ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
လေ့လာခဲ့သည့် သုတေသနပညာရှင်များ= Chen Ee Low, Nicole Shi Min Chew, Sean Loke, Jia Yang Tan, Shayne Phee
လေ့လာခဲ့သည့် အင်စတီကျူးရှင်း= Yong Loo Lin School of Medicine ၊ စင်္ကာပူ အမျိုးသားတက္ကသိုလ် (NUS)
((လေ့လာမှု ရလဒ်)) လေ့လာမှု ၁၇ ခု ပြုလုပ်ခဲ့သည်။ ထိုလေ့လာချက်များအရ တွေ့ရှိလာသည်မှာ တစ်လလျှင် ကော်ဖီ ခွက်ရေ ၆၀ အထက် သောက်သုံးသူများတွင် မိမိကိုယ်ကို အဆုံးစီရင်ရန် ကြိုးစားသည့်အန္တရာယ် ကျဆင်းသွားကြောင်း တွေ့ရသည်။
ဆန့်ကျင်ဘက်အားဖြင့် အားဖြည့်အချိုရည်ကို တစ်လလျှင် ၁ ခွက်မျှသာ သောက်သုံးလျှင်ပင် မိမိကိုယ်ကို အဆုံးစီရင်ရန် တွေးတောခြင်းနှင့် အားထုတ်ခြင်း အန္တရာယ် သိသာစွာ မြင့်တက်လာကြောင်း တွေ့ရှိခဲ့သည်။
သောက်သုံးသည့် ပမာဏနှင့် အဆုံးစီရင်မှု ရလဒ်တို့အကြား ကြီးမားသည့် ဆက်နွှယ်မှုများ ရှိနေသည်ကို တွေ့ရှိခဲ့သည်။
Nutrients တွင် ဖော်ပြခဲ့သော ၂၀၂၅ ခုနှစ် meta-analysis တွင် လူပေါင်း ၁ ဒသမ ၅ သန်းကို လေ့လာမှုများ ပြုလုပ်ခဲ့ရာ အားဖြည့်အချိုရည်သောက်သုံးသူတို့တွင် မိမိကိုယ်ကို အဆုံးစီရင်သည့်အတွေးဖြစ်ပေါ်မှုနှင့် ကြိုးစားအားထုတ်မှု အန္တရာယ် သိသာစွာ မြင့်တက်နေသည်ကို တွေ့ရသည်။
အဆိုပါ လေ့လာချက်အရ အားဖြည့်အချိုရည် အနည်းငယ်သောက်သုံးလျှင်ပင် ထိုအန္တရာယ် မြင့်မားသည်ကို တွေ့ရှိခဲ့ပြီး အလွန်အကျွံသောက်သုံးသူများတွင်မူ အန္တရာယ် ၃ ဆပိုမိုကြီးမားသည်ဟု ဆိုသည်။
ကော်ဖီမှာမူ မိမိကိုယ်ကို အဆုံးစီရင်လိုစိတ်ကို ကာကွယ်ပေးနိုင်စွမ်းရှိပြီး ကော်ဖီအသောက်များသူတို့တွင် အဆုံးစီရင်မှုအန္တရာယ် ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်ကို တွေ့ရသည်။
သိပ္ပံပညာရှင်တို့က ထောက်ပြသည်မှာ ဦးနှောက်နှင့် အာရုံကြောကို လှုံ့ဆော်ပေးသည့်ဓာတ်များနှင့် သကြားပါဝင်နှုန်း မြင့်မားမှုတို့ကြောင့် စိတ်အခြေအနေ မတည်မငြိမ်ဖြစ်စေကာ သောကများစေသည့် အခြေအနေသို့ ဦးတည်စေခြင်းဖြစ်ကြောင်း ထောက်ပြသည်။
အားဖြည့်အချိုရည်တစ်ခုတည်းကြောင့် အဆုံးစီရင်မှုဖြစ်ရသည်ဟု အတိအကျ ပြော၍ မရသော်လည်း စိတ်ကျန်းမာရေးအတွက် လေ့လာရာတွင် အားဖြည့်အချိုရည်တို့မှာ ထည့်သွင်းတွက်ချက် မခံရသည့် အန္တရာယ်ရှိသောအရာများ ဖြစ်သည်။
တိုက်ရိုက်ဖြစ်ပေါ်စေသည့် အကြောင်းရင်းမဟုတ်သော်လည်း တစထက်တစ ဈေးကွက်ကြီးမားလာနေသည့် အားဖြည့်အချိုရည်တို့ကို အထူးသတိပြုရန် ဆေးပညာရှင်တို့က သတိပေးထားသည်။
((ဖြစ်နိုင်ချေရှိသည့် အကြောင်းရင်းများ))
ဦးနှောက်နှင့် အာရုံကြောကို လှုံ့ဆော်ပေးသည့် taurine, guarana များ ပါဝင်မှုအပြင် သကြား ပါဝင်နှုန်း မြင့်မားခြင်းမှာ စိတ်ခံစားချက် မငြိမ်သက်စေခြင်းနှင့် anxiety တို့ ဖြစ်လာစေနိုင်သည်။
ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်ပညာရှင်များနှင့် သုတေသနပညာရှင်တို့က ယခုအခြေအနေကို ထိန်းသိမ်းမှု လုပ်ဆောင်ပေးကြရန် ဆော်သြလျက်ရှိပြီး အထူးသဖြင့် ငယ်ရွယ်သူတို့ကို ရောင်းချခြင်းများ ထိန်းသိမ်းပေးရန် တောင်းဆိုနေကြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Association of Coffee and Energy Drink Intake with Suicide Attempts and Suicide Ideation: A Systematic Review and Meta-Analysis