ကွန်ဒိုအဆောက်အအုံအား ကွန်ဒိုနည်းဥပဒေနှင့်အညီ ရေရှည်ထိန်းသိမ်းပြုပြင်ဆောင်ရွက်ခြင်းများ အကြောင်း သိကောင်းစရာ

ကွန်ဒိုအဆောက်အအုံအား ကွန်ဒိုနည်းဥပဒေနှင့်အညီ ရေရှည်ထိန်းသိမ်းပြုပြင်ဆောင်ရွက်ခြင်းများ အကြောင်း သိကောင်းစရာ - Property Knowledge in Myanmar from iMyanmarHouse.com
11 Jun 2023 2:01 pm တွင် တင်ခဲ့သည်
987 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

 

ကွန်ဒိုအဆောက်အအုံတစ်ခု တည်ဆောက်ပေါ်ထွက်လာဖို့အတွက် ကွန်ဒိုဥပဒေ၊ နည်းဥပဒေ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီတည်ထောင်ရပြီး ဒီတစ်ခါမှာတော့ လက်ရှိတည်ထောင်ပြီးလူနေထိုင်ခွင့်လဲ ခွင့်ပြုမိန့် ရထားပြီးတဲ့ ကွန်ဒို အဆောက်အအုံများအား ရေရှည်တည့်တံ့ခိုင်မာစေရန် စုပေါင်းပိုင်နေထိုင်သူများက ဘယ်လို ထိန်းသိမ်းဆောင်ရွက်ကြမလဲ ထိုအတွက် ကွန်ဒိုနည်းဥပဒေနှင့်အညီ ကော်မတီတစ်ရပ်ကို ဘယ်လိုဖွဲ့စည်းတည် ထောင်ရမလဲ လုပ်ဆောင်ရမည့်အဆင့်ဆင့်ကို ဖော်ညွှန်းရေးသားလိုက်ပါတယ်။

စုပေါင်းပိုင်အဆောက်အအုံတည်ထောင်သူက ကွန်ဒိုနည်းဥပဒေနှင့်အညီ အဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းဆောင်တာများ ဆောင်ရွက်နိုင်ရန်အတွက် မတည်ငွေပမာဏတစ်ရပ်ကို ရန်ပုံငွေအဖြစ် ထားရှိပေးရမည်။ စီမံခန့်ခွဲ ရေးကိစ္စများဆောင်ရွက်နိုင်ရန် ရုံးခန်းလဲပြုလုပ်ပေးရမည်။ကော်မတီအဖွဲ့ဝင်များအား ကွန်ဒိုတွင်နေထိုင်သူများဖြင့် ဖွဲ့စည်းရပြီး အမှုဆောင်အဖွဲ့၏ သက်တမ်းမှာ တစ်ကြိမ်လျှင် (၂)နှစ်ဖြစ်သည်။

ဥက္ကဋ္ဌ၊အတွင်းရေးမှူး၊ ဘဏ္ဏာရေးမှူး တို့ကို အမှုဆောင်အဖွဲ့များထဲမှ ရွေးချယ်တင်မြှောက်ရမည်။ အမှုဆောင်အဖွဲ့မှ နှစ်ပတ်လည်အစည်းအဝေး ဆုံးဖြတ်ချက်နှင့်အညီ ရန်ပုံငွေအမျိုးအစားအလိုက်ပမာဏ၊ ဝန်ဆောင်မှုစရိတ်ရန်ပုံငွေနှင့်ပြုပြင်ထိန်းသိမ်းရေး ရန်ပုံငွေများကို ကြိုတင်ငွေပေးသွင်းခြင်းဖြင့် ကောက်ခံနိုင်သည်။

အဆောက်အဦးတိုးချဲ့ခြင်းပြုပြင်ခြင်းများအား အသင်းဝင် (၇၅%) မဲဖြင့် မဲခွဲဆုံးဖြတ်ကြပြီး ရန်ပုံငွေများအားလဲ ဘဏ်စာရင်းဖြင့် စနစ်တကျထားရှိ ထုတ်ယူရမည်။ စုပေါင်းပိုင် အဆောက်အဦးအတွက် လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ကို ဖွဲ့စည်းပေးရပြီး လစာ၊ စရိတ်၊ လုပ်ငန်းတာဝန်များကိုလဲ သတ်မှတ်ပေးရမည်။

