ကင်ညေးဝက်စ်နှင့် ကင် ကာဒါရှီယန်တို့ တရားဝင်ကွာရှင်းမှုနှင့် နှစ်ဦးပိုင် ပေါင် သန်း ၂၀၀ ကျော်ဖိုးရှိ အိမ်ခြံမြေများ အရေး

ကင်ညေးဝက်စ်နှင့် ကင် ကာဒါရှီယန်တို့ တရားဝင်ကွာရှင်းမှုနှင့် နှစ်ဦးပိုင် ပေါင် သန်း ၂၀၀ ကျော်ဖိုးရှိ အိမ်ခြံမြေများ အရေး - Property News in Myanmar from iMyanmarHouse.com
6 Dec 2022 9:49 am တွင် တင်ခဲ့သည်
1059 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကင်မ် ကာဒါရှီယန်နှုင့် ကင်ညေးဝက်စ်တို့သည် လမ်းခွဲကြောင်း ကြေညာခဲ့ပြီး ၂ နှစ်နီးပါးအကြာတွင် တရားဝင် ကွာရှင်းပြတ်စဲလိုက်ကြပြီ ဖြစ်သည်။

သူတို့နှစ်ဦးအကြား သားသမီး ၄ ဦးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးှရှိ အိမ်ခြံမြေများ ခွဲဝေရယူမှု အရေးကိစ္စများတွင် သဘောတူညီချက် ရရှိခဲ့ကြသည်။

၎င်းတို့နှစ်ဦး ခွဲဝေရမည့် ပိုင်ဆိုင်မှုများတွင် ဒေါ်လာ သန်း ၂၀၀ ကျော်တန်ဖိုးရှိသော အိမ်ခြံမြေများ၊ ဒေါ်လာ ၃ ဒသမ ၉ သန်းဖိုးရှိသော ကားများ၊ အမေရိကန်ပြည်ထောင်စု ဝိုင်ယောမင်းပြည်နယ်မှ မွေးမြူရေးခြံများတွင် မွေးမြူထားသည့် ဒေါ်လာ ၃၀၀၀၀၀ ကျော်ဖိုးရှိ တိရ စ္ဆာန်များ ပါဝင်သည်။

အသက် ၄၂ နှစ်အရွယ်ရှိ ကင်မ် ကာဒါရှီယန်က ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ Hidden Hills အရပ်ရှိ နှစ်ဦးအတူနေခဲ့ဖူးသော ဒေါ်လာ သန်း ၆၀ တန် စံအိမ်နှင့် ကပ်လျက် အခြားအိမ်တစ်လုံးကို ရယူမည် ဖြစ်သည်။

အသက် ၄၅ နှစ်ရှိပြီဖြစ်သူ ကင်ညေးဝက်စ်မှာမူ Malibu အရပ်မှ ဒေါ်လာ သန်း ၆၀ တန် ကမ်းခြေစံအိမ်၊ ဝိုင်ယောမင်းပြည်နယ်မှ မွေးမြူရေးခြံ ၂ ခု၊ ကယ်လီဖိုးနီးယားပြည်နယ် Calabasas မှ မြေဧက ၃၀၀၊ ဘယ်လ်ဂျီယံနိုင်ငံမှ အိမ် ၁ လုံးနှင့် ချီကာဂိုမြို့မှ မွေးဖွားကြီးပြင်းခဲ့ရာ နေအိမ်တို့ကို ဆက်လက်ပိုင်ဆိုင် မည် ဖြစ်သည်။

(ကင်ညေးဝက်စ်၏ ကြွယ်ဝမှုမှာ ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံရှိပြီး ကင်မ် ကာဒါရှီယန်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံရှိသည်ဟု ခန့်မှန်းရသည်)

သို့သော် ယခုနောက်ပိုင်းတွင် ကင်ညေးဝက်စ်၏ ဆိုးရွားသော ပြောဆိုချက်အချို့ကြောင့် ကမ္ဘာကျော် အမှတ်တံဆိပ်များဖြစ်သော Adidas, Gap, CAA နှင့် Balenciaga တို့မှာ ကင်ညေးဝက်စ်နှင့် လမ်းခွဲခဲ့ သောကြောင့် သူ၏ ကြွယ်ဝမှု ကျဆင်းသွားခဲ့သည်။

