ဟဲဗီးမက်တယ်အဖွဲ့ကြီး Pantera မှ ဒရမ်သမား ဗင်နီပေါလ်၏ တက္ကဆက်ပြည်နယ်မှစံအိမ် အမည်မသိ ဝယ်လက်တစ်ဦးမှ ဝယ်ယူသွားပြီးနောက် ဖြိုချခံရ

ဟဲဗီးမက်တယ်အဖွဲ့ကြီး Pantera မှ ဒရမ်သမား ဗင်နီပေါလ်၏ တက္ကဆက်ပြည်နယ်မှစံအိမ် အမည်မသိ ဝယ်လက်တစ်ဦးမှ ဝယ်ယူသွားပြီးနောက် ဖြိုချခံရ - Property News in Myanmar from iMyanmarHouse.com
17 May 2023 11:57 am တွင် တင်ခဲ့သည်
592 ကြိမ် ကြည့်ရှု့ပြီး

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော် (iMyanmarHouse.com)

[Unicode]

 

ကမ္ဘာကျော် ဟဲဗီးမက်တယ်နှင့် Thrash Metal တေးဂီတအဖွဲ့ကြီး Pantera မှ ဒရမ်သမားဖြစ်သူ ဗင်နီ ပေါလ် တချိန်က ပ်ိုင်ဆိုင်ခဲ့ဖူးသော အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ အာလင်တန်မြို့မှ စတုရန်းပေ ၃၇၈၄ ကျယ်ဝန်းကာ အိမ်ခန်း ၄ ခန်းပါသည့် စံအိမ်ကို ၂၀၂၂ ခုနှစ် ၊ ဧပြီလအတွင်း အမည်မသိ ဝယ်လက်တစ်ဦးက ဝယ်ယူသွားသည်။

(မှတ်ချက်။ အဆိုပါစံအိမ် အရောင်းဈေးကွက်တင်ခဲ့သည့် သတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)

Texas Best Home Buyers တည်ထောင်သူ အိမ်ခြံမြေအကျိုးဆောင် ခရစ် ဂျွန်စတန်(Chris Johnston) က ပြောသည်မှာ ဗင်နီပေါလ်၏ စံအိမ်အကြောင်း The Dallas Morning News သတင်းဌာနက ရေးသားဖော်ပြခဲ့ပြီးနောက်ပိုင်း စိတ်ဝင်စားသူ အလွန်တရာများပြားခဲ့ကြောင်းပြောသည်။

ဂျွန်စတန်၏ ပြောကြားချက်အရ ဝယ်ယူသွားသူမှာ အမည်မဖော်ပြလိုသည့် ဆန္ဒရှိကြောင်း ၊ ခေါ်ဈေးဖြစ်သော ကန်ဒေါ်လာ ၇၅၀၀၀၀ အောက် အနည်းငယ်နည်းပါးသော ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်သွားကြောင်း ပြောခဲ့ပြီး ဈေးနှုန်းအတိအကျကိုမူ ၎င်းက မပြောခဲ့ချေ။

 

ဂိတ်ဝန်းခတ်ထားသော တောင်ကုန်းထိပ်စံအိမ်ဖြစ်ပြီး ခြံအကျယ် တစ်ဧကခွဲရှိကာ ၁၉၉၅ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

စံအိမ်အတွင်း အန္တရာယ်မှ ပုန်းခိုနိုင်သည့် လျှို့ဝှက်အခန်းတစ်ခန်းပါဝင်ပြီး စာအုပ်စင်တစ်ခုနောက်မှ ဝင်ရခြင်း ဖြစ်သည်။ ထို့အပြင် ဂိမ်းကစားခန်း ၂ ခန်း၊ ရေကူးကန်၊ Spa နှင့် Sauna တို့လည်း ပါဝင်သည်။

ခြံဝန်းအတွင်း ကြီးမားသော ရေကူးကန် ၊ Spa နှင့် Sauna တို့ရှိသည်။

 

