အိမ်လေးတစ်လုံးတော့ ပိုင်ချင်တယ်

အိမ်လေးတစ်လုံးတော့ ပိုင်ချင်တယ် - Property Knowledge in Myanmar from iMyanmarHouse.com
10 Jan 2023 3:15 pm တွင် တင်ခဲ့သည်
778 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

တောင့်တရာမို့ တောင့်တမိပါတယ်။လူတိုင်း ဒီလိုချင်ခြင်းတပ်မက်မှုတွေရှိကြမှာပါ။မရှိဘူးဆိုတဲ့သူက အရူးပဲဖြစ်ပါလိမ့်မယ်။ကျွန်တော်လည်း အိမ်ကလေးတစ်လုံးလောက်တော့ ပိုင်ဆိုင်ချင်မိတယ်။

နေထိုင်မှုအခက်အခဲရှိနေရင် ပိုပြီးတော့တောင် တောင့်တမိပါတယ်။မိသားစုနဲ့ဖြစ်တည်လာပြီဆိုရင် ကျွန်တော်တို့ပိုပြီး အိမ်လေးတစ်လုံးလောက် ပိုင်ဆိုင်လိုမှုဆန္ဒတွေ တဖွားဖွားနဲကို လိုလိုလားလား ဖြစ်လာပါတယ်။

ကိုယ့်မိသားစုနဲ့က ကိုယ်ပိုင်အိမ်လေးနဲ့မှ နွေးနွေးထွေးထွေး အေးအေးချမ်းချမ်း နေပျော်တဲ့ဘဝလေးကို ရရှိမှာပေါ့။

ငှားရမ်းနေထိုင်ရတယ်ဆိုတာက ကိုယ့်အသုံးစရိတ်ထဲက နေထိုင်မှုအတွက် လစဉ်အလီလီ ဖဲ့ထုတ်နေရတယ်။ တည်ငြိမ်ခြင်း မရှိတဲ့အခြေအနေကြောင့် ရင်မှာပူလောင်မှုက အမြဲကပ်ပါနေတယ်။ ငှားနေရတဲ့ ဘဝက အချိန်တွေသာကုန်သွားမယ် အိမ်ပိုင်ဘဝဖြစ်လာမှာမဟုတ်ပါဘူး။

အိမ်ပိုင်ဘဝဖြစ်မှ ကိုယ်လိုချင်တဲ့ပုံစံလေးကို တဖြည်းဖြည်းပြောင်းယူလို့ရမှာပေါ့။ကိုယ့်အိမ်ကိုယ့်ရာနဲ့ဆိုတဲ့အားအင်က နဲနဲနောနောအားအင်မှ မဟုတ်ဘဲ။အလွန်အားကြီးပါတယ်။

အိမ်ကလေးတစ်လုံးပိုင်ဆိုင်လာပြီဆိုရင် ဒီအိမ်ကိုကာကွယ်ရမယ်။စောင့်ရှောက်ရမယ်။ လှပအောင် ပြင်ဆင်ရမယ်။ အေးချမ်းမှုတွေရအောင်လုပ်ရမယ်။နွေးထွေးချစ်ခင်မှုတွေ ရစ်ပတ်ဖွဲ့နှောင်ထားတဲ့ မိသားစုလေးဖြစ်အောင် ဖန်တီးမယ်ဆိုတဲ့ အနာဂတ်အတွေးလေးတွေနဲ့ သိပ်ကိုလှပပြီး ပျော်စရာကောင်းလှ ပါတယ်။

ကိုယ်မှာ အိမ်လေးတစ်လုံး ပိုင်ဆိုင်မှုရှိလာပြီဆိုရင် ဘုရားစင်ကို ဘယ်နေရာထားမယ်။အခန်းနံရံတွေကို ဘယ်လိုဆေးတွေရေးခြယ်မယ်။အိပ်ခန်းကို ဘယ်လိုထားပြီး ဧည့်ခန်းကို ဘယ်လိုထားမယ်။ စိတ်ထဲမှာ ဖန်တီးပြင်ဆင်မှုတွေဟာ တစ်သီတစ်တန်းကြီး ဖြစ်လာပါတယ်။

နှစ်ထပ်အိမ်လေးဆိုရင် ကလေးတွေအတွက် ဆော့ကစားဖို့နေရာအကျယ်အဝန်းလေးလိုအပ်မယ်။ ကိုယ့်အတွက် စာကြည့်ခန်းလေး ဖွဲ့နိုင်ရင်ဖွဲ့ထားမယ်ပေါ့။

အိမ်အပြင် မြေလွတ်ကျယ်ကျယ်ပါ ပိုင်ဆိုင်ခွင့်ရှိမယ်ဆိုရင် ပိုပြီးကောင်းတာပေါ့။ပန်းအလှတွေ အရိပ်ရသီးနှံပင် တွေလည်း စိုက်မယ်ပေါ့။မြေပြင်မှာကလေးတွေ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး ဆော့ကစားခွင့်တွေ ရမယ်။ ကိုယ့်မြေပေါ်မှာ ဝံ့ဝံ့စားစားခြေချခွင့်ဆိုတဲ့ အရသာကို ကိုယ်ရော ကိုယ်ရဲ့ရင်သွေးတွေကိုရော ခံစားနိုင်စေရမယ်။

