Daily Mail သတင်းဌာနက ဖော်ပြသော စိန်အလုံးရေပေါင်း ၅၀၀၀ စီခြယ်ပူဇော်ထားသည့်ဘုရားနှင့် အခြားကမ္ဘာတစ်ဝန်းမှ အသပ္ပာယ်ဆုံး ဘုရားစေတီများ

Daily Mail သတင်းဌာနက ဖော်ပြသော စိန်အလုံးရေပေါင်း ၅၀၀၀ စီခြယ်ပူဇော်ထားသည့်ဘုရားနှင့် အခြားကမ္ဘာတစ်ဝန်းမှ အသပ္ပာယ်ဆုံး ဘုရားစေတီများ - Property News in Myanmar from iMyanmarHouse.com
4 Jan 2023 12:35 pm တွင် တင်ခဲ့သည်
1719 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရွှေပြားချပ်များ၊ အနုစိတ်မွမ်းမံမှုများဖြင့် အာရှတစ်လွှား ပြည့်နှက်နေသော ဘုရားစေတီများမှာ ဖူးမျှော်ရသူများ အတွက် အံ့ဖွယ်တစ်ပါးပင်။

တောင်ကိုရီးယားမှ ၁၄ ရာစုက ဆောက်လုပ်ခဲ့သော ဂျောင်ဘို့ဂွန် (Gyeongbokgung) နန်းတော်မှသည် စိန်အလုံးရေ ၅၀၀၀ နီးပါး ပူဇော်ထားသော မြန်မာနိုင်ငံမှ ရွှေတိဂုံစေတီတော်အထိ ဘုရားကျောင်းကန်များ အားလုံးတွင် တူညီသောအချက်တစ်ခုရှိနေသည်။

ယင်းကား ငြိမ်းချမ်းမှုနှင့် ငြိမ်သက်မှုပင်။

ဘုရားစေတီများ၏ ကြီးမားလှသည့် ထုထည်အရွယ်အစားမှာလည်း အံ့သြမင်သက်ဖွယ်ပင် ဖြစ်သည်။

တရုတ်ပြည်မှ ဘုရားများမှာ ၁၀ ထပ်တိုက်အမြင့်ခန့်ရှိပြီး အခြားဒေသများ - အထူးသဖြင့် အရှေ့တောင်အာရှမှ ဘုရားများမှာ မိုးမျှော်တိုက်ကြီးပမာရှိကာ မိုင်ပေါင်းများစွာ အကွာအဝေးကပင် ဖူးမျှော်တွေ့မြင်ရသည်။

ဘုရားကျောင်းကန်အများစုမှာ ဗုဒ္ဓဘာသာ အဆောက်အအုံများဖြစ်ပြီး အများအားဖြင့် ဘုန်းတော်ကြီးကျောင်း များအတွင်း (သို့မဟုတ်) ဘုန်းတော်ကြီးကျောင်းများ၏ အနီးဝန်းကျင်များတွင် ဆောက်လုပ်လေ့ ရှိသည်။ MailOnline Travel သတင်းဌာနက ကမ္ဘာတစ်ဝန်းမှ သပ္ပာယ်မှုအရှိဆုံး ဘုရားများကို ပိုက်စိတ်တိုက်ရှာဖွေကာ စုဆောင်းဖော်ပြခဲ့ရာ အောက်တွင် ဆက်လက်ဖူးမျှော်ကြည်ညိုနိုင်ပါသည်။

[ဂျပန်နိုင်ငံ၊ ကျိုတိုမြို့မှ တို့ဂျိ ဘုရား (Toji Pagoda)ဖြစ်ပြီး အမြဲအရောင်ပြောင်းလဲနေသော ဝန်းကျင်ရှိ သစ်ခက်သစ်ရွက်များက အခမ်းနားဆုံးမြင်ကွင်းကို ပိုင်ဆိုင်ထားစေသည်]

(ထိုင်းနိုင်ငံ၊ Lampang ရှိ ဤဘုရားသည် ကမ္ဘာပေါ်တွင် အလှဆင်မွမ်းမံမှု အများဆုံးဘုရား မဟုတ်သေး သော်လည်း ရင်သပ်ရှုမောဖွယ် အခင်းအကျင်းကြောင့် ဤစာရင်းတွင် ထည့်သွင်းခဲ့ရခြင်း ဖြစ်သည်။)

