ဖုတ်ကောင်တွေရန်က ရှောင်ဖို့လား၊ ရသေ့ကြီးတစ်ပါးပိုင်တာလား? ကျွန်းလေးတစ်ကျွန်းပေါ်က ကမ္ဘာ့အထီးကျန်ဆုံး အိမ်ဖြူကြီးတစ်လုံး၏ ပဟေဠိ အဖြေပေါ်

ဖုတ်ကောင်တွေရန်က ရှောင်ဖို့လား၊ ရသေ့ကြီးတစ်ပါးပိုင်တာလား? ကျွန်းလေးတစ်ကျွန်းပေါ်က ကမ္ဘာ့အထီးကျန်ဆုံး အိမ်ဖြူကြီးတစ်လုံး၏ ပဟေဠိ အဖြေပေါ် - Property News in Myanmar from iMyanmarHouse.com
23 Jan 2023 10:56 am တွင် တင်ခဲ့သည်
1506 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဝေးလံခေါင်သီလှသော ကျွန်းတစ်ကျွန်းပေါ်တွင် အိမ်ဖြူကလေးတစ်လုံးတည်း အထီးကျန်စွာ တည်ရှိနေသည့် ဓာတ်ပုံမျိုး သင်မြင်ဖူးပါသလား။

ကမ္ဘာ့အထီးကျန်ဆုံး နေအိမ်ဟု အမည်ပေးထားသော နေအိမ်တစ်လုံးအကြောင်းမှာ အွန်လိုင်းတွင် ဂယက်ရိုက်နေပြီး နေအိမ်ပေါ်ပေါက်လာပုံနှင့် ဆောက်လုပ်ရခြင်းတို့၏ ရည်ရွယ်ချက်အပေါ် အမျိုးမျိုးအဖုံဖုံ ထင်ကြေးပေးခန့်မှန်းမှုများ ရှိခဲ့သည်။

အဆိုပါ နေအိမ်၏ တည်နေရာနှင့် ထွက်ပေါ်နေသော ကောလာဟလများ ၊ အယူအဆများအကြောင်း လေ့လာကြည့်ပါမည်။

(ကောလာဟလများ ၊ ယူဆချက်များ )

The Sun သတင်းဌာနက တင်ပြခဲ့သော အထောက်အထားမခိုင်လုံသည့် ကောလာဟလတစ်ခုအရ ဘီလျံနာကြီးတစ်ဦးက ကမ္ဘာပေါ်တွင် ဖုတ်ကောင်များ ပေါ်ပေါက်လာပါက တိမ်းရှောင်ရန် ရည်ရွယ်ကာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

(Bjork ရဲ့ လျှို့ဝှက်အပန်းဖြေနေရာလား။)

အချို့သော သတင်းများအရမူ ယခုအိမ်ကို ပိုင်ဆိုင်သူမှာ အိုက်စလန် နာမည်ကြီး အဆိုတော် Bjork ဖြစ်သည်ဟု ဆိုကြပြီး အချို့ကမူ ရသေ့ကြီးတစ်ပါး ပိုင်ဆိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

Bjork ပိုင်ဆိုင်သည်ဟု ကောလာဟလထွက်ရခြင်းတွင် သူမသည် အိုက်စလန်သူတစ်ဦးဖြစ်ပြီး ဤကျွန်းမှာလည်း အိုက်စလန်နိုင်ငံ၏ တောင်ဘက်တွင် တည်ရှိသဖြင့် ဆက်စပ်နေသည်။

သို့သော် အဆိုတော်ကမူ ထိုအိမ်နှင့် ဆက်နွယ်မှု မရှိကြောင်း ငြင်းဆိုထားသည်။

အချို့သော လူမှုကွန်ရက် အသုံးပြုသူများက ပြောသည်မှာမူ ဤနေအိမ်မှာ ပြင်ပကမ္ဘာတွင် အမှန်တကယ်မရှိကြောင်း ၊ Photoshop ဖြင့် တည်းဖြတ်ထားသည့် ဓာတ်ပုံတစ်ပုံသာ ဖြစ်ကြောင်း ပြောကြသည်။

 

(လူမှုကွန်ရက်တွင် ဂယက်ရိုက်ခဲ့သော ဓာတ်ပုံများ၏ နောက်ကွယ်မှ အမှန်တရား )

 

