အိမ်ခြံမြေ ဂရန် မိတ္တူခြမ်း ဝယ်ယူမိထား နောက်ထပ်ဖြေရှင်းရမည် အခက်အခဲများ

အိမ်ခြံမြေ ဂရန် မိတ္တူခြမ်း ဝယ်ယူမိထား နောက်ထပ်ဖြေရှင်းရမည် အခက်အခဲများ - Property Knowledge in Myanmar from iMyanmarHouse.com
18 Nov 2022 9:43 am တွင် တင်ခဲ့သည်
774 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

အိမ်ခြံမြေ   အရောင်းအဝယ်တွေ ကောင်းနေတဲ့ ကာလတွေမှာတောင် ဝယ်ရသူတွေဟာ “ရော့ ပတ္တမြား၊ ရော့နဂါး” ဆိုသလို လွယ်လွယ်နဲ့ ပိုင်ဆိုင်လက်ခံရရှိသူ နည်းပါးလှပါတယ်။ ခက်ခက်ခဲခဲနဲ့ ကြိုးစားယူကြရလိမ့်မယ်လို့ "မောင်ကောင်းဖေ" ထင်ပါတယ်။

လက်ရှိအနေအထားမှာတော့ မြေချပါမစ်မြေကွက်ဝယ်ရင်လည်း ပေါ့ပေါ့ဆဆဝယ်လို့မရ၊ ဂရန်မြေဝယ်ပြန်ရင်လည်း စာချုပ်အဆက်အစပ်တွေက ခပ်များများနဲ့မို့   မြေနဲ့အိမ် ဝယ်လိုသူ   တွေအဖို့ ပိုင်ဆိုင်မှုခိုင်ခိုင်မာမာနဲ့ စိတ်အေးလက်အေးနေထိုင်နိုင်ဖို့ အတော်ကြိုးစားယူရတာကို" မောင်ကောင်းဖေ"တွေ့ရပြန်ပါတယ်။

ဂရန်မြေဆိုရင်လည်း မြေအမည်ပေါက်မှန်ကန်ရင် ဝယ်ရတာ အလိမ်မခံရဘူးဆိုပေမယ့် အချို့သောသူများက ဂရန်မြေနဲ့ အိမ်ကို ဝယ်ထားသော်လည်း ကိုယ်အမည်မဖောက်ဘဲ မူလအမည်ပေါက်ထံက (General Power)ဖြစ်စေ၊ (Special Power) ဖြစ်စေ ယူထားပြီး သိမ်းထားတတ်ကြတယ်။

အချို့ ဝယ်သူတွေကျပြန်တော့ လမ်းမကြီးတန်းက (40'x60') မြေကွက်ကြီးတစ်ခုလုံး မဝယ်နိုင်လို့ (20'x60')ပဲ ခွဲပြီး ဝယ်ထားတာကို တွေ့ရပြန်တယ်။ (20'x60') ဝယ်ထားပေမယ့် တရားဝင်ခွဲစိပ်ပြီး အမည်မပြောင်းဘဲ (20'x60') တစ်ခြမ်းဝယ် အရောင်းအဝယ်စာချုပ်ကို အခွန်ဆောင်ပြီး မှတ်ပုံတင်ထားတတ်ကြတယ်။ ဒါပေမဲ့ တချို့သောသူများက အမည်မပြောင်းဘဲ တစ်ခြမ်း (20'x60') အရောင်းအဝယ်မှတ်ပုံတင်စာချုပ်နဲ့ ဂရန်မူရင်းကြီးကို ကိုင်ထားတတ်ကြပြန်တယ်။

ဘာကြောင့် အဲဒီလို ပထမဝယ်သူက ဂရန်မူရင်းကြီးလည်း ကိုင်ထားပြီး (20×60' ) တစ်ခြမ်းဝယ် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကြီးကိုလည်း အမည်မပြောင်းသေးဘဲ ထားရသလည်းဆိုရင် အမည်ပြောင်းခ ကုန်ကျစရိတ်နဲ့ ဂရန်ခွဲကုန်ကျစရိတ်တွေ အကုန်အကျမခံချင်ကြလို့ပဲပေါ့။အမည်မပြောင်းသေးသရွေ့ကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့မြေစာရင်းမှာတော့ မူလဂရန်အမည်ပေါက်သူရဲ့နာမည်နဲ့ပဲ ရှိနေမှာပဲဖြစ်ပါတယ်။

