Dailymail သတင်းဌာနက စုစည်းဖော်ပြသော အာရှတစ်လွှားမှ ဗုဒ္ဓဘာသာ ကျောင်းတော်ရာများနှင့် ရင်သပ်ရှုမောဖွယ် နေရာများ
Dailymail သတင်းဌာနက စုစည်းဖော်ပြသော အာရှတစ်လွှားမှ ဗုဒ္ဓဘာသာ ကျောင်းတော်ရာများနှင့် ရင်သပ်ရှုမောဖွယ် နေရာများ - Property News in Myanmar from iMyanmarHouse.com
22 Mar 2023 11:52 am တွင် တင်ခဲ့သည်
1169 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
တိဘက်ဒေသမှ ရဟန်းတော်တို့၏ ကြက်သွေးရောင်သင်္ဃန်းများမှသည် မြန်မာပြည်ရှိ ရွှေရောင်ဝင်းလက် သပ္ပာယ်လှသော စေတီတော်တို့၏ သပ္ပာယ်မှုများအထိ အာရှတိုက်သည် အရောင်အသွေး ပေါကြွယ်ဝလှသော နေရာကြီးပင် ဖြစ်သည်။
ဓာတ်ပုံဆရာ ဂျရမီ ဟော်နာ (Jeremy Horner) သည် ဗုဒ္ဓဘာသာကိုးကွယ်သည့် နိုင်ငံပေါင်း ၁၆ နိုင်ငံသို့ ခရီးထွက်ခဲ့ကာ ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာတရားကိုင်းရှိုင်းမှုပုံရိပ်များကို ရိုက်ကူးခဲ့သည်။
စိတ်အာရုံကို ညှို့ယူဖမ်းစားနိုင်သော ဓာတ်ပုံများအနက် ဖယောင်းတိုင်ဖြင့် မီးပူဇော်ပွဲကျင်းပနေကြသော ထိုင်းရဟန်းတော်များ၊ တရုတ်ပြည်မှ ကွန်ဖူးလေ့ကျင့်နေသော ဘုန်းတော်ကြီးများနှင့် မြန်မာနိုင်ငံတွင် ချောက်ကမ်းပါးထိပ်တစ်ခုရှိ ရွှေချထားသော ပြုတ်ကျလုနီးနီး ကျောက်တုံးကြီးတစ်ခုပေါ်တွင် တည်ထားသော ဘုရားတို့ အပါအဝင် ဖြစ်သည်။
ဟော်နာ၏ အသက်ရှုမှားဖွယ် ဓာတ်ပုံစုစည်းထားမှုများကို ဆန်ဖရန်စစ္စကို အခြေစိုက် Goff Books စာအုပ် တိုက်က ထုတ်ဝေသည့် ဓာတ်ပုံစာအုပ်တစ်ခုတွင် ဖော်ပြခဲ့သည်။
အထင်ကရဓာတ်ပုံများအနက်တစ်ခုမှာ တရုတ်ပြည်၊ တိဗက်မှ လာဆာမြို့တော်တွင် မိုးကြိုးမုန်တိုင်း တိုက်ခတ် နေစဉ်အတွင်း ပိုတာလာနန်းတော်ကို မိုးကြိုးပစ်နေသည့် ဓာတ်ပုံတစ်ပုံလည်း ပါဝင်သည်။
ခမ်းနားလှသော ပိုတာလာနန်းတော်အဆောက်အအုံကြီးသည် ယခင်က ဒလိုင်လားမားတို့၏ ဆောင်းရာသီ ကျောင်းတော်ရာ ဖြစ်ခဲ့သည်။
ဗုဒ္ဓဘာသာ ၁၆ နိုင်ငံခရီးစဉ်အတွင်း ဘုရားဖူးများ၊ သီလရှင်များ၊ သံဃာတော်များ၊ ကိုရင်များနှင့် တွေ့ကြုံခဲ့ရ သည့် အတွေ့အကြုံများကို မျှဝေရခြင်းမှာ ဘာသာတရား ကြည်ညိုကိုင်းရှိုင်းမှုကို အားပေးမှုဖြစ်စေကြောင်း ဟော်နာက ပြောသည်။ အဆိုပါအချက်သည်မှာ ကြီးမားကျယ်ပြန့်လှသော တိုက်ကြီးတစ်ခုတစ်လွှား ဗုဒ္ဓဘာသာ ဂိုဏ်းကွဲများစွာ အကြောင်း လေ့လာမှုနှင့် မှတ်တမ်းတင်မှုခရီးရှည်ကြီးအတွင်း စိတ်ချမ်းမြေ့ဖွယ် အချက်တစ်ခု ဖြစ်ခဲ့သည်။
(ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြောက်ဘက်ရှိ ဝပ်ဖရ ဓမ္မကာရ ကျောင်းတော်တွင် ကျင်းပသော မီးထွန်းပွဲတော်၌ သံဃာတော်များ စုဝေးနေကြပုံ။)
(တရုတ်ပြည်၊ လာဆာမြို့တွင် မိုးကြိုးမုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း ပိုတာလာနန်းတော်ကို မိုးကြိုးပစ်နေပုံ။ ခမ်းနားထည်ဝါလှသော အဆောက်အအုံကြီးသည် တချိန်က တိဘက်အစိုးရနှင့် ဒလိုင်လားမားတို့၏ ဆောင်းရာသီ အိမ်တော်၊ ကျောင်းတော်ရာ ဖြစ်ခဲ့သည်)
(အမရပူရမြို့ရှိ ဘုရားကျောင်းကန်တစ်ခုတွင် ဘုရားရှိခိုးနေသော သံဃာတော်တစ်ပါး။အမရပူရသည် တစ်ချိန်က မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သည်။)
(မြန်မာနိုင်ငံတွင် ရွှေရောင်ပြိုးပျက်သော ကျောက်တုံးကြီးတစ်ခုပေါ်တွင် တည်ထားသော ဘုရား (သို့မဟုတ်) ကျိုက်ထီးရိုးတွင် သံဃာတော်တစ်ပါး ဘုရားဖူးနေပုံ။ကြီးမားလှသော ရွှေရောင်ကျောက်တုံးကြီး ကျောက်ကမ်းပါးထိပ်မှ ပြုတ်မကျစေရန် ဗုဒ္ဓဆံတော်က ကာကွယ်ပေးထားသည်ဟု ယုံကြည်ကြသည်။)
(တိဗက်ရှိ Gelugpa ဗုဒ္ဓစာသင်တိုက်တွင် ဦးထုပ်အဝါရောင်များ ဆောင်းထားသော သံဃာတော်များကို တွေ့ရပုံ။ Labrang ဘုန်းတော်ကြီးကျောင်း၏ ပင်မဝတ်ပြုဆောင် အပြင်ဘက်တွင် စောင့်ဆိုင်းနေကြစဉ် ရိုက်ကူးထားခြင်း ဖြစ်သည်။)
(တရုတ်ပြည် ဟီနန်ပြည်နယ် ၊ ကျန့်ကျုံး - Zhengzhou မြို့ရှိ ရှောင်လင်ကျောင်းတော်တွင် ဘုန်းတော်ကြီးများ ကွန်ဖူးလေ့ကျင့်နေပုံ။ ကျောင်းတော်၏ သာယာလှပကာ အရောင်အသွေးစုံလင်သော အဆောက်အအုံများရှေ့တွင် လေ့ကျင့်နေကြခြင်း ဖြစ်သည်။)
(တရုတ်ပြည် Labrang ဘုန်းတော်ကြီးကျောင်း၏ ပင်မဝတ်ပြုဆောင်ရှေ့တွင် နီညိုရောင် သင်္ဃန်းများရုံထားသည့် သံဃာတော်များ စုဝေးနေကြပြီး အပေါ်ဘက်ဆီတွင်မူ ဘုရားဖူးသံဃာတော်တစ်ဦး ဘုရားရှိခိုးနေပုံ။ Labrang ကျောင်းတော်ကို ၁၇၀၉ ခုနှစ်က တည်ထောင်ခဲ့ပြီး တစ်ချိန်က စာသင်သံဃာအပါးရေ ၄၀၀၀ ကျော်ရှိခဲ့သော်လည်း ယခုအခါတွင်မူ ၁၅၀၀ ဝန်းကျင်ခန့်သာ ရှိသည်။ )