အမှုဆောင်အဖွဲ့သည် စုပေါင်းပိုင်မြေ မြေငှားခ နှင့်မြေငှားစာချုပ်သက်တမ်းတိုးခြင်းများလဲဦးဆောင်ရွက် ပေးရပြီး မြေနှင့်သက်ဆိုင်သော စာရွက်စာတမ်း အထောက်အထားများအားလဲ ထိန်းသိမ်းပေးထားရမည်။ ထို့ပြင် ဝန်ဆောင်မှုစရိတ်၊ပြုပြင်ထိန်းသိမ်းရေး၊အရေးပေါ်ရန်ပုံငွေ(၃)မျိုးအပြင် လိုအပ်သည့်အခြား ရန်ပုံငွေများအားထား ရှိနိုင်ပါတယ်။(၁)နှစ်တာအစည်းအဝေးတွင် စုပေါင်းပိုင်အဆောက်အအုံအသင်းဝင်များအား စာရင်းရှင်းတမ်းများ အတည်ပြုတင်ပြရမယ်။(၁)လ လစဉ်အစည်းအဝေးတွင် စည်းကမ်းထိန်းသိမ်းရေးကိစ္စရပ်များကို ဆွေးနွေးဆောင် ရွက်ရမယ်။အစည်းအဝေးမှတ်တမ်းကို အများမြင်သာသောနေရာတွင် ကပ်ထားရမည်။

စုပေါင်းပိုင်အဆောက်အအုံတွင် ရေပေးရေးစနစ်၊ မီးဘေးနှင့် ရေထုတ်စနစ်၊ အညစ်အကြေးစွန့်ပစ်ရေး၊ တံတားနှင့် မြောင်းများ၊ ဆက်သွယ်ရေးနှင့် လုံခြုံရေးစနစ်များ ကောင်းမွန်စေရန် စစ်ဆေးပြီး လိုအပ်သည် များအတွက် ပြုပြင်မှုများ ဆောင်ရွက်ရတယ်ဆိုတဲ့ အကြောင်း ဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ပါတယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

ကြန္ဒိုအေဆာက္အအံုအား ကြန္ဒိုနည္းဥပေဒႏွင့္အညီ ေရရွည္ထိန္းသိမ္းျပဳျပင္ေဆာင္ရြက္ျခင္းမ်ား အေၾကာင္း သိေကာင္းစရာ

 

 

ကြန္ဒိုအေဆာက္အအံုတစ္ခု တည္ေဆာက္ေပၚထြက္လာဖို႔အတြက္ ကြန္ဒိုဥပေဒ၊ နည္းဥပေဒ စည္းကမ္း သတ္မွတ္ခ်က္မ်ားႏွင့္အညီတည္ေထာင္ရၿပီး ဒီတစ္ခါမွာေတာ့ လက္ရွိတည္ေထာင္ၿပီးလူေနထိုင္ခြင့္လဲ ခြင့္ျပဳမိန္႔ ရထားၿပီးတဲ႔ ကြန္ဒို အေဆာက္အအံုမ်ားအား ေရရွည္တည့္တံံ႔ခိုင္မာေစရန္ စုေပါင္းပိုင္ေနထိုင္သူမ်ားက ဘယ္လို ထိန္းသိမ္းေဆာင္ရြက္ၾကမလဲ ထိုအတြက္ကြန္ဒိုနည္းဥပေဒႏွင့္အညီ ေကာ္မတီတစ္ရပ္ကို ဘယ္လိုဖြဲ႔စည္းတည္ ေထာင္ရမလဲ လုပ္ေဆာင္ရမည့္အဆင့္ဆင့္ကို ေဖာ္ညႊန္းေရးသားလိုက္ပါတယ္။

စုေပါင္းပိုင္အေဆာက္အအံုတည္ေထာင္သူက ကြန္ဒိုနည္းဥပေဒႏွင့္အညီ အေဆာက္အအံုဖြံ႕ျဖိဳးေရး လုပ္ငန္း ေဆာင္တာမ်ား ေဆာင္ရြက္ႏိုင္ရန္အတြက္ မတည္ေငြပမာဏတစ္ရပ္ကို ရန္ပံုေငြအျဖစ္ ထားရွိေပးရမည္။ စီမံခန္႔ခြဲ ေရးကိစၥမ်ားေဆာင္ရြက္ႏိုင္ရန္ ရံုးခန္းလဲျပဳလုပ္ေပးရမည္။ေကာ္မတီအဖြဲ႕၀င္မ်ားအား ကြန္ဒိုတြင္ေနထိုင္သူမ်ားျဖင့္ ဖြဲ႕စည္းရၿပီး အမႈေဆာင္အဖြဲ႕၏ သက္တမ္းမွာ တစ္ၾကိမ္လွ်င္(၂)ႏွစ္ျဖစ္သည္။

