ဟောင်ကောင်သို့ လည်ပတ်လိုသူများကို လေယာဉ်လက်မှတ်ပေါင်း ၅၀၀,၀၀၀ အခမဲ့ပေးဝေမည်

ဟောင်ကောင်သို့ လည်ပတ်လိုသူများကို လေယာဉ်လက်မှတ်ပေါင်း ၅၀၀,၀၀၀ အခမဲ့ပေးဝေမည် - Property News in Myanmar from iMyanmarHouse.com
7 Feb 2023 10:04 am တွင် တင်ခဲ့သည်
617 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟောင်ကောင်၏ ခရီးသွားလုပ်ငန်း ပြန်လည် ဖွံ့ဖြိုးရေးအတွက် လာရောက်လည်ပတ်သူများကို လေယာဉ် လက်မှတ်ပေါင်း ၅၀၀,၀၀၀ အခမဲ့ပေးဝေရန် စီစဉ်ထားသည်။

ဟောင်ကောင်အကြီးအကဲ John Lee က ပြောသည်မှာ Hello Hong Kong အစီအစဉ်သည် ကမ္ဘာ့အကြီးမား ဆုံး ခရီးသွားများ ကြိုဆိုရေး အစီအစဉ်ဖြစ်နိုင်ကြောင်း ပြောသည်။

ဟောင်ကောင်အကြီးအကဲက မကြာမီကျင်းပဖွယ်ရှိသော Rugby Sevens နှင့် မြို့တော် မာရသွန်ပွဲများ အကြောင်းကိုလည်း အင်္ဂလိပ် ၊ မန်ဒရင်းနှင့် ကန်တုံဘာသာစကားများဖြင့် ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အကယ်၍ သင့်အနေဖြင့် အပျော်ခရီးထွက်ရန်နှင့် အခမဲ့လေယာဉ်စီးခွင့်ရရန် အခွင့်အလမ်းရှာဖွေနေသည် ဆိုပါက ဟောင်ကောင်သို့သွားရန် အချိန်ကျရောက်လာပြီဖြစ်သည်။

၂၀၂၃ ခုနှစ်အတွင်း ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့က လေယာဉ်လက်မှတ်ပေါင်း ၅၀၀,၀၀၀ အခမဲ့ပေးဝေ သွားမည် ဖြစ်ကြောင်း ပြီးခဲ့သော ကြာသပတေးနေ့တွင် John Lee က ကြေညာခဲ့ခြင်းဖြစ်သည်။

လေယာဉ်လက်မှတ်များ အခမဲ့ပေးဝေမှုကို မတ်လတွင် စတင်မည်ဖြစ်ပြီး ၆ လကြာမြင့်မည်ဖြစ်ကြောင်း ဟောင်ကောင် လေကြောင်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

ဟောင်ကောင် လေကြောင်းအာဏာပိုင်အဖွဲ့၏ အမှုဆောင်အရာရှိချုပ် Fred Lam က ပြောသည်မှာ လက်မှတ် များ ပေးဝေမည့်နည်းလမ်း အမျိုးမျိုးရှိမည်ဖြစ်ကြောင်း ၊ မဲဖောက်ပေးသည့်စနစ်နှင့် လက်မှတ် ၁ စောင်ဝယ် လျှင် ၂ စောင်ရမည့် စနစ်တို့ ပါဝင်မည်ဖြစ်ကြောင်း ပြောသည်။

ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့သည် ဟောင်ကောင်သားများအတွက် လေယာဉ်လက်မှတ်ပေါင်း ၈၀၀၀၀ နှင့် တရုတ်ပြည်တောင်ပိုင်းတွင် နေထိုင်သူများအတွက် လေယာဉ်လက်မှတ်ပေါင်း ၈၀၀၀၀ လည်း ပေးဝေသွားမည် ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး ၊ ဆန္ဒပြမှုများ ဖြစ်ပေါ်စေခဲ့သော အငြင်းပွားဖွယ် လုံခြုံရေးဥပဒေကြောင့် နိုင်ငံရေး မတည်ငြိမ်မှုများအကြား ၃ နှစ်ကြာ ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်ခဲ့ရပြီးနောက် စီးပွားရေး ပြန်လည် အသက်ဝင်လာစေရန် ကြိုးပမ်းမှုလည်း ဖြစ်သည်။

Hello Hong Kong ဟု အမည်ပေးထားသော အဆိုပါ အစီအစဉ်တွင် Rugby Sevens ပြိုင်ပွဲနှင့် မြို့တော်မာရသွန်ပြိုင်ပွဲတစ်ခုတို့လည်း ပါဝင်မည်ဖြစ်သည်။

(( ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ဟောင်ကောင်ကို ကမ္ဘာလှည့်ခရီးသည်တွေ ဘာကြောင့် မလာကြတာလဲ။))

ပြီးခဲ့သော ၄ နှစ်အတွင်း ဟောင်ကောင်သည် ခက်ခဲသော အတားအဆီးများနှင့် ရင်ဆိုင်ခဲ့ရသည်။

အဓိကကျသော အကြောင်းရင်းတစ်ခုမှာ ၂၀၁၉ ခုနှစ်အတွင်း ဒီမိုကရေစီ လိုလားသူတို့၏ ဆန္ဒပြမှုများအပေါ် တုံ့ပြန်ပုံ ဖြစ်သည်။

ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ ရင်ဆိုင်အချင်းပွားခဲ့ပြီး အဓိကရုဏ်းအသွင် ပြောင်းလဲသွားခဲ့သည်။

ယင်းနောက်ပိုင်း တစ်နှစ်အကြာတွင် ဗဟိုအစိုးရက အတိုက်အခံတို့၏ ဝေဖန်ပြောကြားမှုများကို ထိန်းချုပ်ရေး အတွက် ပြစ်မှုအဖြစ် သတ်မှတ်မည့် ဥပဒေတစ်ခု ပြဌာန်းခဲ့ပြီး ဒီမိုကရေစီလိုလားသူ ခေါင်းဆောင်များကို ဖမ်းဆီးခဲ့ကြောင်း နယူးယောက်တိုင်းမ် သတင်းဌာနက ဖော်ပြခဲ့သည်။

ယင်းနောက်ပိုင်းတွင် ကိုဗစ် ၁၉ ကပ်ဘေးကြီး ဆိုက်ရောက်လာသည်။

ပြည်ဝင်ပြည်ထွက်များ ပိတ်လိုက်ကြပြီး တင်းကျပ်သော ကွာရန်တင်းများနှင့် ကိုဗစ် ၁၉ ကန့်သတ်ချက်များ ပြဌာန်းခဲ့ကြသည်။

ထိုသို့ လုပ်ဆောင်မှုများကြောင့် ရောဂါကူးစက်မှုများ လျော့နည်းသွားသော်လည်း အပြီးတိုင် ပျောက်ကွယ် မသွားချေ။

ဟောင်ကောင်တွင် နှာခေါင်းစည်းများ တပ်ရန် ဆက်လက်ပြဌာန်းထားပြီး မလိုက်နာပါက ၁၂၇၅ ဒေါ်လာ အထက် ဒဏ်ငွေချမှတ်ရန် ပြဌာန်းထားကြောင်း တိုင်းမ်သတင်းစာက ဖော်ပြသည်။

ဟောင်ကောင်သို့ လေယာဉ်လက်မှတ် အခမဲ့ပေးဝေမည့် အစီအစဉ်များကို CNN သတင်းဌာနက အောက်ပါအတိုင်း ဖော်ပြထားသည်။

အခမဲ့လေယာဉ်လက်မှတ်များကို ၃ သုတ်ခွဲပြီး ပေးဝေသွားမည် ဖြစ်သည်။

(မတ်လ ၁ ရက်) အရှေ့တောင်အာရှနိုင်ငံများတွင် နေထိုင်သူများကို အခမဲ့လက်မှတ်များ ပေးမည်။

(ဧပြီလ ၁ ရက်) တရုတ်ပြည်မကြီးတွင် နေထိုင်သူများအတွက် အခမဲ့လက်မှတ်များ ပေးမည်။

(မေလ ၁ ရက်) ကျန်ကမ္ဘာ့နိုင်ငံများတွင် နေထိုင်သူများ အခမဲ့လက်မှတ်များ စတင်လျှောက်ထားနိုင်သည်။

(ဇူလိုင်လ ၁ ရက်) ဟောင်ကောင်ဒေသခံများ အခမဲ့လက်မှတ်စတင် လျှောက်ထားနိုင်မည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Hong Kong to Give Away 500,000 Air Tickets to Revive Tourism (bloomberg, cnbc, deseret)

[Zawgyi]

ေဟာင္ေကာင္သို႔ လည္ပတ္လိုသူမ်ားကို ေလယာဥ္လက္မွတ္ေပါင္း ၅၀၀,၀၀၀ အခမဲ့ေပးေဝမည္

ေဟာင္ေကာင္၏ ခရီးသြားလုပ္ငန္း ျပန္လည္ ဖြ႔ံျဖိဳးေရးအတြက္ လာေရာက္လည္ပတ္သူမ်ားကုိ ေလယာဥ္ လက္မွတ္ေပါင္း ၅၀၀,၀၀၀ အခမဲ့ေပးေဝရန္ စီစဥ္ထားသည္။