လူမည်းအမျိုးသားတစ်ဦးအား လူဖြူရဲအရာရှိတစ်ဦးက လည်ပင်းအား ဒူးဖြင့်ထောက်ကာ ဖမ်းဆီးစဉ် လူမည်းအမျိုးသား သေဆုံးသွားသည့်ဖြစ်ရပ်ကြောင့် အမေရိကန်ပြည်ထောင်စုတွင် ဆန္ဒပြမှုများ အကြီးအကျယ်ဖြစ်ပွားခဲ့ကာ ရဲစခန်းအဆောက်အအုံများပင် မီးရှို့ခံရသည်အထိ ပြင်းထန်ခဲ့သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့မှုကို ပြန်လည်အမှတ်ရကြဦးမည်ဖြစ်သည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ကင်ညေးဝက်စ်က ပြောသည်မှာ ရဲအရာရှိကြောင့် လူမည်းအမျိုးသား သေဆုံးရခြင်းမဟုတ်ဘဲ မူးယစ်ဆေးကြောင့်သေရခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သောလအတွင်း ကင်ညေးဝက်စ်ပြောခဲ့သည်မှာ တစ်နေ့တည်းဖြင့် ဒေါ်လာ ၂ ဘီလီယံ ဆုံးရှုံးသွားကြောင်း ပြောကြားခဲ့သည်။

သူ၏ အငြင်းပွားဖွယ် စကားများကြောင့် ယခုအခါ သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၄၀၀ ဝန်းကျင်ခန့်သာ ရှိတော့သည်။

ကင်မ် ကာဒါရှီယန်၏ ကြွယ်ဝမှုမှာ Keeping Up With The Kardashians အမည်ဖြင့် ၁၄ နှစ်ကြာ ရုပ်သံအစီအစဉ်တွင် ပါဝင်ခဲ့မှုမှ မြစ်ဖျားခံသည်။ ကင်မ် ကာဒါရှီယန်သည် အင်စတာဂရမ် ပို့စ်တစ်ခုလျှင် ဒေါ်လာ ၁ သန်းဝန်းကျင် ဝင်ငွေရသည့်အပြင် သူ၏ အလှကုန်ကုမ္ပဏီဖြစ်သော KKW Beauty cosmetics နှင့် SKIMS shapewear ကုမ္ပဏီတို့အပြင် စီးပွားရေးလုပ်ငန်းများစွာ ပိုင်ဆိုင်ထားသည်။

ကင်မ် ကာဒါရှီယန်သည် ပြီးခဲ့သောနှစ်အတွင်း သူ၏ KKW Beauty ကုမ္ပဏီ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို အလှကုန်ထိပ်သီးကုမ္ပဏီကြီး Coty ထံ ဒေါ်လာ သန်း ၂၀၀ ငွေသားဖြင့် ရောင်းချခဲ့သေးသည်။

ယခုအခါ ၎င်းတို့နှစ်ဦး တရားဝင်ကွာရှင်းလိုက်ကြပြီဖြစ်ရာ သူတို့နှစ်ဦးအကြား ခွဲဝေရမည့် ပိုင်ဆိုင်မှုများ ရှိနေသည်။

(ဒေါ်လာ ၂၀၀ ကျော်တန်ဖိုးရှိ အိမ်ခြံမြေများ)

ကင်ညေးဝက်စ်နှင့် ကင်မ် ကာဒါရှီယန်တို့သည် အိမ်ခြံမြေအများအပြား ပိုင်ဆိုင်ထားရာ စုစုပေါင်းတန်ဖိုးမှာ ဒေါ်လာ ၂၀၀ ကျော် တန်ကြေးှရှိသည်။ ၎င်းတို့နှစ်ဦးပိုင် အိမ်ခြံမြေများအနက် အထင်ရှားဆုံးမှာ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ Hidden Hills အရပ်မှ စတုရန်းပေ ၁၅၆၆၇ ကျယ်ဝန်းသည့် စံအိမ်ဖြစ်နိုင်သည်။

၎င်းတို့နှစ်ဦးက အဆိုပါစံအိမ်ကို ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ဝယ်ယူခဲ့ပြီး နောက်ထပ် ဒေါ်လာ သန်း ၂၀ အကုန်အကျခံကာ ပြုပြင်မွမ်းမံမှုများ ၄ နှစ်ကြာအောင်ပြုလုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။