(Pantera အဖွဲ့ကြီးကို ၁၉၉၂ ခုနှစ်က ရိုက်ကူးခဲ့သော ဓာတ်ပုံ။ ဝဲမှယာ-ဘေ့စ်ဂီတာသမား Rex Brown ၊ အဆိုတော် Philip Anselmo ၊ ဒရမ်သမား Vinnie Paul နှင့်ဂစ်တာသမား Dimebag Darrell)

ဂစ်တာသမား Dimebag Darrell သည် ၂၀၀၄ ခုနှစ်အတွင်း အိုဟိုင်းအိုးပြည်နယ်တွင် စင်ပေါ်တွင် ဖျော်ဖြေနေစဉ် ပစ်သတ်ခံခဲ့ရသည်။

(မှတ်ချက်။ Dimebag Darrell ပစ်သတ်ခံခဲ့ရပုံကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)

 

 

((ဗင်နီပေါလ်၏ စံအိမ်ဖြိုဖျက်ခံရခြင်း ))

 

ဗင်နီပေါလ်စံအိမ်ကို အမည်မသိ ဝယ်လက်က ဝယ်ယူသွားပြီးနောက် ရက်သတ္တအနည်းငယ်အကြာတွင် ဖြိုချခြင်း ခံလိုက်ရသည်။

ဗင်နီပေါလ်၏ စံအိမ်ဖြိုချခံရမှုမှာ သူ၏ ပရိသတ်များအတွက် ကြေကွဲနာကျင်ဖွယ်ရာ သတင်းတစ်ရပ် ဖြစ်ခဲ့သည်။

 

စံအိမ်ရောင်းချပြီးနောက်ပိုင်း သူ၏ပစ္စည်းပေါင်း ၇၀၀ ကျော်ကိုလည်း လေလံတင်ရောင်းချခဲ့ရာ Pantera ၊ Damageplan နှင့် Hellyeah အဖွဲ့များတွင် တီးခတ်စဉ်က အသုံးပြုခဲ့သော drum kits များ ၊ ဂစ်တာများ ၊ ဆုတံဆိပ်များ ၊ အဝတ်အစားများ ၊ အနုပညာလက်ရာများအပြင် ဗင်နီပေါလ်သည် ဟော့ကီ ၊ ဘောလုံးနှင့် ဘေ့စ်ဘောတို့ကိုလည်း စိတ်ဝင်စားသူဖြစ်ရာ အားကစားဆိုင်ရာ အမှတ်တရပစ္စည်းများစွာလည်း ပါဝင်သည်။

 

Avenged Sevenfold အဖွဲ့ကြီးမှ အဆိုတော် M.Shadows က ဗင်နီပေါလ်၏ ပရိသတ်များ စုပေါင်းကာ အဆိုပါအိမ်ကို ဝယ်ယူကြရန် လူမှုကွန်ရက်မှတဆင့် တိုက်တွန်းခဲ့ဖူးသည်။ ပရဟိတအဖွဲ့တစ်ခုဖြစ်သော Ride For Dime ၏ ဒါရိုက်တာဟောင်း Derek Walker က သူ၏ ဖေ့ဘုတ်စ်စာမျက်နှာတွင် ဗင်နီပေါလ်၏ စံအိမ် ဖြိုချခံခဲ့ရသည့် ဓာတ်ပုံများ တင်ခဲ့ဖူးသည်။

 

“တကယ့်ကို ရင်ကွဲစရာပါပဲ။ ဗင်နီပေါလ်ရဲ့အိမ်က ဒီလိုဖြစ်သွားပါပြီ။ ဒီအိမ်ဟာ ဟဲဗီးမက်တယ်ရဲ့အထိမ်းအမှတ်နေရာဖြစ်ရုံသာမက Pantera ရဲ့ အဓိက ရော့ခ်ဂီတ အမွေအနှစ်တစ်ခုလည်း ဖြစ်ပါတယ်။”

 

 

((Pantera ဘာလဲ))

Pantera သည် အမေရိကန် Heavy Metal အဖွဲ့ကြီးဖြစ်ပြီး တက္ကဆပ်ပြည်နယ် ၊ Arlington မြို့တွင် ၁၉၈၁ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့သည်။

