Ram-Leela ရုပ်ရှင်ကားရိုက်ရင်း ချစ်ကြိုက်ကာ လက်ထပ်ခဲ့ကြသော ရမ်ဗီဆင်းနှင့် ဒီဗီကာတို့ စုံတွဲ၏ စံအိမ်

Ram-Leela ရုပ်ရှင်ကားရိုက်ရင်း ချစ်ကြိုက်ကာ လက်ထပ်ခဲ့ကြသော ရမ်ဗီဆင်းနှင့် ဒီဗီကာတို့ စုံတွဲ၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
13 Mar 2023 11:52 am တွင် တင်ခဲ့သည်
1618 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(ရမ်ဗီဆင်း ဘယ်သူလဲ)

ရမ်ဗီဆင်း (မွေး ၁၉၈၅) ၏ အမည်အပြည့်အစုံမှာ ရမ်ဗီဆင်း ဘာနာနီဖြစ်ပြီး အိန္ဒိယရုပ်ရှင်မင်းသားဖြစ်ကာ ဟင်ဒီစကားပြောရုပ်ရှင်များတွင် သရုပ်ဆောင်သည်။

ရမ်ဗီဆင်းသည် Filmfare Award ၅ ဆုအပြင် အခြားဆုပေါင်းများစွာ ရရှိထားသည်။

ရမ်ဗီဆင်းသည် သရုပ်ဆောင်ကြေးအမြင့်မားဆုံး အိန္ဒိယရုပ်ရှင်မင်းသားတွင် ပါဝင်ပြီး Forbes India ၏ အကျော်အမော် ၁၀၀ စာရင်းတွင် ၂၀၁၂ ခုနှစ်ကတည်းက ဖော်ပြခံရသည်။

၂၀၁၉ ခုနှစ်အတွင်း Forbes India ၏ ခန့်မှန်းချက်အရ ရမ်ဗီဆင်း၏ တစ်နှစ်တာဝင်ငွေမှာ ရူပီး ၁ ဒသမ ၁၈ ဘီလီယံ (ကန်ဒေါ်လာ ၁၅ သန်း) ခန့်ရှိသည်ဟု ခန့်မှန်းထားသည်။

GQ မဂ္ဂဇင်းကလည်း ၂၀၁၇ နှင့် ၂၀၁၉ ခုနှစ်များတွင် အိန္ဒိယ၏ သြဇာအလွှမ်းဆုံး လူငယ် ၅၀ ဦး စာရင်းတွင် ထည့်သွင်းဖော်ပြခဲ့သည်။

၂၀၁၉ခုနှစ်တွင် India Today က ရမ်ဗီဆင်းကို အိန္ဒိယ၏ သြဇာအလွှမ်းဆုံးပုဂ္ဂိုလ် ၅၀ ဦးစာရင်းတွင် ထည့်သွင်းဖော်ပြသည်။

(ဒီပီကာ ဘယ်သူလဲ)

ဒီပီကာ (မွေး-၁၉၈၆) ၏ အမည်ရင်းမှာ ဒီပီကာ ပါဒူးကိုနေး (Deepika Padukone ) ဖြစ်ပြီး အိန္ဒိယ ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်ကာ ဟင်ဒီရုပ်ရှင်များတွင် သရုပ်ဆောင်သည်။

အိန္ဒိယ၏ သရုပ်ဆောင်ကြေးအမြင့်ဆုံးမင်းသမီးများတွင် ပါဝင်ပြီး Filmfare ဆု ၃ ဆု ရရှိထားသည်။

တိုင်းမ်မဂ္ဂဇင်းကြီးက ဒီပီကာကို ၂၀၁၈ ခုနှစ် ကမ္ဘာ့သြဇာအလွှမ်းဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ဖော်ပြခဲ့သည်။

(Ram Leela ရုပ်ရှင်ကားတွင် အတူသရုပ်ဆောင်ရင်း ချစ်ကြိုက်ခဲ့ကြ)

ရမ်ဗီဆင်းနှင့် ဒီပီကာတို့သည် ၂၀၁၂ ခုနှစ်အတွင်း Ram-Leela အမည်ရှိ ရုပ်ရှင် ရိုက်ကူးရင်း ချစ်ကြိုက်ခဲ့ကြသည်။