Kris Jenner က တွစ်တာတွင် ရေးသားခဲ့ဖူးသည်မှာ အဆိုပါအိမ်၏ တန်ကြေးမှာ ဒေါ်လာ သန်း ၆၀ ရှိသည်ဟု ဆိုသည်။

အတွင်းလူတစ်ဦးက Page Six သတင်းဌာနသို့ ပြီးခဲ့သောနှစ်အတွင်း ပြောခဲ့ဖူးသည်မှာ အဆိုပါအိမ်မှ မြေနေရာကို ကင်မ်ကာဒါရှီယန်ကပိုင်ပြီး အိမ်ကိုမူ ကင်ညေးဝက်စ်ကပိုင်သည်ဟုဆိုရာ ကွာရှင်းပြတ်စဲမှုတွင် ယခုအိမ်မှာ အငြင်းပွားဖွယ်ဖြစ်ခဲ့ဖွယ် ရှိသည်။

ယခုနှစ်အစောပိုင်းတွင် ၎င်းတို့နှစ်ဦးသည် ကယ်လီဖိုးနီးယားပြည်နယ်၊ မာလီဘူးကမ်းခြေဒေသတွင် နေအိမ်များ သီးခြားစီ ဝယ်ယူခဲ့ကြသော သတင်းများလည်းရှိသည်။

ကင်ညေးဝက်စ်က မာလီဘူးမှ စံအိမ်တစ်လုံးကို ဒေါ်လာ သန်း ၆၀ ဝန်းကျင်ဖြင့် ဝယ်ယူခဲ့သည့်နည်းတူ ကင်မ် ကာဒါရှီယန်ကလည်း မာလီဘူးကမ်းခြေမှ စင်ဒီကရောဖို့ဒ်ပိုင်ဆိုင်ခဲ့ဖူးသော စံအိမ်ကို ကန်ဒေါ်လာ သန်း ၇၀ ဖြင့် ဝယ်ယူခဲ့သည်။

တရားဝင် ကွာရှင်းပြတ်စဲမှု ညှိနှိုင်းရာတွင် ကင်ညေးဝက်စ်က ကင်မ်ကာဒါရှီယန်၏ နေအိမ်အနီး ၎င်းဝယ်ယူထားခဲ့သော ဒေါ်လာ ၄ ဒသမ ၅ သန်းတန် နေအိမ်ကို ကင်မ် ကာဒါရှီယန်အား လွှဲပြောင်းပေးရန် သဘောတူညီခဲ့သည်။

အိပ်ခန်း ၅ ခန်းပါဝင်ပြီး အကျယ်အဝန်း ၃၆၅၀ စတုရန်းပေရှိသည့် အဆိုပါနေအိမ်ကို ယခုအခါ ကင်မ် ကာဒါရှီယန်က ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်သည်။

ယင်းနေအိမ်မှာ ပြုပြင်မွမ်းမံမှု များစွာပြုလုပ်ရန် လိုအပ်သော အိမ်တစ်လုံးဖြစ်သဖြင့် ကင်မ် ကာဒါရှီယန်က ဖြိုချကာ အသစ်ဆောက်ရန် ရည်မှန်းထားသည်။

 

 

(၎င်းတို့နှစ်ဦး အတူနေထိုင်ခဲ့ကြသော လော့စ်အိန်ဂျလိမြို့၊ Hidden Hills အရပ်မှ စတုရန်းပေ ၁၅၆၆၇ ကျယ်ဝန်းသော နေအိမ်။ ဤနေအိမ်ကို ကင်မ် ကာဒါရှီယန်က ရရှိမည် ဖြစ်သည်)

 

(ကင်ညေးဝက်စ်မှာမူ Calabasas မှ နေအိမ် ၃ လုံး၊ ဝိုင်ယောမင်းပြည်နယ်မှ မွေးမြူရေးခြံ ၂ ခုတို့ ရရှိခဲ့သည်)

 

(ကင်ညေးဝက်စ်သည် မာလီဘူးကမ်းခြေမှ ဒေါ်လာ သန်း ၆၀ တန်နေအိမ်ကိုလည်း ဆက်လက်ပိုင်ဆိုင်ခွင့် ရမည် ဖြစ်သည်)

