အုန်းဆီကို အသုံးမပြုသင့်သော နေရာများ...... - Property Knowledge in Myanmar from iMyanmarHouse.com
1277 Views
အုန်းဆီကို အသုံးမပြုသင့်သော နေရာများ......
Knowledge | Posted by Hnin Ei Khin
[Unicode]
အုန်းဆီဟာ ကျန်းမာရေးအတွက် အထူးသင့်လျော်ပြီး လူသုံးများတဲ့အရာတစ်ခုပါ။ အလှအပရေးရာအတွက် အသုံးပြုကြသလို အခြားချက်ပြုတ်ခြင်းနဲ့ ဆေးဝါးတွေအဖြစ်လည်း အသုံးများကြပါတယ်။ ဒါပေမယ့် အုန်းဆီကို မသုံးသင့်တဲ့ အချိန်တွေ ရှိပါတယ်။ အဲ့ဒီအချိန်တွေကတော့.....
ဝိတ်ချဖို့ကြိုးစားနေချိန်မှာ မသုံးသင့်ပါ
အုန်းဆီမှာ ကယ်လိုအများကြီး ပါဝင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ လက်ဖက်ရည်ဇွန်းတစ်ဇွန်းမှာ ၁၁၇ ကယ်လိုရီ ပါဝင်ပါတယ်။ သံလွင်ဆီနဲ့ နှိုင်းလိုက်ရင် အရမ်းများပါတယ်။ ဒါကြောင့် ဝိတ်ချနေသူတွေဆိုရင် အစားအစာတွေထဲမှာ အုန်းဆီ မထည့်သင့်ပါဘူး။
သွားတိုက်ဆေးအဖြစ် မသုံးစွဲရပါ
ရှေးတုန်းကတော့ အုန်းဆီအနှစ်ဟာ သွားနဲ့ ခံတွင်းကို မွှေးပျံ့ပြီး သန့်ရှင်းစေတယ်လို့ ပြောကြပါတယ်။ လေ့လာတွေ့ရှိချက်အသစ်အရ ဖရိုရိုက်ကသာ ခံတွင်းအတွင်းက ဘတ်တီးရီးယားတွေကို လျှော့ချပေးနိုင်ပြီး အုန်းဆီကတော့ မပြုလုပ်ပေးနိုင်ပါဘူး။ သွားတိုက်ဆေး မရှိဘူးဆိုရင်တော့ ရေနဲ့ပဲ ပလုတ်ကျင်းတာဖြစ်ဖြစ် ဆားနဲ့ တိုက်တာဖြစ်ဖြစ် လုပ်တာ အကောင်းဆုံးပါပဲ။ အုန်ုးဆီဟာ ခံတွင်းအတွက် ထူးထူးခြားခြား ဘာမှ မလုပ်ပေးနိုင်ပါဘူး။
ထိခိုက်ရှနာဖြစ်တဲ့အခါ မသုံးပါဘူး
ထိခိုက်ရှနာ၊ ပွန်းပဲ့နာ၊ အနီပြင်တွေ ဖြစ်တာနဲ့ အခြား အရေပြားပေါ်က အနာတွေကို အုန်းဆီ မလိမ်းပေးရပါဘူး။
နေရောင်ဒဏ်ကာကွယ်ရန် မသုံးပါဘူး
UV ကာကွယ်နိုင်တဲ့ အစွမ်းအချို့ အုန်းဆီမှာ ရှိပါတယ်။ ဒါပေမယ့် အုန်းဆီမှာ SPF 8 ဝန်းကျင်ပဲ ရှိပါတယ်။ ဒါကြောင့် အခြား 30 လောက်ရှိတဲ့ Cream နဲ့ Moisture တွေကို လိမ်းမှ ရပါမယ်။ ဘာကြောင့်လဲဆိုရင်တော့ နေရောင်ခြည်မှာပါတဲ့ UV ဟာ တဖြည်းဖြည်း များလာတဲ့ အတွက် အုန်းဆီဟာ မနိုင်ပါဘူး။
ရေချိုးရာမှာ မသုံးပါဘူး
အုန်းဆီဟာ အသားအရေကို ချောမွေ့စေတာ မှန်ပါတယ်။ ဒါပေမယ့် အပြည့်အ၀ မဟုတ်ပါဘူး။ ရေချိုးကန်ထဲမှာ အုန်းဆီထည့်ပြီး ချိုးခြင်းဟာ သင့်ကို ချော်လဲစေခြင်းကလွဲရင် အခြား ဘာမှ မပေးနိုင်ပါဘူး။
အပူချိန် မြင့်မြင့်နဲ့ ချက်ပြုတ်ရာမှာ အုန်းဆီကို မသုံးပါဘူး
အုန်းဆီကို အနောက်နိုင်ငံတွေမှာ အခြား မုန့်ဖုတ်ခြင်းနဲ့ အချို့မီးအေးအေးနဲ့ ချက်ရမယ့် ဟင်းလျာတွေမှာသုံးကြပါတယ်။ မြန်မာပြည်မှာတော့ အစကတည်းက မသုံးတဲ့ အတွက် သိပ်တော့ မထူးဆန်းတော့ပါဘူး။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: MyFood Myanmar
[Zawgyi]
Credit: MyFood Myanmar
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
Upcoming Property Events
From 28 Jun To 29 Jun
Magical World Apartment
From 28 Jun To 29 Jun
Pan Swal Taw Condominium
From 02 Jun To 30 Jun
Central Shophouse
From 05 Jul To 06 Jul
Mingalar Market
From 09 Jun To 09 Jul
The Vista Luxury Residence
Pan Swal Taw Condominium
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service