စပိန်နိုင်ငံက ကျောက်ဆောင်တွေကို ထွင်းပြီး မြို့တည်ထားတဲ့ ဆေတေနီးမြို့လေး

စပိန်နိုင်ငံက ကျောက်ဆောင်တွေကို ထွင်းပြီး မြို့တည်ထားတဲ့ ဆေတေနီးမြို့လေး - Property News in Myanmar from iMyanmarHouse.com
29 Nov 2022 11:33 am တွင် တင်ခဲ့သည်
1778 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

စပိန်နိုင်ငံတွင် ဆေတေနီး ဒေးလာ့စ် ဘိုဒေးဂါ့စ် (Setenil de las Bodegas) အမည်ရှိ လူဦးရေ ၃၀၀၀ ဝန်းကျင်ခန့် နေထိုင်သော ကျောက်ဆောင်များကို ထွင်းထုကာ မြို့တည်ထားသည့် တမူထူးသော မြို့ကလေးတစ်မြို့ရှိသည်။

ထိုသို့နေထိုင်ရသည့် လက်တွေ့ကျသော အကြောင်းအရင်းများ ရှိသည်။

နွေရာသီ၏ အပူချိန်နှင့် ဆောင်းအအေးဒဏ်တို့ကို အန်တုရန် Setenil မြို့ရှိ သဘာဝလှိုဏ်ဂူများတွင် နေထိုင်မည်ဆိုပါက အဆောက်အအုံတစ်ခုလုံး ဆောက်ရန်မလိုဘဲ မျက်နှာစာသာ ဆောက်လုပ်ရန် လိုအပ်သောကြောင့် ဖြစ်သည်။

 

ဤနေရာတွင် သမိုင်းဦးဘုံမြေခေတ်ကတည်းက လူများ အခြေချနေထိုင်ခဲ့ကြသည်ဟု ယုံကြည်ရသည်။

မြို့အမည် Setenil de las bodegas မှာ ၎င်း၏ သမိုင်းကြောင်းကို ဖော်ပြနေသည်။

Setenil မှာ လက်တင်ဘာသာစကား septem nihil မှ ဆင်းသက်လာပြီး ၇ ကြိမ်မဟုတ်ဟု အဓိပ္ပာယ်ရသည်။

ကက်သလစ်တို့က ဤဒေသကို Moors တို့ထံမှ ပြန်လည်ရယူရန် ၇ ကြိမ်ကြိုးစားခဲ့ခြင်းကို ရည်ညွှန်းသည်။

 

Moors တို့သည် အလယ်ခေတ်က စပိန်နိုင်ငံကို ရာစုနှစ်များစွာ အုပ်ချုပ်သွားခဲ့သည့် အာရေးဘီးယားလူမျိုးများဖြစ်ကြသည်။

ကက်သလစ်တို့၏ ကြိုးပမ်းမှု ၇ ကြိမ်မြောက်တွင် Setenil ကို ပြန်လည်သိမ်းပိုက်ရယူနိုင်ခဲ့သည်။

 

ရှေးအခါက ဒေသထွက်ကုန်အားလုံးကို ကျောက်တုံးကြီးများအောက်ရှိ အအေးဓာတ်ကောင်းသော လှိုဏ်ဂူကြီးများထဲတွင် သိုလှောင်ထားရှိခဲ့ကြသည်။

မြို့၏ နာမည်မှ bodegas မှာ စပိန်ဘာသာအရ ဂိုဒေါင်ဟု အဓိပ္ပာယ်ရသည်။

အဆိုပါဒေသတခွင်လုံးတွင် ညှို့အားပြင်းကာဆွဲဆောင်နိုင်သော ကျေးရွာကလေးများ ပြန့်ကျဲတည်ရှိသည်။

အားလုံးမှာ သွားရောက်လည်ပတ်သင့်ပြီး ရွေးချယ်ရန်ခက်သည်။

Setenil de las Bodegas သည် သင်၏ လည်ပတ်မည့်စာရင်းတွင် မဖြစ်မနေပါဝင်သင့်သောနေရာ ဖြစ်၏။

ဆေတေနီးသည် အသားထုတ်ကုန်များ၊ အထူးသဖြင့် ဝက်အူချောင်းဖြင့် နာမည်ကြီးသည်။

 

