တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခု၏ နှစ်ပတ်လည် ညစာစားပွဲတွင် မန်နေဂျာပိုင်း တာဝန်ယူထားသူတစ်ဦး ‘လစာဖြင့်ခွင့်’ ၃၆၅ ရက် မဲပေါက်သွားရာ သူဌေးကိုယ်တိုင် အံ့သြတုန်လှုပ်သွား

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခု၏ နှစ်ပတ်လည် ညစာစားပွဲတွင် မန်နေဂျာပိုင်း တာဝန်ယူထားသူတစ်ဦး ‘လစာဖြင့်ခွင့်’ ၃၆၅ ရက် မဲပေါက်သွားရာ သူဌေးကိုယ်တိုင် အံ့သြတုန်လှုပ်သွား - Property News in Myanmar from iMyanmarHouse.com
24 Apr 2023 10:26 am တွင် တင်ခဲ့သည်
2831 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခု၏ နှစ်ပတ်လည် ညစာစားပွဲတွင် ဝန်ထမ်းအမျိုးသားတစ်ဦးမှာ ၃၆၅ ရက် လစာဖြင့် ခွင့်ယူခွင့် မဲပေါက်ခဲ့ပြီး လူမှုကွန်ရက်သုံးစွဲသူတို့က ခွင့်ရက်များကို မည်သို့သုံးစွဲရန် အကြံပြုခဲ့ ကြသည်။

ကုမ္ပဏီများက ၎င်းတို့၏ ဝန်ထမ်းများကို များပြားလှသော ဘောနပ်များ ငွေသားလက်ဆောင်များ ပေးကြ သည်ကို ကျွန်ုပ်တို့ ကြားဖူးကြသည်။

တစ်နှစ်တာလုံး လစာဖြင့် ခွင့်ယူခွင့်ပေးခြင်းမှာမူ အလွန်ကောင်းမွန်သော လက်ဆောင်တစ်ခုပင် ဖြစ်သည်။

တရုတ်ပြည်မှ ဝန်ထမ်းတစ်ဦးမှာ သူ၏ ကုမ္ပဏီမှပေးသော အဆိုပါ လက်ဆောင်မျိုး ရရှိသွားသည်။

ဆုပေးပွဲကို ရိုက်ကူးထားသော မှတ်တမ်းဗွီဒီယိုမှာ တရုတ်ပြည်တွင်းသုံး Douyin တွင် အလွန်ပျံနှံ့ဂယက်ရိုက်ခဲ့ပြီး ထိုဗွီဒီယို ကြည့်ရှုရသူများမှာ မယုံနိုင်အောင် အံ့အားသင့်ခြင်းနှင့် အားကျခြင်းတို့ ဖြစ်ခဲ့ကြရသည်။

Douyin သည် TikTok နှင့် အလားတူသော တရုတ်ပြည်တွင်းသုံး လူမှုကွန်ရက်ဖြစ်သည်။

ဗွီဒီယိုထဲတွင် ဝန်ထမ်းအမျိုးသားသည် ‘လစာဖြင့်ခွင့် ၃၆၅ ရက်’ ဟူ၍ တရုတ်ဘာသာဖြင့် ရေးသားထားသော ဘုတ်ပြားတစ်ခုကို ကိုင်ထားသည်။

 

 

(ဓာတ်ပုံ- Douyin)

ထိုဆုမဲပေါက်သွားသော အမျိုးသားမှာ အံ့သြတုန်လှုပ်သွားပြီး ထိုဘုတ်ပြားကို ကိုင်ရင်း ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်လိုက်သည်ကို တွေ့ရသည်။

 

 

 

(ဓာတ်ပုံ- Douyin)

ဗွီဒီယိုဖိုင်တင်ခဲ့သူက ရှင်းပြသည်မှာ ထိုသူ မဲပေါက်မည်ဟူ၍ သူ၏ ကုမ္ပဏီရှိ မည်သူကမှ မထင်ခဲ့ကြောင်း မဲပေါက်သူသည် မန်နေဂျာပိုင်း ရာထူးတစ်ခုဖြင့် တာဝန်ထမ်းဆောင်နေကြောင်း ရှင်းပြသည်။ ယခုအမျိုးသား တစ်နှစ်တာခွင့်ယူခွင့် မဲပေါက်သွားသည့်အပေါ် ကုမ္ပဏီသူဌေးကလည်း အံ့သြတုန်လှုပ်နေပြီး ထိုအမျိုးသားကို ခွင့်ရက်ယူမည်လော (သို့မဟုတ်) ငွေသားဖြင့် လဲလှယ်ရယူမည်လော ဆိုသည်ကို သူ၏ ကုမ္ပဏီက ဆွေးနွေးလျက်ရှိသည်။

