The Whale (၂၀၂၂) ရုပ်ရှင်ကားတွင် တစ်ကိုယ်တည်းနေထိုင်သူ အင်္ဂလိပ်စာပြဆရာအဖြစ် သရုပ်ဆောင်ကာ အကောင်းဆုံးဇာတ်ဆောင်မင်းသားအဖြစ် အော်စကာဆုရသွားသူ Brendan Fraser ၏ စံအိမ်

The Whale (၂၀၂၂) ရုပ်ရှင်ကားတွင် တစ်ကိုယ်တည်းနေထိုင်သူ အင်္ဂလိပ်စာပြဆရာအဖြစ် သရုပ်ဆောင်ကာ အကောင်းဆုံးဇာတ်ဆောင်မင်းသားအဖြစ် အော်စကာဆုရသွားသူ Brendan Fraser ၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
20 Mar 2023 11:19 am တွင် တင်ခဲ့သည်
708 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(The Whale ရုပ်ရှင်ဇာတ်ကား-၂၀၂၂)

The Whale သည် ၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့သော အမေရိကန် drama ရုပ်ရှင်ကားဖြစ်ပြီး ဒါရိုက်တာ Darren Aronofsky က ရိုက်ကူးခဲ့သည်။

ဇာတ်လမ်းမှာ အမေရိကန်ပြည်၊ အိုင်ဒါဟိုပြည်နယ်မှ မြို့တစ်မြို့တွင် တစ်ကိုယ်တည်းနေထိုင်သော အင်္ဂလိပ်စာပြဆရာတစ်ဦးက အစားအစာများ အန္တရာယ်ဖြစ်လောက်အောင် စားသောက်ကာ အဝလွန်ပြီး ကျန်းမာရေးမကောင်း။ သူက လမ်းခွဲထားသော ဇနီးနှင့်အတူနေသည့် ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူကို အမွေပေးလိုသောကြောင့် ဆေးရုံပင်မတက်၊ ဆေးမကုဘဲ နေထိုင်ရင်း သမီးနှင့် ရင်းနှီးရန် ကြိုးစားပုံများကို ရိုက်ကူးထားခြင်းဖြစ်သည်။

ကနေဒါရုပ်ရှင်မင်းသား Brendan Fraser သည် ထိုဇာတ်ကားဖြင့် ပြီးခဲ့သောရက်ပိုင်းက ကျင်းပခဲ့သည့် ၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် အကောင်းဆုံးဇာတ်ဆောင်မင်းသားအဖြစ် အော်စကာဆု ရခဲ့ပြီး ကနေဒါသရုပ်ဆောင်များတွင် ပထမဆုံးအော်စကာဆုရသူ ဖြစ်လာသည်။

စတင်ပြသခဲ့သည့်ရက်စွဲ- ဒီဇင်ဘာ ၉ ရက်၊ ၂၀၂၂ (အမေရိကန်ပြည်ထောင်စု)

ဇာတ်ကားကြာမြင့်ချိန်- ၁၁၇ မိနစ်

The Whale သည် ရိုက်ကူးစရိတ် ကန်ဒေါ်လာ ၃ သန်းရှိခဲ့ပြီး ဒေါ်လာ ၃၈ ဒသမ ၈ သန်း ပြန်လည်ရရှိခဲ့သည်။

Brendan Fraser သည် အော်စကာဆုအပြင် Critics' Choice Awards နှင့် Screen Actors Guild Awards တို့လည်း ရရှိခဲ့သည်။

The Whale သည် အကောင်းဆုံးမိတ်ကပ်နှင့် ဆံပင် အော်စကာဆုလည်း ရရှိခဲ့သည်။

(Brendan Fraser ဘယ်သူလဲ)

Brendan Fraser (မွေး-၁၉၆၈) ၏ အမည်အပြည့်အစုံမှာ Brendan James Fraser ဖြစ်ပြီး ကနေဒါလူမျိုး၊ အမေရိကန်နိုင်ငံသား ရုပ်ရှင်မင်းသား ဖြစ်သည်။

Cornish အနုပညာကျောင်းမှ ၁၉၉၀ ပြည့်နှစ်တွင် ကျောင်းပြီးခဲ့ပြီး Dogfight ဇာတ်ကား (၁၉၉၁) ဖြင့် ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ခဲ့သည်။

