ကိုရီးယားရုပ်ရှင်ကြယ်ပွင့် လီဗြောင်ဟွန်း၏ တောင်ကိုရီးယားနှင့် အမေရိကန်မှ စံအိမ်များ
ကိုရီးယားရုပ်ရှင်ကြယ်ပွင့် လီဗြောင်ဟွန်း၏ တောင်ကိုရီးယားနှင့် အမေရိကန်မှ စံအိမ်များ - Property News in Myanmar from iMyanmarHouse.com
14 Apr 2023 4:08 pm တွင် တင်ခဲ့သည်
1772 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
(ပျားရည်ဆမ်းကာလ စံအိမ်)
ကိုရီးယား ထိပ်သီးရုပ်ရှင်ကြယ်ပွင့် လီဗြောင်ဟွန်းနှင့် ဇနီးဖြစ်သူ ရုပ်ရှင်မင်းသမီး လီမင်ဂျောင် (Lee Min Jeong) တို့ အိမ်ထောင်ဦး ပျားရည်ဆမ်းကာလ ဖြတ်သန်းခဲ့သော စံအိမ်ကို MBC ရုပ်သံလိုင်း၏ Section TV တွင် ထုတ်လွှင့်ပြသခဲ့သည်။
၎င်းတို့ စုံတွဲ ပျားရည်ဆမ်းခရီးထွက်ခဲ့သော စံအိမ်မှာ လီဗြောင်ဟွန်း၏ စံအိမ်ဖြစ်ပြီး ကြီးမားကာ Luxury ဆန်သော အိမ်ကြီးဖြစ်သည်။
အိမ်နီးချင်းတစ်ဦးက ပြောသည်မှာ “ကျွန်တော် ဖြတ်သွားတော့ အဲဒီအိမ်က ပြုပြင်မွမ်းမံနေတာ တွေ့ပါတယ်။ အထဲမှာ တော်တော်လှမှာပါ။ ဒီအိမ်ကို သူတို့စုံတွဲ တော်တော်လေး မွမ်းမံထားတယ်လို့ ကြားပါတယ်”ဟု ပြောသည်။
လီဗြောင်ဟွန်းတို့ စုံတွဲ ပုံမှန်သွားရောက်လေ့ရှိသော စားသောက်ဆိုင်တစ်ဆိုင်၏ ပိုင်ရှင်က “လီမင်ဂျောင်က လီဗြောင်ဟွန်းအတွက် ငါးရှဉ့်ကို လှီးဖြတ်ပေးတယ်။ သူတို့မှာ ထိပ်သီးနာမည်ကြီးတွေဆိုပြီး ဟိတ်ဟန်မရှိဘူး။ ဒါကြောင့်လည်း လီဗြောင်ဟွန်းက ချစ်ခဲ့တာ ဖြစ်နိုင်ပါတယ်”ဟု ပြောသည်။
လီဗြောင်ဟွန်း၏ စံအိမ်အပေါ် လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်မှာ “သူတို့ရဲ့ ပျားရည်ဆမ်းခရီးအိမ်က တကယ့်အံဖွယ်ပါပဲ။ နှစ်ယောက်လုံး ပျော်ရွှင်ကြပါစေ။ အထဲမှာ ဘယ်လိုမျိုးလဲ သိချင်မိတယ်”ဟုဆိုသည်။
((လီဗြောင်ဟွန်းတို့ စုံတွဲ လော့စ်အိန်ဂျလိမှ စံအိမ်ဝယ်ယူခဲ့ရာတွင် ကိုရီးယား ဝမ်ငွေအားဖြင့် ၂ ဒသမ ၃၈ ဘီလီယံပေးခဲ့ရ ၊ နှစ်စဉ်အာမခံကြေး ဝမ်ငွေ ၁၀ သန်းပေးရ))
လီဗြောင်ဟွန်းနှင့် လီမင်ဂျောင်တို့စုံတွဲ ၂၀၂၂ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု ၊ လော့စ်အိန်ဂျလိတွင် ဒုတိယမြောက် နေအိမ်တစ်လုံးကို ဝယ်ယူခဲ့ရာတွင် မည်မျှပေးခဲ့ရကြောင်း သတင်းများ ပေါ်ပေါက်လာသည်။