မူလဂရန်အမည်ပေါက်သူတွေကတော့ ဘာဖြစ်လို့ ဂရန်မူရင်းကြီးကို ပေးလိုက်ရသလဲဆိုရင် ဂရန်မူရင်းပေးလိုက်ရင် ဈေးပိုရလို့ပါပဲ။ ဥပမာ~~မြေနဲ့ အိမ်တန်ဖိုးက သိန်း (၁၅၀၀)တန်တယ်ဆိုပါတော့ ရောင်းသူက ဂရန်မူရင်းလိုချင်ရင် (20'x60')တစ်ခြမ်းမြေကွက်ကို သိန်း (၈ဝဝ) သတ်မှတ်ပြီး ရောင်းတယ်။ ကျန်တဲ့မြေကွက်ကို ဝယ်သူ အနေနဲ့ကျတော့ ဂရန်မိတ္တူပဲရတယ်။ မြေဈေးနှုန်းကျတော့ သိန်း(၇ဝဝ) နဲ့ရောင်းလိုက်တယ်။ အဲဒီ မြေကွက်ထဲမှာရှိတဲ့ အိမ်ကိုတော့ ဂရန်အမည်ပေါက်သူတွေက ဖျက်ယူသွားတတ်ကြတယ်။

အဲဒီတော့ တစ်ဦးက ဂရန်မူရင်းကြီးကိုင်ထားပြီး ကျန်တစ်ဦးကျတော့ ဂရန်မိတ္တူပဲ ကိုင်ထားရတာလေ။ ပြန်ရောင်းတဲ့အခါမှာ မျက်နှာငယ်ရတာပေါ့။ ဂရန်မူရင်းကိုင်ထားသူကတော့ ခေါင်းရင်းခြမ်း(20'x60')ဝယ်ထားတဲ့ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ပြပြီး ဝယ်သူလာရင် အပေါ်စီးကနေ ဈေးတင်ရောင်းတာကို တွေ့ရတယ်။

ခြေရင်းဘက်ခြမ်း (20'x60')ဝယ်ထားသူကတော့ သူ့လက်ထဲရှိတာ အမည်ပေါက်ရဲ့မိတ္တူနဲ့ အရပ်ကတိအရောင်းအဝယ်စာချုပ်ပဲရှိတာလေ။ ပိုင်ဆိုင်မှုဆိုလို့ မြေကွက်ကိုပဲ လက်ညှိုးထိုးပြလို့ရတယ်။ ဂရန်မူရင်းနဲ့ ပိုင်ဆိုင်မှုတွေအားလုံးက ခေါင်းရင်းဘက်ခြမ်းက လူဆီမှာရှိနေတော့ စီးပွားရေးအဆင်မပြေလို့ ပြန်ရောင်းမယ်လို့ ပြင်ဆင်လိုက်တာနဲ့ ဂရန်မူရင်းရှိတဲ့သူကို မျက်နှာချိုသွေးရပြီပေါ့။

ဂရန်မူရင်းကိုင်ထားသူဆီကလည်း ဒီအတိုင်းတော့ အလွယ်တကူနဲ့ မငှားဘူး။ တန်ဖိုးတစ်ခုပေးမှ ဂရန်ကိုငှားတာလေ။ တန်ဖိုးတစ်ခုဆိုတာကလည်း တစ်သိန်း၊ နှစ်သိန်းအောက်မဟုတ်ဘူး၊ ဂရန်ငှားပြီး တစ်ခြမ်းအရောင်းအဝယ်လုပ်ဖို့ စည်ပင်မှာ အရောင်းမြေပုံကူးလိုက်ပေးရလို့၊ စာချုပ်ရုံးမှာ လိုက်ပေးရလို့၊ အခွန်ရုံးမှာလိုက်ပေးရလို့ဆိုပြီး (၁၅) သိန်းတောင် တောင်းတဲ့သူ "မောင်ကောင်းဖေ" ကြုံခဲ့ဖူးတယ်ဗျာ။အင်း..ဒါလည်း မှတ်သားစရာပါပဲ။