(ပုံတွင် တွေ့ရသည်မှာ မြန်မာပြည်၏ အထွတ်အမြတ်သရဖူဖြစ် လူသိများသော ရွှေတိဂုံစေတီတော်ဖြစ်သည်။ ရွှေတိဂုံသည် နှစ်ပေါင်း ၂၆၀၀ သက်တမ်းရှိပြီး ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံး စေတီတော် ဖြစ်သည်ဟု ဆိုသည်။ တောင်ကုန်းထိပ်တစ်ခုပေါ်တွင် တည်ရှိပြီး ၃၂၄ ပေ ဉာဏ်တော်ရှိကာ ရန်ကုန်တစ်မြို့လုံးမှ ဖူးမျှော်တွေ့မြင်ရသည်။ ရွှေတိဂုံတွင် စိန်၊ ပတ္တမြား ၊ ဥဿဖယား ၊ နီလာနှင့် ကြီးမားသော မြကြီးတစ်လုံးအပါအဝင် တန်ဖိုးကြီး ကျောက်မျက်ရတနာပေါင်း ၇၀၀၀ ကျော် ဆက်ကပ်လှူဒါန်းထားသည်။)
(မြန်မာနိုင်ငံ အမရပူရမြို့အနီး တောင်သမန်အင်းကို ဖြတ်သန်းဆောက်လုပ်ထားသော ရင်သပ်ရှုမောဖွယ်ရာ ဦးပိန်တံတား။ ၀ ဒသမ ၇၄ မိုင် ရှည်လျားသော တံတားကြီးကို ၁၈၅၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ပြီး ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံးနှင့် အရှည်လျားဆုံး ကျွန်းတံတားဖြစ်သည်ဟု ယုံကြည်ရသည်။)
(တိဗက်ဗုဒ္ဓဘာသာတွင် အမြင့်မြတ်ဆုံးနေရာဖြစ်သော Jokhang ကျောင်းတော်သို့ နှစ်စဉ် တိဗက်ဘုရားဖူး ထောင်နှင့်ချီ၍ လာရောက်လေ့ရှိသည်။ )
(လာအိုနိုင်ငံ Luang Prabang မြို့ရှိ Wat Mai ဘုရားသို့ ကိုရင်လေးတစ်ပါး ဝင်ရောက်သွားပုံ။ ဝင်ပေါက်မျက်နှာစာမှာ အနုစိတ်မွန်းမံထားပြီး ရွှေရောင်ဖိတ်ဖိတ်လက်နေကာ ကော်လံတိုင်များစွာဖြင့် ဆောက်လုပ်ထားသည်။ )
(ထိုင်းနိုင်ငံ Wat Si Chum ဘုရားရှိ ကြီးမားသော ဗုဒ္ဓရုပ်ပွားတော်ကြီးရှေ့တွင် သံဃာတော်တစ်ပါးကို တွေ့ရပုံ။)
(ဘူတန်နိုင်ငံတွင် Punakha ပွဲတော်သို့ နှစ်စဉ်လာရောက်သည့် ကျေးလက်တိုင်းရင်းသားမျိုးနွယ်စုများ။)
(ဘူတန်နိုင်ငံ Thimphu မြို့အနီး Semtokha ဘုန်းတော်ကြီးကျောင်းဝန်းတွင် အနီရောင် သင်္ဃန်းဝတ်ရုံထားသော ကိုရင်နှင့်သံဃာတော်များ စာအံရန် ကျောင်းအတွင်းသို့ ဝင်နေကြပုံ။)
(မြန်မာနိုင်ငံ ဧရာဝတီမြစ်ဘေး ရှေးဟောင်းပုဂံမြို့ရှိ စေတီပုထိုးများ။)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: From crimson robes to golden temples: Stunning photos capture the colourful and spellbinding worship of Buddhism across Asia (dailymail)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service