Straits Times သတင်းစာ၏ ဖော်ပြချက်အရ ကုမ္ပဏီ၏ နှစ်ပတ်လည် ညစာစားပွဲတွင် ကံစမ်းမဲနှိုက်စဉ် အဆိုပါ ဆု မဲပေါက်သွားခြင်းဖြစ်ကြောင်း ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ထိုကုမ္ပဏီက နှစ်ပတ်လည် ညစာစားပွဲ ၃ နှစ်ကြာ မကျင်းပနိုင်ခဲ့။

ဝန်ထမ်းများ၏ စိတ်ဖိစီးမှု လျော့ကျစေရေးအတွက် ကံစမ်းမဲများ နှိုက်ခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ လစာဖြင့် ခွင့်ရက်များစွာ ပေးခဲ့သည့်အပေါ် လူမှုကွန်ရက်တွင် အားကျသူ များစွာ ရှိနေသည်။

မဲပေါက်လာသည့် ဆုအပေါ် မည်သို့လုပ်ဆောင်သင့်ကြောင်း အကြံပေးသူများစွာ ရှိသည်။

အများစုက အကြံပေးသည်မှာ တစ်နှစ်တာခွင့်ယူထားလျှင် မိမိနေရာတွင် အစားထိုးခြင်း ခံရဖွယ်ရှိသောကြောင့် ထိုဆုကို ငွေသားဖြင့် လဲလှယ်ရန် အကြံပြုကြသည်။

အချို့က အကြံပြုသည်မှာမူ မဲပေါက်သော ခွင့်ရက်တစ်ဝက်ကို ငွေသားဖြင့် လဲလှယ်ပြီး အခြားတစ်ဝက်ကို အပန်းဖြေခရီးရှည်ထွက်ရန် အကြံပြုကြသည်။

ဝန်ထမ်းများကို တစ်နှစ်တာ လစာဖြင့်ခွင့်ပေးခြင်းမှာ တရုတ်ပြည်တွင် ဤကုမ္ပဏီမှာ ပထမဆုံး မဟုတ်သေး။

၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလအတွင်းကလည်း တရုတ်ပြည်ရှိ ကုမ္ပဏီတစ်ခုမှ အရောင်းဝန်ထမ်းတစ်ဦး ၃၆၅ ရက် လစာဖြင့်ခွင့် မဲပေါက်ခဲ့ဖူးကြောင်း Straits Times သတင်းဌာနက ဖော်ပြသည်။

ထိုအမျိုးသားများကမူ ထိုဆုကို ငွေသားဖြင့် လဲလှယ်ခဲ့ပြီး ပရဟိတအဖွဲ့တစ်ခုသို့ လှူဒါန်းခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Man In China Wins Prize Of 365 Days’ Paid Leave, Netizens Recommend How To Use It (mustsharenews)

 

 

 

[Zawgyi]

တရုတ္ျပည္တြင္ ကုမၸဏီတစ္ခု၏ ႏွစ္ပတ္လည္ ညစာစားပြဲတြင္ မန္ေနဂ်ာပုိင္း တာဝန္ယူထားသူတစ္ဦး ‘လစာျဖင့္ခြင့္’ ၃၆၅ ရက္ မဲေပါက္သြားရာ သူေဌးကိုယ္တိုင္ အံ့ၾသတုန္လႈပ္သြား

 

တရုတ္ျပည္တြင္ ကုမၸဏီတစ္ခု၏ ႏွစ္ပတ္လည္ ညစာစားပြဲတြင္ ဝန္ထမ္းအမ်ဳိးသားတစ္ဦးမွာ ၃၆၅ ရက္ လစာျဖင့္ ခြင့္ယူခြင့္ မဲေပါက္ခဲ့ျပီး လူမႈကြန္ရက္သံုးစြဲသူတို႔က ခြင့္ရက္မ်ားကို မည္သုိ႔သံုးစြဲရန္ အၾကံျပဳခဲ့ ၾကသည္။