Pantera ၏ အမြဲတမ်းအမာခံ ဝိုင်းသား ၂ ဦးမှာ ဒိုင်းဘက်ဂ် (ဂစ်တာ) နှင့် Vannie Paul တို့ ညီအစ်ကို နှစ်ဦးဖြစ်ပြီး ကျန်အဖွဲ့သားများမှာ အပြောင်းအလဲများ ရှိခဲ့သည်။

Pantera သည် ၁၉၈၀ ပြည့်လွန်ကာလများမှ ၁၉၉၀ ပြည့်လွန်အလယ်ပိုင်းကာလများအထိ ကျော်ကြားခဲ့သော Trash Metal ဒုတိယလှိုင်းတွင် Tastament ၊ Sepultura ၊ Machine Head အဖွဲ့များနှင့်အတူ ပါဝင်ခဲ့သည်။

Pantera သည် Heavy Metal ဂီတသမိုင်းတွင် အောင်မြင်မှုအရဆုံးနှင့် သြဇာအလွှမ်းမိုးဆုံးအဖွဲ့များတွင် တစ်ခုအပါအဝင်အဖြစ် သတ်မှတ်ခံရသည်။

 

 

ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၂၀ ခန့် ရောင်းချထားရပြီး ဂရမ်မီဆု ဇကာတင်စာရင်း ၄ ကြိမ်ပါဝင်ခဲ့ဖူးသည်။

၂၀၀၀ ပြည့်နှစ်တွင် Pantera အဖွဲ့သားအချို့သည် အဖွဲ့၏ ဂီတလှုပ်ရှားမှုအပြင် အခြားဂီတလှုပ်ရှားမှုများလည်း လုပ်ဆောင်လာခဲ့သည်။

နောင် ၃ နှစ်အကြာတွင် greatest hits အယ်လ်ဘမ်ကို ထုတ်ဝေဖြန့်ချိပြီး မကြာမီတွင် Pantera အဖွဲ့ကြီး ပြိုကွဲသွားတော့သည်။

(ဆက်စပ်သတင်းများ )

ဟဲဗီးမက်တယ်အဖွဲ့ကြီး Pantera ဒရမ်သမား၏ တက္ကဆပ်စံအိမ် အရောင်းဈေးကွက်ဝင်လာ

https://www.imyanmarhouse.com/news/read/1004891

 

စင်ပေါ်တွင် ဖျော်ဖြေနေစဉ် ပစ်သတ်ခံခဲ့ရသော ကမ္ဘာကျော် Heavy Metal အဖွဲ့ကြီး Pantera မှ ဂစ်တာသမား Dimebag Darrell ၏ စံအိမ်

 

https://www.imyanmarhouse.com/news/read/1062635

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Arlington party house owned by Pantera rocker Vinnie Paul sells to anonymous buyer (dallasnews)

 

 

[Zawgyi]

ဟဲဗီးမက္တယ္အဖြဲ႔ၾကီး Pantera မွ ဒရမ္သမား ဗင္နီေပါလ္၏ တကၠဆက္ျပည္နယ္မွစံအိမ္ အမည္မသိ ဝယ္လက္တစ္ဦးမွ ဝယ္ယူသြားျပီးေနာက္ ျဖိဳခ်ခံရ

 

ကမၻာေက်ာ္ ဟဲဗီးမက္တယ္ႏွင့္ Thrash Metal ေတးဂီတအဖြဲ႔ၾကီး Pantera မွ ဒရမ္သမားျဖစ္သူ ဗင္နီ ေပါလ္ တခ်ိန္က ပို္င္ဆိုင္ခဲ့ဖူးေသာ အေမရိကန္ျပည္ေထာင္စု၊ တကၠဆပ္ျပည္နယ္၊ အာလင္တန္ျမိဳ႕မွ စတုရန္းေပ ၃၇၈၄ က်ယ္ဝန္းကာ အိမ္ခန္း ၄ ခန္းပါသည့္ စံအိမ္ကို ၂၀၂၂ ခုႏွစ္ ၊ ဧျပီလအတြင္း အမည္မသိ ဝယ္လက္တစ္ဦးက ဝယ္ယူသြားသည္။

