စင်္ကာပူတွင် နိုင်ငံသားမဟုတ်သူများကို အိမ်ခြံမြေခွန် ၆၀ ရာခိုင်နှုန်းအထိ ကောက်ခံလျက်ရှိရာ ကမ္ဘာပေါ်တွင် အိမ်ခြံမြေခွန် အမြင့်မားဆုံး ဖြစ်နေ

စင်္ကာပူတွင် နိုင်ငံသားမဟုတ်သူများကို အိမ်ခြံမြေခွန် ၆၀ ရာခိုင်နှုန်းအထိ ကောက်ခံလျက်ရှိရာ ကမ္ဘာပေါ်တွင် အိမ်ခြံမြေခွန် အမြင့်မားဆုံး ဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
2 May 2023 10:19 am တွင် တင်ခဲ့သည်
906 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နိုင်ငံခြားသားတစ်ယောက်အနေဖြင့် စင်္ကာပူတွင် အိမ်ခြံမြေဝယ်မည်ဆိုပါက ယခင်ကထက် ငွေကုန်ကြေးကျ များပြားလာပြီ ဖြစ်သည်။

ပြီးခဲ့သော ကြာသပတေးနေ့က စင်္ကာပူတွင် တံဆိပ်ခေါင်းခွန် နှစ်ဆမြှင့်တင်ခဲ့ကြောင်း Bloomberg သတင်းဌာနက ဖော်ပြသည်။

ထို့ကြောင့် နိုင်ငံခြားသား အိမ်ခြံမြေဝယ်လက်များမှာ အကောက်ခွန် ၆၀ ရာခိုင်နှုန်းအထိ ပေးရမည်ဖြစ်ရာ ကမ္ဘာပေါ်တွင် အများပြာဆုံး အိမ်ခြံမြေအခွန်နှုန်းထား ဖြစ်လာသည်။

“ဒီအခွန်နှုန်းထား ပမာဏဟာ စင်္ကာပူကိုလာမယ့် ရင်းနှီးမြှပ်နှံမှုတွေကို အဟန့်အတားဖြစ်စေရုံမျှမက ရပ်ဆိုင်းသွားစေပါနိုင်ပါတယ်”ဟု Savills အိမ်ခြံမြေကုမ္ပဏီမှ Mark Elliott က Bloomberg သတင်းဌာနသို့ ပြောသည်။

“ဒါက လန်ဒန် ၊ အမေရိကန်နဲ့ တစ်ခြားဈေးကွက်တွေအတွက် ပိုကောင်းသွားစေပါလိမ့်မယ်”

နိုင်ငံခြားသားတစ်ဦးအနေဖြင့် စင်္ကာပူတွင် ဒေါ်လာ ၅ သန်းတန် အိမ်ခြံမြေဝယ်မည်ဆိုပါက စုစုပေါင်း အခွန်အခ ၆၅ ရာခိုင်နှုန်း (သို့မဟုတ်) ဒေါ်လာ ၃ ဒသမ ၂၅ သန်းခန့် ပေးရမည်ဖြစ်သည်။

အခြားနိုင်ငံမှ မြို့ကြီးများတွင် အခွန်အခမှာ စင်္ကာပူအောက် များစွာနည်းပါးသည်။

ကနေဒါနိုင်ငံ ၊ ဗန်ကူးဗားနှင့် ဟောင်ကောင်တို့တွင် နိုင်ငံခြားသားများ အိမ်ဝယ်မည်ဆိုပါက အခွန် ၂၉ ရာခိုင်နှုန်း ပေးရပြီး လန်ဒန် ၊ မဲလ်ဘုန်း နှင့် ဆစ်ဒနီမြို့များတွင် အိမ်ခြံမြေအခွန်မှာ ၁၄ ရာခိုင်နှုန်း ဖြစ်သည်။

နယူးယောက်မြို့ကြီးတွင်မူ အိမ်ခြံမြေအခွန်နှုန်း အလွန်နည်းပါးပြီး ၄ ဒသမ ၃ ရာခိုင်နှုန်းသာ ပေးရသည်။

စင်္ကာပူတွင် အိမ်ခြံမြေအခွန် မြင့်တက်သွားမှုကြောင့် နိုင်ငံခြားသားများမှာ အနီးရှိ ဟောင်ကောင်တွင်သာ အိမ်ခြံမြေများ ပိုမိုဝယ်ယူကြဖွယ်ရှိကြောင်း Bloomberg သတင်းဌာနက ထောက်ပြသည်။