ဒါကြောင့် ဂရန်မိတ္တူနဲ့ မြေကွက်တစ်ခြမ်းဝယ်ထားမိသူတွေရဲ့ ဒုက္ခကလည်း မသက်သာလှပါဘူး။ ဒါကြောင့် ပြောတာ မြေဝယ်ရင် မိတ္တူနဲ့ဝယ်ရတာ “သူများနှာခေါင်းပေါက်နဲ့အသက်ရှူရသလို” ခံစားရတယ်ဆိုတာပေါ့။ 'ရွှေအကြောင်းဖယောင်းမှသိ၊ လူအကြောင်း ပေါင်းမှသိ” ဆိုတာ ဒီလိုလူမျိုးတွေပြောတာထင်ပါရဲ့။ အချို့ဂရန်မူရင်းခေတ္တအငှားလိုက်သူများဆိုရင် သူတို့ရဲ့ ဂုဏ်သိက္ခာကိုကြည့်ပြီး (၁၀)သိန်းတောင်းလိမ့်မယ်လို့ ထင်တောင်ထင်ရက်စရာမရှိပါဘူး။ ဒါပေ့မယ်လည်း ငွေနဲ့ပတ်သက်လာရင် “ဘယ်သူသေသေ ငတေမာရင် ပြီးရော’ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ရှိတတ်ကြတယ် မဟုတ်ပေဘူးလား။

အချို့သော ဂရန်မူရင်းကိုင်ထားသူများဟာဆိုရင် "ပြောတော့ဖြင့် တရားသဘောတွေပြောလိုက်ကြတာ၊ ကြားရသူအပေါင်း တရားကျလောက်ပါရဲ့။ သို့ပေမယ့် မထင်နဲ့ဗျို့။ တကယ်ဆက်ဆံကြည့်တော့မှ ငွေမျက်နှာတစ်ခုပဲ'ကြည့်တာကိုတွေ့ခဲ့ရတယ်။" ဘုရားမှတ်လို့ ကိုးကွယ်၊ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ' ဆိုတာ ဒီလိုလူမျိုးကို ပြောတာထင်ပါရဲ့လို့ “မောင်ကောင်းဖေ” တွေးမိတယ်ဗျာ။

ဒီတော့ “မောင်ကောင်းဖေ” အနေနဲ့ အိမ်ခြံမြေဝယ်ကြတဲ့ သူများကို အသိပေးပါရစေ…မြေကွက် တစ်ကွက်လုံးဝယ်နိုင်ရင် ဝယ်ပါ။ မဝယ်နိုင်လို့၊ ဂရန်မိတ္တူပဲ ဝယ်ရတော့မယ်ဆိုရင်တော့ တစ်ခြမ်းဝယ် အထူးကိုယ်စားလှယ်လွှဲစာလုပ်ပါ။ ဒါအပြင် အရောင်းမြေပုံကူးနဲ့၊ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဖို့ ဂရန်မူရင်းကိုင်ထားသူက လိုက်ပါဆောင်ရွက်ပေးအောင်လည်း တာဝန်ယူပေးပါရန် တောင်းဆိုသင့်ပါကြောင်း အကြံပေး တင်ပြလိုက်ရပါတယ်။

သုခိ အတ္တာနံ ပရိဟရန္တု။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အိမ္ျခံေျမ ဂရန္ မိတၱဴျခမ္း ဝယ္ယူမိထား ေနာက္ထပ္ေျဖ႐ွင္းရမည္ အခက္အခဲမ်ား

 

အိမ္ျခံေျမ    အေရာင္းအဝယ္ေတြ ေကာင္းေနတဲ့ ကာလေတြမွာေတာင္ ဝယ္ရသူေတြဟာ “ေရာ့ ပတၱျမား၊ ေရာ့နဂါး” ဆိုသလို လြယ္လြယ္နဲ႔ ပိုင္ဆိုင္လက္ခံရ႐ွိသူ နည္းပါးလွပါတယ္။ ခက္ခက္ခဲခဲနဲ႔ ႀကိဳးစားယူၾကရလိမ့္မယ္လို႔ "ေမာင္ေကာင္းေဖ" ထင္ပါတယ္။