Setenil de las Bodegas မှ Ronda မြို့သို့ အကွာအဝေး = မော်တော်ကားဖြင့် ၃၀ မိနစ်

Setenil de las Bodegas မှ Seville မြို့သို့ အကွာအဝေး = မော်တော်ကားဖြင့် ၁ နာရီ ၄၅ မိနစ်

 

Setenil de las Bodegas မှ မာလာဂါ မြို့သို့ အကွာအဝေး = မော်တော်ကားဖြင့် ၁ နာရီ ၂၀ မိနစ်

Setenil de las Bodegas မှ ကာဒစ် မြို့သို့ အကွာအဝေး = မော်တော်ကားဖြင့် ၁ နာရီ ၄၅ မိနစ်

 

ဤမြို့လေးသို့ သွားရန် အကောင်းဆုံး အစီအစဉ်မှာ အငှားကားတစ်စီးငှားရမ်းကာ သွားရောက်ခြင်းဖြစ်သည်။

တောင်ပေါ်ဒေသဖြစ်သော်လည်း ဆေတေနီးသို့သွားသော လမ်းများမှာ ချောမွေ့ပါသည်။

ဆေတေနီးသို့ သွားရန် Rating အကောင်းဆုံး မော်တော်ကားအငှား ဝက်ဆိုက်ဘ်တစ်ခုဖြစ်သော Discovercars.com တွင် မိမိနှစ်သက်ရာကားနှင့် ဈေးနှုန်းများ လေ့လာနိုင်ပါသည်။

 

ဆေတေနီးမှ လမ်းများမှာ ကျဉ်းမြောင်းသည်ကိုမူ မမေ့ပါနှင့်။

ဆေတေနီးသည် ကမ္ဘာလှည့်ခရီးသည် များပြားစွာလာရောက်သည့် နေရာတစ်ခုဖြစ်သောကြောင့် Ronda, Malaga နှင့် Costa del Sol တို့မှလာသော ကားများဖြင့် လမ်းကျပ်မှုကို ရှောင်လွှဲနိုင်ရန် နံနက်စောစော (သို့မဟုတ်) နေ့ခင်းပိုင်းတွင် သွားရောက်လည်ပတ်ရန် အကြံပြုလိုပါသည်။

ဆေတေနီးတွင် ကားရပ်နားရန်နေရာ များစွာရှိသည်။

 

လူများစိတ်အဝင်စားဆုံး နေရာနှင့်နီးသော ကားရပ်နားကွင်းမှာမူ အမြဲပြည့်နေလေ့ရှိရာ အခြားနေရာတွင် ကားရပ်ပြီး ၅ မိနစ်ခန့် လမ်းလျှောက်ရနိုင်သည်။

ဆေတေနီးတွင် တည်းခိုရန်အတွက် နေရာများရှိသည်။ ဂူအိမ်တစ်ခုထဲတွင်ပင်လျှင် တည်းခိုနေထိုင်နိုင်သည်။

သို့မဟုတ်ပါကလည်း Ronda မြို့ကြီးတွင် တည်းခိုပြီး ဤဒေသတခွင်သိုပ လှည့်လည်လေ့လာလည်ပတ်နိုင်သည်။

 

ဆေတေနီးသို့ မရောက်မီ ကမ္ဘာလှည့်ခရီးသည်လမ်းညွှန်မြေပုံများတွင် စိတ်ဝင်စားဖွယ်အကောင်းဆုံး နေရာများ ကို ကြိုတင်လေ့လာထားပါ။

ဆေတေနီး၏ အကျော်ကြားဆုံးလမ်း ၂ ခုမှာ ဝင်ပေါက်နေရာနှင့် ကပ်လျက်တည်ရှိရာ များစွာလမ်းလျှောက်ရမည် မဟုတ်ချေ။

 

 

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Setenil de las Bodegas (zigzagonearth,unusualplaces)

 

 

 

 

[Zawgyi]

 

စပိန္ႏိုင္ငံက ေက်ာက္ေဆာင္ေတြကို ထြင္းျပီး ျမိဳ႕တည္ထားတဲ့ ေဆေတနီးျမိဳ႕ေလး

 