ကိုယ့်ရဲ့ပိုင်ဆိုင်မှုလေးက ကိုယ့်ရဲ့အနာဂတ်အတွေးလေးတွေကို လှနေစေပါလား။အင်း..ခုလိုအတွေးလေးက လောဘတွေများ ကြီးသွားပြီလား။လိုအပ်တာထက် မပိုလောက်ပါဘူး။

ကျွန်တော်တို့သေရင် အကုန်ထားခဲ့ကြခဲ့ရမှာပါ။ ဘာတွေဘယ်လောက်ကြီး ပိုင်ဆိုင်နေပါစေ အသက်ရှူရပ်သွားပြီဆိုတာနဲ့ ကိုယ်ပိုင်ဆိုင်ခဲ့တာတွေက ထားခဲ့ကြရမှာပါပဲ။ဖက်တွယ်ဆုပ်ကိုင် သိမ်းပိုက်ထားလို့မှ မရတာပဲ။

သူတစ်ပါးပိုင်ဆိုင်မှုတွေကိုပါ သိမ်းပိုက်ရယူချင်တဲ့ စိတ်မဖြစ်ဖို့ကိုဘဲ အတွေးတို့ကိုရပ်တန့်ရပါတယ်။

ဒီလိုမတွေးဘဲ သိပ်ကို သ်ိမ်းပိုက်ရယူလိုတဲ့ အတ္တကြီးလွန်းတဲ့ အတွေးတွေကို ဆက်တွေးဖြစ်ရင် ကျွန်တော်ဟာ ဘယ်လိုလူဖြစ်သွားမလဲ။

ဒီတော့ အိမ်လေးတစ်လုံးလောက်ပိုင်ချင်တာဟာ လူတိုင်းရဲ့ဆန္ဒနဲ့ထပ်တူဖြစ်လိမ့်မယ်လို့ထင်ရင်း အတွေးတို့က လက်တွေ့ဖြစ်စေချင်မိပါပြီ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

အိမ္ေလးတစ္လုံးေတာ့ ပိုင္ခ်င္တယ္

ေတာင့္တရာမို႔ ေတာင္႔တမိပါတယ္။လူတိုင္း ဒီလိုခ်င္ျခင္းတပ္မက္မႈေတြရွိၾကမွာပါ။မရွိဘူးဆိုတဲ့သူက အ႐ူးပဲျဖစ္ပါလိမ့္မယ္။ကၽြန္ေတာ္လည္း အိမ္ကေလးတစ္လုံးေလာက္ေတာ့ ပိုင္ဆိုင္ခ်င္မိတယ္။

ေနထိုင္မႈအခက္အခဲရွိေနရင္ ပိုၿပီးေတာ့ေတာင္ ေတာင့္တမိပါတယ္။မိသားစုနဲ႔ျဖစ္တည္လာၿပီဆိုရင္ ကၽြန္ေတာ္တို႔ပိုၿပီး အိမ္ေလးတစ္လုံးေလာက္ ပိုင္ဆိုင္လိုမႈဆႏၵေတြ တဖြားဖြားနဲကို လိုလိုလားလား ျဖစ္လာပါတယ္။

ကိုယ့္မိသားစုနဲ႔က ကိုယ္ပိုင္အိမ္ေလးနဲ႔မွ ေႏြးေႏြးေထြးေထြး ေအးေအးခ်မ္းခ်မ္း ေနေပ်ာ္တဲ့ဘဝေလးကို ရရွိမွာေပါ့။

ငွားရမ္းေနထိုင္ရတယ္ဆိုတာက ကိုယ့္အသုံးစရိတ္ထဲက ေနထိုင္မႈအတြက္ လစဥ္အလီလီ ဖဲ့ထုတ္ေနရတယ္။ တည္ၿငိမ္ျခင္း မရွိတဲ့အေျခအေနေၾကာင့္ ရင္မွာပူေလာင္မႈက အၿမဲကပ္ပါေနတယ္။ ငွားေနရတဲ့ ဘဝက အခ်ိန္ေတြသာကုန္သြားမယ္ အိမ္ပိုင္ဘဝျဖစ္လာမွာမဟုတ္ပါဘူး။

အိမ္ပိုင္ဘဝျဖစ္မွ ကိုယ္လိုခ်င္တဲ့ပုံစံေလးကို တျဖည္းျဖည္းေျပာင္းယူလို႔ရမွာေပါ့။ကိုယ့္အိမ္ကိုယ့္ရာနဲ႔ဆိုတဲ့အားအင္က နဲနဲေနာေနာအားအင္မွ မဟုတ္ဘဲ။အလြန္အားႀကီးပါတယ္။