(မွတ္ခ်က္။ အဆိုပါစံအိမ္ အေရာင္းေစ်းကြက္တင္ခဲ့သည့္ သတင္းကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေဖာ္ျပခဲ့ျပီး ျဖစ္ပါသည္။)

Texas Best Home Buyers တည္ေထာင္သူ အိမ္ျခံေျမအက်ဳိးေဆာင္ ခရစ္ ဂၽြန္စတန္(Chris Johnston) က ေျပာသည္မွာ ဗင္နီေပါလ္၏ စံအိမ္အေၾကာင္း The Dallas Morning News သတင္းဌာနက ေရးသားေဖာ္ျပခဲ့ျပီးေနာက္ပုိင္း စိတ္ဝင္စားသူ အလြန္တရာမ်ားျပားခဲ့ေၾကာင္းေျပာသည္။

ဂၽြန္စတန္၏ ေျပာၾကားခ်က္အရ ဝယ္ယူသြားသူမွာ အမည္မေဖာ္ျပလုိသည့္ ဆႏၵရွိေၾကာင္း ၊ ေခၚေစ်းျဖစ္ေသာ ကန္ေဒၚလာ ၇၅၀၀၀၀ ေအာက္ အနည္းငယ္နည္းပါးေသာ ေစ်းႏႈန္းျဖင့္ အေရာင္းအဝယ္ျဖစ္သြားေၾကာင္း ေျပာခဲ့ျပီး ေစ်းႏႈန္းအတိအက်ကိုမူ ၎က မေျပာခဲ့ေခ်။

ဂိတ္ဝန္းခတ္ထားေသာ ေတာင္ကုန္းထိပ္စံအိမ္ျဖစ္ျပီး ျခံအက်ယ္ တစ္ဧကခြဲရွိကာ ၁၉၉၅ ခုႏွစ္က ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။

စံအိမ္အတြင္း အႏၱရာယ္မွ ပုန္းခိုႏိုင္သည့္ လွ်ိဳ႕ဝွက္အခန္းတစ္ခန္းပါဝင္ျပီး စာအုပ္စင္တစ္ခုေနာက္မွ ဝင္ရျခင္း ျဖစ္သည္။ ထို႔အျပင္ ဂိမ္းကစားခန္း ၂ ခန္း၊ ေရကူးကန္၊ Spa ႏွင့္ Sauna တို႔လည္း ပါဝင္သည္။

ျခံဝန္းအတြင္း ၾကီးမားေသာ ေရကူးကန္ ၊ Spa ႏွင့္ Sauna တို႔ရွိသည္။

(Pantera အဖြဲ႔ၾကီးကို ၁၉၉၂ ခုႏွစ္က ရိုက္ကူးခဲ့ေသာ ဓာတ္ပံု။ ဝဲမွယာ-ေဘ့စ္ဂီတာသမား Rex Brown ၊ အဆိုေတာ္ Philip Anselmo ၊ ဒရမ္သမား Vinnie Paul ႏွင့္ဂစ္တာသမား Dimebag Darrell)

ဂစ္တာသမား Dimebag Darrell သည္ ၂၀၀၄ ခုႏွစ္အတြင္း အိုဟိုင္းအုိးျပည္နယ္တြင္ စင္ေပၚတြင္ ေဖ်ာ္ေျဖေနစဥ္ ပစ္သတ္ခံခဲ့ရသည္။

(မွတ္ခ်က္။ Dimebag Darrell ပစ္သတ္ခံခဲ့ရပံုကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေဖာ္ျပခဲ့ျပီး ျဖစ္ပါသည္။)

((ဗင္နီေပါလ္၏ စံအိမ္ျဖိဳဖ်က္ခံရျခင္း ))

ဗင္နီေပါလ္စံအိမ္ကို အမည္မသိ ဝယ္လက္က ဝယ္ယူသြားျပီးေနာက္ ရက္သတၱအနည္းငယ္အၾကာတြင္ ျဖိဳခ်ျခင္း ခံလုိက္ရသည္။

ဗင္နီေပါလ္၏ စံအိမ္ျဖိဳခ်ခံရမႈမွာ သူ၏ ပရိသတ္မ်ားအတြက္ ေၾကကြဲနာက်င္ဖြယ္ရာ သတင္းတစ္ရပ္ ျဖစ္ခဲ့သည္။