ရမ်ဗီဆင်းနှင့်ဒီပီကာတို့သည် ဘောလိဝုဒ်၏ အချစ်ကြဆုံးစုံတွဲများတွင် အပါအဝင် ဖြစ်သည်။

လူမှုကွန်ရက်တွင်လည်း မရှက်မကြောက်နေထိုင်ပြုမူလေ့ရှိပြီး တစ်ဦး၏ ဓာတ်ပုံအောက်တွင် တစ်ဦးက ကွန်မန့်များ ဝင်ရောက်ရေးသားလေ့ရှိကြသည်။

ရမ်ဗီဆင်းက ဒီပီကာ၏ အောင်မြင်မှုများအပေါ် အလွန်လေးစားမိကြောင်း အမြဲထုတ်ဖော်ပြောဆိုလေ့ရှိသည်။

ရမ်ဗီဆင်းသည် ဒီပီကာကို မြင်မြင်ချင်း ချစ်မိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်းမီဒီယာများတွင် ဖော်ပြချက်အရ ရမ်ဗီဆင်းက ဒီပီကာကို ဆုပေးပွဲတစ်ခုတွင် ၂၀၁၂ ခုနှစ်အတွင်း စတင်မြင်ဖူးခဲ့ပြီး သူမ၏ အလှကို ချက်ချင်းယစ်မူးသွားခဲ့သည်။

သူတို့နှစ်ဦးသည် ဆန်ဂျေး လီလာ ဘန်ဆာလီ၏ Goliyon Ki Rasleela... Ram Leela ရုပ်ရှင်တွင် အတူသရုပ်ဆောင်ခဲ့ကြပြီး အဆိုပါဇာတ်ကားမှာ အလွန်အောင်မြင်ခဲ့သည်။

ထိုရုပ်ရှင်ကို ရုပ်ရှင်အကဲဖြတ်သူတို့က များစွာချီးမွမ်းခဲ့ကြသည့်အပြင် စီးပွားရေးအရလည်း အောင်မြင်ခဲ့သည်။

ထိုဇာတ်ကားအတွင်း ရမ်ဗီဆင်းနှင့် ဒီဗီကာတို့ အလွန်အတွဲညီမှုကို ချီးမွမ်းကြသည်။

Filmfare နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဒီဗီကာက ပြောခဲ့သည်မှာ “ရမ်ဗီနဲ့ ကျွန်မ ၂၀၁၂ ခုနှစ်မှာ ဆုံကြတော့ သူ့ကို ကျွန်မက ပြောခဲ့ဖူးတယ်….တို့နှစ်ယောက်ကြားမှာ ဆက်နွှယ်မှုတစ်ခုရှိနေတယ်ထင်တယ်လို့ ပြောခဲ့ဖူးပါတယ်”ဟု ဆိုသည်။

ရမ်ဗီဆင်းနှင့် ဒီပီကာတို့သည် ၆ နှစ်ခန့် တွဲခဲ့ကြပြီးနောက် လျှို့ဝှက်ကာ စေ့စပ်ကြောင်းလမ်းခဲ့ကြသည်။

“၆ နှစ်ကြာအချစ်ရေးအတွင်းမှာ အတက်အကျအမျိုးမျိုးရှိခဲ့တယ်။ ဒါပေမယ့် ကျွန်မတို့ ဘယ်တော့မှ လမ်းမခွဲခဲ့ကြဘူး”ဟု ဒီပီကာက ပြောသည်။

ဒီပီကာနှင့် ရမ်ဗီဆင်းတို့၏ စေ့စပ်ပွဲကို လျှို့ဝှက်ပြုလုပ်ခဲ့ပြီး နှစ်ဘက်မိဘများနှင့် ဒီပီကာတို့စုံတွဲ၏ ညီမများသာ သိခဲ့ကြသည်။

ယင်းနောက်ပိုင်း အီတလီနိုင်ငံမြောက်ပိုင်း လွန်ဘားဒီအရပ်မှ Lake Como အမည်ရှိ ရေကန်ကြီးတွင် လက်ထပ်ခဲ့ကြသည်။

လက်ထပ်ပွဲကိုလည်း လျှို့ဝှက်ကျင်းပခဲ့ခြင်းဖြစ်ပြီး နှစ်ဘက်မိသားစုနှင့် အရင်းနှီးဆုံး မိတ်ဆွေများကိုသာ ဖိတ်ကြားခဲ့သည်။