 

(ကင်ညေးဝက်စ်သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်းက ဝယ်ယူခဲ့သော ဘယ်လ်ဂျီယံနိုင်ငံမှ နေအိမ်ကို ဆက်လက်ပိုင်ဆိုင်မည့်အပြင် ချီကာဂိုမှ ကလေးဘဝနေထိုင်ခဲ့သောအိမ်ကိုလည်း ဆက်လက်ထိန်းသိမ်းခွင့် ရရှိခဲ့သည်။ ချီကာဂိုမှအိမ်မှာ ဖျက်သိမ်းကာ အသစ်ဆောက်လုပ်ခံရမည့်အရေးမှ ကာကွယ်ရန်အတွက် ကင်ညေးဝက်စ်က ၂၀၁၉ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂၂၅၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။)

 

 

(အမေရိကန်ပြည်ထောင်စု၊ ဝိုင်ယောမင်းပြည်နယ် အနောက်မြောက်ဘက်ရှိ ၇၆ ဧကကျယ်ဝန်းသော မွေးမြူရေးခြံ။ အဆိုပါခြံကို ကင်ညေးဝက်စ်က ပိုင်ဆိုင်ခွင့်ရခဲ့သည်)

 

(ကင်ညေးဝက်စ်သည် ပြီးခဲ့သော ဆယ်စုနှစ် ၂ ခုတာအတွင်း အရောင်းရဆုံး အနုပညာရှင်များတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်)

 

(ကင်ညေးဝက်စ်၏ Yeezy ဖက်ရှင်ကုမ္ပဏီကို ကန်ဒေါ်လာ ၃ ဘီလီယံ တန်ကြေးရှိကြောင်း အမေရိကန်ဗဟိုဘဏ်က ၂၀၁၉ ခုနှစ်တွင် တန်ဖိုးသတ်မှတ်ပေးခဲ့သည်။ ကင်ညေးဝက်စ်သည် အဆိုပါ အမှတ်တံဆိပ်၏ တစ်ဦးတည်းပိုင်ရှင်လည်း ဖြစ်သည်)

 

(ကင်ညေးဝက်စ်သည် မော်တော်ကားများအတွက် ဒေါ်လာ ၃ ဒသမ ၈ သန်းခန့် သုံးစွဲထားသည်။ ပုံတွင် ကင်ညေးဝက်စ်ကို လော့စ်အိန်ဂျလိမြို့၊ Beverly Hills အရပ်တွင် အနက်ရောင် Lamborghini ကားတစ်စင်းဖြင့် တွေ့ရမည် ဖြစ်သည်)

 

(ကင်မ်ကာဒါရှီယန်တွင်လည်း မော်တော်ကားများစွာ ပိုင်ဆိုင်ထားရာ ပြီးခဲ့သောနှစ်အတွင်း ဒေါ်လာ ၆၀၀၀၀၀ ဖြင့် ဝယ်ယူခဲ့သော Lamborghini တစ်စီးလည်း ပါဝင်သည်)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: How do Kim and Kanye's multi-million-dollar fortunes stack up now they are officially divorced: As the couple divvy up their real-estate empire DailyMail.com looks at the car collection, TV shows, music and fashion deals to see whose net worth will stick (dailymail)

 

 

[Zawgyi]

ကင္ေညးဝက္စ္ႏွင့္ ကင္ ကာဒါရွီယန္တို႔ တရားဝင္ကြာရွင္းမႈႏွင့္ ႏွစ္ဦးပိုင္ ေပါင္ သန္း ၂၀၀ ေက်ာ္ဖိုးရွိ အိမ္ျခံေျမမ်ား အေရး

 

ကင္မ္ ကာဒါရွီယန္ႏွုင့္ ကင္ေညးဝက္စ္တို႔သည္ လမ္းခြဲေၾကာင္း ေၾကညာခဲ့ျပီး ၂ ႏွစ္နီးပါးအၾကာတြင္ တရားဝင္ ကြာရွင္းျပတ္စဲလိုက္ၾကျပီ ျဖစ္သည္။