လက္႐ွိအေနအထားမွာေတာ့ ေျမခ်ပါမစ္ေျမကြက္ဝယ္ရင္လည္း ေပါ့ေပါ့ဆဆဝယ္လို႔မရ၊ ဂရန္ေျမဝယ္ျပန္ရင္လည္း စာခ်ဳပ္အဆက္အစပ္ေတြက ခပ္မ်ားမ်ားနဲ႔မို႔  ေျမနဲ႔အိမ္ ဝယ္လိုသူ    ေတြအဖို႔ ပိုင္ဆိုင္မႈခိုင္ခိုင္မာမာနဲ႔ စိတ္ေအးလက္ေအးေနထိုင္ႏိုင္ဖို႔ အေတာ္ႀကိဳးစားယူရတာကို" ေမာင္ေကာင္းေဖ"ေတြ႕ရျပန္ပါတယ္။

ဂရန္ေျမဆိုရင္လည္း ေျမအမည္ေပါက္မွန္ကန္ရင္ ဝယ္ရတာ အလိမ္မခံရဘူးဆိုေပမယ့္ အခ်ိဳ႕ေသာသူမ်ားက ဂရန္ေျမနဲ႔ အိမ္ကို ဝယ္ထားေသာ္လည္း ကိုယ္အမည္မေဖာက္ဘဲ မူလအမည္ေပါက္ထံက (General Power)ျဖစ္ေစ၊ (Special Power) ျဖစ္ေစ ယူထားၿပီး သိမ္းထားတတ္ၾကတယ္။

အခ်ိဳ႕ ဝယ္သူေတြက်ျပန္ေတာ့ လမ္းမႀကီးတန္းက (40'x60') ေျမကြက္ႀကီးတစ္ခုလုံး မဝယ္ႏိုင္လို႔ (20'x60')ပဲ ခြဲၿပီး ဝယ္ထားတာကို ေတြ႕ရျပန္တယ္။ (20'x60') ဝယ္ထားေပမယ့္ တရားဝင္ခြဲစိပ္ၿပီး အမည္မေျပာင္းဘဲ (20'x60') တစ္ျခမ္းဝယ္ အေရာင္းအဝယ္စာခ်ဳပ္ကို အခြန္ေဆာင္ၿပီး မွတ္ပုံတင္ထားတတ္ၾကတယ္။ ဒါေပမဲ့ တခ်ိဳ႕ေသာသူမ်ားက အမည္မေျပာင္းဘဲ တစ္ျခမ္း (20'x60') အေရာင္းအဝယ္မွတ္ပုံတင္စာခ်ဳပ္နဲ႔ ဂရန္မူရင္းႀကီးကို ကိုင္ထားတတ္ၾကျပန္တယ္။

ဘာေၾကာင့္ အဲဒီလို ပထမဝယ္သူက ဂရန္မူရင္းႀကီးလည္း ကိုင္ထားၿပီး (20×60' ) တစ္ျခမ္းဝယ္ မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္ႀကီးကိုလည္း အမည္မေျပာင္းေသးဘဲ ထားရသလည္းဆိုရင္ အမည္ေျပာင္းခ ကုန္က်စရိတ္နဲ႔ ဂရန္ခြဲကုန္က်စရိတ္ေတြ အကုန္အက်မခံခ်င္ၾကလို႔ပဲေပါ့။အမည္မေျပာင္းေသးသေ႐ြ႕ကေတာ့ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ၿမိဳ႕ေျမစာရင္းမွာေတာ့ မူလဂရန္အမည္ေပါက္သူရဲ႕နာမည္နဲ႔ပဲ ႐ွိေနမွာပဲျဖစ္ပါတယ္။