သို့သော် ဘင်္ဂလူရူ (ဘင်္ဂလောဟုလည်းခေါ်) နှင့် မွန်ဘိုင်းမြို့တို့တွင် မိတ်ဆွေသူငယ်ချင်းများ၊ ရုပ်ရှင်လောကသားများနှင့် သတင်းမီဒီယာများ တက်ရောက်နိုင်ရန် မင်္ဂလာပွဲကြီးများ ခမ်းခမ်းနားနား ကျင်းပခဲ့သည်။

((ရမ်ဗီဆင်းက သတို့သမီး ဒီပီကာကို ကြိုဆိုရန် သူ၏စံအိမ်ကို လှပခမ်းနားစွာ ပြင်ဆင်ထားခဲ့ပုံ))

အီတလီနိုင်ငံရှိ သာယာလှပသော Lake Como ရေကန်ကြီးတွင် အိမ်မက်ဆန်ဆန်လက်ထပ်ခဲ့ကြပြီးနောက် အိန္ဒိယသို့ ပြန်မလာမီတွင် ဘောလိဝုဒ်ရုပ်ရှင်ကြယ်ပွင့် ရန်ဗီဆင်း၏ အိမ်ကို လှပခမ်းနားစွာ မီးအလှဆင်မှုများပြုလုပ်ခဲ့ပြီး သတို့သမီး ဒီပီကာအား ကြိုဆိုရန် စီစဉ်ခဲ့ကြသည်။

(ရမ်ဗီဆင်းနှင့် ဒီပီကာတို့စုံတွဲ ရမ်ဗီဆင်း၏ နေအိမ်အတွင်းမှတဆင့် သတင်းထောက်များကို နှုတ်ဆက်နေပုံ)

(ရမ်ဗီဆင်းနှင့် ဒီပီကာတို့စုံတွဲ ဘန်ဂလူရူမြို့စံအိမ် ဝရန်တာမှတဆင့် ပရိသတ်များကို လက်ပြနှုတ်ဆက်နေပုံ။ ဓာတ်ပုံ-APH Images)

ရုပ်ရှင်မင်းသား ရမ်ဗီဆင်း၏ အိမ်ကို မီးလုံးများ ၊ မီးအိမ်များ ၊ ပန်းများနှင့် အလှပဆုံး ပြင်ဆင်ထားသည့် ဓာတ်ပုံများမှာ လူမှုကွန်ရက်တွင် အလွန်ပျံ့နှံ့ကျော်ကြားခဲ့သည်။

ရမ်ဗီဆင်း၏ စံအိမ်မှာ အဖြူရောင်ပန်းများဖြင့် လှပနေရာ စံအိမ်ကိုယ်တိုင် သတို့သမီးသဖွယ် ဖြစ်နေသည်။

စံအိမ်၏ အပြင်ဘက် သစ်ပင်များတွင် မီးများ လှပစွာ ချိတ်ဆွဲထားပြီး ပင်မဂိတ်တံခါးကိုလည်း မီးများ အဖြူရောင်ပန်းများဖြင့် အလှဆင်ထားခဲ့သည်။

(ရမ်ဗီဆင်း၏ အိမ်ကို ဒီပီကာအား ကြိုဆိုရန် အလှဆင်ထားပုံ။ )

ဒီပီကာနှင့် ရမ်ဗီဆင်းတို့သည် လူမှုကွန်ရက်တွင် ၎င်းတို့၏ မင်္ဂလာဆောင်ဓာတ်ပုံများတင်ခဲ့ရာ ယခင်ကထက် ပိုမိုတောက်ပ လှပနေခဲ့ကြသည်။

ဒီပီကာသည် တောက်ပသော လက်ထပ်စိန်လက်စွပ် ဝတ်ဆင်ထားသည်ကို တွေ့ရပြီး လှပပြုံးရွှင်စွာ ရှိနေခဲ့သည်။

ရမ်ဗီဆင်းမှာလည်း တော်ဝင်မင်းသားတစ်ပါးအလား မှတ်ထင်ရသည်။

ရမ်ဗီဆင်းနှင့် ဒီပီကာတို့၏ မင်္ဂလာဆောင်ဓာတ်ပုံများကို ၎င်းတို့၏ ပရိသတ်များသာမက အာလိယဘတ် ၊ ကာရန်ဂျိုဟာ ၊ ကက်ထရီးနား ကက် ၊ ပရီရန်ကာ ချိုပရာတို့ကဲ့သို့ ဘောလိဝုဒ် အကျော်အမော်များကပင် အလွန်နှစ်သက်အားကျခဲ့ကြသည်ဟု ဆိုသည်။

