ပျော်ရွှင်စရာမွေးနေ့ ဖြစ်ပါစေ ကလေးရေ - Property Knowledge in Myanmar from iMyanmarHouse.com
2105 Views

ပျော်ရွှင်စရာမွေးနေ့ ဖြစ်ပါစေ ကလေးရေ

Knowledge | Posted by Hnin Ei Khin

[Unicode]

 

သူကလေးရဲ့မွေးနေ့က ရင်မှာထိခိုက်လှသည်။အပေါင်းအသင်းမပါ။ ကိတ်မုန့်မပါ။ဖယောင်းတိုင်မပါ။မွေးနေဟာ မွေးနေ့လို့ အသိအမှတ်ပြုရုံလေးသာဖြစ်သည်။ကျွန်တော့်ရင်မှာတော့ ဆို့နစ်မှုတွေနဲ့ ပီပြင်လှသည့် Tiktok ပေါ်ကမွေးနေ့တစ်ခု၏ အကြောင်းကို ပြောချင်လှသည်။

ညမဟုတ်သေးသောနေ့။အမှောင်ချထားသော အိမ်ခန်း။နံရံစပ်ကြားကဝင်ရောက်နေသည့် အလင်းရောင်။ ချို့တဲ့နွမ်းပါးမှု၏ အရိပ်အယောင် တစ်စိတ် တစ်ဒေသ။အားလုံးဟာ နွမ်းပါးမှုကြောင့်ပဲ ဖြစ်ပျက်သွားသည် ထင်၏။

မွေးနေ့ဆိုသည်က အပေါင်းအသင်း သူငယ်ချင်းများနှင့် ပျော်လို့ပါးလို့၊ရယ်လို့မောလို့ ဖြစ်နေရမည်။ သို့ပါသော်လည်း…။

 

 

 

ဒီမွေးနေ့လေးဖြစ်လာဖို့ သူဘာတွေတောင်းဆိုခဲ့ရသနည်း။နောက်ကွယ်က အကြောင်းတွေကို ကျွန်တော်မသိနိုင်ခဲ့ပါ။ တွေးဆကြည့်ခြင်းသာ တတ်နိုင်ပါသည်။

သူကလေးရဲ့ မျက်လုံးမှာ မျက်ရည်လဲ့လဲ့။မီးအလင်းရောင်လေးကြောင့်လည်း နှာခေါင်းဝက နှာရည်စီးကြောင်း လဲ့လဲ့လေး။ ငိုထားခြင်း၏ လက္ခဏာပေလား။ မွေးနေ့လုပ်ချင်လို့ မိဘကို ငိုယိုတောင်းဆိုခဲ့ခြင်းကြောင့် ကျန်ရစ်ခဲ့သည့် မျက်နှာပေါ်က အကြွင်းအကျန်များလား။ဒီလိုဆို…သူ့တောင်းဆိုချက်က အရာရောက်ခဲ့သည်။ သူ့မွေးနေ့ပွဲလေးက သူ့မျက်လုံးထဲက ပီတီကြောင့် ပြီးမြောက်ခဲ့သည်။ကျေနပ်ခြင်းတွေနဲ့ တိတ်ဆိတ်စွာပဲ ပြီးမြောက်ခဲ့သည်။

ဖျပ်ကနဲထွန်းလင်းလိုက်သည့် ဂတ်စ်မီးချစ်၏ အလင်းရောင်လေးကိုပင် မွေးနေ့ကိတ်အပေါ်က ဖယောင်းတိုင်လေးအလား အထင်ထားပြီး ဟက်ပီးဘက်ဒေးတူးယူ လုပ်အပြီးမှာ မီးမှုတ်ငြိမ်းလိုက်သည့် ရှက်စနိုးဟန် ပုံရိပ်လေးက ကျွန်တော်နှလုံးသားမှာ စွဲထင်ကျန်ခဲ့ရသည်။ “ပျော်ရွှင်စရာမွေးနေ့ ဖြစ်ပါစေ ကလေးရေ”လို့ ကျွန်တော်လည်း လိုက်ပါဆုတောင်းမိသည်။