အဆိုပါအိမ်သည် အိုက်စလန်နိုင်ငံမှ Ellidaey အမည်ရှိ ကျွန်းတွင် အမှန်တကယ်တည်ရှိပြီး Ellidaey အမဲလိုက်အသင်းက ပိုင်ဆိုင်သည်။

နေအိမ်ကို ၁၉၅၀ ပြည့်လွန်ကာလများတွင် ဆောက်လုပ်ခဲ့ပြီး ပင်လယ်ပျော် puffin ငှက်များ အမဲလိုက်သည့် အသင်းသားများ စခန်းချနေထိုင်ရန် အသုံးပြုခဲ့ခြင်း ဖြစ်သည်။

အမဲလိုက်အသင်းက အမဲလိုက်သူများ သက်တောင့်သက်သာရှိစေရန် အခြေစိုက်စခန်းတစ်ခုအနေဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး မိုးရေစုဆောင်းသည့် စနစ်ပါဝင်သော sauna တစ်ခုပါဝင်သည်။

နေအိမ်ကို ကောင်းစွာထိန်းသိမ်းထားကြောင်းနှင့် ကျွန်းပေါ်သို့ အမဲလိုက် ခရီးစဉ်များတွင် အသုံးပြုကြကြောင်း အမဲလိုက်အသင်းက အတည်ပြုသည်။

(တည်နေရာ)

The Mirror သတင်းဌာန၏ ဖော်ပြချက်အရ နေအိမ်တည်ရှိသည့် နေရာမှာ အိုက်စလန်နိုင်ငံ၏ ကမ်းလွန် Ellidaey ကျွန်းတွင် တည်ရှိကြောင်း ဖော်ပြသည်။

ကျွန်းပေါင်း ၁၅ ကျွန်းမှ ၁၈ ကျွန်းကြား ပါဝင်သော Vestmannaeyjar ကျွန်းစုတွင် ပါဝင်သည်။

ယခုကျွန်းကို သဘာဝဘေးမဲ့တော တစ်ခုအဖြစ် သတ်မှတ်ထားပြီး အကာအကွယ်ပေးထားသည့် နေရာတစ်ခုဖြစ်သည်။

ထိုကျွန်းသည် ပင်လယ်ပျော် petrel ငှက်များ ၊ အဖြူအနက်ပျောက်ကြား နှုတ်သီးရှည် guillemot ပင်လယ်ငှက်များ ချောက်ကမ်းပါးများတွင် အသိုက်ဖွဲ့လေ့ရှိသည့် နေရာဖြစ်သည်။

(စွန့်ပစ်ထားမှု သမိုင်းကြောင်း)

ယနေ့အခါတွင် ကျွန်းမှာ လူသူကင်းမဲ့နေပြီ ဖြစ်သည်။

တစ်ချိန်ကမူ ကျွန်းပေါ်တွင် မိသားစု ၅ စု အခြေချနေထိုင်ခဲ့ဖူးသည်။

၁၉၃၀ ပြည့်လွန်ကာလများအတွင်း ထိုကျွန်းမှ စွန့်ခွာ သွားကြပြီးနောက်ပိုင်း ယနေ့တိုင် နေထိုင်သူမရှိတော့ချေ။

ယခင်က နေထိုင်ခဲ့ကြသူများမှာ လယ်သမားများနှင့် ငါးဖမ်းသမားများ ဖြစ်ကြပြီး နေထိုင်ရမှုဘဝ ကြမ်းတမ်းသည့်အပြင် အခြေခံလိုအပ်ချက်များ ကင်းမဲ့မှုကြောင့် ပြောင်းရွှေ့သွားကြခြင်း ဖြစ်သည်။

စိမ်းလန်းသော တောင်စောင်းတစ်ခုဘေးတွင် လှပသော နေအိမ်တည်ရှိပြီး ဘေးပတ်လည်တွင် ပင်လယ်ပြာကြီးက ဝန်းပတ်ထားသည်။

နေအိမ်မှတဆင့် ကျောက်ဆောင်ထူထပ်သော ကမ်းရိုးတန်းနှင့် မြောက်အတ္တလန္တိတ်သမုဒ္ဒရာ၏ သလင်းသဖွယ် ကြည်လင်သော ရေပြင်တို့၏ ကျယ်ပြောသော မြင်ကွင်းကို တွေ့မြင်ရမည် ဖြစ်သည်။