၎င်းတို့စုံတွဲ၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် တက်လာပြီးနောက် ဘောလိဝုဒ်အကျော်အမော်များက ဂုဏ်ပြုစကားပြောခဲ့ကြရာ အားလိယဘတ်နှင့် ကာရန် ဂျိုဟာတို့က ပထမဆုံး ဂုဏ်ပြုစကား ပြောခဲ့ကြသည်။

ပရီယန်ကာ ချိုပရာက ဒီပီကာ၏ လူမှုကွန်ရက်ပို့စ်တွင် ရူးလောက်အောင်လှတယ်ဟုလည်းကောင်း၊ ရန်ဗီဆင်း၏ ပို့စ်တွင် အသက်ရှုမှားလောက်တယ်ဟုလည်းကောင်း ရေးသားခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ranveer Singh’s house is all decked up to welcome new bride Deepika Padukone (indiatvnews, filmfare, wikipedia)

[Zawgyi]

Ram-Leela ရုပ္ရွင္ကားရိုက္ရင္း ခ်စ္ၾကိဳက္ကာ လက္ထပ္ခဲ့ၾကေသာ ရမ္ဗီဆင္းႏွင့္ ဒီဗီကာတို႔ စံုတြဲ၏ စံအိမ္

(ရမ္ဗီဆင္း ဘယ္သူလဲ)

ရမ္ဗီဆင္း (ေမြး ၁၉၈၅) ၏ အမည္အျပည့္အစံုမွာ ရမ္ဗီဆင္း ဘာနာနီျဖစ္ျပီး အိႏိၵယရုပ္ရွင္မင္းသားျဖစ္ကာ ဟင္ဒီစကားေျပာရုပ္ရွင္မ်ားတြင္ သရုပ္ေဆာင္သည္။

ရမ္ဗီဆင္းသည္ Filmfare Award ၅ ဆုအျပင္ အျခားဆုေပါင္းမ်ားစြာ ရရွိထားသည္။

ရမ္ဗီဆင္းသည္ သရုပ္ေဆာင္ေၾကးအျမင့္မားဆံုး အိႏိၵယရုပ္ရွင္မင္းသားတြင္ ပါဝင္ျပီး Forbes India ၏ အေက်ာ္အေမာ္ ၁၀၀ စာရင္းတြင္ ၂၀၁၂ ခုႏွစ္ကတည္းက ေဖာ္ျပခံရသည္။

၂၀၁၉ ခုႏွစ္အတြင္း Forbes India ၏ ခန္႔မွန္းခ်က္အရ ရမ္ဗီဆင္း၏ တစ္ႏွစ္တာဝင္ေငြမွာ ရူပီး ၁ ဒသမ ၁၈ ဘီလီယံ (ကန္ေဒၚလာ ၁၅ သန္း) ခန္႔ရွိသည္ဟု ခန္႔မွန္းထားသည္။

GQ မဂၢဇင္းကလည္း ၂၀၁၇ ႏွင့္ ၂၀၁၉ ခုႏွစ္မ်ားတြင္ အိႏိၵယ၏ ၾသဇာအလႊမ္းဆံုး လူငယ္ ၅၀ ဦး စာရင္းတြင္ ထည့္သြင္းေဖာ္ျပခဲ့သည္။

၂၀၁၉ခုႏွစ္တြင္ India Today က ရမ္ဗီဆင္းကို အိႏိၵယ၏ ၾသဇာအလႊမ္းဆံုးပုဂၢိဳလ္ ၅၀ ဦးစာရင္းတြင္ ထည့္သြင္းေဖာ္ျပသည္။

(ဒီပီကာ ဘယ္သူလဲ)

ဒီပီကာ (ေမြး-၁၉၈၆) ၏ အမည္ရင္းမွာ ဒီပီကာ ပါဒူးကိုေနး (Deepika Padukone ) ျဖစ္ျပီး အိႏိၵယ ရုပ္ရွင္မင္းသမီးတစ္ဦးျဖစ္ကာ ဟင္ဒီရုပ္ရွင္မ်ားတြင္ သရုပ္ေဆာင္သည္။