အိမ္ကေလးတစ္လုံးပိုင္ဆိုင္လာၿပီဆိုရင္ ဒီအိမ္ကိုကာကြယ္ရမယ္။ေစာင့္ေရွာက္ရမယ္။ လွပေအာင္ ျပင္ဆင္ရမယ္။ ေအးခ်မ္းမႈေတြရေအာင္လုပ္ရမယ္။ေႏြးေထြးခ်စ္ခင္မႈေတြ ရစ္ပတ္ဖြဲ႔ေႏွာင္ထားတဲ့ မိသားစုေလးျဖစ္ေအာင္ ဖန္တီးမယ္ဆိုတဲ့ အနာဂတ္အေတြးေလးေတြနဲ႔ သိပ္ကိုလွပၿပီး ေပ်ာ္စရာေကာင္းလွ ပါတယ္။

ကိုယ္မွာ အိမ္ေလးတစ္လုံး ပိုင္ဆိုင္မႈရွိလာၿပီဆိုရင္ ဘုရားစင္ကို ဘယ္ေနရာထားမယ္။အခန္းနံရံေတြကို ဘယ္လိုေဆးေတြေရးျခယ္မယ္။အိပ္ခန္းကို ဘယ္လိုထားၿပီး ဧည့္ခန္းကို ဘယ္လိုထားမယ္။ စိတ္ထဲမွာ ဖန္တီးျပင္ဆင္မႈေတြဟာ တစ္သီတစ္တန္းႀကီး ျဖစ္လာပါတယ္။

ႏွစ္ထပ္အိမ္ေလးဆိုရင္ ကေလးေတြအတြက္ ေဆာ့ကစားဖို႔ေနရာအက်ယ္အဝန္းေလးလိုအပ္မယ္။ ကိုယ့္အတြက္ စာၾကည့္ခန္းေလး ဖြဲ႔ႏိုင္ရင္ဖြဲ႔ထားမယ္ေပါ့။

အိမ္အျပင္ ေျမလြတ္က်ယ္က်ယ္ပါ ပိုင္ဆိုင္ခြင့္ရွိမယ္ဆိုရင္ ပိုၿပီးေကာင္းတာေပါ့။ပန္းအလွေတြ အရိပ္ရသီးႏွံပင္ ေတြလည္း စိုက္မယ္ေပါ့။ေျမျပင္မွာကေလးေတြ လြတ္လြတ္လပ္လပ္ ေပ်ာ္ေပ်ာ္ပါးပါး ေဆာ့ကစားခြင့္ေတြ ရမယ္။ ကိုယ့္ေျမေပၚမွာ ဝံ႔ဝံ႔စားစားေျခခ်ခြင့္ဆိုတဲ့ အရသာကို ကိုယ္ေရာ ကိုယ္ရဲ႕ရင္ေသြးေတြကိုေရာ ခံစားႏိုင္ေစရမယ္။

ကိုယ့္ရဲ႕ပိုင္ဆိုင္မႈေလးက ကိုယ့္ရဲ႕အနာဂတ္အေတြးေလးေတြကို လွေနေစပါလား။အင္း..ခုလိုအေတြးေလးက ေလာဘေတြမ်ား ႀကီးသြားၿပီလား။လိုအပ္တာထက္ မပိုေလာက္ပါဘူး။

ကၽြန္ေတာ္တို႔ေသရင္ အကုန္ထားခဲ့ၾကခဲ့ရမွာပါ။ ဘာေတြဘယ္ေလာက္ႀကီး ပိုင္ဆိုင္ေနပါေစ အသက္ရွဴရပ္သြားၿပီဆိုတာနဲ႔ ကိုယ္ပိုင္ဆိုင္ခဲ့တာေတြက ထားခဲ့ၾကရမွာပါပဲ။ဖက္တြယ္ဆုပ္ကိုင္ သိမ္းပိုက္ထားလို႔မွ မရတာပဲ။

သူတစ္ပါးပိုင္ဆိုင္မႈေတြကိုပါ သိမ္းပိုက္ရယူခ်င္တဲ့ စိတ္မျဖစ္ဖို႔ကိုဘဲ အေတြးတို႔ကိုရပ္တန္႔ရပါတယ္။

ဒီလိုမေတြးဘဲ သိပ္ကို သိ္မ္းပိုက္ရယူလိုတဲ့ အတၱႀကီးလြန္းတဲ့ အေတြးေတြကို ဆက္ေတြးျဖစ္ရင္ ကၽြန္ေတာ္ဟာ ဘယ္လိုလူျဖစ္သြားမလဲ။

ဒီေတာ့ အိမ္ေလးတစ္လုံးေလာက္ပိုင္ခ်င္တာဟာ လူတိုင္းရဲ႕ဆႏၵနဲ႔ထပ္တူျဖစ္လိမ့္မယ္လို႔ထင္ရင္း အေတြးတို႔က လက္ေတြ႕ျဖစ္ေစခ်င္မိပါၿပီ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

area-one-business-complex
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service