အမေရိကန်ရုပ်ရှင်မင်းသမီး အယ်လင် ဒီဂျဲနရက်စ်က ကယ်လီဖိုးနီးယားကမ်းခြေစံအိမ်ကို ဒေါ်လာ သန်း ၇၀ စံချိန်တင်ဈေးပေးဝယ်

အမေရိကန်ရုပ်ရှင်မင်းသမီး အယ်လင် ဒီဂျဲနရက်စ်က ကယ်လီဖိုးနီးယားကမ်းခြေစံအိမ်ကို ဒေါ်လာ သန်း ၇၀ စံချိန်တင်ဈေးပေးဝယ် - Property News in Myanmar from iMyanmarHouse.com
21 Dec 2022 10:15 am တွင် တင်ခဲ့သည်
780 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန် ရုပ်ရှင်မင်းသမီး အယ်လင် ဒီဂျဲနရက်စ်နှင့် သူမ၏ ဇနီးဖြစ်သူ Portia de Rossi တို့သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Carpinteria အရပ်မှ ကပ်လျက်တည်ရှိသော ပင်လယ် ကမ်းခြေစံအိမ် ၂ လုံးကို ကန်ဒေါ်လာ သန်း ၇၀ အထိ စံချိန်တင်ဈေးပေးကာ ဝယ်ယူခဲ့သည်။

အယ်လင် ဒီဂျဲနရက်စ်နှင့် Portia de Rossi တို့သည် အမျိုးသမီးချင်း လိင်တူလက်ထပ်ထားကြခြင်းဖြစ်သည်။

ကယ်လီဖိုးနီးယားပြည်နယ်တွင် လိင်တူလက်ထပ်ခြင်း ပိတ်ပင်ထားမှု ဖယ်ရှားပေးခဲပြီး နောက်ပိုင်း ၎င်းတို့နှစ်ဦး ၂၀၀၈ ခုနှစ် ၊ သြဂုတ်လတွင် လော့စ်အိန်ဂျလိစ်မြို့ ၊ ဘီဗာလီဟေး အရပ်ရှိ နေအိမ်တွင် လက်ထပ်ခဲ့ကြပြီး ခွေး ၄ ကောင် ၊ ကြောင် ၃ ကောင်နှင့်အတူ နေထိုင်ခဲ့ကြသည်။

စံအိမ် ၂ လုံးအနက်မှ ပထမတစ်လုံးကို ကန်ဒေါ်လာ ၄၁ ဒသမ ၇ သန်းပေးကာ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

 

 

တပ်စ်ကန်ယာတောအိမ်ဗိသုကာဟန်ဖြင့် မြေအကျယ် ၃ ဒသမ ၄ ဧကပေါ်တွင် ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း Siteline Santa Barbara က ဖော်ပြသည်။

ထိုစံအိမ်၏ ကပ်လျက်တွင် တည်ရှိသော ဒုတိယမြောက်နေရာကို ကန်ဒေါ်လာ ၂၈ ဒသမ ၂ သန်းဖြင့် ဝယ်ယူခဲ့ ခြင်းဖြစ်သည်။

အကျယ်အဝန်း ၆ ဒသမ ၆ ဧကရှိသော မြေကွက်လွတ်ဖြစ်ပြီး ကျယ်ဝန်းသော မြက်ခင်းများနှင့် ရေကန်တစ်ခု တို့ ပါဝင်သည်။

အယ်လင် ဒီဂျဲနရက်စ်တို့ ဝယ်ယူလိုက်မှုမှာ ဆန်တာဘာဘရာဒေသ အိမ်ခြံမြေလောကတွင် ဈေးအကြီးဆုံး အရောင်းအဝယ်တစ်ခုအဖြစ် စံချိန်တင်သွားသည်။

 

ထိုဒေသတွင် ယခင်က ဈေးအကြီးဆုံးအဖြစ် စံချိန်တင်ထားသည်မှာ ဘီလျံနာ Riley Bechtel နှင့် ဇနီးဖြစ်သူ Susan တို့က ကျယ်ဝန်းသော မွေးမြူရေးခြံတစ်ခုကို လွန်ခဲ့သော ၂ နှစ်က ဝယ်ယူခဲ့ရာတွင် ကန်ဒေါ်လာ ၆၃ သန်းပေးခဲ့ရခြင်း ဖြစ်သည်။

