ပီရူးနိုင်ငံက သွေးနီမြစ်များ………

ပီရူးနိုင်ငံက သွေးနီမြစ်များ……… - Property News in Myanmar from iMyanmarHouse.com
10 Nov 2022 12:00 pm တွင် တင်ခဲ့သည်
2047 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ရေ၏ အရောင်မှာ ကြည်လင်ကာ ထွင်းဖောက်မြင်ရသည်ဟု ကျွန်ုပ်တို့လူသားများ အမြဲသိထားခဲ့ကြသည်။

သို့သော် ပီရူးနိုင်ငံ၊ Cusco တွင် ရေများမှာ နီရဲနေသော မြစ်များရှိနေသည်။

ထိုသို့ဆိုလျှင် သင့်အနေဖြင့် ယုံနိုင်ဖွယ်ရာမရှိ။ သို့သော် အမှန်တကယ်ပင် ရှိနေပါသည်။

ပီရူးနိုင်ငံသည် သဘာဝ၏ ဆန်းကြယ်မှုများ များပြားသည့်နိုင်ငံဖြစ်ပြီး အနီရောင်မြစ်များအပြင် မြေသားများမှာ ရောင်စဉ် ၇ သွယ်ဖြစ်နေသည့် တောင်တန်းကြီးလည်းရှိသည်။

 

(မှတ်ချက်။ အဆိုပါတောင်တန်းကြီးအကြောင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်)

အနီရောင်မြစ်သည် လူမှုကွန်ရက်တွင် များစွာကျော်ကြားပျံ့နှံ့ပြီး ကမ္ဘာလှည့်ခရီးသည်များနှင့် စူးစမ်းလေ့လာရေးသမားများအား များစွာစွဲဆောင်သည့်မြစ်ကြီး ဖြစ်သည်။

အကယ်၍ သင်သည် ပီရူးနိုင်ငံသို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားလျှင် အနီရောင်မြစ်များသည် မဖြစ်မနေ သွားရောက်သင့်သည့်နေရာတစ်ခုဖြစ်သည်။

သို့အတွက် အနီရောင်မြစ်များသို့ မသွားမီ သိရှိထားသင့်သမျှကို ဖော်ပြပေးသွားပါမည်။

 

  (အနီရောင်မြစ်တွေရှိရာကိုသွားဖို့ ဘယ်အချိန် အကောင်းဆုံးလဲ)

ပီရူးမှ အနီရောင်မြစ်များရှိရာသို့ သွားရောက်လည်ပတ်သင့်သည့် အကောင်းဆုံးအချိန်မှာ ပီရူး၏ မိုးရာသီဖြစ်သော ဒီဇင်ဘာမှ မတ်လအကြားဖြစ်သည်။

ထိုကာလများတွင်သာ မြစ်၏ရေအရောင်ကို အနီရောင် တွေ့မြင်ရမည် ဖြစ်သည်။

ပွင့်လင်းခြောက်သွေ့လများဖြစ်သော ဧပြီလမှ နိုဝင်ဘာလအကြားကာလများတွင်ကား မြစ်ရေမှာ ရွှံ့ရောင်သာပေါက်ကာ စွဲဆောင်မှု မရှိတော့ချေ။

(သွေးနီမြစ်ကို ဘယ်လိုသွားမလဲ)

ပထမဆုံး သိသင့်သည့်အချက်မှာ Ausangate တောင်တန်းကြီးတွင် အနီရောင်မြစ် ၂ စင်း ရှိသည်ဟူသည့် အချက်ပင်။

ပထမ မြစ်တစ်စင်းမှာ Vinicunca အမည်ရှိ ရောင်စုံတောင်တန်းအနီးတွင်ရှိပြီး ဒုတိယ အနီရောင်မြစ်တစ်စင်းမှာ Palcoyo ရောင်စုံတောင်တန်းဆီတွင် တည်ရှိသည်။

 

