတုိက္ၾကီးတြင္ ေမွ်ာ္စင္မ်ား ၊ တံတိုင္းခတ္ဥယ်ာဥ္မ်ား ပါဝင္သည္။

(တည္ေနရာမွာ စေကာ့တလန္ႏိုင္ငံ ၊ Shetland ကၽြန္းစု ၊ Fetlar ကၽြန္းေပၚတြင္ တည္ရွိသည္။ ဓာတ္ပံု- Getty Images)

Shetland ကၽြန္းစုတြင္ ကၽြန္းေပါင္း ၁၀၀ ေက်ာ္ပါဝင္ျပီး ယင္းအနက္ ကၽြန္းေပါင္း ၁၆ ကၽြန္းတြင္ လူမ်ား အေျခခ်ေနထိုင္ၾကသည္။

အဆိုပါ ကၽြန္းစုတြင္ Fetlar ကၽြန္းမွာ စတုတၳေျမာက္အၾကီးမားဆံုးျဖစ္ျပီး အေျခခ်ေနထိုင္သူ ၆၉ ဦးရွိသည္။

(ဤရဲတိုက္ကို ၁၈၂၅ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။ ဓာတ္ပံု-The Brough Lodge Trust)

အဆိုပါ ရဲတုိက္ၾကီးတြင္ ၁၉၇၀ ျပည့္လြန္ကာလမ်ားအထိ ေနထိုင္သူမ်ားရွိခဲ့ျပီး ယင္းေနာက္ပုိင္း ႏွစ္ေပါင္းမ်ားစြာ လူသူကင္းမဲ့သြားသည္။

(ရဲတုိက္ၾကီးကို ျပန္လည္ျပဳျပင္ျပီးပါက ေတြ႔ရဖြယ္ရွိမည့္ ျမင္ကြင္း။ ဓာတ္ပံု- The Brough Lodge Trust)

The Brough Lodge Trust က ရဲတုိက္ၾကီးကို ကမၻာ့အဆင့္မီ အပန္းေျဖစခန္းတစ္ခုအျဖစ္ ေျပာင္းလဲရန္ စီစဥ္ထားျပီး ဧည့္သည္ေတာ္မ်ားအေနျဖင့္ ေယာဂေလ့က်င့္မႈမ်ားႏွင့္ ေတာတြင္းခရီးစဥ္မ်ား ထြက္ရွိႏိုင္ရန္ ရည္ရြယ္ထားသည္။

(ျပဳျပင္မြမ္းမံျပီးပါက ပင္လယ္ႏွင့္ ဝန္းက်င္ရႈခင္းမ်ားကို ေတြ႔ျမင္ရမည့္ ညစာစားခန္းေနရာ။ ဓာတ္ပံု- The Brough Lodge Trust)

(The Brough Lodge ရဲတုိက္ၾကီးသည္ ျဗိတိန္၏ ေဝးလံေခါင္သီလွေသာ အေဆာက္အအုံမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္သည္။ ဓာတ္ပံု-Getty Images)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A remote castle in Scotland is up for sale for only $37,000 – but there's a $15 million catch (businessinsider)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မြန်မာပြည် တောနက်ကြီးထဲတွင် ကရင်လူမျိုးများကို စုစည်းကာ ဂျပန်တို့ကို တော်လှန်ခဲ့သည့် အင်္ဂလိပ် ဗိုလ်မှူး။ ရဲဘော်များအတွက် မိမိကိုယ်ကိုစတေးကာ ဂျပန်တို့ထံ လက်နက်ချ အဖမ်းခံခဲ့ရာ ကိုယ့်ကျင်းကိုယ်တူးကာ ကွပ်မျက်ခံခဲ့ရပုံနှင့် သမိုင်းဝင် ရှားပါးဓာတ်...

ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service