မူလဂရန္အမည္ေပါက္သူေတြကေတာ့ ဘာျဖစ္လို႔ ဂရန္မူရင္းႀကီးကို ေပးလိုက္ရသလဲဆိုရင္ ဂရန္မူရင္းေပးလိုက္ရင္ ေဈးပိုရလို႔ပါပဲ။ ဥပမာ~~ေျမနဲ႔ အိမ္တန္ဖိုးက သိန္း (၁၅၀၀)တန္တယ္ဆိုပါေတာ့ ေရာင္းသူက ဂရန္မူရင္းလိုခ်င္ရင္ (20'x60')တစ္ျခမ္းေျမကြက္ကို သိန္း (၈ဝဝ) သတ္မွတ္ၿပီး ေရာင္းတယ္။ က်န္တဲ့ေျမကြက္ကို ဝယ္သူ အေနနဲ႔က်ေတာ့ ဂရန္မိတၱဴပဲရတယ္။ ေျမေဈးႏႈန္းက်ေတာ့ သိန္း(၇ဝဝ) နဲ႔ေရာင္းလိုက္တယ္။ အဲဒီ ေျမကြက္ထဲမွာ႐ွိတဲ့ အိမ္ကိုေတာ့ ဂရန္အမည္ေပါက္သူေတြက ဖ်က္ယူသြားတတ္ၾကတယ္။

အဲဒီေတာ့ တစ္ဦးက ဂရန္မူရင္းႀကီးကိုင္ထားၿပီး က်န္တစ္ဦးက်ေတာ့ ဂရန္မိတၱဴပဲ ကိုင္ထားရတာေလ။ ျပန္ေရာင္းတဲ့အခါမွာ မ်က္ႏွာငယ္ရတာေပါ့။ ဂရန္မူရင္းကိုင္ထားသူကေတာ့ ေခါင္းရင္းျခမ္း(20'x60')ဝယ္ထားတဲ့ မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္ျပၿပီး ဝယ္သူလာရင္ အေပၚစီးကေန ေဈးတင္ေရာင္းတာကို ေတြ႕ရတယ္။

ေျခရင္းဘက္ျခမ္း (20'x60')ဝယ္ထားသူကေတာ့ သူ႕လက္ထဲ႐ွိတာ အမည္ေပါက္ရဲ႕မိတၱဴနဲ႔ အရပ္ကတိအေရာင္းအဝယ္စာခ်ဳပ္ပဲ႐ွိတာေလ။ ပိုင္ဆိုင္မႈဆိုလို႔ ေျမကြက္ကိုပဲ လက္ညိႇဳးထိုးျပလို႔ရတယ္။ ဂရန္မူရင္းနဲ႔ ပိုင္ဆိုင္မႈေတြအားလုံးက ေခါင္းရင္းဘက္ျခမ္းက လူဆီမွာ႐ွိေနေတာ့ စီးပြားေရးအဆင္မေျပလို႔ ျပန္ေရာင္းမယ္လို႔ ျပင္ဆင္လိုက္တာနဲ႔ ဂရန္မူရင္း႐ွိတဲ့သူကို မ်က္ႏွာခ်ိဳေသြးရၿပီေပါ့။

ဂရန္မူရင္းကိုင္ထားသူဆီကလည္း ဒီအတိုင္းေတာ့ အလြယ္တကူနဲ႔ မငွားဘူး။ တန္ဖိုးတစ္ခုေပးမွ ဂရန္ကိုငွားတာေလ။ တန္ဖိုးတစ္ခုဆိုတာကလည္း တစ္သိန္း၊ ႏွစ္သိန္းေအာက္မဟုတ္ဘူး၊ ဂရန္ငွားၿပီး တစ္ျခမ္းအေရာင္းအဝယ္လုပ္ဖို႔ စည္ပင္မွာ အေရာင္းေျမပုံကူးလိုက္ေပးရလို႔၊ စာခ်ဳပ္႐ုံးမွာ လိုက္ေပးရလို႔၊ အခြန္႐ုံးမွာလိုက္ေပးရလို႔ဆိုၿပီး (၁၅) သိန္းေတာင္ ေတာင္းတဲ့သူ "ေမာင္ေကာင္းေဖ" ၾကဳံခဲ့ဖူးတယ္ဗ်ာ။အင္း..ဒါလည္း မွတ္သားစရာပါပဲ။