သူတို႔ႏွစ္ဦးအၾကား သားသမီး ၄ ဦးကို ထိန္းသိမ္းေစာင့္ေရွာက္ေရး၊ ေဒၚလာသန္းေပါင္းမ်ားစြာ တန္ေၾကးွရွိ အိမ္ျခံေျမမ်ား ခြဲေဝရယူမႈ အေရးကိစၥမ်ားတြင္ သေဘာတူညီခ်က္ ရရွိခဲ့ၾကသည္။

၎တို႔ႏွစ္ဦး ခြဲေဝရမည့္ ပိုင္ဆိုင္မႈမ်ားတြင္ ေဒၚလာ သန္း ၂၀၀ ေက်ာ္တန္ဖိုးရွိေသာ အိမ္ျခံေျမမ်ား၊ ေဒၚလာ ၃ ဒသမ ၉ သန္းဖိုးရွိေသာ ကားမ်ား၊ အေမရိကန္ျပည္ေထာင္စု ဝုိင္ေယာမင္းျပည္နယ္မွ ေမြးျမဴေရးျခံမ်ားတြင္ ေမြးျမဴထားသည့္ ေဒၚလာ ၃၀၀၀၀၀ ေက်ာ္ဖိုးရွိ တိရ စၦာန္မ်ား ပါဝင္သည္။

အသက္ ၄၂ ႏွစ္အရြယ္ရွိ ကင္မ္ ကာဒါရွီယန္က ကယ္လီဖုိးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Hidden Hills အရပ္ရွိ ႏွစ္ဦးအတူေနခဲ့ဖူးေသာ ေဒၚလာ သန္း ၆၀ တန္ စံအိမ္ႏွင့္ ကပ္လ်က္ အျခားအိမ္တစ္လံုးကို ရယူမည္ ျဖစ္သည္။

အသက္ ၄၅ ႏွစ္ရွိျပီျဖစ္သူ ကင္ေညးဝက္စ္မွာမူ Malibu အရပ္မွ ေဒၚလာ သန္း ၆၀ တန္ ကမ္းေျခစံအိမ္၊ ဝုိင္ေယာမင္းျပည္နယ္မွ ေမြးျမဴေရးျခံ ၂ ခု၊ ကယ္လီဖုိးနီးယားျပည္နယ္ Calabasas မွ ေျမဧက ၃၀၀၊ ဘယ္လ္ဂ်ီယံႏိုင္ငံမွ အိမ္ ၁ လံုးႏွင့္ ခ်ီကာဂိုျမိဳ႕မွ ေမြးဖြားၾကီးျပင္းခဲ့ရာ ေနအိိမ္တို႔ကို ဆက္လက္ပိုင္ဆိုင္ မည္ ျဖစ္သည္။

(ကင္ေညးဝက္စ္၏ ၾကြယ္ဝမႈမွာ ေဒၚလာ ၁ ဒသမ ၃ ဘီလီယံရွိျပီး ကင္မ္ ကာဒါရွီယန္၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁ ဒသမ ၈ ဘီလီယံရွိသည္ဟု ခန္႔မွန္းရသည္)

သို႔ေသာ္ ယခုေနာက္ပိုင္းတြင္ ကင္ေညးဝက္စ္၏ ဆိုးရြားေသာ ေျပာဆိုခ်က္အခ်ဳိ႕ေၾကာင့္ ကမၻာေက်ာ္ အမွတ္တံဆိပ္မ်ားျဖစ္ေသာ Adidas, Gap, CAA ႏွင့္ Balenciaga တို႔မွာ ကင္ေညးဝက္စ္ႏွင့္ လမ္းခြဲခဲ့ ေသာေၾကာင့္ သူ၏ ၾကြယ္ဝမႈ က်ဆင္းသြားခဲ့သည္။

လူမည္းအမ်ဳိးသားတစ္ဦးအား လူျဖဴရဲအရာရွိတစ္ဦးက လည္ပင္းအား ဒူးျဖင့္ေထာက္ကာ ဖမ္းဆီးစဥ္ လူမည္းအမ်ဳိးသား ေသဆံုးသြားသည့္ျဖစ္ရပ္ေၾကာင့္ အေမရိကန္ျပည္ေထာင္စုတြင္ ဆႏၵျပမႈမ်ား အၾကီးအက်ယ္ျဖစ္ပြားခဲ့ကာ ရဲစခန္းအေဆာက္အအံုမ်ားပင္ မီးရႈိ႕ခံရသည္အထိ ျပင္းထန္ခဲ့သည့္ ျဖစ္ရပ္ ျဖစ္ပြားခဲ့မႈကို ျပန္လည္အမွတ္ရၾကဦးမည္ျဖစ္သည္။