Mnet မှ TMI News Show အပိုင်း ၂၇ တွင် “အကျော်အမော်များ ဝယ်ယူခဲ့သော အကောင်းဆုံး နေအိမ် ၁၀” လုံးကို ထုတ်လွှင့်ပြသခဲ့ရာ လီဗြောင်ဟွန်းတို့ စုံတွဲ ဝယ်ယူခဲ့သော အကောင်းဆုံး ဒုတိယနေအိမ် ၁၀ လုံးကို ထုတ်လွှင့်ပြသခဲ့ရာ လီဗြောင်ဟွန်းတို့ စုံတွဲ ဝယ်ယူခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကို ပဉ္စမနေရာတွင် ဖော်ပြထားသည်။
လီဗြောင်ဟွန်းသည် ကိုရီးယားတွင်သာမက ဟောလိဝုဒ်တွင်ပါ ရိုက်ရှင်ရိုက်ကူးမှုများအတွက် ပြည်ပသို့ မကြာခဏ ခရီးထွက်ရသောကြောင့် ၎င်းတို့စုံတွဲက လော့စ်အိန်ဂျလိတွင် ဒုတိယအိမ် ထားရှိခြင်းလည်း ဖြစ်သည်။
လီဗြောင်ဟွန်းနှင့် လီမင်ဂျောင်တို့နှစ်ဦး အမေရိကန်ပြည် အနောက်ပိုင်းသို့ ခရီးထွက်ခဲ့စဉ် ယခုစံအိမ်ကို ဝယ်ယူလိုက်ခြင်းလည်းဖြစ်သည်။
စံအိမ် ဝယ်ယူခဲ့စဉ်က တန်ကြေးမှာ ကန်ဒေါ်လာ ၂ သန်း (ဝမ်ငွေ ၂ ဒသမ ၃၈၅ ဘီလီယံ) ဖြစ်သည်။
စံအိမ်မှာ မိသားစု ၅ ဦး ၊ ၆ ဦးခန့် နေထိုင်နိုင်သော အိမ်ဖြစ်သည်။
၂ ထပ်အိမ်ဖြစ်ပြီး အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၂ ခန်းပါသည်။
ရေကူးကန်တစ်ခုရှိမည်ဆိုပါက နေအိမ်၏ နှစ်စဉ် ထိန်းသိမ်းစရိတ်မှာ ဝမ်ငွေ ၃ ဒသမ ၉ သန်းမှ ၆ ဒသမ ၅ သန်းကြား ကုန်ကျမည် ဖြစ်သည်။
အမေရိကန်တွင် နေအိမ်တစ်လုံး ပိုင်ဆိုင်ရေးမှာ ငွေကြေး ကြီးမားစွာကုန်ကျသည်။
နေအိမ်တန်ဖိုး ဒေါ်လာ ၁၀၀၀ တိုင်းအတွက် ၄ ဒေါ်လာ ပေးရသည်။
လီဗြောင်ဟွန်းသည် ယခုအိမ်ကို ဒေါ်လာ ၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကာ နှစ်စဉ် အာမခံကြေး ဝမ်ငွေ ၁၀ သန်းပေးရသည်။
လီဗြောင်ဟွန်းနှင့် လီမင်ဂျောင်တို့သည် ၂၀၁၃ ခုနှစ် ၊ သြဂုတ်လတွင် လက်ထပ်ခဲ့ကြပြီး Joon-hoo အမည်ရှိ သားတစ်ဦး ထွန်းကားသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Lee Byung Hun and Lee Min Jung’s Honeymoon Home (justleeminjung, koreaboo, kbizoom)
 [Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service