(အပြာရောင်တောက်ပသော မိုးကောင်းကင်ကို နောက်ခံပြုထားသည့် ထိုင်းနိုင်ငံမှ ဤဘုရားသည် အဟန့်ကောင်း ထည်ဝါလှကာ ခံတပ်ကြီးတစ်ခုအသွင် ခံစားရသည်)

(ထိုင်းနိုင်ငံ၊ စမွေကျွန်းမှ လှပစွာ မွမ်းမံမှုများ ပြုလုပ်ထားသည့် ဗုဒ္ဓဘာသာ စေတီတော်တစ်ဆူ)

(မြန်မာနိုင်ငံမှ ဝေးလံခေါင်သီသော နေရာတစ်ခုတွင် တည်ရှိကာ ပုထိုးတော်ပေါင်း ၂၅၀၀ ခန့် ပါဝင်သည့် အံ့အားသင့်ဖွယ် ဘုရား)

(မြန်မာနိုင်ငံမှ ရွှေတိဂုံစေတီတော်။ စေတီတော်ကို ရွှေပြားများ ရာထောင်ချီကာ ကပ်လှူထားပြီး စိန်အလုံးရေ ၅၀၀၀ ဝန်းကျင်ခန့် ပူဇော်ထားကာ ယင်းတို့အနက်မှ အကြီးမားဆုံး စိန်ပွင့်ကြီးမှာ ၇၂ ကာရက်ခန့် ရှိသည်)

(တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှ ဂျောင်ဘို့ဂွန် (Gyeongbokgung) နန်းတော်။ ဂျောင်ဘို့ဂွန်နန်းတော် ကို ၁၃၉၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး မြောက်ပိုင်းနန်းတော်ဟု လူသိများသည်။ တည်နေရာမှာ ဝန်းကျင်ရှိ အခြားသော နန်းတော်များနှင့် ယှဉ်လျှင် မြောက်ဖျားပိုင်း ပိုကျသောကြောင့် ဖြစ်သည်။)

(မြန်မာနိုင်ငံ၊ မုံရွာမြို့မှ သမ္ဗုဒ္ဓေဘုရား။ ဤဘုရားဝန်းကို ခရစ်နှစ် ၁၃၀၃ ခုနှစ်တွင် တည်ထားခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် ပြန်လည်ဆောက်လုပ်မှုများ ပြုလုပ်ခဲ့သည်။)

(မွန်ဂိုလိယနိုင်ငံ၊ Meidai Lamasery Inner မှ စေတီတော်တစ်ဆူ။ ကျောက်တုံးဖြင့် ဆောက်လုပ်ထားသော ဘုရားတွင် ရောင်စုံအလံများဖြင့် အလှဆင်ထားပြီး တောင်တန်းများပေါ်တွင် တည်ရှိသည်။)

[ဂျပန်နိုင်ငံ၊ ဖူဂျိယို့ရှိဒ (Fujiyoshida) မှ Chureito ဘုရား။ ဤဘုရားကို ဖူဂျိယို့ရှိဒ မြို့တော်ဝန်က ၁၉၅၈ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ၁၈၆၈ ခုနှစ်တွင် စစ်ပွဲအတွင်း သေဆုံးခဲ့ကြသော ပြည်သူ ၉၆၀ ဦးအတွက် အောက်မေ့ဖွယ်အမှတ်တရအဖြစ် စေတီတည်ထားခဲ့ခြင်း ဖြစ်သည်။ ]

(ထိုင်းနိုင်ငံ၊ ချင်းမိုင်မှ Wat Phra That Doi Suthep ဘုရား။ တောင်ပေါ်တွင် တည်ရှိခြင်းဖြစ်ရာ မြို့ကို အပေါ်စီးမှ တွေ့မြင်ရသည်။ ဤဘုရားသည် ထိုင်းနိုင်ငံမြောက်ပိုင်း၏ အထွတ်အမြတ်အထားခံရဆုံး ဘုရားများတွင် တစ်ခုအပါအဝင် ဖြစ်သည်။)