စံအိမ္ေရာင္းခ်ျပီးေနာက္ပုိင္း သူ၏ပစၥည္းေပါင္း ၇၀၀ ေက်ာ္ကိုလည္း ေလလံတင္ေရာင္းခ်ခဲ့ရာ Pantera ၊ Damageplan ႏွင့္ Hellyeah အဖြဲ႔မ်ားတြင္ တီးခတ္စဥ္က အသံုးျပဳခဲ့ေသာ drum kits မ်ား ၊ ဂစ္တာမ်ား ၊ ဆုတံဆိပ္မ်ား ၊ အဝတ္အစားမ်ား ၊ အႏုပညာလက္ရာမ်ားအျပင္ ဗင္နီေပါလ္သည္ ေဟာ့ကီ ၊ ေဘာလံုးႏွင့္ ေဘ့စ္ေဘာတို႔ကိုလည္း စိတ္ဝင္စားသူျဖစ္ရာ အားကစားဆုိင္ရာ အမွတ္တရပစၥည္းမ်ားစြာလည္း ပါဝင္သည္။

Avenged Sevenfold အဖြဲ႔ၾကီးမွ အဆုိေတာ္ M.Shadows က ဗင္နီေပါလ္၏ ပရိသတ္မ်ား စုေပါင္းကာ အဆုိပါအိမ္ကို ဝယ္ယူၾကရန္ လူမႈကြန္ရက္မွတဆင့္ တုိက္တြန္းခဲ့ဖူးသည္။ ပရဟိတအဖြဲ႔တစ္ခုျဖစ္ေသာ Ride For Dime ၏ ဒါရိုက္တာေဟာင္း Derek Walker က သူ၏ ေဖ့ဘုတ္စ္စာမ်က္ႏွာတြင္ ဗင္နီေပါလ္၏ စံအိမ္ ျဖဳိခ်ခံခဲ့ရသည့္ ဓာတ္ပံုမ်ား တင္ခဲ့ဖူးသည္။ “တကယ့္ကို ရင္ကြဲစရာပါပဲ။ ဗင္နီေပါလ္ရဲ႕အိမ္က ဒီလိုျဖစ္သြားပါျပီ။ ဒီအိမ္ဟာ ဟဲဗီးမက္တယ္ရဲ႕အထိမ္းအမွတ္ေနရာျဖစ္ရံုသာမက Pantera ရဲ႕ အဓိက ေရာ့ခ္ဂီတ အေမြအႏွစ္တစ္ခုလည္း ျဖစ္ပါတယ္။”

((Pantera ဘာလဲ))

Pantera သည္ အေမရိကန္ Heavy Metal အဖြဲ႔ၾကီးျဖစ္ျပီး တကၠဆပ္ျပည္နယ္ ၊ Arlington ျမိဳ႕တြင္ ၁၉၈၁ ခုႏွစ္၌ စတင္ဖြဲ႔စည္းခဲ့သည္။

Pantera ၏ အျမဲတမ္းအမာခံ ဝိုင္းသား ၂ ဦးမွာ ဒိုင္းဘက္ဂ္ (ဂစ္တာ) ႏွင့္ Vannie Paul တို႔ ညီအစ္ကို ႏွစ္ဦးျဖစ္ျပီး က်န္အဖြဲ႔သားမ်ားမွာ အေျပာင္းအလဲမ်ား ရွိခဲ့သည္။

Pantera သည္ ၁၉၈၀ ျပည့္လြန္ကာလမ်ားမွ ၁၉၉၀ ျပည့္လြန္အလယ္ပိုင္းကာလမ်ားအထိ ေက်ာ္ၾကားခဲ့ေသာ Trash Metal ဒုတိယလိႈင္းတြင္ Tastament ၊ Sepultura ၊ Machine Head အဖြဲ႔မ်ားႏွင့္အတူ ပါဝင္ခဲ့သည္။