အိႏိၵယ၏ သရုပ္ေဆာင္ေၾကးအျမင့္ဆံုးမင္းသမီးမ်ားတြင္ ပါဝင္ျပီး Filmfare ဆု ၃ ဆု ရရွိထားသည္။

တိုင္းမ္မဂၢဇင္းၾကီးက ဒီပီကာကို ၂၀၁၈ ခုႏွစ္ ကမၻာ့ၾသဇာအလႊမ္းဆံုးပုဂၢိဳလ္ ၁၀၀ စာရင္းတြင္ ေဖာ္ျပခဲ့သည္။

(Ram Leela ရုပ္ရွင္ကားတြင္ အတူသရုပ္ေဆာင္ရင္း ခ်စ္ၾကိဳက္ခဲ့ၾက)

ရမ္ဗီဆင္းႏွင့္ ဒီပီကာတို႔သည္ ၂၀၁၂ ခုႏွစ္အတြင္း Ram-Leela အမည္ရွိ ရုပ္ရွင္ ရိုက္ကူးရင္း ခ်စ္ၾကိဳက္ခဲ့ၾကသည္။

ရမ္ဗီဆင္းႏွင့္ဒီပီကာတို႔သည္ ေဘာလိဝုဒ္၏ အခ်စ္ၾကဆံုးစံုတြဲမ်ားတြင္ အပါအဝင္ ျဖစ္သည္။

လူမႈကြန္ရက္တြင္လည္း မရွက္မေၾကာက္ေနထိုင္ျပဳမူေလ့ရွိျပီး တစ္ဦး၏ ဓာတ္ပံုေအာက္တြင္ တစ္ဦးက ကြန္မန္႔မ်ား ဝင္ေရာက္ေရးသားေလ့ရွိၾကသည္။

ရမ္ဗီဆင္းက ဒီပီကာ၏ ေအာင္ျမင္မႈမ်ားအေပၚ အလြန္ေလးစားမိေၾကာင္း အျမဲထုတ္ေဖာ္ေျပာဆိုေလ့ရွိသည္။

ရမ္ဗီဆင္းသည္ ဒီပီကာကို ျမင္ျမင္ခ်င္း ခ်စ္မိခဲ့ျခင္းျဖစ္သည္ဟုု ဆိုသည္။

သတင္းမီဒီယာမ်ားတြင္ ေဖာ္ျပခ်က္အရ ရမ္ဗီဆင္းက ဒီပီကာကို ဆုေပးပြဲတစ္ခုတြင္ ၂၀၁၂ ခုႏွစ္အတြင္း စတင္ျမင္ဖူးခဲ့ျပီး သူမ၏ အလွကို ခ်က္ခ်င္းယစ္မူးသြားခဲ့သည္။

သူတို႔ႏွစ္ဦးသည္ ဆန္ေဂ်း လီလာ ဘန္ဆာလီ၏ Goliyon Ki Rasleela... Ram Leela ရုပ္ရွင္တြင္ အတူသရုပ္ေဆာင္ခဲ့ၾကျပီး အဆိုပါဇာတ္ကားမွာ အလြန္ေအာင္ျမင္ခဲ့သည္။

ထိုရုပ္ရွင္ကို ရုပ္ရွင္အကဲျဖတ္သူတို႕က မ်ားစြာခ်ီးမြမ္းခဲ့ၾကသည့္အျပင္ စီးပြားေရးအရလည္း ေအာင္ျမင္ခဲ့သည္။

ထိုဇာတ္ကားအတြင္း ရမ္ဗီဆင္းႏွင့္ ဒီဗီကာတို႔ အလြန္အတြဲညီမႈကို ခ်ီးမြမ္းၾကသည္။

Filmfare ႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတြင္ ဒီဗီကာက ေျပာခဲ့သည္မွာ “ရမ္ဗီနဲ႔ ကၽြန္မ ၂၀၁၂ ခုႏွစ္မွာ ဆံုၾကေတာ့ သူ႔ကို ကၽြန္မက ေျပာခဲ့ဖူးတယ္….တို႔ႏွစ္ေယာက္ၾကားမွာ ဆက္ႏႊယ္မႈတစ္ခုရွိေနတယ္ထင္တယ္လို႔ ေျပာခဲ့ဖူးပါတယ္”ဟု ဆိုသည္။