“ဤစံအိမ်သည် အရည်အသွေးပိုင်းနှင့် လက်ရာပိုင်းတွင် အထင်ကြီးလောက်သည့် ဂန္ထဝင်မြောက် လက်ရာ တစ်ခု ဖြစ်သည်။ မြေ ၃ ဧကပေါ်တွင် တည်ရှိသော ယခုစံအိမ်မှာ အရောင်အသွေးများကို သဟဇာတ ရှိအောင် ရောစပ်ထားသည်။ ကျေးလက်ဆန်သော်လည်း အဆင့်မြင့်သည်။ မဟာဆန်သော်လည်း သက်တောင့်သက်သာ ရှိသည်။ နောက်ဆုံးပေါ် နည်းပညာများ အသုံးပြုထားသော်လည်း အနုပညာဆန်သည်” ဟု ဒေါ်လာ ၄၁ ဒသမ ၇ သန်းတန် စံအိမ်၏ ယခင်ဈေးကွက်တင် မှတ်တမ်းတွင် ဖော်ပြသည်။

အဆိုပါ စံအိမ်ကို ပထမအကြိမ်ဈေးကွက်တင်ရာတွင် ကန်ဒေါ်လာ သန်း ၆၀ ဈေးခေါ်ခဲ့သည်။

 

(ခြံအကျယ်မှာ ၃ ဧကရှိသည်။ ဓာတ်ပုံ- Sotheby's International Realty)

 

 

 

(စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၉၀၀၀ ကျော်ရှိသည်။ ဓာတ်ပုံ-Sotheby's International Realty)

 

 

(မီးဖိုဆောင်။ ဓာတ်ပုံ-Sotheby's International Realty)

 

(ဝိုင်သိုလှောင်ခန်း။ ဓာတ်ပုံ- Sotheby's International Realty)

 

အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၉ ခန်းပါဝင်ပြီး စံအိမ်အကျယ်မှာ စတုရန်းပေ ၉၀၀၀ ကျော် ရှိသည်။

စံအိမ်အတွင်း မီးလင်းဖိုပါသည့် မိသားစုနားနေခန်း၊ , two butlers pantries………….၊ ဘယဆေးပင်များနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်း၊ လမ်းလျှောက်ဝင်နိုင်သော မီးလင်းဖိုပါသည့် ခန်းမကြီးတစ်ခု၊ mosaic dormers နှင့် ထုတ်တန်းဖော် မျက်နှာကြက်များရှိကြောင်း ယခင်ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

ပင်မအိပ်ခန်းတွင် လမ်းလျှောက်ဝင်နိုင်သော အဝတ်အစားထားသိုခန်း၊ ရေချိုးခန်းများ၊ သီးသန့် outdoor spa နှင့် ရေတံခွန်တစ်ခုတို့ ပါသည်။

စံအိမ်တွင် ရုပ်ရှင်ရုံ၊ ဝိုင်သိုလှောင်ခန်း၊ ရေကူးကန်၊ spa ၂ ခု၊ outdoor ရေပန်းနှင့် fire pit တစ်ခုတို့ ရှိသည်။

စံအိမ်ကို နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ သံလွင်ပင်များက ဝန်းပတ်ထားပြီး ယာဉ်မောင်းလမ်းတွင် ပြည်ပမှ တင်သွင်းလာသော နှစ်ပေါင်းရာချီသက်တမ်းရှိသည့် granite cobblestones တို့ ရှိသည်။

 

 

(ပင်မ ရေချိုးခန်း။ ဓာတ်ပုံ- Sotheby's International Realty)

 

 

(ရေကူးကန်။ ဓာတ်ပုံ-Sotheby's International Realty)

 

 

(ပင်လယ်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ-Sotheby's International Realty)

အသက် ၆၄ နှစ်အရွယ်ရှိ အယ်လင်ဒီဂျဲနရက်စ်နှင့် ဇနီးဖြစ်သူ de Rossi (အသက် ၄၉နှစ်)တို့သည် ပြီးခဲ့သောနှစ်အတွင်း အိမ်ခြံမြေကဏ္ဍလှုပ်ခြားမှုများစွာ ပြုလုပ်ခဲ့ရာ အိမ်ခြံမြေများ ဝယ်ယူခြင်းရောင်းချခြင်းများ ပါဝင်သည်။

(ဆက်စပ်သတင်း )

ကိုဗစ် ၁၉ လူနာများကို မေတ္တာအပြည့်ဖြင့် ကုသပေးနေသည့် ဖိလစ်ပိုင်သူနာပြုကို အမေရိကန်ရုပ်ရှင် မင်းသမီး အယ်လင်ဒီဂျဲနရက်စ်က ကားသစ်တစ်စီး လက်ဆောင်ပေး

https://www.imyanmarhouse.com/news/read/982781

 

 

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ellen DeGeneres, Portia de Rossi pay record $70M for oceanfront estate (nypost)

 

 

 

[Zawgyi]

အေမရိကန္ရုပ္ရွင္မင္းသမီး အယ္လင္ ဒီဂ်ဲနရက္စ္က ကယ္လီဖုိးနီးယားကမ္းေျခစံအိမ္ကို ေဒၚလာ သန္း ၇၀ စံခ်ိန္တင္ေစ်းေပးဝယ္