Pantera သည္ Heavy Metal ဂီတသမိုင္းတြင္ ေအာင္ျမင္မႈအရဆံုးႏွင့္ ၾသဇာအလႊမ္းမိုးဆံုးအဖြဲ႔မ်ားတြင္ တစ္ခုအပါအဝင္အျဖစ္ သတ္မွတ္ခံရသည္။

ကမၻာတစ္ဝန္းတြင္ ေတးအယ္လ္ဘမ္ခ်ပ္ေရ သန္း ၂၀ ခန္႔ ေရာင္းခ်ထားရျပီး ဂရမ္မီဆု ဇကာတင္စာရင္း ၄ ၾကိမ္ပါဝင္ခဲ့ဖူးသည္။

၂၀၀၀ ျပည့္ႏွစ္တြင္ Pantera အဖြဲ႔သားအခ်ဳိ႕သည္ အဖြဲ႔၏ ဂီတလႈပ္ရွားမႈအျပင္ အျခားဂီတလႈပ္ရွားမႈမ်ားလည္း လုပ္ေဆာင္လာခဲ့သည္။

ေနာင္ ၃ ႏွစ္အၾကာတြင္ greatest hits အယ္လ္ဘမ္ကုိ ထုတ္ေဝျဖန္႔ခ်ိျပီး မၾကာမီတြင္ Pantera အဖြဲ႔ၾကီး ျပိဳကြဲသြားေတာ့သည္။

(ဆက္စပ္သတင္းမ်ား )

ဟဲဗီးမက္တယ္အဖြဲ႔ၾကီး Pantera ဒရမ္သမား၏ တကၠဆပ္စံအိမ္ အေရာင္းေစ်းကြက္ဝင္လာ

https://www.imyanmarhouse.com/news/read/1004891

 

 

စင္ေပၚတြင္ ေဖ်ာ္ေျဖေနစဥ္ ပစ္သတ္ခံခဲ့ရေသာ ကမၻာေက်ာ္ Heavy Metal အဖြဲ႔ၾကီး Pantera မွ ဂစ္တာသမား Dimebag Darrell ၏ စံအိမ္