၁၉၉၂ ခုနှစ်တွင် Encino Man ၊ School Ties ရုပ်ရှင်များဖြင့် အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့သည်။

သူ၏ အခြား ထင်ရှားသော ရုပ်ရှင်ဇာတ်ကားများမှာ George of the Jungle (1997) နှင့် Journey to the Center of the Earth (2008) တို့ ဖြစ်သည်။

(Brendan Fraser အချစ်ရေး)

Brendan Fraser သည် လော့စ်အိန်ဂျလိသို့ ရောက်ပြီး မကြာမီတွင် Winona Ryder ၏ နေအိမ်၌ ကျင်းပသော အကင်စားသောက်ပွဲသို့ ၁၉၉၃ ခုနှစ်၊ ဇူလိုင်လ ၄ ရက်က ရောက်ရှိစဉ် ရုပ်ရှင်မင်းသမီး Afton Smith နှင့် ဆုံစည်းခဲ့သည်။

၎င်းတို့နှစ်ဦး ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်တွင် လက်ထပ်ခဲ့ကြပြီး သား ၃ ဦး ထွန်းကားသည်။

၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလတွင် Fraser က ၎င်းတို့နှစ်ဦး ကွာရှင်းပြတ်စဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

တရားရုံးက Fraser ကို မယားစရိတ် လစဉ် ဒေါ်လာ ၅၀၀၀၀ ပမာဏဖြင့် ၁၀ နှစ်ပေးစေရန် (သို့မဟုတ်) Afton နောက်အိမ်ထောင်မပြုမချင်း ထောက်ပံ့စေရန် အမိန့်ချမှတ်ခဲ့သည်။

Brendan Fraser သည် မိတ်ကပ်အနုပညာရှင်တစ်ဦးဖြစ်သူ Jeanne Moore နှင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကတည်းက ချစ်ကြိုက်လျက်ရှိခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင် နှစ်ဦးတွဲကာ ပွဲတက်ခဲ့ပြီး မကြာသေးမီက ကျင်းပခဲ့သော ၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် ဆုရယူပြီးနောက် ကျေးဇူးတင်စကားပြောရာတွင် Jeanne ကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားသွားသည်။

((Brendan Fraser ပိုင်ဆိုင်ခဲ့ဖူးသော လော့စ်အိန်ဂျလိမြို့၊ Beverly Hills အရပ်မှ ဒေါ်လာ ၄ ဒသမ ၅ သန်းတန် စံအိမ်))

Brendan Fraser ၏ လော့စ်အိန်ဂျလိမြို့ စံအိမ်သည် ချောက်ကမ်းပါးတစ်ခုထိပ်ရှိ တစ်ဘက်ပိတ် သီးသန့်လမ်းတစ်ခုတွင် တည်ရှိသည်။

ကမ္ဘာကျော် အကျော်အမော်များ စုဝေးနေထိုင်ကြရာ Beverly Hills မှ Post Office အရပ်တွင် တည်ရှိသည်။

စံအိမ်မှာ မှန်နံရံများအပြည့်ကာရံထားသော ပုံမှန်ထက်မြင့်မားသည့် ဧည့်ခန်းရှိခြင်းကြောင့် အလင်းနှင့် လေဝင်လေထွက်အလွန်ကောင်းကာ လော့စ်အိန်ဂျလိမြို့ကြီး၊ ချောက်ကမ်းပါးနှင့် ပင်လယ်ရှုမျှော်ခင်းတို့ကို မြင်ကွင်းကျယ် ရှုမြင်ခံစားနိုင်သည်။

အခြားထူးခြားသည့် ဖွဲ့စည်းပါဝင်မှုများမှာ မှန်ပြတင်းအတိပြီးသည့် ညစာစားခန်း၊ ရုံးခန်း၊ ဓာတ်ပုံအမှောင်ခန်း၊ နားနေဆောင်ပါသော မိသားစုအခန်းတို့ ဖြစ်သည်။

ထို့အပြင် အိပ်ခန်း ၄ ခန်း ၊ နားနေခန်းပါသော Master Bedroom လည်းရှိသည်။

အဆိုပါ စံအိမ်ကို ကန်ဒေါ်လာ ၄ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။

စံအိမ်အကျယ်မှာ ၉၃၃၅ စတုရန်းပေ ရှိပြီး အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၄ ခန်းပါသည်။