ထိုျဖစ္ရပ္ႏွင့္ ပတ္သက္ျပီး ကင္ေညးဝက္စ္က ေျပာသည္မွာ ရဲအရာရွိေၾကာင့္ လူမည္းအမ်ဳိးသား ေသဆံုးရျခင္းမဟုတ္ဘဲ မူးယစ္ေဆးေၾကာင့္ေသရျခင္းသာျဖစ္ေၾကာင္း ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ျပီးခဲ့ေသာလအတြင္း ကင္ေညးဝက္စ္ေျပာခဲ့သည္မွာ တစ္ေန႔တည္းျဖင့္ ေဒၚလာ ၂ ဘီလီယံ ဆံုးရံႈးသြားေၾကာင္း ေျပာၾကားခဲ့သည္။

သူ၏ အျငင္းပြားဖြယ္ စကားမ်ားေၾကာင့္ ယခုအခါ သူ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ သန္း ၄၀၀ ဝန္းက်င္ခန္႔သာ ရွိေတာ့သည္။

ကင္မ္ ကာဒါရွီယန္၏ ၾကြယ္ဝမႈမွာ Keeping Up With The Kardashians အမည္ျဖင့္ ၁၄ ႏွစ္ၾကာ ရုပ္သံအစီအစဥ္တြင္ ပါဝင္ခဲ့မႈမွ ျမစ္ဖ်ားခံသည္။ ကင္မ္ ကာဒါရွီယန္သည္ အင္စတာဂရမ္ ပို႔စ္တစ္ခုလွ်င္ ေဒၚလာ ၁ သန္းဝန္းက်င္ ဝင္ေငြရသည့္အျပင္ သူ၏ အလွကုန္ကုမၸဏီျဖစ္ေသာ KKW Beauty cosmetics ႏွင့္ SKIMS shapewear ကုမၸဏီတို႔အျပင္ စီးပြားေရးလုပ္ငန္းမ်ားစြာ ပိုင္ဆိုင္ထားသည္။

ကင္မ္ ကာဒါရွီယန္သည္ ျပီးခဲ့ေသာႏွစ္အတြင္း သူ၏ KKW Beauty ကုမၸဏီ ရွယ္ယာ ၂၀ ရာခိုင္ႏႈန္းကို အလွကုန္ထိပ္သီးကုမၸဏီၾကီး Coty ထံ ေဒၚလာ သန္း ၂၀၀ ေငြသားျဖင့္ ေရာင္းခ်ခဲ့ေသးသည္။

ယခုအခါ ၎တို႔ႏွစ္ဦး တရားဝင္ကြာရွင္းလိုက္ၾကျပီျဖစ္ရာ သူတို႔ႏွစ္ဦးအၾကား ခြဲေဝရမည့္ ပိုင္ဆိုင္မႈမ်ား ရွိေနသည္။

(ေဒၚလာ ၂၀၀ ေက်ာ္တန္ဖိုးရွိ အိမ္ျခံေျမမ်ား)

ကင္ေညးဝက္စ္ႏွင့္ ကင္မ္ ကာဒါရွီယန္တို႔သည္ အိမ္ျခံေျမအမ်ားအျပား ပိုင္ဆိုင္ထားရာ စုစုေပါင္းတန္ဖုိးမွာ ေဒၚလာ ၂၀၀ ေက်ာ္ တန္ေၾကးွရိွသည္။ ၎တို႔ႏွစ္ဦးပိုင္ အိမ္ျခံေျမမ်ားအနက္ အထင္ရွားဆံုးမွာ ကယ္လီဖုိးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Hidden Hills အရပ္မွ စတုရန္းေပ ၁၅၆၆၇ က်ယ္ဝန္းသည့္ စံအိမ္ျဖစ္ႏိုင္သည္။