ေဟာင္ေကာင္အၾကီးအကဲ John Lee က ေျပာသည္မွာ Hello Hong Kong အစီအစဥ္သည္ ကမၻာ့အၾကီးမား ဆံုး ခရီးသြားမ်ား ၾကိဳဆိုေရး အစီအစဥ္ျဖစ္ႏိုင္ေၾကာင္း ေျပာသည္။

ေဟာင္ေကာင္အၾကီးအကဲက မၾကာမီက်င္းပဖြယ္ရွိေသာ Rugby Sevens ႏွင့္ ျမိဳ႕ေတာ္ မာရသြန္ပြဲမ်ား အေၾကာင္းကိုလည္း အဂၤလိပ္ ၊ မန္ဒရင္းႏွင့္ ကန္တံုဘာသာစကားမ်ားျဖင့္ ေျပာၾကားေသာ မိန္႔ခြန္းတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။

အကယ္၍ သင့္အေနျဖင့္ အေပ်ာ္ခရီးထြက္ရန္ႏွင့္ အခမဲ့ေလယာဥ္စီးခြင့္ရရန္ အခြင့္အလမ္းရွာေဖြေနသည္ ဆိုပါက ေဟာင္ေကာင္သို႔သြားရန္ အခ်ိန္က်ေရာက္လာျပီျဖစ္သည္။

၂၀၂၃ ခုႏွစ္အတြင္း ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးအဖြဲ႔က ေလယာဥ္လက္မွတ္ေပါင္း ၅၀၀,၀၀၀ အခမဲ့ေပးေဝ သြားမည္ ျဖစ္ေၾကာင္း ျပီးခဲ့ေသာ ၾကာသပေတးေန႔တြင္ John Lee က ေၾကညာခဲ့ျခင္းျဖစ္သည္။

ေလယာဥ္လက္မွတ္မ်ား အခမဲ့ေပးေဝမႈကို မတ္လတြင္ စတင္မည္ျဖစ္ျပီး ၆ လၾကာျမင့္မည္ျဖစ္ေၾကာင္း ေဟာင္ေကာင္ ေလေၾကာင္းအာဏာပိုင္အဖြဲ႔က ထုတ္ျပန္ထားသည္။

ေဟာင္ေကာင္ ေလေၾကာင္းအာဏာပိုင္အဖြဲ႕၏ အမႈေဆာင္အရာ႐ွိခ်ဳပ္ Fred Lam က ေျပာသည္မွာ လက္မွတ္ မ်ား ေပးေဝမည့္နည္းလမ္း အမ်ိဳးမ်ိဳး႐ွိမည္ျဖစ္ေၾကာင္း ၊ မဲေဖာက္ေပးသည့္စနစ္ႏွင့္ လက္မွတ္ ၁ ေစာင္ဝယ္ လွ်င္ ၂ ေစာင္ရမည့္ စနစ္တို႔ ပါဝင္မည္ျဖစ္ေၾကာင္း ေျပာသည္။

ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးအဖြဲ႔သည္ ေဟာင္ေကာင္သားမ်ားအတြက္ ေလယာဥ္လက္မွတ္ေပါင္း ၈၀၀၀၀ ႏွင့္ တရုတ္ျပည္ေတာင္ပိုင္းတြင္ ေနထိုင္သူမ်ားအတြက္ ေလယာဥ္လက္မွတ္ေပါင္း ၈၀၀၀၀ လည္း ေပးေဝသြားမည္ ျဖစ္သည္။

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘး ၊ ဆႏၵျပမႈမ်ား ျဖစ္ေပၚေစခဲ့ေသာ အျငင္းပြားဖြယ္ လံုျခံဳေရးဥပေဒေၾကာင့္ ႏိုင္ငံေရး မတည္ျငိမ္မႈမ်ားအၾကား ၃ ႏွစ္ၾကာ ကန္႔သတ္ပိတ္ပင္မႈမ်ား ျပဳလုပ္ခဲ့ရျပီးေနာက္ စီးပြားေရး ျပန္လည္ အသက္ဝင္လာေစရန္ ၾကိဳးပမ္းမႈလည္း ျဖစ္သည္။

Hello Hong Kong ဟု အမည္ေပးထားေသာ အဆိုပါ အစီအစဥ္တြင္ Rugby Sevens ျပိဳင္ပြဲႏွင့္ ျမိဳ႕ေတာ္မာရသြန္ျပိဳင္ပြဲတစ္ခုတို႔လည္း ပါဝင္မည္ျဖစ္သည္။