(ဧည့်ခန်း၏ ထူးခြားချက်မှာ မြင့်မားသော မှန်နံရံများဖြစ်သည်။ ဓာတ်ပုံ- Rodeo Realty)

(မီးဖိုဆောင်။ ဓာတ်ပုံ- Rodeo Realty)

(ညစာစားခန်းမှာ အလင်းနှင့် လေဝင်လေထွက်အလွန်ကောင်းသည်။ ဓာတ်ပုံ- Rodeo Realty)

(ဧည့်ခန်းကို စီးမိုးတွေ့မြင်နေရသော လသာဆောင် ပါသည့် အပေါ်ထပ် မိသားစု နားနေခန်း။ ဓာတ်ပုံ- Rodeo Realty)

(Master Bedroom ၏ နားနေခန်းမှ တဆင့် လော့စ်အိန်ဂျလိ၏ တောင်ကုန်းများကို တွေ့မြင်နိုင်သည်။ ဓာတ်ပုံ- Rodeo Realty)

(လသာဆောင်များစွာ ပါဝင်သည်။ ဓာတ်ပုံ- Rodeo Realty)

(အိမ်နောက်ဖက်မှ ရေကူးကန်။ ဓာတ်ပုံ- Rodeo Realty)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Brendan Fraser’s Former Beverly Hills Home Is for Sale for $4.5 Million ( architecturaldigest)

[Zawgyi]

The Whale (၂၀၂၂) ရုပ္ရွင္ကားတြင္ တစ္ကိုယ္တည္းေနထိုင္သူ အဂၤလိပ္စာျပဆရာအျဖစ္ သရုပ္ေဆာင္ကာ အေကာင္းဆံုးဇာတ္ေဆာင္မင္းသားအျဖစ္ ေအာ္စကာဆုရသြားသူ Brendan Fraser ၏ စံအိမ္

(The Whale ရုပ္ရွင္ဇာတ္ကား-၂၀၂၂)

The Whale သည္ ၂၀၂၂ ခုႏွစ္က ထြက္ရွိခဲ့ေသာ အေမရိကန္ drama ရုပ္ရွင္ကားျဖစ္ျပီး ဒါရိုက္တာ Darren Aronofsky က ရိုက္ကူးခဲ့သည္။

ဇာတ္လမ္းမွာ အေမရိကန္ျပည္၊ အိုင္ဒါဟိုျပည္နယ္မွ ျမိဳ႕တစ္ျမိဳ႕တြင္ တစ္ကိုယ္တည္းေနထိုင္ေသာ အဂၤလိပ္စာျပဆရာတစ္ဦးက အစားအစာမ်ား အႏၱရာယ္ျဖစ္ေလာက္ေအာင္ စားေသာက္ကာ အဝလြန္ျပီး က်န္းမာေရးမေကာင္း။ သူက လမ္းခြဲထားေသာ ဇနီးႏွင့္အတူေနသည့္ ဆယ္ေက်ာ္သက္အရြယ္ သမီးျဖစ္သူကို အေမြေပးလိုေသာေၾကာင့္ ေဆးရံုပင္မတက္၊ ေဆးမကုဘဲ ေနထိုင္ရင္း သမီးႏွင့္ ရင္းႏွီးရန္ ၾကိဳးစားပံုမ်ားကို ရိုက္ကူးထားျခင္းျဖစ္သည္။

ကေနဒါရုပ္ရွင္မင္းသား Brendan Fraser သည္ ထိုဇာတ္ကားျဖင့္ ျပီးခဲ့ေသာရက္ပိုင္းက က်င္းပခဲ့သည့္ ၉၅ ၾကိမ္ေျမာက္ ေအာ္စကာဆုေပးပြဲတြင္ အေကာင္းဆံုးဇာတ္ေဆာင္မင္းသားအျဖစ္ ေအာ္စကာဆု ရခဲ့ျပီး ကေနဒါသရုပ္ေဆာင္မ်ားတြင္ ပထမဆံုးေအာ္စကာဆုရသူ ျဖစ္လာသည္။

စတင္ျပသခဲ့သည့္ရက္စြဲ- ဒီဇင္ဘာ ၉ ရက္၊ ၂၀၂၂ (အေမရိကန္ျပည္ေထာင္စု)