တမူထူးကာ ဆန်းကြယ်သော ဖွဲ့စည်းတည်ရှိပုံကြောင့် လူများစွာ၏ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့သည်မှာ သံသယရှိဖွယ်မရှိချေ။

ထိုနေရာသို့ သွားရောက်လည်ပတ်လိုသည်ဆိုပါက စီစဉ်ပေးသော ခရီးသွား ကုမ္ပဏီများ ရှိပါသည်။

 

 

(ကျွန်းပေါ်မှ အထီးကျန် အိမ်ဖြူကလေး )

 

 

(ကျွန်း၏ တည်နေရာမှာ အိုက်စလန်နိုင်ငံ၏ တောင်ဘက်တွင် တည်ရှိသည်။ ဓာတ်ပုံ- Credit: Alamy)

 

(အထီးကျန် အဆောက်အအုံ၏ နောက်ကွယ်တွင် ကောလာဟလများနှင့် ထင်မြင်ချက်များ ရှိသည်။)

 

 

(အိုက်စလန်မှ ကမ္ဘာ့အထီးကျန်ဆုံးအိမ်)

 

 

(စွန့်ပစ်ခံကျွန်းသို့ နေ့ချင်းပြန် ခရီးစီစဉ်ပေးသော ခရီးသွားကုမ္ပဏီများ ရှိသည်။)

 

 

(အမဲလိုက်ရာတွင် စခန်းချသော အိမ်တစ်လုံး ဖြစ်သည်။)

(၁၉၃၀ ပြည့်လွန်ကာလများကတည်းက ကျွန်းပေါ်တွင် နေထိုင်သူမရှိတော့ချေ။)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Mystery of the White House on a Remote Island Solved (natureofhome, thesun)

 

 

[Zawgyi]

ဖုတ္ေကာင္ေတြရန္က ေရွာင္ဖုိ႔လား၊ ရေသ့ၾကီးတစ္ပါးပိုင္တာလား? ကၽြန္းေလးတစ္ကၽြန္းေပၚက ကမၻာ့အထီးက်န္ဆံုး အိမ္ျဖဴၾကီးတစ္လံုး၏ ပေဟဠိ အေျဖေပၚ

 

ေဝးလံေခါင္သီလွေသာ ကၽြန္းတစ္ကၽြန္းေပၚတြင္ အိမ္ျဖဴကေလးတစ္လံုးတည္း အထီးက်န္စြာ တည္ရွိေနသည့္ ဓာတ္ပုံမ်ဳိး သင္ျမင္ဖူးပါသလား။

ကမၻာ့အထီးက်န္ဆံုး ေနအိမ္ဟု အမည္ေပးထားေသာ ေနအိမ္တစ္လံုးအေၾကာင္းမွာ အြန္လိုင္းတြင္ ဂယက္ရိုက္ေနျပီး ေနအိမ္ေပၚေပါက္လာပံုႏွင့္ ေဆာက္လုပ္ရျခင္းတို႔၏ ရည္ရြယ္ခ်က္အေပၚ အမ်ဳိးမ်ဳိးအဖံုဖံု ထင္ေၾကးေပးခန္႔မွန္းမႈမ်ား ရွိခဲ့သည္။

အဆိုပါ ေနအိမ္၏ တည္ေနရာႏွင့္ ထြက္ေပၚေနေသာ ေကာလာဟလမ်ား ၊ အယူအဆမ်ားအေၾကာင္း ေလ့လာၾကည့္ပါမည္။

(ေကာလာဟလမ်ား ၊ ယူဆခ်က္မ်ား )

The Sun သတင္းဌာနက တင္ျပခဲ့ေသာ အေထာက္အထားမခုိင္လံုသည့္ ေကာလာဟလတစ္ခုအရ ဘီလ်ံနာၾကီးတစ္ဦးက ကမၻာေပၚတြင္ ဖုတ္ေကာင္မ်ား ေပၚေပါက္လာပါက တိမ္းေရွာင္ရန္ ရည္ရြယ္ကာ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။

(Bjork ရဲ႕ လွ်ိဳ႕ဝွက္အပန္းေျဖေနရာလား။)