၎တို႔ႏွစ္ဦးက အဆိုပါစံအိမ္ကို ၂၀၁၄ ခုႏွစ္အတြင္း ကန္ေဒၚလာ သန္း ၂၀ ျဖင့္ ဝယ္ယူခဲ့ျပီး ေနာက္ထပ္ ေဒၚလာ သန္း ၂၀ အကုန္အက်ခံကာ ျပဳျပင္မြမ္းမံမႈမ်ား ၄ ႏွစ္ၾကာေအာင္ျပဳလုပ္ခဲ့ျပီး ၂၀၁၈ ခုႏွစ္တြင္ ေရႊ႕ေျပာင္းေနထုိင္ခဲ့ၾကသည္။

Kris Jenner က တြစ္တာတြင္ ေရးသားခဲ့ဖူးသည္မွာ အဆိုပါအိမ္၏ တန္ေၾကးမွာ ေဒၚလာ သန္း ၆၀ ရွိသည္ဟု ဆိုသည္။

အတြင္းလူတစ္ဦးက Page Six သတင္းဌာနသို႔ ျပီးခဲ့ေသာႏွစ္အတြင္း ေျပာခဲ့ဖူးသည္မွာ အဆိုပါအိမ္မွ ေျမေနရာကို ကင္မ္ကာဒါရွီယန္ကပိုင္ျပီး အိမ္ကိုမူ ကင္ေညးဝက္စ္ကပိုင္သည္ဟုဆိုရာ ကြာရွင္းျပတ္စဲမႈတြင္ ယခုအိမ္မွာ အျငင္းပြားဖြယ္ျဖစ္ခဲ့ဖြယ္ ရွိသည္။

ယခုႏွစ္အေစာပိုင္းတြင္ ၎တို႔ႏွစ္ဦးသည္ ကယ္လီဖုိးနီးယားျပည္နယ္၊ မာလီဘူးကမ္းေျခေဒသတြင္ ေနအိမ္မ်ား သီးျခားစီ ဝယ္ယူခဲ့ၾကေသာ သတင္းမ်ားလည္းရွိသည္။

ကင္ေညးဝက္စ္က မာလီဘူးမွ စံအိမ္တစ္လံုးကို ေဒၚလာ သန္း ၆၀ ဝန္းက်င္ျဖင့္ ဝယ္ယူခဲ့သည့္နည္းတူ ကင္မ္ ကာဒါရွီယန္ကလည္း မာလီဘူးကမ္းေျခမွ စင္ဒီကေရာဖို႔ဒ္ပိုင္ဆုိင္ခဲ့ဖူးေသာ စံအိမ္ကို ကန္ေဒၚလာ သန္း ၇၀ ျဖင့္ ဝယ္ယူခဲ့သည္။

တရားဝင္ ကြာရွင္းျပတ္စဲမႈ ညွိႏိႈင္းရာတြင္ ကင္ေညးဝက္စ္က ကင္မ္ကာဒါရွီယန္၏ ေနအိမ္အနီး ၎ဝယ္ယူထားခဲ့ေသာ ေဒၚလာ ၄ ဒသမ ၅ သန္းတန္ ေနအိမ္ကို ကင္မ္ ကာဒါရွီယန္အား လႊဲေျပာင္းေပးရန္ သေဘာတူညီခဲ့သည္။ အိပ္ခန္း ၅ ခန္းပါဝင္ျပီး အက်ယ္အဝန္း ၃၆၅၀ စတုရန္းေပရွိသည့္ အဆိုပါေနအိမ္ကို ယခုအခါ ကင္မ္ ကာဒါရွီယန္က ပိုင္ဆိုင္လာခဲ့ျပီ ျဖစ္သည္။

ယင္းေနအိမ္မွာ ျပဳျပင္မြမ္းမံမႈ မ်ားစြာျပဳလုပ္ရန္ လိုအပ္ေသာ အိမ္တစ္လံုးျဖစ္သျဖင့္ ကင္မ္ ကာဒါရွီယန္က ျဖိဳခ်ကာ အသစ္ေဆာက္ရန္ ရည္မွန္းထားသည္။

(၎တို႔ႏွစ္ဦး အတူေနထိုင္ခဲ့ၾကေသာ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Hidden Hills အရပ္မွ စတုရန္းေပ ၁၅၆၆၇ က်ယ္ဝန္းေသာ ေနအိမ္။ ဤေနအိမ္ကို ကင္မ္ ကာဒါရွီယန္က ရရွိမည္ ျဖစ္သည္)