စပိန္ႏိုင္ငံတြင္ ေဆေတနီး ေဒးလာ့စ္ ဘိုေဒးဂါ့စ္ (Setenil de las Bodegas) အမည္ရွိ လူဦးေရ ၃၀၀၀ ဝန္းက်င္ခန္႔ ေနထိုင္ေသာ ေက်ာက္ေဆာင္မ်ားကို ထြင္းထုကာ ျမဳိ႕တည္ထားသည့္ တမူထူးေသာ ျမိဳ႕ကေလးတစ္ျမိဳ႕ရွိသည္။

ထိုသို႔ေနထိုင္ရသည့္ လက္ေတြ႔က်ေသာ အေၾကာင္းအရင္းမ်ား ရွိသည္။

ေႏြရာသီ၏ အပူခ်ိန္ႏွင့္ ေဆာင္းအေအးဒဏ္တို႔ကိုု အန္တုရန္ Setenil ျမဳိ႕ရွိ သဘာဝလိႈဏ္ဂူမ်ားတြင္ ေနထိုင္မည္ဆိုပါက အေဆာက္အအံုတစ္ခုလံုး ေဆာက္ရန္မလုိဘဲ မ်က္ႏွာစာသာ ေဆာက္လုပ္ရန္ လိုအပ္ေသာေၾကာင့္ ျဖစ္သည္။

ဤေနရာတြင္ သမိုင္းဦးဘံုေျမေခတ္ကတည္းက လူမ်ား အေျခခ်ေနထုိင္ခဲ့ၾကသည္ဟု ယံုၾကည္ရသည္။

ျမဳိ႕အမည္ Setenil de las bodegas မွာ ၎၏ သမိုင္းေၾကာင္းကို ေဖာ္ျပေနသည္။

Setenil မွာ လက္တင္ဘာသာစကား septem nihil မွ ဆင္းသက္လာျပီး ၇ ၾကိမ္မဟုတ္ဟု အဓိပၸာယ္ရသည္။

ကက္သလစ္တို႔က ဤေဒသကို Moors တို႔ထံမွ ျပန္လည္ရယူရန္ ၇ ၾကိမ္ၾကိဳးစားခဲ့ျခင္းကို ရည္ညႊန္းသည္။

Moors တို႔သည္ အလယ္ေခတ္က စပိန္ႏိုင္ငံကို ရာစုႏွစ္မ်ားစြာ အုပ္ခ်ဳပ္သြားခဲ့သည့္ အာေရးဘီးယားလူမ်ဳိးမ်ားျဖစ္ၾကသည္။ ကက္သလစ္တို႔၏ ၾကဳိးပမ္းမႈ ၇ ၾကိမ္ေျမာက္တြင္ Setenil ကို ျပန္လည္သိမ္းပုိက္ရယူႏိုင္ခဲ့သည္။

ေရွးအခါက ေဒသထြက္ကုန္အားလံုးကို ေက်ာက္တံုးၾကီးမ်ားေအာက္ရွိ အေအးဓာတ္ေကာင္းေသာ လိႈဏ္ဂူၾကီးမ်ားထဲတြင္ သိုေလွာင္ထားရွိခဲ့ၾကသည္။

ျမဳိ႕၏ နာမည္မွ bodegas မွာ စပိန္ဘာသာအရ ဂိုေဒါင္ဟု အဓိပၸာယ္ရသည္။

အဆိုပါေဒသတခြင္လံုးတြင္ ညိွဳ႕အားျပင္းကာဆြဲေဆာင္ႏိုင္ေသာ ေက်းရြာကေလးမ်ား ျပန္႔က်ဲတည္ရွိသည္။

အားလံုးမွာ သြားေရာက္လည္ပတ္သင့္ျပီး ေရြးခ်ယ္ရန္ခက္သည္။ Setenil de las Bodegas သည္ သင္၏ လည္ပတ္မည့္စာရင္းတြင္ မျဖစ္မေနပါဝင္သင့္ေသာေနရာ ျဖစ္၏။

ေဆေတနီးသည္ အသားထုတ္ကုန္မ်ား၊ အထူးသျဖင့္ ဝက္အူေခ်ာင္းျဖင့္ နာမည္ၾကီးသည္။

Setenil de las Bodegas မွ Ronda ျမဳိ႕သို႔ အကြာအေဝး = ေမာ္ေတာ္ကားျဖင့္ ၃၀ မိနစ္

Setenil de las Bodegas မွ Seville ျမဳိ႕သို႔ အကြာအေဝး = ေမာ္ေတာ္ကားျဖင့္ ၁ နာရီ ၄၅ မိနစ္