ကုမၸဏီမ်ားက ၎တုိ႔၏ ဝန္ထမ္းမ်ားကို မ်ားျပားလွေသာ ေဘာနပ္မ်ား ေငြသားလက္ေဆာင္မ်ား ေပးၾက သည္ကို ကၽြႏု္ပ္တို႔ ၾကားဖူးၾကသည္။

တစ္ႏွစ္တာလံုး လစာျဖင့္ ခြင့္ယူခြင့္ေပးျခင္းမွာမူ အလြန္ေကာင္းမြန္ေသာ လက္ေဆာင္တစ္ခုပင္ ျဖစ္သည္။

တရုတ္ျပည္မွ ဝန္ထမ္းတစ္ဦးမွာ သူ၏ ကုမၸဏီမွေပးေသာ အဆုိပါ လက္ေဆာင္မ်ဳိး ရရွိသြားသည္။

ဆုေပးပြဲကို ရိုက္ကူးထားေသာ မွတ္တမ္းဗြီဒီယိုမွာ တရုတ္ျပည္တြင္းသံုး Douyin တြင္ အလြန္ပ်ံႏွံ႔ဂယက္ရုိက္ခဲ့ျပီး ထိုဗြီဒီယို ၾကည့္ရႈရသူမ်ားမွာ မယုံႏိုင္ေအာင္ အ့ံအားသင့္ျခင္းႏွင့္ အားက်ျခင္းတို႔ ျဖစ္ခဲ့ၾကရသည္။

Douyin သည္ TikTok ႏွင့္ အလားတူေသာ တရုတ္ျပည္တြင္းသံုး လူမႈကြန္ရက္ျဖစ္သည္။

ဗြီဒီယိုထဲတြင္ ဝန္ထမ္းအမ်ဳိးသားသည္ ‘လစာျဖင့္ခြင့္ ၃၆၅ ရက္’ ဟူ၍ တရုတ္ဘာသာျဖင့္ ေရးသားထားေသာ ဘုတ္ျပားတစ္ခုကို ကိုင္ထားသည္။

 

(ဓာတ္ပံု- Douyin)

ထိုဆုမဲေပါက္သြားေသာ အမ်ဳိးသားမွာ အံ့ၾသတုန္လႈပ္သြားျပီး ထိုဘုတ္ျပားကုိ ကိုင္ရင္း ထိုင္ခံုတစ္ခုေပၚတြင္ ထုိင္လုိက္သည္ကို ေတြ႔ရသည္။

(ဓာတ္ပံု- Douyin)

ဗြီဒီယိုဖိုင္တင္ခဲ့သူက ရွင္းျပသည္မွာ ထိုသူ မဲေပါက္မည္ဟူ၍ သူ၏ ကုမၸဏီရွိ မည္သူကမွ မထင္ခဲ့ေၾကာင္း မဲေပါက္သူသည္ မန္ေနဂ်ာပိုင္း ရာထူးတစ္ခုျဖင့္ တာဝန္ထမ္းေဆာင္ေနေၾကာင္း ရွင္းျပသည္။ ယခုအမ်ဳိးသား တစ္ႏွစ္တာခြင့္ယူခြင့္ မဲေပါက္သြားသည့္အေပၚ ကုမၸဏီသူေဌးကလည္း အံ့ၾသတုန္လႈပ္ေနျပီး ထိုအမ်ဳိးသားကို ခြင့္ရက္ယူမည္ေလာ (သို႔မဟုတ္) ေငြသားျဖင့္ လဲလွယ္ရယူမည္ေလာ ဆိုသည္ကို သူ၏ ကုမၸဏီက ေဆြးေႏြးလ်က္ရွိသည္။

Straits Times သတင္းစာ၏ ေဖာ္ျပခ်က္အရ ကုမၸဏီ၏ ႏွစ္ပတ္လည္ ညစာစားပြဲတြင္ ကံစမ္းမဲႏိႈက္စဥ္ အဆိုပါ ဆု မဲေပါက္သြားျခင္းျဖစ္ေၾကာင္း ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးေၾကာင့္ ထိုကုမၸဏီက ႏွစ္ပတ္လည္ ညစာစားပြဲ ၃ ႏွစ္ၾကာ မက်င္းပႏိုင္ခဲ့။

ဝန္ထမ္းမ်ား၏ စိတ္ဖိစီးမႈ ေလ်ာ့က်ေစေရးအတြက္ ကံစမ္းမဲမ်ား ႏိႈက္ခဲ့ျခင္း ျဖစ္သည္။

ယခုကဲ့သုိ႔ လစာျဖင့္ ခြင့္ရက္မ်ားစြာ ေပးခဲ့သည့္အေပၚ လူမႈကြန္ရက္တြင္ အားက်သူ မ်ားစြာ ရွိေနသည္။