ရမ္ဗီဆင္းႏွင့္ ဒီပီကာတို႔သည္ ၆ ႏွစ္ခန္႔ တြဲခဲ့ၾကျပီးေနာက္ လွ်ဳိ႕ဝွက္ကာ ေစ့စပ္ေၾကာင္းလမ္းခဲ့ၾကသည္။

“၆ ႏွစ္ၾကာအခ်စ္ေရးအတြင္းမွာ အတက္အက်အမ်ဳိးမ်ဳိးရွိခဲ့တယ္။ ဒါေပမယ့္ ကၽြန္မတို႔ ဘယ္ေတာ့မွ လမ္းမခြဲခဲ့ၾကဘူး”ဟု ဒီပီကာက ေျပာသည္။

ဒီပီကာႏွင့္ ရမ္ဗီဆင္းတို႔၏ ေစ့စပ္ပြဲကို လွ်ိဳ႕ဝွက္ျပဳလုပ္ခဲ့ျပီး ႏွစ္ဘက္မိဘမ်ားႏွင့္ ဒီပီကာတု႔ိစံုတြဲ၏ ညီမမ်ားသာ သိခဲ့ၾကသည္။

ယင္းေနာက္ပိုင္း အီတလီႏိုင္ငံေျမာက္ပိုင္း လြန္ဘားဒီအရပ္မွ Lake Como အမည္ရွိ ေရကန္ၾကီးတြင္ လက္ထပ္ခဲ့ၾကသည္။

လက္ထပ္ပြဲကိုလည္း လွ်ိဳ႕ဝွက္က်င္းပခဲ့ျခင္းျဖစ္ျပီး ႏွစ္ဘက္မိသားစုႏွင့္ အရင္းႏွီးဆံုး မိတ္ေဆြမ်ားကိုသာ ဖိတ္ၾကားခဲ့သည္။

သို႔ေသာ္ ဘဂၤလူရူ (ဘဂၤေလာဟုလည္းေခၚ) ႏွင့္ မြန္ဘိုင္းျမိဳ႕တို႔တြင္ မိတ္ေဆြသူငယ္ခ်င္းမ်ား၊ ရုပ္ရွင္ေလာကသားမ်ားႏွင့္ သတင္းမီဒီယာမ်ား တက္ေရာက္ႏိုင္ရန္ မဂၤလာပြဲၾကီးမ်ား ခမ္းခမ္းနားနား က်င္းပခဲ့သည္။

((ရမ္ဗီဆင္းက သတို႔သမီး ဒီပီကာကို ၾကိဳဆိုရန္ သူ၏စံအိမ္ကို လွပခမ္းနားစြာ ျပင္ဆင္ထားခဲ့ပံု))

အီတလီႏိုင္ငံရွိ သာယာလွပေသာ Lake Como ေရကန္ၾကီးတြင္ အိမ္မက္ဆန္ဆန္လက္ထပ္ခဲ့ၾကျပီးေနာက္ အိႏိၵယသို႔ ျပန္မလာမီတြင္ ေဘာလိဝုဒ္ရုပ္ရွင္ၾကယ္ပြင့္ ရန္ဗီဆင္း၏ အိမ္ကို လွပခမ္းနားစြာ မီးအလွဆင္မႈမ်ားျပဳလုပ္ခဲ့ျပီး သတို႔သမီး ဒီပီကာအား ၾကိဳဆိုရန္ စီစဥ္ခဲ့ၾကသည္။ (ရမ္ဗီဆင္းႏွင့္ ဒီပီကာတို႔စံုတြဲ ရမ္ဗီဆင္း၏ ေနအိမ္အတြင္းမွတဆင့္ သတင္းေထာက္မ်ားကို ႏႈတ္ဆက္ေနပံု)

  (ရမ္ဗီဆင္းႏွင့္ ဒီပီကာတို႔စံုတြဲ ဘန္ဂလူရူျမိဳ႕စံအိမ္ ဝရန္တာမွတဆင့္ ပရိသတ္မ်ားကို လက္ျပႏႈတ္ဆက္ေနပံု။ ဓာတ္ပံု-APH Images)