 

အဆောင်အယောင်တွေ မပါမရှိပေမယ့် မွေးနေ့ပွဲလေး၏ သရုပ်က အသက်ဝင်ပီပြင်စွာ ပြီးဆုံးခဲ့သည်။ သူကလေးရဲ့ မွေးနေ့ကို မွေးနေ့လို့ ကျွန်တော်အသိအမှတ်ပြုမိသည်။

လက်ရှိကလေးများ၏ ဘဝဖြတ်သန်းရာတွင် မွေးနေ့ကိတ်ပြုလုပ်သည့် ယဉ်ကျေးမှုတစ်ခုကထပ်တို့လာသည်။

တတ်နိုင်သူက တတ်နိုင်သည့်အတိုင်းအတာဖြင့် ထည်ထည်ဝါဝါဖြင့်လုပ်ကြသည်။သိပ်မတတ်နိုင်သူက နိုင်သလောက်လေးဖြင့် မိမိရင်သွေးတို့၏ မွေးနေ့ကို အမှတ်တရလုပ်ပေးလာကြသည်။

 

အဆောင်အယောင် အခမ်းအနားတွေ ပါသည်မပါသည်ထက် သူတို့ကလေးတွေရဲ့ စိတ်မှာဖြစ်ပေါ်နေသည့် လိုအင်ချင်ခြင်းလေးတွေကို အသိအမှတ်ပြုပေးဖို့ပါပဲ။မရှိလို့လုပ်မပေးဘူး ဆိုတာထက် ကလေးတွေရဲ့ စိတ်မှာဖြစ်နေတဲ့ လိုအင်လေးတွေကို ဘယ်လိုလုပ်ဖြည့်ဆည်းပေးရမလဲ ဆိုတာကိုသာ မိဘတွေ သတိထားမိဖို့ပါပဲ။ ၁၆.၁.၂၀၂၃ - တနင်္လာ

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ေပ်ာ္ရႊင္စရာေမြးေန႔ ျဖစ္ပါေစ ကေလးေရ

 

 

သူကေလးရဲ႕ေမြးေန႔က ရင္မွာထိခိုက္လွသည္။အေပါင္းအသင္းမပါ။ ကိတ္မုန္႔မပါ။ဖေယာင္းတိုင္မပါ။ေမြးေနဟာ ေမြးေန႔လို႔ အသိအမွတ္ျပဳ႐ုံေလးသာျဖစ္သည္။ကြၽန္ေတာ္႕ရင္မွာေတာ့ ဆို႔နစ္မႈေတြနဲ႔ ပီျပင္လွသည့္ Tiktok ေပၚကေမြးေန႔တစ္ခု၏ အေၾကာင္းကို ေျပာခ်င္လွသည္။

ညမဟုတ္ေသးေသာေန႔။အေမွာင္ခ်ထားေသာ အိမ္ခန္း။နံရံစပ္ၾကားကဝင္ေရာက္ေနသည့္ အလင္းေရာင္။ ခ်ိဳ႕တဲ့ႏြမ္းပါးမႈ၏ အရိပ္အေယာင္ တစ္စိတ္ တစ္ေဒသ။အားလုံးဟာ ႏြမ္းပါးမႈေၾကာင့္ပဲ ျဖစ္ပ်က္သြားသည္ ထင္၏။

ေမြးေန႔ဆိုသည္က အေပါင္းအသင္း သူငယ္ခ်င္းမ်ားႏွင့္ ေပ်ာ္လို႔ပါးလို႔၊ရယ္လို႔ေမာလို႔ ျဖစ္ေနရမည္။ သို႔ပါေသာ္လည္း…။

ဒီေမြးေန႔ေလးျဖစ္လာဖို႔ သူဘာေတြေတာင္းဆိုခဲ့ရသနည္း။ေနာက္ကြယ္က အေၾကာင္းေတြကို ကၽြန္ေတာ္မသိႏိုင္ခဲ့ပါ။ ေတြးဆၾကည့္ျခင္းသာ တတ္ႏိုင္ပါသည္။