https://www.imyanmarhouse.com/news/read/1062635

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Arlington party house owned by Pantera rocker Vinnie Paul sells to anonymous buyer (dallasnews)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Spider-Man သရုပ်ဆောင် James Franco ၏ လှေအိမ် ကန်ဒေါ် ၂၅၀၀၀၀ (မြန်မာငွေ သိန်း ၅၀၀၀ ကျော်) ဖြင့် ရောင်းမည်
Spider-Man သရုပ်ဆောင် James Franco ၏ လှေအိမ် ကန်ဒေါ် ၂၅၀၀၀၀ (မြန်မာငွေ သိန်း ၅၀၀၀ ကျော်) ဖြင့် ရောင်းမည်
အင်္ဂလန်တွင် နေအိမ်တစ်ခုလုံးကို ပန်းရောင်ဖြင့်သာ မွမ်းမံထားသည့် ထူးခြားသော အိမ်တစ်လုံး ပေါင် ၂၃၀၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်တွင် နေအိမ်တစ်ခုလုံးကို ပန်းရောင်ဖြင့်သာ မွမ်းမံထားသည့် ထူးခြားသော အိမ်တစ်လုံး ပေါင် ၂၃၀၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဈေးနှုန်းသုံးဆခန့် မြင့်တက်ခဲ့တဲ့ ဒလမြေဈေး ပြန်လည်တည်ငြိမ်နေ
ဈေးနှုန်းသုံးဆခန့် မြင့်တက်ခဲ့တဲ့ ဒလမြေဈေး ပြန်လည်တည်ငြိမ်နေ
အင်္ဂလန်နိုင်ငံ သိမ်းမြစ်အတွင်း တစ်နေ့လျှင် ၂ ကြိမ်သာ သွားနိုင်သော ခံတပ်စခန်းပျက်ကြီးကို အမေရိကန် ဝယ်လက်တစ်ဦးက ပေါင် ၁၅၉၀၀၀ (မြန်မာငွေ သိန်း ၄၀၀၀ ကျော်) ဖြင့် ဝယ်ယူ...
အင်္ဂလန်နိုင်ငံ သိမ်းမြစ်အတွင်း တစ်နေ့လျှင် ၂ ကြိမ်သာ သွားနိုင်သော ခံတပ်စခန်းပျက်ကြီးကို အမေရိကန် ဝယ်လက်တစ်ဦးက ပေါင် ၁၅၉၀၀၀ (မြန်မာငွေ သိန်း ၄၀၀၀ ကျော်) ဖြင့် ဝယ်ယူ...
XXXX ဘီယာကြော်ငြာဖြင့် လူသိများခဲ့သော သြစတေးလျမှ ရွှေဖရုံကျွန်း အရောင်းဈေးကွက်ဝင်လာ၊ ဝယ်ယူမည့်သူကို ဗီဇာပေးမည့်အပြင် သြစတေးလျတွင် အမြဲအခြေချနေထိုင်ခွင့်လည်း ပေးမည်ဟုဆို...
XXXX ဘီယာကြော်ငြာဖြင့် လူသိများခဲ့သော သြစတေးလျမှ ရွှေဖရုံကျွန်း အရောင်းဈေးကွက်ဝင်လာ၊ ဝယ်ယူမည့်သူကို ဗီဇာပေးမည့်အပြင် သြစတေးလျတွင် အမြဲအခြေချနေထိုင်ခွင့်လည်း ပေးမည်ဟုဆို...
အမေရိကန်ပြည်၊ မက်ဆာချူးဆက်ပြည်နယ်တွင် မီးပြတိုက်တစ်ခု ဒေါ်လာ ၁ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ မက်ဆာချူးဆက်ပြည်နယ်တွင် မီးပြတိုက်တစ်ခု ဒေါ်လာ ၁ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ...
နေပြည်တော် အိမ်ခြံမြေဈေး(၅)ဆ ဝန်းကျင် ဈေးတက်
နေပြည်တော် အိမ်ခြံမြေဈေး(၅)ဆ ဝန်းကျင် ဈေးတက်
ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့တွင် ဧက ၅၀ ကျယ်ဝန်းသော ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့တွင် ဧက ၅၀ ကျယ်ဝန်းသော ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ရန်ကုန်မှာ သုံးပတ်အတွင်း အဆောက်အဦး ဆောက်လုပ်ခွင့် (၂၀၇) ခုကို ခွင့်ပြုပေးခဲ့
ရန်ကုန်မှာ သုံးပတ်အတွင်း အဆောက်အဦး ဆောက်လုပ်ခွင့် (၂၀၇) ခုကို ခွင့်ပြုပေးခဲ့