ရုပ္ရွင္မင္းသား ရမ္ဗီဆင္း၏ အိမ္ကို မီးလံုးမ်ား ၊ မီးအိမ္မ်ား ၊ ပန္းမ်ားႏွင့္ အလွပဆံုး ျပင္ဆင္ထားသည့္ ဓာတ္ပံုမ်ားမွာ လူမႈကြန္ရက္တြင္ အလြန္ပ်ံ႕ႏွံ႔ေက်ာ္ၾကားခဲ့သည္။

ရမ္ဗီဆင္း၏ စံအိမ္မွာ အျဖဴေရာင္ပန္းမ်ားျဖင့္ လွပေနရာ စံအိမ္ကိုယ္တိုင္ သတို႔သမီးသဖြယ္ ျဖစ္ေနသည္။

စံအိမ္၏ အျပင္ဘက္ သစ္ပင္မ်ားတြင္ မီးမ်ား လွပစြာ ခ်ိတ္ဆြဲထားျပီး ပင္မဂိတ္တံခါးကိုလည္း မီးမ်ား အျဖဴေရာင္ပန္းမ်ားျဖင့္ အလွဆင္ထားခဲ့သည္။

(ရမ္ဗီဆင္း၏ အိမ္ကို ဒီပီကာအား ၾကိဳဆိုရန္ အလွဆင္ထားပံု။ )

ဒီပီကာႏွင့္ ရမ္ဗီဆင္းတို႔သည္ လူမႈကြန္ရက္တြင္ ၎တို႔၏ မဂၤလာေဆာင္ဓာတ္ပံုမ်ားတင္ခဲ့ရာ ယခင္ကထက္ ပိုမိုေတာက္ပ လွပေနခဲ့ၾကသည္။

ဒီပီကာသည္ ေတာက္ပေသာ လက္ထပ္စိန္လက္စြပ္ ဝတ္ဆင္ထားသည္ကို ေတြ႔ရျပီး လွပျပံဳးရႊင္စြာ ရွိေနခဲ့သည္။

ရမ္ဗီဆင္းမွာလည္း ေတာ္ဝင္မင္းသားတစ္ပါးအလား မွတ္ထင္ရသည္။

ရမ္ဗီဆင္းႏွင့္ ဒီပီကာတို႔၏ မဂၤလာေဆာင္ဓာတ္ပံုမ်ားကို ၎တို႔၏ ပရိသတ္မ်ားသာမက အာလိယဘတ္ ၊ ကာရန္ဂိ်ဳဟာ ၊ ကက္ထရီးနား ကက္ ၊ ပရီရန္ကာ ခ်ဳိပရာတို႔ကဲ့သို႔ ေဘာလိဝုဒ္ အေက်ာ္အေမာ္မ်ားကပင္ အလြန္ႏွစ္သက္အားက်ခဲ့ၾကသည္ဟု ဆိုသည္။

၎တို႔စံုတြဲ၏ ဓာတ္ပံုမ်ား လူမႈကြန္ရက္တြင္ တက္လာျပီးေနာက္ ေဘာလိဝုဒ္အေက်ာ္အေမာ္မ်ားက ဂုဏ္ျပဳစကားေျပာခဲ့ၾကရာ အားလိယဘတ္ႏွင့္ ကာရန္ ဂ်ဳိဟာတို႔က ပထမဆံုး ဂုဏ္ျပဳစကား ေျပာခဲ့ၾကသည္။

ပရီယန္ကာ ခ်ဳိပရာက ဒီပီကာ၏ လူမႈကြန္ရက္ပို႔စ္တြင္ ရူးေလာက္ေအာင္လွတယ္ဟုလည္းေကာင္း၊ ရန္ဗီဆင္း၏ ပို႔စ္တြင္ အသက္ရႈမွားေလာက္တယ္ဟုလည္းေကာင္း ေရးသားခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Ranveer Singh’s house is all decked up to welcome new bride Deepika Padukone (indiatvnews, filmfare, wikipedia)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခါ…...
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခါ…...
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ...
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ...
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆို...
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေတဲ့ ဖြစ်ရပ်ကြီးပေါ်ပေါက်လာပုံ...
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့်ပေးခဲ့သောအဖြစ်...
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့်ပေးခဲ့သောအဖြစ်...
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွမ်းထက်လှကြောင်း တွေ့ရှိ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျောက်ဖြစ်နေကြောင်း တွေ့ခဲ့ရသည့် ဆန်းကြယ်သော ဖြစ်ပုံ...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင်းကြောင်တောင် ဝင်ရောက်ဓားပြတိုက်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service