သူကေလးရဲ႕ မ်က္လုံးမွာ မ်က္ရည္လဲ့လဲ့။မီးအလင္းေရာင္ေလးေၾကာင့္လည္း ႏွာေခါင္းဝက ႏွာရည္စီးေၾကာင္း လဲ့လဲ့ေလး။ ငိုထားျခင္း၏ လကၡဏာေပလား။ ေမြးေန႔လုပ္ခ်င္လို႔ မိဘကို ငိုယိုေတာင္းဆိုခဲ့ျခင္းေၾကာင့္ က်န္ရစ္ခဲ့သည့္ မ်က္ႏွာေပၚက အႂကြင္းအက်န္မ်ားလား။ဒီလိုဆို…သူ႔ေတာင္းဆိုခ်က္က အရာေရာက္ခဲ့သည္။ သူ႔ေမြးေန႔ပြဲေလးက သူ႔မ်က္လုံးထဲက ပီတီေၾကာင့္ ၿပီးေျမာက္ခဲ့သည္။ေက်နပ္ျခင္းေတြနဲ႔ တိတ္ဆိတ္စြာပဲ ၿပီးေျမာက္ခဲ့သည္။

ဖ်ပ္ကနဲထြန္းလင္းလိုက္သည့္ ဂတ္စ္မီးခ်စ္၏ အလင္းေရာင္ေလးကိုပင္ ေမြးေန႔ကိတ္အေပၚက ဖေယာင္းတိုင္ေလးအလား အထင္ထားၿပီး ဟက္ပီးဘက္ေဒးတူးယူ လုပ္အၿပီးမွာ မီးမႈတ္ၿငိမ္းလိုက္သည့္ ရွက္စႏိုးဟန္ ပုံရိပ္ေလးက ကၽြန္ေတာ္ႏွလုံးသားမွာ စြဲထင္က်န္ခဲ့ရသည္။ “ေပ်ာ္ရႊင္စရာေမြးေန႔ ျဖစ္ပါေစ ကေလးေရ”လို႔ ကၽြန္ေတာ္လည္း လိုက္ပါဆုေတာင္းမိသည္။

အေဆာင္အေယာင္ေတြ မပါမရွိေပမယ့္ ေမြးေန႔ပြဲေလး၏ သ႐ုပ္က အသက္ဝင္ပီျပင္စြာ ၿပီးဆုံးခဲ့သည္။ သူကေလးရဲ႕ ေမြးေန႔ကို ေမြးေန႔လို႔ ကၽြန္ေတာ္အသိအမွတ္ျပဳမိသည္။

လက္ရွိကေလးမ်ား၏ ဘဝျဖတ္သန္းရာတြင္ ေမြးေန႔ကိတ္ျပဳလုပ္သည့္ ယဥ္ေက်းမႈတစ္ခုကထပ္တို႔လာသည္။

တတ္ႏိုင္သူက တတ္ႏိုင္သည့္အတိုင္းအတာျဖင့္ ထည္ထည္ဝါဝါျဖင့္လုပ္ၾကသည္။သိပ္မတတ္ႏိုင္သူက ႏိုင္သေလာက္ေလးျဖင့္ မိမိရင္ေသြးတို႔၏ ေမြးေန႔ကို အမွတ္တရလုပ္ေပးလာၾကသည္။

အေဆာင္အေယာင္ အခမ္းအနားေတြ ပါသည္မပါသည္ထက္ သူတို႔ကေလးေတြရဲ႕ စိတ္မွာျဖစ္ေပၚေနသည့္ လိုအင္ခ်င္ျခင္းေလးေတြကို အသိအမွတ္ျပဳေပးဖို႔ပါပဲ။မရွိလို႔လုပ္မေပးဘူး ဆိုတာထက္ ကေလးေတြရဲ႕ စိတ္မွာျဖစ္ေနတဲ့ လိုအင္ေလးေတြကို ဘယ္လိုလုပ္ျဖည့္ဆည္းေပးရမလဲ ဆိုတာကိုသာ မိဘေတြ သတိထားမိဖို႔ပါပဲ။ ၁၆.၁.၂၀၂၃ - တနလၤာ

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service