အင်္ဂလန်တွင် အချုပ်ခန်းပါသော လူနေခန်း တစ်လလျှင် ပေါင် ၇၅၀ ဖြင့် ငှားမည်
အင်္ဂလန်တွင် အချုပ်ခန်းပါသော လူနေခန်း တစ်လလျှင် ပေါင် ၇၅၀ ဖြင့် ငှားမည်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆန်ဖရန်စစ္စကိုတွင် ကိုယ်ပိုင်ခြံဝန်းအတွင်း ကားရပ်သော ဇနီးမောင်နှံ ၁၅၄၂ ဒေါ်လာ ဒဏ်ရိုက်ခံရ
ဆန်ဖရန်စစ္စကိုတွင် ကိုယ်ပိုင်ခြံဝန်းအတွင်း ကားရပ်သော ဇနီးမောင်နှံ ၁၅၄၂ ဒေါ်လာ ဒဏ်ရိုက်ခံရ
အင်္ဂလန်တွင် အိမ်ခြံမြေ ကံစမ်းမဲ၌ ပေါင် ၂ သန်းတန်အိမ် မဲပေါက်သော အမျိုးသမီး အိမ်မရဘဲ ပေါင် ၅၀၀၀ သာရ
အင်္ဂလန်တွင် အိမ်ခြံမြေ ကံစမ်းမဲ၌ ပေါင် ၂ သန်းတန်အိမ် မဲပေါက်သော အမျိုးသမီး အိမ်မရဘဲ ပေါင် ၅၀၀၀ သာရ
အင်္ဂလန်တွင် လူမနေသောအိမ်တစ်လုံးကို ဓာတ်ပုံရိုက်ကာ အိမ်ခြံမြေကုမ္ပဏီထံ ပေးပို့သည့် အငှားယာဉ်မောင်း ပေါင် ၄၀၀၀ (မြန်မာငွေ
အင်္ဂလန်တွင် လူမနေသောအိမ်တစ်လုံးကို ဓာတ်ပုံရိုက်ကာ အိမ်ခြံမြေကုမ္ပဏီထံ ပေးပို့သည့် အငှားယာဉ်မောင်း ပေါင် ၄၀၀၀ (မြန်မာငွေ
နယူးယောက်ပြည်နယ်တွင် အိမ်ရှင်များကို ခြံဝန်းအတွင်း အပိုအိမ်ငယ်များ ဆောက်လုပ်ရန် ဒေါ်လာ ၁၂၅၀၀၀ စီ ထောက်ပံ့
နယူးယောက်ပြည်နယ်တွင် အိမ်ရှင်များကို ခြံဝန်းအတွင်း အပိုအိမ်ငယ်များ ဆောက်လုပ်ရန် ဒေါ်လာ ၁၂၅၀၀၀ စီ ထောက်ပံ့
အသံတိတ်ရုပ်ရှင်ခေတ် ဟောလိဝုဒ်ထိပ်သီး ရုပ်ရှင်သရုပ်ဆောင် ဇနီးမောင်နှံ သရဲဖြစ်ကာ ခြောက်လှန့် နေသောစံအိမ် (ကမ္ဘာကျော်တို့ မ
အသံတိတ်ရုပ်ရှင်ခေတ် ဟောလိဝုဒ်ထိပ်သီး ရုပ်ရှင်သရုပ်ဆောင် ဇနီးမောင်နှံ သရဲဖြစ်ကာ ခြောက်လှန့် နေသောစံအိမ် (ကမ္ဘာကျော်တို့ မ
ထိုင်းနိုင်ငံရဲ့ အဆင့်မြင့်ကွန်ဒိုတွေကို နိုင်ငံခြားသားတွေ ဝယ်ယူမှု မြန်မာက အဆင့် (၈) နေရာတွင်ရှိနေ
ထိုင်းနိုင်ငံရဲ့ အဆင့်မြင့်ကွန်ဒိုတွေကို နိုင်ငံခြားသားတွေ ဝယ်ယူမှု မြန်မာက အဆင့် (၈) နေရာတွင်ရှိနေ
လီဗာပူးနည်းပြ ယာဂန် ကလော့၏ ပေါင် ၁၅၀၀၀၀ တန် Bentley GT Continental ကား
လီဗာပူးနည်းပြ ယာဂန် ကလော့၏ ပေါင် ၁၅၀၀၀၀ တန် Bentley GT Continental ကား
အင်္ဂလန်တွင် အိမ်ခြံမြေကံစမ်းမဲမှ ပေါင် ၃ သန်းတန် စံအိမ် မဲပေါက်ခဲ့သော အမျိုးသားက ထိုစံအိမ် ပင်လယ်ထဲ ပြိုကျမည် စိုးရိမ်သ
အင်္ဂလန်တွင် အိမ်ခြံမြေကံစမ်းမဲမှ ပေါင် ၃ သန်းတန် စံအိမ် မဲပေါက်ခဲ့သော အမျိုးသားက ထိုစံအိမ် ပင်လယ်ထဲ ပြိုကျမည် စိုးရိမ်သ
ကိတ်ပ်တောင်းမြို့က သရဲခြောက်သော ကားတစ်စင်း
ကိတ်ပ်တောင်းမြို့က သရဲခြောက်သော ကားတစ်စင်း
ထိုင်းနိုင်ငံမှာ လတ်တလော နာမည်ကြီးနေတဲ့ အနက်ရောင်ရုပ်ထုကြီး ခရူးခိုင်ခရော့
ထိုင်းနိုင်ငံမှာ လတ်တလော နာမည်ကြီးနေတဲ့ အနက်ရောင်ရုပ်ထုကြီး ခရူးခိုင်ခရော့
mann-yadanar
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service