ဟောင်ကောင်တွင် နိုင်ငံခြားသား အိမ်ခြံမြေဝယ်လက်များကို တံဆိပ်ခေါင်းခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံသည်။

သို့သော် အိမ်ပိုင်ရှင်တစ်ဦးသည် အမြဲတမ်းနေထိုင်သူ ဖြစ်လာပါက အခွန်အများစုကို ပြန်လည်ထုတ်ယူနိုင်သည်။

ထိုသို့ အိမ်ခြံမြေအခွန် မြှင့်တင်ခဲ့သော်လည်း နိုင်ငံခြားသားများ စင်္ကာပူတွင် အိမ်ခြံမြေ ဝယ်ယူလိုအားအပေါ် ထိခိုက်စေမည်ဟု လူတိုင်းက မယူဆချေ။

“အကောက်ခွန်နှုန်း မြှင့်တင်လိုက်တာဟာ စင်္ကာပူကို ငွေကြေးတွေ ရွှေ့ပြောင်းမှု နှေးကွေးသွားစေနိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ထင်ထားသလောက် ထိခိုက်စေမှာ မဟုတ်ပါဘူး။”ဟု Bloomberg Economics ၏ အာရှဆိုင်ရာ စီးပွားရေးပညာရှင် Chang Shu က ပြောသည်။

“မိမိတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဖြန့်ကျက်ထားဖို့ Demand က အားကောင်းနေဆဲ ၊ စင်္ကာပူဟာ အာရှမှာ ထိပ်တန်းနေရာ ဖြစ်နေဆဲပါပဲ။”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Singapore’s 60% Property Tax for Non-Citizens Is Now the Highest in the World (robbreport)

[Zawgyi]

စကၤာပူတြင္ ႏိုင္ငံသားမဟုတ္သူမ်ားကို အိမ္ျခံေျမခြန္ ၆၀ ရာခုိင္ႏႈန္းအထိ ေကာက္ခံလ်က္ရွိရာ ကမၻာေပၚတြင္ အိမ္ျခံေျမခြန္ အျမင့္မားဆံုး ျဖစ္ေန

ႏိုုင္ငံျခားသားတစ္ေယာက္အေနျဖင့္ စကၤာပူတြင္ အိမ္ျခံေျမဝယ္မည္ဆိုပါက ယခင္ကထက္ ေငြကုန္ေၾကးက် မ်ားျပားလာျပီ ျဖစ္သည္။

ျပီးခဲ့ေသာ ၾကာသပေတးေန႔က စကၤာပူတြင္ တံဆိပ္ေခါင္းခြန္ ႏွစ္ဆျမွင့္တင္ခဲ့ေၾကာင္း Bloomberg သတင္းဌာနက ေဖာ္ျပသည္။

ထို႔ေၾကာင့္ ႏိုင္ငံျခားသား အိမ္ျခံေျမဝယ္လက္မ်ားမွာ အေကာက္ခြန္ ၆၀ ရာခုိင္ႏႈန္းအထိ ေပးရမည္ျဖစ္ရာ ကမၻာေပၚတြင္ အမ်ားျပာဆံုး အိမ္ျခံေျမအခြန္ႏႈန္းထား ျဖစ္လာသည္။

“ဒီအခြန္ႏႈန္းထား ပမာဏဟာ စကၤာပူကိုလာမယ့္ ရင္းႏီွးျမွပ္ႏွံမႈေတြကို အဟန္႔အတားျဖစ္ေစရံုမွ်မက ရပ္ဆိုင္းသြားေစပါႏိုင္ပါတယ္”ဟု Savills အိမ္ျခံေျမကုမၸဏီမွ Mark Elliott က Bloomberg သတင္းဌာနသုိ႔ ေျပာသည္။

“ဒါက လန္ဒန္ ၊ အေမရိကန္နဲ႔ တစ္ျခားေစ်းကြက္ေတြအတြက္ ပိုေကာင္းသြားေစပါလိမ့္မယ္”

ႏိုင္ငံျခားသားတစ္ဦးအေနျဖင့္ စကၤာပူတြင္ ေဒၚလာ ၅ သန္းတန္ အိမ္ျခံေျမဝယ္မည္ဆိုပါက စုစုေပါင္း အခြန္အခ ၆၅ ရာခုိင္ႏႈန္း (သို႔မဟုတ္) ေဒၚလာ ၃ ဒသမ ၂၅ သန္းခန္႔ ေပးရမည္ျဖစ္သည္။