 

 

အေမရိကန္ ရုပ္ရွင္မင္းသမီး အယ္လင္ ဒီဂ်ဲနရက္စ္ႏွင့္ သူမ၏ ဇနီးျဖစ္သူ Portia de Rossi တို႔သည္ အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖုိးနီးယားျပည္နယ္၊ Carpinteria အရပ္မွ ကပ္လ်က္တည္ရွိေသာ ပင္လယ္ ကမ္းေျခစံအိမ္ ၂ လံုးကို ကန္ေဒၚလာ သန္း ၇၀ အထိ စံခ်ိန္တင္ေစ်းေပးကာ ဝယ္ယူခဲ့သည္။

အယ္လင္ ဒီဂ်ဲနရက္စ္ႏွင့္ Portia de Rossi တို႔သည္ အမ်ဳိးသမီးခ်င္း လိင္တူလက္ထပ္ထားၾကျခင္းျဖစ္သည္။

ကယ္လီဖိုးနီးယားျပည္နယ္တြင္ လိင္တူလက္ထပ္ျခင္း ပိတ္ပင္ထားမႈ ဖယ္ရွားေပးခဲျပီး ေနာက္ပိုင္း ၎တို႔ႏွစ္ဦး ၂၀၀၈ ခုႏွစ္ ၊ ၾသဂုတ္လတြင္ ေလာ့စ္အိန္ဂ်လိစ္ျမိဳ႕ ၊ ဘီဗာလီေဟး အရပ္ရွိ ေနအိမ္တြင္ လက္ထပ္ခဲ့ၾကျပီး ေခြး ၄ ေကာင္ ၊ ေၾကာင္ ၃ ေကာင္ႏွင့္အတူ ေနထုိင္ခဲ့ၾကသည္။

စံအိမ္ ၂ လံုးအနက္မွ ပထမတစ္လံုးကို ကန္ေဒၚလာ ၄၁ ဒသမ ၇ သန္းေပးကာ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

တပ္စ္ကန္ယာေတာအိမ္ဗိသုကာဟန္ျဖင့္ ေျမအက်ယ္ ၃ ဒသမ ၄ ဧကေပၚတြင္ ေဆာက္လုပ္ထားျခင္း ျဖစ္ေၾကာင္း Siteline Santa Barbara က ေဖာ္ျပသည္။

ထိုစံအိမ္၏ ကပ္လ်က္တြင္ တည္ရွိေသာ ဒုတိယေျမာက္ေနရာကို ကန္ေဒၚလာ ၂၈ ဒသမ ၂ သန္းျဖင့္ ဝယ္ယူခဲ့ ျခင္းျဖစ္သည္။

အက်ယ္အဝန္း ၆ ဒသမ ၆ ဧကရွိေသာ ေျမကြက္လြတ္ျဖစ္ျပီး က်ယ္ဝန္းေသာ ျမက္ခင္းမ်ားႏွင့္ ေရကန္တစ္ခု တို႔ ပါဝင္သည္။

အယ္လင္ ဒီဂ်ဲနရက္စ္တို႔ ဝယ္ယူလိုက္မႈမွာ ဆန္တာဘာဘရာေဒသ အိမ္ျခံေျမေလာကတြင္ ေစ်းအၾကီးဆံုး အေရာင္းအဝယ္တစ္ခုအျဖစ္ စံခ်ိန္တင္သြားသည္။

ထိုေဒသတြင္ ယခင္က ေစ်းအၾကီးဆံုးအျဖစ္ စံခ်ိန္တင္ထားသည္မွာ ဘီလ်ံနာ Riley Bechtel ႏွင့္ ဇနီးျဖစ္သူ Susan တို႔က က်ယ္ဝန္းေသာ ေမြးျမဴေရးျခံတစ္ခုကို လြန္ခဲ့ေသာ ၂ ႏွစ္က ဝယ္ယူခဲ့ရာတြင္ ကန္ေဒၚလာ ၆၃ သန္းေပးခဲ့ရျခင္း ျဖစ္သည္။

“ဤစံအိမ္သည္ အရည္အေသြးပိုင္းႏွင့္ လက္ရာပိုင္းတြင္ အထင္ၾကီးေလာက္သည့္ ဂႏၳဝင္ေျမာက္ လက္ရာ တစ္ခု ျဖစ္သည္။ ေျမ ၃ ဧကေပၚတြင္ တည္ရွိေသာ ယခုစံအိမ္မွာ အေရာင္အေသြးမ်ားကို သဟဇာတ ရွိေအာင္ ေရာစပ္ထားသည္။ ေက်းလက္ဆန္ေသာ္လည္း အဆင့္ျမင့္သည္။ မဟာဆန္ေသာ္လည္း သက္ေတာင့္သက္သာ ရွိသည္။ ေနာက္ဆံုးေပၚ နည္းပညာမ်ား အသံုးျပဳထားေသာ္လည္း အႏုပညာဆန္သည္” ဟု ေဒၚလာ ၄၁ ဒသမ ၇ သန္းတန္ စံအိမ္၏ ယခင္ေစ်းကြက္တင္ မွတ္တမ္းတြင္ ေဖာ္ျပသည္။