မဲေပါက္လာသည့္ ဆုအေပၚ မည္သို႔လုပ္ေဆာင္သင့္ေၾကာင္း အၾကံေပးသူမ်ားစြာ ရွိသည္။

အမ်ားစုက အၾကံေပးသည္မွာ တစ္ႏွစ္တာခြင့္ယူထားလွ်င္ မိမိေနရာတြင္ အစားထုိးျခင္း ခံရဖြယ္ရွိေသာေၾကာင့္ ထိုဆုကို ေငြသားျဖင့္ လဲလွယ္ရန္ အၾကံျပဳၾကသည္။

အခ်ဳိ႕က အၾကံျပဳသည္မွာမူ မဲေပါက္ေသာ ခြင့္ရက္တစ္ဝက္ကို ေငြသားျဖင့္ လဲလွယ္ျပီး အျခားတစ္ဝက္ကုိ အပန္းေျဖခရီးရွည္ထြက္ရန္ အၾကံျပဳၾကသည္။

ဝန္ထမ္းမ်ားကုိ တစ္ႏွစ္တာ လစာျဖင့္ခြင့္ေပးျခင္းမွာ တရုတ္ျပည္တြင္ ဤကုမၸဏီမွာ ပထမဆံုး မဟုတ္ေသး။

၂၀၂၂ ခုႏွစ္ ၊ ဇန္နဝါရီလအတြင္းကလည္း တရုတ္ျပည္ရွိ ကုမၸဏီတစ္ခုမွ အေရာင္းဝန္ထမ္းတစ္ဦး ၃၆၅ ရက္ လစာျဖင့္ခြင့္ မဲေပါက္ခဲ့ဖူးေၾကာင္း Straits Times သတင္းဌာနက ေဖာ္ျပသည္။

ထိုအမ်ဳိးသားမ်ားကမူ ထုိဆုကို ေငြသားျဖင့္ လဲလွယ္ခဲ့ျပီး ပရဟိတအဖြဲ႔တစ္ခုသို႔ လွဴဒါန္းခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Man In China Wins Prize Of 365 Days’ Paid Leave, Netizens Recommend How To Use It (mustsharenews)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရွယ် အဘိုး...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန်စံအိမ်...
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ...
မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
မိန်းကလေးတို့၏ မျက်ရည်မှ ဓာတုအချက်ပြရနံ့ကို ရှူမိလျှင် ယောက်ျားလေးတို့၏ ဒေါသကို ၄၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစ္စရေးနှင့် အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိ...
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...
လူတိုင်းကို အသက်ကယ်နိုင်သည့် ကမ္ဘာ့အရှားပါးဆုံး ရွှေသွေး အမျိုးအစား၊ အသက်ကယ်ဆေးဖြစ်သကဲ့သို့ အသက်အန္တရာယ်လည်း ကြီးမားစေနိုင်...
အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...
အခေါင်းပေါ်ကို ကြောင်နက်ခုန်ကျော်ရင် သေဆုံးပြီးသူ ငုတ်တုတ်ထထိုင်တယ်ဆိုတာ ကိုယ်တွေ့ကြုံခဲ့သူ ဗီယက်နမ်အမျိုးသမီး...
ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ
ခေါင်းပြတ်သွားတာတောင် ၁၈ လ အသက်ဆက်ရှင်နေခဲ့တဲ့ အမေရိကန်က ကြက်ဖ
နှာချေလိုချိန်တွင် မချေဘဲ အောင့်ထားလိုက်ပါက ဦးခေါင်းတွင်းသွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား...
နှာချေလိုချိန်တွင် မချေဘဲ အောင့်ထားလိုက်ပါက ဦးခေါင်းတွင်းသွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား...
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်းဝင် အံ့မခန်းဖြစ်ရပ်...
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်းဝင် အံ့မခန်းဖြစ်ရပ်...
အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပြောင်းလဲသွားပုံ...
အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီး ကျကျန်ခဲ့သော ဒေါ်လာ ၁၀၀၀၀ တန် ချက်လက်မှတ်ကို လိုက်ရှာ ပြန်ပေးတဲ့ အိမ်ရာမဲ့ အမျိုးသား ဘဝပြောင်းလဲသွားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service