အခ်ဳိ႕ေသာ သတင္းမ်ားအရမူ ယခုအိမ္ကို ပိုင္ဆိုင္သူမွာ အိုက္စလန္ နာမည္ၾကီး အဆိုေတာ္ Bjork ျဖစ္သည္ဟု ဆိုၾကျပီး အခ်ဳိ႕ကမူ ရေသ့ၾကီးတစ္ပါး ပိုင္ဆုိင္ျခင္း ျဖစ္သည္ဟု ဆိုသည္။

Bjork ပိုင္ဆုိင္သည္ဟု ေကာလာဟလထြက္ရျခင္းတြင္ သူမသည္ အိုက္စလန္သူတစ္ဦးျဖစ္ျပီး ဤကၽြန္းမွာလည္း အိုက္စလန္ႏိုင္ငံ၏ ေတာင္ဘက္တြင္ တည္ရွိသျဖင့္ ဆက္စပ္ေနသည္။

သို႔ေသာ္ အဆိုေတာ္ကမူ ထုိအိမ္ႏွင့္ ဆက္ႏြယ္မႈ မရွိေၾကာင္း ျငင္းဆိုထားသည္။

အခ်ဳိ႕ေသာ လူမႈကြန္ရက္ အသံုးျပဳသူမ်ားက ေျပာသည္မွာမူ ဤေနအိမ္မွာ ျပင္ပကမၻာတြင္ အမွန္တကယ္မရွိေၾကာင္း ၊ Photoshop ျဖင့္ တည္းျဖတ္ထားသည့္ ဓာတ္ပံုတစ္ပံုသာ ျဖစ္ေၾကာင္း ေျပာၾကသည္။

(လူမႈကြန္ရက္တြင္ ဂယက္ရိုက္ခဲ့ေသာ ဓာတ္ပံုမ်ား၏ ေနာက္ကြယ္မွ အမွန္တရား )

အဆိုပါအိမ္သည္ အိုက္စလန္ႏုိင္ငံမွ Ellidaey အမည္ရွိ ကၽြန္းတြင္ အမွန္တကယ္တည္ရွိျပီး Ellidaey အမဲလုိက္အသင္းက ပိုင္ဆိုင္သည္။

ေနအိမ္ကို ၁၉၅၀ ျပည့္လြန္ကာလမ်ားတြင္ ေဆာက္လုပ္ခဲ့ျပီး ပင္လယ္ေပ်ာ္ puffin ငွက္မ်ား အမဲလုိက္သည့္ အသင္းသားမ်ား စခန္းခ်ေနထုိင္ရန္ အသံုးျပဳခဲ့ျခင္း ျဖစ္သည္။

အမဲလုိက္အသင္းက အမဲလုိက္သူမ်ား သက္ေတာင့္သက္သာရွိေစရန္ အေျခစိုက္စခန္းတစ္ခုအေနျဖင့္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္ျပီး မိုးေရစုေဆာင္းသည့္ စနစ္ပါဝင္ေသာ sauna တစ္ခုပါဝင္သည္။

ေနအိမ္ကို ေကာင္းစြာထိန္းသိမ္းထားေၾကာင္းႏွင့္ ကၽြန္းေပၚသို႔ အမဲလိုက္ ခရီးစဥ္မ်ားတြင္ အသံုးျပဳၾကေၾကာင္း အမဲလုိက္အသင္းက အတည္ျပဳသည္။

(တည္ေနရာ)

The Mirror သတင္းဌာန၏ ေဖာ္ျပခ်က္အရ ေနအိမ္တည္ရွိသည့္ ေနရာမွာ အိုက္စလန္ႏုိင္ငံ၏ ကမ္းလြန္ Ellidaey ကၽြန္းတြင္ တည္ရွိေၾကာင္း ေဖာ္ျပသည္။

ကၽြန္းေပါင္း ၁၅ ကၽြန္းမွ ၁၈ ကၽြန္းၾကား ပါဝင္ေသာ Vestmannaeyjar ကၽြန္းစုတြင္ ပါဝင္သည္။

ယခုကၽြန္းကို သဘာဝေဘးမဲ့ေတာ တစ္ခုအျဖစ္ သတ္မွတ္ထားျပီး အကာအကြယ္ေပးထားသည့္ ေနရာတစ္ခုျဖစ္သည္။