(ဖိလစ်ပိုင်နိုင်ငံ၊ Cebu မှ Cebu တာအိုဘုရားကျောင်း။ ဤဘုရားသို့ ဝတ်ပြုရန်လာသူများအတွက်အပြင်၊ ဝတ်ပြုရန်မဟုတ်သူများပါ ဝင်ရောက်လေ့လာနိုင်သည်။ ကိုးကွယ်သူများက ၎င်းတို့၏ လိုရာဆန္ဒများ ပြည့်ဝစေ ရန် ဘုရားတွင် ဆုတောင်းကြပြီး ဘဝတွင် ခက်ခဲသည့် ဆုံးဖြတ်ချက်များချရန် ရှိသောအခါများ တွင်လည်း လာရောက်လေ့ရှိကြသည်။)

(မြန်မာနိုင်ငံ၊ မွန်ပြည်နယ်မှ ကျိုက်ထီးရိုးဘုရား။ မြန်မာပြည်တွင် ထင်ရှားသည့် ဘုရားဖူးနေရာတစ်ခုဖြစ်ပြီး ကျောက်တုံးကြီးတစ်ခုထိပ်တွင် စေတီတည်ထားပြီး ဘုရားဖူးလာသူများက ရွှေချကြလေ့ရှိသည်။)

(ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းရှိ Tran Quoc ဘုရား။ Tran Quoc ဘုရားသည် ဟနွိုင်းတွင် ရှေးအကျဆုံး စေတီတော်တစ်ဆူအဖြစ် သတ်မှတ်ခံထားရပြီး နှစ်ပေါင်း ၁၅၀၀ ကျော်သက်တမ်းရှိပြီ ဖြစ်သည်။)

(မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းမှ ကောင်းမှုတော်စေတီ။ ဤဘုရားကို သာလွန်မင်းတရားကြီးနှင့် သားတော်တို့က ၁၆၃၆ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ကာ ဘုရားအမိုးခုံးကို သန့်ရှင်းစင်ကြယ်မှုအထိမ်းအမှတ်အဖြစ် အဖြူရောင်သာ စဉ်ဆက်မပြတ် ဆေးသုတ်ခဲ့ရာမှ နောက်ပိုင်းတွင်မူ ရွှေချမှုများ ပြုလုပ်ခဲ့သည်။)

(အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမှ ကမ္ဘာ့ဝိပဿနာ စေတီတော်။ မွမ်ဘိုင်းမြို့ အနောက်တောင်ဘက်တွင် တည်ရှိပြီး ဘုရားပရဝဏ်မှာ ၁၅ ဒသမ ၅ ဧကရှိသည်။ ဤဘုရားသည် ၂၁ ရာစု၏ ဗိသုကာအံ့ဖွယ်တစ်ပါးအဖြစ် သတ်မှတ်ခံရသည်။ ဘုရားပြီးစီးရန် ၁၁ နှစ်ကြာဆောက်လုပ်ခဲ့ရပြီး ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလတွင် အပြီးသတ်ခဲ့ ခြင်း ဖြစ်သည်။)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Roofs decked out with 5,000 DIAMONDS, lashings of gold leaf and enchantment as standard: The world's most beautiful pagodas revealed

[Zawgyi]

Daily Mail သတင္းဌာနက ေဖာ္ျပေသာ စိန္အလံုးေရေပါင္း ၅၀၀၀ စီျခယ္ပူေဇာ္ထားသည့္ဘုရားႏွင့္ အျခားကမၻာတစ္ဝန္းမွ အသပၸာယ္ဆံုး ဘုရားေစတီမ်ား

ေရႊျပားခ်ပ္မ်ား၊ အႏုစိတ္မြမ္းမံမႈမ်ားျဖင့္ အာရွတစ္လႊား ျပည့္ႏွက္ေနေသာ ဘုရားေစတီမ်ားမွာ ဖူးေမွ်ာ္ရသူမ်ား အတြက္ အံ့ဖြယ္တစ္ပါးပင္။