Setenil de las Bodegas မွ မာလာဂါ ျမဳိ႕သို႔ အကြာအေဝး = ေမာ္ေတာ္ကားျဖင့္ ၁ နာရီ ၂၀ မိနစ္

Setenil de las Bodegas မွ ကာဒစ္ ျမဳိ႕သို႔ အကြာအေဝး = ေမာ္ေတာ္ကားျဖင့္ ၁ နာရီ ၄၅ မိနစ္

ဤျမဳိ႕ေလးသို႔ သြားရန္ အေကာင္းဆံုး အစီအစဥ္မွာ အငွားကားတစ္စီးငွားရမ္းကာ သြားေရာက္ျခင္းျဖစ္သည္။

ေတာင္ေပၚေဒသျဖစ္ေသာ္လည္း ေဆေတနီးသို႔သြားေသာ လမ္းမ်ားမွာ ေခ်ာေမြ႔ပါသည္။

ေဆေတနီးသို႔ သြားရန္ Rating အေကာင္းဆံုး ေမာ္ေတာ္ကားအငွား ဝက္ဆိုက္ဘ္တစ္ခုျဖစ္္ေသာ Discovercars.com တြင္ မိမိႏွစ္သက္ရာကားႏွင့္ ေစ်းႏႈန္းမ်ား ေလ့လာႏိုင္ပါသည္။

ေဆေတနီးမွ လမ္းမ်ားမွာ က်ဥ္းေျမာင္းသည္ကိုမူ မေမ႔ပါႏွင့္။

ေဆေတနီးသည္ ကမၻာလွည့္ခရီးသည္ မ်ားျပားစြာလာေရာက္သည့္ ေနရာတစ္ခုျဖစ္ေသာေၾကာင့္ Ronda, Malaga ႏွင့္ Costa del Sol တို႔မွလာေသာ ကားမ်ားျဖင့္ လမ္းက်ပ္မႈကို ေရွာင္လႊဲႏိုင္ရန္ နံနက္ေစာေစာ (သို႔မဟုတ္) ေန႔ခင္းပိုင္းတြင္ သြားေရာက္လည္ပတ္ရန္ အၾကံျပဳလုိပါသည္။

ေဆေတနီးတြင္ ကားရပ္နားရန္ေနရာ မ်ားစြာရွိသည္။

လူမ်ားစိတ္အဝင္စားဆံုး ေနရာႏွင့္နီးေသာ ကားရပ္နားကြင္းမွာမူ အျမဲျပည့္ေနေလ့ရွိရာ အျခားေနရာတြင္ ကားရပ္ျပီး ၅ မိနစ္ခန္႔ လမ္းေလွ်ာက္ရႏုိင္သည္။

ေဆေတနီးတြင္ တည္းခိုရန္အတြက္ ေနရာမ်ားရွိသည္။ ဂူအိမ္တစ္ခုထဲတြင္ပင္လွ်င္ တည္းခိုေနထိုင္ႏိုင္သည္။

သို႔မဟုတ္ပါကလည္း Ronda ျမိဳ႕ၾကီးတြင္ တည္းခုိျပီး ဤေဒသတခြင္သိုပ လွည့္လည္ေလ့လာလည္ပတ္ႏိုင္သည္။

ေဆေတနီးသို႔ မေရာက္မီ ကမၻာလွည့္ခရီးသည္လမ္းညႊန္ေျမပံုမ်ားတြင္ စိတ္ဝင္စားဖြယ္အေကာင္းဆံုး ေနရာမ်ား ကို ၾကိဳတင္ေလ့လာထားပါ။

ေဆေတနီး၏ အေက်ာ္ၾကားဆံုးလမ္း ၂ ခုမွာ ဝင္ေပါက္ေနရာႏွင့္ ကပ္လ်က္တည္ရွိရာ မ်ားစြာလမ္းေလွ်ာက္ရမည္ မဟုတ္ေခ်။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Setenil de las Bodegas (zigzagonearth,unusualplaces)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service