ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ Daily Mail သတင်းဌာနကို တရားစွဲထားသောအမှုအတွက် ဗြိတိန်သို့ လာရောက်စဉ် ခမည်းတော်နှင်ထုတ်ခဲ့သော Frogmore အိမ်တော်တွင် နေထိုင်ခဲ့
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ Daily Mail သတင်းဌာနကို တရားစွဲထားသောအမှုအတွက် ဗြိတိန်သို့ လာရောက်စဉ် ခမည်းတော်နှင်ထုတ်ခဲ့သော Frogmore အိမ်တော်တွင် နေထိုင်ခဲ့ - Property News in Myanmar from iMyanmarHouse.com
7 Apr 2023 10:56 am တွင် တင်ခဲ့သည်
556 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီသည် ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ဗြိတိန်သို့ လာရောက်ခဲ့ရာ ဝင်ဆာရဲတိုက်ဝန်းအတွင်းရှိ Frogmore အိမ်တော်တွင် နေထိုင်ခဲ့ကြောင်း The Telegraph သတင်းဌာနက ဖော်ပြသည်။
ဟယ်ရီနှင့် ကြင်ယာတော် မီဂန်မာကယ်တို့သည် Frogmore အိမ်တော်တွင် နေထိုင်ခဲ့ကြပြီး ခမည်းတော် ချားလ်စ်ဘုရင်က နှင်ထုတ်ခြင်း ခံခဲ့ရသည်။
ဟယ်ရီက ၎င်း၏ ဖုန်းပြောဆိုမှု အသံဖိုင်များအား hacking ပြုလုပ်ခဲ့သော Daily Mail သတင်းဌာနအား တရားစွဲဆိုထားသောအမှုအတွက် ယခုခရီးစဉ်တွင် တရားရုံးသို့ လာရောက်ခဲ့သည်။
အဆိုပါ အမှုတွင် အသက် ၃၈ နှစ်ရှိပြီဖြစ်သော တော်ဝင်မင်းသားဟယ်ရီအပြင် အခြားနာမည်ကြီး ပုဂ္ဂိုလ်များဖြစ်သော ဆာဘွဲ့ရအဆိုတော်ကြီး အယ်လ်တန်ဂျွန်နှင့် နာမည်ကြီးမော်ဒယ် Elizabeth Hurley တို့လည်း တရားလိုအဖြစ် ပါဝင်နေသည်။
ဟယ်ရီသည် ဗြိတိန်ခရီးစဉ်အတွင်း ခမည်းတော်နှင့် တွေ့ဆုံသွားခြင်း မရှိကြောင်း The Telegraph က ဖော်ပြသည်။
သို့သော် Sussex မြို့စားဟယ်ရီသည် Frogmore အိမ်တော်တွင် ထားခဲ့သော ပစ္စည်းပစ္စယများ ပြန်လည် သိမ်းဆည်းယူဆောင်နိုင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု ၊ ကယ်လီဖိုနီးယားပြည်နယ် ၊ Montecito ရှိ ဒေါ်လာ ၁၄ သန်းတန် စံအိမ်သို့ သင်္ဘောတင်ကာ ပို့ဆောင်ခဲ့သည်။
(မှတ်ချက်။ ဟယ်ရီ၏ Montecito စံအိမ်အကြောင်း iMyanmar House.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ )
ဟယ်ရီက ဗြိတိန်တော်ဝင်မိသားစု၏ အတွင်းရေးများ ဖွင့်ချထားသည့် Spare အမည်ရှိ ကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိစာအုပ်ရေးသား ထုတ်ဝေခဲ့ပြီးနောက် ခမည်းတော်ချားလ်စ်ဘုရင်က ဟယ်ရီနှင့် မီဂန်မာကယ်တို့ကို Frogmore အိမ်တော်မှ နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။
သတင်းများအရ အိပ်ခန်း ၅ ခန်းပါ Frogmore အိမ်တော်မှ နှင်ထုတ်ခံရမှုအတွက် ဟယ်ရီတို့စုံတွဲ စိတ်ပျက်ခဲ့ကြရသည်ဟု ဆိုသည်။
(Daily Mail သတင်းဌာနအား တရားစွဲထားသောအမှုအတွက် တော်ဝင်မင်းသားဟယ်ရီ လန်ဒန်ရှိ တရားရုံးချုပ်သို့ အံ့အားသင့်ဖွယ် ရုတ်တရက် ရောက်ရှိလာပုံ။ ဓာတ်ပုံ- News Licensing /MEGA)
(ဟယ်ရီတို့စုံတွဲ နေထိုင်ခဲ့သော Frogmore အိမ်တော်။ ဓာတ်ပုံ- Shutter Stock)
Telegraph သတင်းဌာန၏ ဖော်ပြချက်အရ ချားလ်စ်ဘုရင်မှာ လွန်စွာ အလုပ်များနေသောကြောင့် မင်းသားဟယ်ရီမှာ ဗြိတိန်ခရီးစဉ်တွင် ခမည်းတော်နှင့် တွေ့ဆုံသွားခြင်းမရှိကြောင်း ၊ Frogmore အိမ်တော်မှ နှင်ထုတ်ခံရပြီးနောက် ဟယ်ရီ၏ ပထမဆုံးခရီးစဉ်ဖြစ်ကြောင်း ဖော်ပြသည်။
တော်ဝင်မိသားစု အတွင်းလူတစ်ဦး၏ ပြောကြားချက်အရ ဟယ်ရီက သူ၏ စာအုပ်အတွင်း ဘုရင်မကြီး Camilla အား ‘ကောက်ကျစ်စဉ်းလဲသော မိထွေး’ဟု ရေးသားခဲ့သောကြောင့် ချားလ်စ်ဘုရင်က ဟယ်ရီတို့စုံတွဲအား Frogmore အိမ်တော်မှ နှင်ထုတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
(ဟယ်ရီသည် ဗြိတိန်ခရီးစဉ်တွင် ခမည်းတော်နှင့် တွေ့ဆုံသွားခြင်း မရှိချေ။ ဓာတ်ပုံ- Karwai Tang / WireImage)
ချားလ်စ်ဘုရင်က ဟယ်ရီတို့ စုံတွဲအား Frogmore အိမ်တော်မှ မေလ ၆ ရက် နောက်ဆုံးထားကာ ပြောင်းရွှေ့ နိုင်ခဲ့ခြင်းဖြစ်ပြီး မေလ ၆ ရက်မှာ ချားလ်စ်ဘုရင်၏ နန်းတက်ပွဲ ကျင်းပမည့်နေ့လည်း ဖြစ်သည်။
ဟယ်ရီနှင့် မီဂန်တို့က Frogmore အိမ်တော်တွင် ၎င်းတို့နေထိုင်ခဲ့စဉ်ကာလအတွင်း ပြုပြင်မွမ်းမံခဲ့မှုများအတွက် ကုန်ကျခဲ့သည့် ဒေါ်လာ ၃ သန်းပြန်ရရန် မျှော်လင့်နေကြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Prince Harry stayed at Frogmore Cottage during UK visit: report (nypost)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service