ေတာင္ကိုရီးယားမွ ၁၄ ရာစုက ေဆာက္လုပ္ခဲ့ေသာ ေဂ်ာင္ဘို႔ဂြန္ (Gyeongbokgung) နန္းေတာ္မွသည္ စိန္အလံုးေရ ၅၀၀၀ နီးပါး ပူေဇာ္ထားေသာ ျမန္မာႏိုင္ငံမွ ေရႊတိဂံုေစတီေတာ္အထိ ဘုရားေက်ာင္းကန္မ်ား အားလံုးတြင္ တူညီေသာအခ်က္တစ္ခုရွိေနသည္။

ယင္းကား ျငိမ္းခ်မ္းမႈႏွင့္ ျငိမ္သက္မႈပင္။

ဘုရားေစတီမ်ား၏ ၾကီးမားလွသည့္ ထုထည္အရြယ္အစားမွာလည္း အံ့ၾသမင္သက္ဖြယ္ပင္ ျဖစ္သည္။

တရုတ္ျပည္မွ ဘုရားမ်ားမွာ ၁၀ ထပ္တိုက္အျမင့္ခန္႔ရွိျပီး အျခားေဒသမ်ား - အထူးသျဖင့္ အေရွ႕ေတာင္အာရွမွ ဘုရားမ်ားမွာ မိုးေမွ်ာ္တိုက္ၾကီးပမာရွိကာ မိုင္ေပါင္းမ်ားစြာ အကြာအေဝးကပင္ ဖူးေမွ်ာ္ေတြ႔ျမင္ရသည္။

ဘုရားေက်ာင္းကန္အမ်ားစုမွာ ဗုဒၶဘာသာ အေဆာက္အအံုမ်ားျဖစ္ျပီး အမ်ားအားျဖင့္ ဘုန္းေတာ္ၾကီးေက်ာင္း မ်ားအတြင္း (သို႔မဟုတ္) ဘုန္းေတာ္ၾကီးေက်ာင္းမ်ား၏ အနီးဝန္းက်င္မ်ားတြင္ ေဆာက္လုပ္ေလ့ ရွိသည္။ MailOnline Travel သတင္းဌာနက ကမၻာတစ္ဝန္းမွ သပၸာယ္မႈအရွိဆံုး ဘုရားမ်ားကို ပိုက္စိတ္တိုက္ရွာေဖြကာ စုေဆာင္းေဖာ္ျပခဲ့ရာ ေအာက္တြင္ ဆက္လက္ဖူးေမွ်ာ္ၾကည္ညိဳႏိုင္ပါသည္။

[ဂ်ပန္ႏိုင္ငံ၊ က်ဳိတိုျမိဳ႕မွ တို႔ဂ်ိ ဘုရား (Toji Pagoda)ျဖစ္ျပီး အျမဲအေရာင္ေျပာင္းလဲေနေသာ ဝန္းက်င္ရွိ သစ္ခက္သစ္ရြက္မ်ားက အခမ္းနားဆံုးျမင္ကြင္းကို ပိုင္ဆိုင္ထားေစသည္]

(ထိုင္းႏိုင္ငံ၊ Lampang ရိွ ဤဘုရားသည္ ကမၻာေပၚတြင္ အလွဆင္မြမ္းမံမႈ အမ်ားဆံုးဘုရား မဟုတ္ေသး ေသာ္လည္း ရင္သပ္ရႈေမာဖြယ္ အခင္းအက်င္းေၾကာင့္ ဤစာရင္းတြင္ ထည့္သြင္းခဲ့ရျခင္း ျဖစ္သည္။)

(အျပာေရာင္ေတာက္ပေသာ မိုးေကာင္းကင္ကို ေနာက္ခံျပဳထားသည့္ ထိုင္းႏိုင္ငံမွ ဤဘုရားသည္ အဟန္႔ေကာင္း ထည္ဝါလွကာ ခံတပ္ၾကီးတစ္ခုအသြင္ ခံစားရသည္)

(ထိုင္းႏိုင္ငံ၊ စေမြကၽြန္းမွ လွပစြာ မြမ္းမံမႈမ်ား ျပဳလုပ္ထားသည့္ ဗုဒၶဘာသာ ေစတီေတာ္တစ္ဆူ)