ဇာတ္ကားၾကာျမင့္ခ်ိန္- ၁၁၇ မိနစ္

The Whale သည္ ရိုက္ကူးစရိတ္ ကန္ေဒၚလာ ၃ သန္းရွိခဲ့ျပီး ေဒၚလာ ၃၈ ဒသမ ၈ သန္း ျပန္လည္ရရွိခဲ့သည္။

Brendan Fraser သည္ ေအာ္စကာဆုအျပင္ Critics' Choice Awards ႏွင့္ Screen Actors Guild Awards တို႔လည္း ရရွိခဲ့သည္။

The Whale သည္ အေကာင္းဆံုးမိတ္ကပ္ႏွင့္ ဆံပင္ ေအာ္စကာဆုလည္း ရရွိခဲ့သည္။

(Brendan Fraser ဘယ္သူလဲ)

Brendan Fraser (ေမြး-၁၉၆၈) ၏ အမည္အျပည့္အစံုမွာ Brendan James Fraser ျဖစ္ျပီး ကေနဒါလူမ်ဳိး၊ အေမရိကန္ႏိုင္ငံသား ရုပ္ရွင္မင္းသား ျဖစ္သည္။

Cornish အႏုပညာေက်ာင္းမွ ၁၉၉၀ ျပည့္ႏွစ္တြင္ ေက်ာင္းျပီးခဲ့ျပီး Dogfight ဇာတ္ကား (၁၉၉၁) ျဖင့္ ရုပ္ရွင္ေလာကသို႔ စတင္ဝင္ေရာက္ခဲ့သည္။

၁၉၉၂ ခုႏွစ္တြင္ Encino Man ၊ School Ties ရုပ္ရွင္မ်ားျဖင့္ ေအာင္ျမင္မႈအၾကီးအက်ယ္ရရွိခဲ့သည္။

သူ၏ အျခား ထင္ရွားေသာ ရုပ္ရွင္ဇာတ္ကားမ်ားမွာ George of the Jungle (1997) ႏွင့္ Journey to the Center of the Earth (2008) တို႔ ျဖစ္သည္။

(Brendan Fraser အခ်စ္ေရး)

Brendan Fraser သည္ ေလာ့စ္အိန္ဂ်လိသုိ႔ ေရာက္ျပီး မၾကာမီတြင္ Winona Ryder ၏ ေနအိမ္၌ က်င္းပေသာ အကင္စားေသာက္ပြဲသို႔ ၁၉၉၃ ခုႏွစ္၊ ဇူလိုင္လ ၄ ရက္က ေရာက္ရွိစဥ္ ရုပ္ရွင္မင္းသမီး Afton Smith ႏွင့္ ဆံုစည္းခဲ့သည္။

၎တို႔ႏွစ္ဦး ၁၉၉၈ ခုႏွစ္၊ စက္တင္ဘာလ ၂၇ ရက္တြင္ လက္ထပ္ခဲ့ၾကျပီး သား ၃ ဦး ထြန္းကားသည္။

၂၀၀၇ ခုႏွစ္၊ ဒီဇင္ဘာလတြင္ Fraser က ၎တို႔ႏွစ္ဦး ကြာရွင္းျပတ္စဲမည္ျဖစ္ေၾကာင္း ေၾကညာခဲ့သည္။

တရားရံုးက Fraser ကို မယားစရိတ္ လစဥ္ ေဒၚလာ ၅၀၀၀၀ ပမာဏျဖင့္ ၁၀ ႏွစ္ေပးေစရန္ (သို႔မဟုတ္) Afton ေနာက္အိမ္ေထာင္မျပဳမခ်င္း ေထာက္ပံ့ေစရန္ အမိန္႔ခ်မွတ္ခဲ့သည္။ Brendan Fraser သည္ မိတ္ကပ္အႏုပညာရွင္တစ္ဦးျဖစ္သူ Jeanne Moore ႏွင့္ ၂၀၂၂ ခုႏွစ္၊ စက္တင္ဘာလကတည္းက ခ်စ္ၾကိဳက္လ်က္ရွိခဲ့သည္။