အဆိုပါ စံအိမ္ကို ပထမအၾကိမ္ေစ်းကြက္တင္ရာတြင္ ကန္ေဒၚလာ သန္း ၆၀ ေစ်းေခၚခဲ့သည္။

(ျခံအက်ယ္မွာ ၃ ဧကရွိသည္။ ဓာတ္ပံု- Sotheby's International Realty)

(စံအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၉၀၀၀ ေက်ာ္ရွိသည္။ ဓာတ္ပံု-Sotheby's International Realty)

(မီးဖိုေဆာင္။ ဓာတ္ပံု-Sotheby's International Realty)

(ဝိုင္သိုေလွာင္ခန္း။ ဓာတ္ပံု- Sotheby's International Realty)

အိပ္ခန္း ၆ ခန္း၊ ေရခ်ဳိးခန္း ၉ ခန္းပါဝင္ျပီး စံအိမ္အက်ယ္မွာ စတုရန္းေပ ၉၀၀၀ ေက်ာ္ ရွိသည္။

စံအိမ္အတြင္း မီးလင္းဖိုပါသည့္ မိသားစုနားေနခန္း၊ , two butlers pantries………….၊ ဘယေဆးပင္မ်ားႏွင့္ ဟင္းသီးဟင္းရြက္စိုက္ခင္း၊ လမ္းေလွ်ာက္ဝင္ႏိုင္ေသာ မီးလင္းဖိုပါသည့္ ခန္းမၾကီးတစ္ခု၊ mosaic dormers ႏွင့္ ထုတ္တန္းေဖာ္ မ်က္ႏွာၾကက္မ်ားရွိေၾကာင္း ယခင္ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

ပင္မအိပ္ခန္းတြင္ လမ္းေလွ်ာက္ဝင္ႏိုင္ေသာ အဝတ္အစားထားသိုခန္း၊ ေရခ်ဳိးခန္းမ်ား၊ သီးသန္႔ outdoor spa ႏွင့္ ေရတံခြန္တစ္ခုတို႔ ပါသည္။ စံအိမ္တြင္ ရုပ္ရွင္ရံု၊ ဝိုင္သိုေလွာင္ခန္း၊ ေရကူးကန္၊ spa ၂ ခု၊ outdoor ေရပန္းႏွင့္ fire pit တစ္ခုတို႔ ရွိသည္။

စံအိမ္ကို ႏွစ္ေပါင္း ၁၅၀ သက္တမ္းရွိ သံလြင္ပင္မ်ားက ဝန္းပတ္ထားျပီး ယာဥ္ေမာင္းလမ္းတြင္ ျပည္ပမွ တင္သြင္းလာေသာ ႏွစ္ေပါင္းရာခ်ီသက္တမ္းရွိသည့္ granite cobblestones တုိ႔ ရွိသည္။

(ပင္မ ေရခ်ဳိးခန္း။ ဓာတ္ပံု- Sotheby's International Realty)

(ေရကူးကန္။ ဓာတ္ပံု-Sotheby's International Realty)

(ပင္လယ္ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည္။ ဓာတ္ပံု-Sotheby's International Realty)

အသက္ ၆၄ ႏွစ္အရြယ္ရွိ အယ္လင္ဒီဂ်ဲနရက္စ္ႏွင့္ ဇနီးျဖစ္သူ de Rossi (အသက္ ၄၉ႏွစ္)တို႔သည္ ျပီးခဲ့ေသာႏွစ္အတြင္း အိမ္ျခံေျမက႑လႈပ္ျခားမႈမ်ားစြာ ျပဳလုပ္ခဲ့ရာ အိမ္ျခံေျမမ်ား ဝယ္ယူျခင္းေရာင္းခ်ျခင္းမ်ား ပါဝင္သည္။

(ဆက္စပ္သတင္း )

ကိုဗစ္ ၁၉ လူနာမ်ားကို ေမတၱာအျပည့္ျဖင့္ ကုသေပးေနသည့္ ဖိလစ္ပိုင္သူနာျပဳကို အေမရိကန္ရုပ္ရွင္ မင္းသမီး အယ္လင္ဒီဂ်ဲနရက္စ္က ကားသစ္တစ္စီး လက္ေဆာင္ေပး

 

https://www.imyanmarhouse.com/news/read/982781

 

 

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစရွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္ရွိသည့္ အိမ္ၿခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Ellen DeGeneres, Portia de Rossi pay record $70M for oceanfront estate (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service