(ျမန္မာႏိုင္ငံမွ ေဝးလံေခါင္သီေသာ ေနရာတစ္ခုတြင္ တည္ရွိကာ ပုထိုးေတာ္ေပါင္း ၂၅၀၀ ခန္႔ ပါဝင္သည့္ အံ့အားသင့္ဖြယ္ ဘုရား)

(ျမန္မာႏိုင္ငံမွ ေရႊတိဂံုေစတီေတာ္။ ေစတီေတာ္ကို ေရႊျပားမ်ား ရာေထာင္ခ်ီကာ ကပ္လွဴထားျပီး စိန္အလံုးေရ ၅၀၀၀ ဝန္းက်င္ခန္႔ ပူေဇာ္ထားကာ ယင္းတို႔အနက္မွ အၾကီးမားဆံုး စိန္ပြင့္ၾကီးမွာ ၇၂ ကာရက္ခန္႔ ရွိသည္)

(ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ျမိဳ႕ေတာ္မွ ေဂ်ာင္ဘို႔ဂြန္ (Gyeongbokgung) နန္းေတာ္။ ေဂ်ာင္ဘို႔ဂြန္နန္းေတာ္ ကို ၁၃၉၅ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး ေျမာက္ပိုင္းနန္းေတာ္ဟု လူသိမ်ားသည္။ တည္ေနရာမွာ ဝန္းက်င္ရွိ အျခားေသာ နန္းေတာ္မ်ားႏွင့္ ယွဥ္လွ်င္ ေျမာက္ဖ်ားပိုင္း ပိုက်ေသာေၾကာင့္ ျဖစ္သည္။)

(ျမန္မာႏိုင္ငံ၊ မံုရြာျမိဳ႕မွ သမၺဳေဒၶဘုရား။ ဤဘုရားဝန္းကို ခရစ္ႏွစ္ ၁၃၀၃ ခုႏွစ္တြင္ တည္ထားခဲ့ျပီး ၁၉၃၉ ခုႏွစ္တြင္ ျပန္လည္ေဆာက္လုပ္မႈမ်ား ျပဳလုပ္ခဲ့သည္)

(မြန္ဂိုလိယႏိုင္ငံ၊ Meidai Lamasery Inner မွ ေစတီေတာ္တစ္ဆူ။ ေက်ာက္တံုးျဖင့္ ေဆာက္လုပ္ထားေသာ ဘုရားတြင္ ေရာင္စံုအလံမ်ားျဖင့္ အလွဆင္ထားျပီး ေတာင္တန္းမ်ားေပၚတြင္ တည္ရွိသည္)

[ဂ်ပန္ႏိုင္ငံ၊ ဖူဂ်ိယို႔ရွိဒ (Fujiyoshida) မွ Chureito ဘုရား။ ဤဘုရားကို ဖူဂ်ိယို႔ရွိဒ ျမိဳ႕ေတာ္ဝန္က ၁၉၅၈ ခုႏွစ္၊ ၾသဂုတ္လ ၁၂ ရက္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။ ၁၈၆၈ ခုႏွစ္တြင္ စစ္ပြဲအတြင္း ေသဆံုးခဲ့ၾကေသာ ျပည္သူ ၉၆၀ ဦးအတြက္ ေအာက္ေမ့ဖြယ္အမွတ္တရအျဖစ္ ေစတီတည္ထားခဲ့ျခင္း ျဖစ္သည္ ]

(ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္မွ Wat Phra That Doi Suthep ဘုရား။ ေတာင္ေပၚတြင္ တည္ရွိျခင္းျဖစ္ရာ ျမိဳ႕ကို အေပၚစီးမွ ေတြ႔ျမင္ရသည္။ ဤဘုရားသည္ ထိုင္းႏိုင္ငံေျမာက္ပိုင္း၏ အထြတ္အျမတ္အထားခံရဆံုး ဘုရားမ်ားတြင္ တစ္ခုအပါအဝင္ ျဖစ္သည္)