အျခားႏိုင္ငံမွ ျမိဳ႕ၾကီးမ်ားတြင္ အခြန္အခမွာ စကၤာပူေအာက္ မ်ားစြာနည္းပါးသည္။

ကေနဒါႏိုင္ငံ ၊ ဗန္ကူးဗားႏွင့္ ေဟာင္ေကာင္တို႔တြင္ ႏိုင္ငံျခားသားမ်ား အိမ္ဝယ္မည္ဆိုပါက အခြန္ ၂၉ ရာခုိင္ႏႈန္း ေပးရျပီး လန္ဒန္ ၊ မဲလ္ဘုန္း ႏွင့္ ဆစ္ဒနီျမိဳ႕မ်ားတြင္ အိမ္ျခံေျမအခြန္မွာ ၁၄ ရာခုိင္ႏႈန္း ျဖစ္သည္။

နယူးေယာက္ျမိဳ႕ၾကီးတြင္မူ အိမ္ျခံေျမအခြန္ႏႈန္း အလြန္နည္းပါးျပီး ၄ ဒသမ ၃ ရာခုိင္ႏႈန္းသာ ေပးရသည္။

စကၤာပူတြင္ အိမ္ျခံေျမအခြန္ ျမင့္တက္သြားမႈေၾကာင့္ ႏိုင္ငံျခားသားမ်ားမွာ အနီးရွိ ေဟာင္ေကာင္တြင္သာ အိမ္ျခံေျမမ်ား ပိုမိုဝယ္ယူၾကဖြယ္ရွိေၾကာင္း Bloomberg သတင္းဌာနက ေထာက္ျပသည္။

ေဟာင္ေကာင္တြင္ ႏိုင္ငံျခားသား အိမ္ျခံေျမဝယ္လက္မ်ားကုိ တံဆိပ္ေခါင္းခြန္ ၃၀ ရာခုိင္ႏႈန္း ေကာက္ခံသည္။

သို႔ေသာ္ အိမ္ပိုင္ရွင္တစ္ဦးသည္ အျမဲတမ္းေနထိုင္သူ ျဖစ္လာပါက အခြန္အမ်ားစုကို ျပန္လည္ထုတ္ယူႏိုင္သည္။

ထိုသို႔ အိမ္ျခံေျမအခြန္ ျမွင့္တင္ခဲ့ေသာ္လည္း ႏိုင္ငံျခားသားမ်ား စကၤာပူတြင္ အိမ္ျခံေျမ ဝယ္ယူလိုအားအေပၚ ထိခိုက္ေစမည္ဟု လူတိုင္းက မယူဆေခ်။

“အေကာက္ခြန္ႏႈန္း ျမွင့္တင္လိုက္တာဟာ စကၤာပူကုိ ေငြေၾကးေတြ ေရႊ႕ေျပာင္းမႈ ေႏွးေကြးသြားေစႏိုင္ပါတယ္။ ဒါေပမဲ့ ခင္ဗ်ားတို႔ ထင္ထားသေလာက္ ထိခိုက္ေစမွာ မဟုတ္ပါဘူး။”ဟု Bloomberg Economics ၏ အာရွဆုိင္ရာ စီးပြားေရးပညာရွင္ Chang Shu က ေျပာသည္။

“မိမိတုိ႔ရဲ႕ ပိုင္ဆိုင္မႈေတြကို ျဖန္႔က်က္ထားဖို႔ Demand က အားေကာင္းေနဆဲ ၊ စကၤာပူဟာ အာရွမွာ ထိပ္တန္းေနရာ ျဖစ္ေနဆဲပါပဲ။”

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Singapore’s 60% Property Tax for Non-Citizens Is Now the Highest in the World (robbreport)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဒဂုံမြို့သစ်လေးမြို့နယ်ရှိ ဈေးအနိမ့်ပိုင်းအိမ်ခြံမြေတွေ အရောင်းအဝယ်ဖြစ်
ဒဂုံမြို့သစ်လေးမြို့နယ်ရှိ ဈေးအနိမ့်ပိုင်းအိမ်ခြံမြေတွေ အရောင်းအဝယ်ဖြစ်
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေးမည်၊ လျှောက်လွှာများ လက်ခံနေပြီး ဇွန်လ (၁၅) ရက်အထိ လျှောက်လွှာတင် ဝယ်ယူနိုင်...

ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
bkk-projects
shwe-hninsi

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service