ထုိကၽြန္းသည္ ပင္လယ္ေပ်ာ္ petrel ငွက္မ်ား ၊ အျဖဴအနက္ေပ်ာက္ၾကား ႏႈတ္သီးရွည္ guillemot ပင္လယ္ငွက္မ်ား ေခ်ာက္ကမ္းပါးမ်ားတြင္ အသိုက္ဖြဲ႔ေလ့ရွိသည့္ ေနရာျဖစ္သည္။

(စြန္႔ပစ္ထားမႈ သမိုင္းေၾကာင္း)

ယေန႔အခါတြင္ ကၽြန္းမွာ လူသူကင္းမဲ့ေနျပီ ျဖစ္သည္။

တစ္ခ်ိန္ကမူ ကၽြန္းေပၚတြင္ မိသားစု ၅ စု အေျခခ်ေနထိုင္ခဲ့ဖူးသည္။

၁၉၃၀ ျပည့္လြန္ကာလမ်ားအတြင္း ထိုကၽြန္းမွ စြန္႔ခြာ သြားၾကျပီးေနာက္ပိုင္း ယေန႔တိုင္ ေနထုိင္သူမရွိေတာ့ေခ်။

ယခင္က ေနထိုင္ခဲ့ၾကသူမ်ားမွာ လယ္သမားမ်ားႏွင့္ ငါးဖမ္းသမားမ်ား ျဖစ္ၾကျပီး ေနထိုင္ရမႈဘဝ ၾကမ္းတမ္းသည့္အျပင္ အေျခခံလိုအပ္ခ်က္မ်ား ကင္းမဲ့မႈေၾကာင့္ ေျပာင္းေရႊ႕သြားၾကျခင္း ျဖစ္သည္။

စိမ္းလန္းေသာ ေတာင္ေစာင္းတစ္ခုေဘးတြင္ လွပေသာ ေနအိမ္တည္ရွိျပီး ေဘးပတ္လည္တြင္ ပင္လယ္ျပာၾကီးက ဝန္းပတ္ထားသည္။

ေနအိမ္မွတဆင့္ ေက်ာက္ေဆာင္ထူထပ္ေသာ ကမ္းရိုးတန္းႏွင့္ ေျမာက္အတၱလႏိၱတ္သမုဒၵရာ၏ သလင္းသဖြယ္ ၾကည္လင္ေသာ ေရျပင္တို႔၏ က်ယ္ေျပာေသာ ျမင္ကြင္းကို ေတြ႔ျမင္ရမည္ ျဖစ္သည္။

တမူထူးကာ ဆန္းၾကယ္ေသာ ဖြဲ႔စည္းတည္ရွိပံုေၾကာင့္ လူမ်ားစြာ၏ စိတ္အာရံုကို ဖမ္းစားႏိုင္ခဲ့သည္မွာ သံသယရွိဖြယ္မရွိေခ်။

ထိုေနရာသို႔ သြားေရာက္လည္ပတ္လိုသည္ဆိုပါက စီစဥ္ေပးေသာ ခရီးသြား ကုမၸဏီမ်ား ရွိပါသည္။

(ကၽြန္းေပၚမွ အထီးက်န္ အိမ္ျဖဴကေလး )

(ကၽြန္း၏ တည္ေနရာမွာ အိုက္စလန္ႏုိင္ငံ၏ ေတာင္ဘက္တြင္ တည္ရွိသည္။ ဓာတ္ပံု- Credit: Alamy)

(အထီးက်န္ အေဆာက္အအံု၏ ေနာက္ကြယ္တြင္ ေကာလာဟလမ်ားႏွင့္ ထင္ျမင္ခ်က္မ်ား ရွိသည္။)

(အိုက္စလန္မွ ကမၻာ့အထီးက်န္ဆံုးအိမ္)

(စြန္႔ပစ္ခံကၽြန္းသို႔ ေန႔ခ်င္းျပန္ ခရီးစီစဥ္ေပးေသာ ခရီးသြားကုမၸဏီမ်ား ရွိသည္။)

(အမဲလိုက္ရာတြင္ စခန္းခ်ေသာ အိမ္တစ္လံုး ျဖစ္သည္။)

(၁၉၃၀ ျပည့္လြန္ကာလမ်ားကတည္းက ကၽြန္းေပၚတြင္ ေနထိုင္သူမရွိေတာ့ေခ်။)

 

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Mystery of the White House on a Remote Island Solved (natureofhome, thesun)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service