ဥကၠ႒၊အတြင္းေရးမွဴး၊ ဘဏၰာေရးမွဴး တို႔ကို အမႈေဆာင္အဖဲြ႕မ်ားထဲမွ ေရြးခ်ယ္တင္ေျမွာက္ရမည္။ အမႈေဆာင္အဖြဲ႕မွ ႏွစ္ပတ္လည္အစည္းအေ၀း ဆံုးျဖတ္ခ်က္ႏွင့္အညီ ရန္ပံုေငြအမ်ိဳးအစားအလိုက္ပမာဏ၊ ၀န္ေဆာင္မႈစရိတ္ရန္ပံုေငြႏွင့္ျပဳျပင္ထိန္းသိမ္းေရး ရန္ပံုေငြမ်ားကို ၾကိဳတင္ေငြေပးသြင္းျခင္းျဖင့္ ေကာက္ခံႏိုင္သည္။

အေဆာက္အဦးတိုးခ်ဲ႕ျခင္းျပဳျပင္ျခင္းမ်ားအား အသင္း၀င္(၇၅%)မဲျဖင့္ မဲခြဲဆံုးျဖတ္ၾကၿပီး ရန္ပံုေငြမ်ားအားလဲ ဘဏ္စာရင္းျဖင့္ စနစ္တက်ထားရွိ ထုတ္ယူရမည္။ စုေပါင္းပိုင္ အေဆာက္အဦးအတြက္ လံုျခံဳေရးႏွင့္ စည္းကမ္း ထိန္းသိမ္းေရးအဖြဲ႔ကို ဖြဲ႕စည္းေပးရၿပီး လစာ၊ စရိတ္၊ လုပ္ငန္း တာ၀န္မ်ားကိုလဲ သတ္မွတ္ေပးရမည္။

အမႈေဆာင္အဖြဲ႕သည္ စုေပါင္းပိုင္ေျမ ေျမငွားခ ႏွင့္ေျမငွားစာခ်ဳပ္သက္တမ္းတိုးျခင္းမ်ားလဲဦးေဆာင္ရြက္ ေပးရၿပီး ေျမႏွင့္သက္ဆိုင္ေသာ စာရြက္စာတမ္း အေထာက္အထားမ်ားအားလဲ ထိန္းသိမ္းေပးထားရမည္။ ထို႔ျပင္ ၀န္ေဆာင္မႈစရိတ္၊ျပဳျပင္ထိန္းသိမ္းေရး၊အေရးေပၚရန္ပံုေငြ(၃)မ်ိဳးအျပင္ လိုအပ္သည့္အျခား ရန္ပံုေငြမ်ားအားထား ရွိႏိုင္ပါတယ္။(၁)ႏွစ္တာအစည္းအေ၀းတြင္ စုေပါင္းပိုင္အေဆာက္အအံုအသင္း၀င္မ်ားအား စာရင္းရွင္းတမ္းမ်ား အတည္ျပဳတင္ျပရမယ္။(၁)လ လစဥ္အစည္းအေ၀းတြင္ စည္းကမ္းထိန္းသိမ္းေရးကိစၥရပ္မ်ားကို ေဆြးေႏြးေဆာင္ ရြက္ရမယ္။အစည္းအေ၀းမွတ္တမ္းကို အမ်ားျမင္သာေသာေနရာတြင္ ကပ္ထားရမည္။

စုေပါင္းပိုင္အေဆာက္အအံုတြင္ ေရေပးေရးစနစ္၊ မီးေဘးႏွင့္ ေရထုတ္စနစ္၊ အညစ္အေၾကးစြန္႔ပစ္ေရး၊ တံတားႏွင့္ ေျမာင္းမ်ား၊ ဆက္သြယ္ေရးႏွင့္ လံုျခံဳေရးစနစ္မ်ား ေကာင္းမြန္ေစရန္ စစ္ေဆးၿပီး လိုအပ္သည္ မ်ားအတြက္ ျပဳျပင္မႈမ်ား ေဆာင္ရြက္ရတယ္ဆိုတဲ႔ အေၾကာင္း ဗဟုသုတအေနျဖင့္ ေဖာ္ျပေပးလိုက္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service