(ဖိလစ္ပိုင္ႏိုင္ငံ၊ Cebu မွ Cebu တာအိုဘုရားေက်ာင္း။ ဤဘုရားသို႔ ဝတ္ျပဳရန္လာသူမ်ားအတြက္အျပင္၊ ဝတ္ျပဳရန္မဟုတ္သူမ်ားပါ ဝင္ေရာက္ေလ့လာႏိုင္သည္။ ကိုးကြယ္သူမ်ားက ၎တို႔၏ လိုရာဆႏၵမ်ား ျပည့္ဝေစ ရန္ ဘုရားတြင္ ဆုေတာင္းၾကျပီး ဘဝတြင္ ခက္ခဲသည့္ ဆံုးျဖတ္ခ်က္မ်ားခ်ရန္ ရွိေသာအခါမ်ား တြင္လည္း လာေရာက္ေလ့ရွိၾကသည္။

(ျမန္မာႏိုင္ငံ၊ မြန္ျပည္နယ္မွ က်ိဳက္ထီး႐ိုးဘုရား။ ျမန္မာျပည္တြင္ ထင္႐ွားသည့္ ဘုရားဖူးေနရာတစ္ခုျဖစ္ၿပီး ေက်ာက္တုံးႀကီးတစ္ခုထိပ္တြင္ ေစတီတည္ထားၿပီး ဘုရားဖူးလာသူမ်ားက ေ႐ႊခ်ၾကေလ့႐ွိသည္။)

(ဗီယက္နမ္ႏိုင္ငံ၊ ဟႏြိဳင္းရွိ Tran Quoc ဘုရား။ Tran Quoc ဘုရားသည္ ဟႏြိဳင္းတြင္ ေရွးအက်ဆံုး ေစတီေတာ္တစ္ဆူအျဖစ္ သတ္မွတ္ခံထားရျပီး ႏွစ္ေပါင္း ၁၅၀၀ ေက်ာ္သက္တမ္းရွိျပီ ျဖစ္သည္။

(ျမန္မာႏိုင္ငံ၊ စစ္ကိုင္းတိုင္းမွ ေကာင္းမႈေတာ္ေစတီ။ ဤဘုရားကို သာလြန္မင္းတရားၾကီးႏွင့္ သားေတာ္တို႔က ၁၆၃၆ ခုႏွစ္တြင္ တည္ထားကိုးကြယ္ခဲ့ကာ ဘုရားအမိုးခံုးကို သန္႔ရွင္းစင္ၾကယ္မႈအထိမ္းအမွတ္အျဖစ္ အျဖဴေရာင္သာ စဥ္ဆက္မျပတ္ ေဆးသုတ္ခဲ့ရာမွ ေနာက္ပိုင္းတြင္မူ ေရႊခ်မႈမ်ား ျပဳလုပ္ခဲ့သည္)

(အိႏိၵယႏိုင္ငံ၊ မြမ္ဘိုင္းမွ ကမၻာ့ဝိပႆနာ ေစတီေတာ္။ မြမ္ဘိုင္းျမိဳ႕ အေနာက္ေတာင္ဘက္တြင္ တည္ရွိျပီး ဘုရားပရဝဏ္မွာ ၁၅ ဒသမ ၅ ဧကရွိသည္။ ဤဘုရားသည္ ၂၁ ရာစု၏ ဗိသုကာအံ့ဖြယ္တစ္ပါးအျဖစ္ သတ္မွတ္ခံရသည္။ ဘုရားျပီးစီးရန္ ၁၁ ႏွစ္ၾကာေဆာက္လုပ္ခဲ့ရျပီး ၂၀၀၈ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ အျပီးသတ္ခဲ့ ျခင္း ျဖစ္သည္။)

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Roofs decked out with 5,000 DIAMONDS, lashings of gold leaf and enchantment as standard: The world's most beautiful pagodas revealed