(( ျပီးခဲ့တဲ့ ၄ ႏွစ္အတြင္း ေဟာင္ေကာင္ကို ကမၻာလွည့္ခရီးသည္ေတြ ဘာေၾကာင့္ မလာၾကတာလဲ။))

ျပီးခဲ့ေသာ ၄ ႏွစ္အတြင္း ေဟာင္ေကာင္သည္ ခက္ခဲေသာ အတားအဆီးမ်ားႏွင့္ ရင္ဆိုင္ခဲ့ရသည္။

အဓိကက်ေသာ အေၾကာင္းရင္းတစ္ခုမွာ ၂၀၁၉ ခုႏွစ္အတြင္း ဒီမိုကေရစီ လိုလားသူတို႔၏ ဆႏၵျပမႈမ်ားအေပၚ တု႔ံျပန္ပံု ျဖစ္သည္။

ဆႏၵျပသူမ်ားႏွင့္ ရဲတပ္ဖြဲ႔တို႔ ရင္ဆိုင္အခ်င္းပြားခဲ့ျပီး အဓိကရုဏ္းအသြင္ ေျပာင္းလဲသြားခဲ့သည္။

ယင္းေနာက္ပိုင္း တစ္ႏွစ္အၾကာတြင္ ဗဟိုအစိုးရက အတုိက္အခံတို႔၏ ေဝဖန္ေျပာၾကားမႈမ်ားကို ထိန္းခ်ဳပ္ေရး အတြက္ ျပစ္မႈအျဖစ္ သတ္မွတ္မည့္ ဥပေဒတစ္ခု ျပဌာန္းခဲ့ျပီး ဒီမိုကေရစီလုိလားသူ ေခါင္းေဆာင္မ်ားကို ဖမ္းဆီးခဲ့ေၾကာင္း နယူးေယာက္တိုင္းမ္ သတင္းဌာနက ေဖာ္ျပခဲ့သည္။

ယင္းေနာက္ပိုင္းတြင္ ကိုဗစ္ ၁၉ ကပ္ေဘးၾကီး ဆိုက္ေရာက္လာသည္။

ျပည္ဝင္ျပည္ထြက္မ်ား ပိတ္လိုက္ၾကျပီး တင္းက်ပ္ေသာ ကြာရန္တင္းမ်ားႏွင့္ ကိုဗစ္ ၁၉ ကန္႔သတ္ခ်က္မ်ား ျပဌာန္းခဲ့ၾကသည္။

ထိုသို႔ လုပ္ေဆာင္မႈမ်ားေၾကာင့္ ေရာဂါကူးစက္မႈမ်ား ေလ်ာ့နည္းသြားေသာ္လည္း အျပီးတုိင္ ေပ်ာက္ကြယ္ မသြားေခ်။

ေဟာင္ေကာင္တြင္ ႏွာေခါင္းစည္းမ်ား တပ္ရန္ ဆက္လက္ျပဌာန္းထားျပီး မလိုက္နာပါက ၁၂၇၅ ေဒၚလာ အထက္ ဒဏ္ေငြခ်မွတ္ရန္ ျပဌာန္းထားေၾကာင္း တိုင္းမ္သတင္းစာက ေဖာ္ျပသည္။

ေဟာင္ေကာင္သို႔ ေလယာဥ္လက္မွတ္ အခမဲ့ေပးေဝမည့္ အစီအစဥ္မ်ားကို CNN သတင္းဌာနက ေအာက္ပါအတုိင္း ေဖာ္ျပထားသည္။

အခမဲ့ေလယာဥ္လက္မွတ္မ်ားကို ၃ သုတ္ခြဲျပီး ေပးေဝသြားမည္ ျဖစ္သည္။ (မတ္လ ၁ ရက္) အေရွ႕ေတာင္အာရွႏိုင္ငံမ်ားတြင္ ေနထိုင္သူမ်ားကို အခမဲ့လက္မွတ္မ်ား ေပးမည္။

(ဧျပီလ ၁ ရက္) တရုတ္ျပည္မၾကီးတြင္ ေနထုိင္သူမ်ားအတြက္ အခမဲ့လက္မွတ္မ်ား ေပးမည္။

(ေမလ ၁ ရက္) က်န္ကမၻာ့ႏိုင္ငံမ်ားတြင္ ေနထိုင္သူမ်ား အခမဲ့လက္မွတ္မ်ား စတင္ေလွ်ာက္ထားႏုိင္သည္။

(ဇူလိုင္လ ၁ ရက္) ေဟာင္ေကာင္ေဒသခံမ်ား အခမဲ့လက္မွတ္စတင္ ေလွ်ာက္ထားႏုိင္မည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Hong Kong to Give Away 500,000 Air Tickets to Revive Tourism (bloomberg, cnbc, deseret)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
CarsDB
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service