(ကင္ေညးဝက္စ္မွာမူ Calabasas မွ ေနအိမ္ ၃ လံုး၊ ဝိုင္ေယာမင္းျပည္နယ္မွ ေမြးျမဴေရးျခံ ၂ ခုတို႔ ရရွိခဲ့သည္)

(ကင္ေညးဝက္စ္သည္ မာလီဘူးကမ္းေျခမွ ေဒၚလာ သန္း ၆၀ တန္ေနအိမ္ကိုလည္း ဆက္လက္ပိုင္ဆိုင္ခြင့္ ရမည္ ျဖစ္သည္)

(ကင္ေညးဝက္စ္သည္ ၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလအတြင္းက ဝယ္ယူခဲ့ေသာ ဘယ္လ္ဂ်ီယံႏိုင္ငံမွ ေနအိမ္ကို ဆက္လက္ပိုင္ဆိုင္မည့္အျပင္ ခ်ီကာဂိုမွ ကေလးဘဝေနထိုင္ခဲ့ေသာအိမ္ကိုလည္း ဆက္လက္ထိန္းသိမ္းခြင့္ ရရွိခဲ့သည္။ ခ်ီကာဂိုမွအိမ္မွာ ဖ်က္သိမ္းကာ အသစ္ေဆာက္လုပ္ခံရမည့္အေရးမွ ကာကြယ္ရန္အတြက္ ကင္ေညးဝက္စ္က ၂၀၁၉ ခုႏွစ္အတြင္း ကန္ေဒၚလာ ၂၂၅၀၀၀ ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။)

(အေမရိကန္ျပည္ေထာင္စု၊ ဝိုင္ေယာမင္းျပည္နယ္ အေနာက္ေျမာက္ဘက္ရွိ ၇၆ ဧကက်ယ္ဝန္းေသာ ေမြးျမဴေရးျခံ။ အဆိုပါျခံကို ကင္ေညးဝက္စ္က ပိုင္ဆိုင္ခြင့္ရခဲ့သည္)

(ကင္ေညးဝက္စ္သည္ ျပီးခဲ့ေသာ ဆယ္စုႏွစ္ ၂ ခုတာအတြင္း အေရာင္းရဆံုး အႏုပညာရွင္မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္ခဲ့သည္)

(ကင္ေညးဝက္စ္၏ Yeezy ဖက္ရွင္ကုမၸဏီကို ကန္ေဒၚလာ ၃ ဘီလီယံ တန္ေၾကးရွိေၾကာင္း အေမရိကန္ဗဟိုဘဏ္က ၂၀၁၉ ခုႏွစ္တြင္ တန္ဖိုးသတ္မွတ္ေပးခဲ့သည္။ ကင္ေညးဝက္စ္သည္ အဆိုပါ အမွတ္တံဆိပ္၏ တစ္ဦးတည္းပိုင္ရွင္လည္း ျဖစ္သည္)

(ကင္ေညးဝက္စ္သည္ ေမာ္ေတာ္ကားမ်ားအတြက္ ေဒၚလာ ၃ ဒသမ ၈ သန္းခန္႔ သံုးစြဲထားသည္။ ပံုတြင္ ကင္ေညးဝက္စ္ကို ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Beverly Hills အရပ္တြင္ အနက္ေရာင္ Lamborghini ကားတစ္စင္းျဖင့္ ေတြ႔ရမည္ ျဖစ္သည္)

(ကင္မ္ကာဒါရွီယန္တြင္လည္း ေမာ္ေတာ္ကားမ်ားစြာ ပိုင္ဆိုင္ထားရာ ျပီးခဲ့ေသာႏွစ္အတြင္း ေဒၚလာ ၆၀၀၀၀၀ ျဖင့္ ဝယ္ယူခဲ့ေသာ Lamborghini တစ္စီးလည္း ပါဝင္သည္)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: How do Kim and Kanye's multi-million-dollar fortunes stack up now they are officially divorced: As the couple divvy up their real-estate empire DailyMail.com looks at the car collection, TV shows, music and fashion deals to see whose net worth will stick (dailymail)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service