ဒါေၾကာင့္ ဂရန္မိတၱဴနဲ႔ ေျမကြက္တစ္ျခမ္းဝယ္ထားမိသူေတြရဲ႕ ဒုကၡကလည္း မသက္သာလွပါဘူး။ ဒါေၾကာင့္ ေျပာတာ ေျမဝယ္ရင္ မိတၱဴနဲ႔ဝယ္ရတာ “သူမ်ားႏွာေခါင္းေပါက္နဲ႔အသက္႐ွဴရသလို” ခံစားရတယ္ဆိုတာေပါ့။ 'ေ႐ႊအေၾကာင္းဖေယာင္းမွသိ၊ လူအေၾကာင္း ေပါင္းမွသိ” ဆိုတာ ဒီလိုလူမ်ိဳးေတြေျပာတာထင္ပါရဲ႕။ အခ်ိဳ႕ဂရန္မူရင္းေခတၱအငွားလိုက္သူမ်ားဆိုရင္ သူတို႔ရဲ႕ ဂုဏ္သိကၡာကိုၾကည့္ၿပီး (၁၀)သိန္းေတာင္းလိမ့္မယ္လို႔ ထင္ေတာင္ထင္ရက္စရာမ႐ွိပါဘူး။ ဒါေပ့မယ္လည္း ေငြနဲ႔ပတ္သက္လာရင္ “ဘယ္သူေသေသ ငေတမာရင္ ၿပီးေရာ’ဆိုတဲ့ စိတ္ဓာတ္မ်ိဳးေတြ ႐ွိတတ္ၾကတယ္ မဟုတ္ေပဘူးလား။

အခ်ိဳ႕ေသာ ဂရန္မူရင္းကိုင္ထားသူမ်ားဟာဆိုရင္ "ေျပာေတာ့ျဖင့္ တရားသေဘာေတြေျပာလိုက္ၾကတာ၊ ၾကားရသူအေပါင္း တရားက်ေလာက္ပါရဲ႕။ သို႔ေပမယ့္ မထင္နဲ႔ဗ်ိဳ႕။ တကယ္ဆက္ဆံၾကည့္ေတာ့မွ ေငြမ်က္ႏွာတစ္ခုပဲ'ၾကည့္တာကိုေတြ႕ခဲ့ရတယ္။" ဘုရားမွတ္လို႔ ကိုးကြယ္၊ ဖြတ္ထြက္မွ ေတာင္ပို႔မွန္းသိ' ဆိုတာ ဒီလိုလူမ်ိဳးကို ေျပာတာထင္ပါရဲ႕လို႔ “ေမာင္ေကာင္းေဖ” ေတြးမိတယ္ဗ်ာ။

ဒီေတာ့ “ေမာင္ေကာင္းေဖ” အေနနဲ႔ အိမ္ျခံေျမဝယ္ၾကတဲ့ သူမ်ားကို အသိေပးပါရေစ…ေျမကြက္ တစ္ကြက္လုံးဝယ္ႏိုင္ရင္ ဝယ္ပါ။ မဝယ္ႏိုင္လို႔၊ ဂရန္မိတၱဴပဲ ဝယ္ရေတာ့မယ္ဆိုရင္ေတာ့ တစ္ျခမ္းဝယ္ အထူးကိုယ္စားလွယ္လႊဲစာလုပ္ပါ။ ဒါအျပင္ အေရာင္းေျမပုံကူးနဲ႔၊ မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဖို႔ ဂရန္မူရင္းကိုင္ထားသူက လိုက္ပါေဆာင္႐ြက္ေပးေအာင္လည္း တာဝန္ယူေပးပါရန္ ေတာင္းဆိုသင့္ပါေၾကာင္း အၾကံေပး တင္ျပလိုက္ရပါတယ္။

သုခိ အတၱာနံ ပရိဟရႏၲဳ။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေ႐ွ႕ေန ေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
bkk-projects
shwe-hninsi

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service