၂၀၂၂ ခုႏွစ္၊ ဗင္းနစ္ရုပ္ရွင္ပြဲေတာ္တြင္ ႏွစ္ဦးတြဲကာ ပြဲတက္ခဲ့ျပီး မၾကာေသးမီက က်င္းပခဲ့ေသာ ၉၅ ၾကိမ္ေျမာက္ ေအာ္စကာဆုေပးပြဲတြင္ ဆုရယူျပီးေနာက္ ေက်းဇူးတင္စကားေျပာရာတြင္ Jeanne ကို ေက်းဇူးတင္ေၾကာင္း ထည့္သြင္းေျပာၾကားသြားသည္။

((Brendan Fraser ပိုင္ဆိုင္ခဲ့ဖူးေသာ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Beverly Hills အရပ္မွ ေဒၚလာ ၄ ဒသမ ၅ သန္းတန္ စံအိမ္))

Brendan Fraser ၏ ေလာ့စ္အိန္ဂ်လိျမိဳ႕ စံအိမ္သည္ ေခ်ာက္ကမ္းပါးတစ္ခုထိပ္ရွိ တစ္ဘက္ပိတ္ သီးသန္႔လမ္းတစ္ခုတြင္ တည္ရွိသည္။

ကမၻာေက်ာ္ အေက်ာ္အေမာ္မ်ား စုေဝးေနထိုင္ၾကရာ Beverly Hills မွ Post Office အရပ္တြင္ တည္ရွိသည္။

စံအိမ္မွာ မွန္နံရံမ်ားအျပည့္ကာရံထားေသာ ပံုမွန္ထက္ျမင့္မားသည့္ ဧည့္ခန္းရွိျခင္းေၾကာင့္ အလင္းႏွင့္ ေလဝင္ေလထြက္အလြန္ေကာင္းကာ ေလာ့စ္အိန္ဂ်လိျမိဳ႕ၾကီး၊ ေခ်ာက္ကမ္းပါးႏွင့္ ပင္လယ္ရႈေမွ်ာ္ခင္းတို႔ကို ျမင္ကြင္းက်ယ္ ရႈျမင္ခံစားႏိုင္သည္။ အျခားထူးျခားသည့္ ဖြဲ႔စည္းပါဝင္မႈမ်ားမွာ မွန္ျပတင္းအတိျပီးသည့္ ညစာစားခန္း၊ ရံုးခန္း၊ ဓာတ္ပံုအေမွာင္ခန္း၊ နားေနေဆာင္ပါေသာ မိသားစုအခန္းတို႔ ျဖစ္သည္။

ထို႔အျပင္ အိပ္ခန္း ၄ ခန္း ၊ နားေနခန္းပါေသာ Master Bedroom လည္းရွိသည္။

အဆိုပါ စံအိမ္ကို ကန္ေဒၚလာ ၄ ဒသမ ၅ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့ဖူးသည္။

စံအိမ္အက်ယ္မွာ ၉၃၃၅ စတုရန္းေပ ရွိျပီး အိပ္ခန္း ၃ ခန္းႏွင့္ ေရခ်ဳိးခန္း ၄ ခန္းပါသည္။

(ဧည့္ခန္း၏ ထူးျခားခ်က္မွာ ျမင့္မားေသာ မွန္နံရံမ်ားျဖစ္သည္။ ဓာတ္ပံု- Rodeo Realty)

(မီးဖိုေဆာင္။ ဓာတ္ပံု- Rodeo Realty)

(ညစာစားခန္းမွာ အလင္းႏွင့္ ေလဝင္ေလထြက္အလြန္ေကာင္းသည္။ ဓာတ္ပံု- Rodeo Realty)

(ဧည့္ခန္းကို စီးမိုးေတြ႔ျမင္ေနရေသာ လသာေဆာင္ ပါသည့္ အေပၚထပ္ မိသားစု နားေနခန္း။ ဓာတ္ပံု- Rodeo Realty)

(Master Bedroom ၏ နားေနခန္းမွ တဆင့္ ေလာ့စ္အိန္ဂ်လိ၏ ေတာင္ကုန္းမ်ားကို ေတြ႔ျမင္ႏိုင္သည္။ ဓာတ္ပံု- Rodeo Realty)

(လသာေဆာင္မ်ားစြာ ပါဝင္သည္။ ဓာတ္ပံု- Rodeo Realty)

(အိမ္ေနာက္ဖက္မွ ေရကူးကန္။ ဓာတ္ပံု- Rodeo Realty)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Brendan Fraser’s Former Beverly Hills Home Is for Sale for $4.5 Million ( architecturaldigest)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
thukha-garden-residence
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service