Daily Mail သတင်းဌာနက ဖော်ပြသော စိန်အလုံးရေပေါင်း ၅၀၀၀ စီခြယ်ပူဇော်ထားသည့်ဘုရားနှင့် အခြားကမ္ဘာတစ်ဝန်းမှ အသပ္ပာယ်ဆုံး ဘုရားစေတီများ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူနှင့် လန်ဒန်တို့တွင် နံရံသေးပန်းလျှင် ပြန်ကန်ထွက်ကာ လူကိုပြန်ထိမည့် သုတ်ဆေး အသုံးပြုနေ...
စင်္ကာပူနှင့် လန်ဒန်တို့တွင် နံရံသေးပန်းလျှင် ပြန်ကန်ထွက်ကာ လူကိုပြန်ထိမည့် သုတ်ဆေး အသုံးပြုနေ...
အားဖြည့်အချိုရည်များမှာ မိမိကိုယ်ကို အဆုံးစီရင်မှု မြင့်တက်စေပြီး ကော်ဖီကမူ အဆုံးစီရင်မှု လျော့ကျစေကြောင်း စင်္ကာပူအမျိုးသားတက္ကသိုလ် (NUS) ၏ လေ့လာချက်တွင် တွေ့ရှိ...
အားဖြည့်အချိုရည်များမှာ မိမိကိုယ်ကို အဆုံးစီရင်မှု မြင့်တက်စေပြီး ကော်ဖီကမူ အဆုံးစီရင်မှု လျော့ကျစေကြောင်း စင်္ကာပူအမျိုးသားတက္ကသိုလ် (NUS) ၏ လေ့လာချက်တွင် တွေ့ရှိ...
cyclic sighing အသက်ရှူလေ့ကျင့်ခန်းကို တစ်ရက် ၅ မိနစ် လေ့ကျင့်ရုံဖြင့် ဆေးသောက်စရာမလိုဘဲ စိတ်ဖိစီးမှုကို လျင်မြန်စွာ သက်သာစေသည့်အပြင် အာရုံကြောစနစ်ကို မိနစ်ပိုင်းအတွင်း တည်ငြိမ်မှုရ စေကြောင်း စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပ...

ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ့၊ ဘယ်နိုင်ငံက ဘယ်လိုအိမ်သာမျိုးလဲ...
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ့၊ ဘယ်နိုင်ငံက ဘယ်လိုအိမ်သာမျိုးလဲ...
အမေရိကန်တွင် ၇ လပိုင်း ၁၁ ရက်နေ့ ည ၇း၁၁ မိနစ်အချိန်တွင် မွေးဖွားသော အလေးချိန် ၇ ပေါင် ၁၁ အောင်စရှိ ကလေးငယ်ကို 7-11 (7-Eleven) စတိုးက ပညာသင်စရိတ် ၇၁၁၁ ဒေါ်လာ ထောက်ပံ့...
အမေရိကန်တွင် ၇ လပိုင်း ၁၁ ရက်နေ့ ည ၇း၁၁ မိနစ်အချိန်တွင် မွေးဖွားသော အလေးချိန် ၇ ပေါင် ၁၁ အောင်စရှိ ကလေးငယ်ကို 7-11 (7-Eleven) စတိုးက ပညာသင်စရိတ် ၇၁၁၁ ဒေါ်လာ ထောက်ပံ့...
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တခါက မြူမှုန်တွေဆိုင်းတဲ့ တောင်ပေါ်မြို့လေးမှာ ကွာရှင်းချင်တဲ့ ဇနီးမောင်နှံတိုင်းကို ၄၅ ရက် ဖမ်းချုပ်ပြီး အတူထည့်ထားဖူးတဲ့ အိမ်တစ်လုံးရှိခဲ့ဖူးတယ်၊ နှစ် ၃၀၀ အတွင်း ကွာရှင်းမှု တစ်ခုထဲပဲရှိခဲ့...
တခါက မြူမှုန်တွေဆိုင်းတဲ့ တောင်ပေါ်မြို့လေးမှာ ကွာရှင်းချင်တဲ့ ဇနီးမောင်နှံတိုင်းကို ၄၅ ရက် ဖမ်းချုပ်ပြီး အတူထည့်ထားဖူးတဲ့ အိမ်တစ်လုံးရှိခဲ့ဖူးတယ်၊ နှစ် ၃၀၀ အတွင်း ကွာရှင်းမှု တစ်ခုထဲပဲရှိခဲ့...
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service