(Vinicunca သက်တန့်တောင်တန်းမှ သွေးနီမြစ်ဆီ ဘယ်လိုသွားမလဲ)

Vinicunca သက်တန့်တောင်တန်းသည် ပီရူးနိုင်ငံ၊ Checacupe ခရိုင်အတွင်း တည်ရှိပြီး Cusco မြို့မှ Sicuani မြို့သို့ ပြေးဆွဲသော ဘတ်စ်ကားတစ်စီးစီးကို စီးရမည် ဖြစ်သည်။

အဆိုပါ ဘတ်စ်ကားများသည် Cusco မြို့မှ မိနစ် ၂၀ လျှင် တစ်ကြိမ်ထွက်သည်။

ထိုခရီးစဉ်မှာ ၂ နာရီဝန်းကျင်ခန့် ကြာမြင့်မည်ဖြစ်ပြီး ထိုမှတဖန် Pitumarca ခရိုင်သို့ အများပြည်သူသုံး ကားလိုင်းဖြင့် ၁၀ မိနစ်ခန့် ထပ်မံ ကားစီးရမည် ဖြစ်သည်။

Pitumarca ခရိုင်သို့ရောက်လျှင် ကားတစ်စီးထပ်ငှားကာ Japura တောင်ကြားသို့ သွားရမည်ဖြစ်သည်။

 

ထိုလမ်းကြောင်းတစ်လျှောက်မှာကား လမ်းခင်းမထားသောကြောင့် ခရီးလမ်းကြမ်းတမ်းမည်ဖြစ်ရာ ကားမူးတတ်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သွားသင့်သည်။

အခြားသွားရောက်နိုင်မည့် လမ်းကြောင်းတစ်ခုမှာ ခရီးသွားအေဂျင်စီတစ်ခုဖြင့် ချိတ်ဆက်ကာ သွားခြင်းဖြစ်သည်။

ခရီးသွားအေဂျင်စီများက သင့်အား ရောင်စုံတောင်တန်းများသို့ ပို့ဆောင်ပေးပြီးလျှင် အပြန်ခရီးတွင် အချို့နေရာများ၌ ရပ်နားမည်ဖြစ်ရာ မြစ်နီမြစ်သို့ရောက်လျှင် ရှုမျှော်ခင်းကြည့်ရင်း ဓာတ်ပုံရိုက်နိုင်မည် ဖြစ်သည်။

 

(မှတ်ချက်။ သက်တန့်ရောင်စုံတောင်တန်းသို့ ရောက်နိုင်သည့်လမ်းကြောင်း ၂ ခုရှိသည်။ Cusco- Pitumarca-Vinicunca လမ်းကြောင်းမှ သွားလိုကြောင်း ခရီးသွားအေဂျင်စီကို ပြောပါ။ Cusipata လမ်းကြောင်းမှသွားလျှင် အနီရောင်မြစ်ကို တွေ့ရမည် မဟုတ်ပါ။)

 

 

(Palccoyo သက်တန့်တောင်တန်းမှာရှိတဲ့ အနီရောင်မြစ်ကို ဘယ်လိုသွားမလဲ)

Palccoyo သည် မကြာသေးမီကမှ ရှာဖွေတွေ့ရှိသော သက်တန့်တောင်တစ်ခုဖြစ်ပြီး Combapata ခရိုင်တွင် တည်ရှိကာ Cusco မြို့၏အရှေ့ဘက် ၂ နာရီခရီးသွားရသည်။

ထိုနေရာသို့ သွားမည်ဆိုပါက Cusco- Sicuani ဘတ်စ်ကားကိုစီးကာ Combapata ခရိုင်တွင် ဆင်းပါ။

ထိုနေရာမှ မြစ်နီမြစ်ရှိသည့် Palccoyo သို့သွားရန် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်မရှိချေ။

ထို့ကြောင့် ကားတစ်စီးငှားကာ သွားရမည်ဖြစ်သည်။ အငှားကားဖြင့် ဖုန်လမ်းကလေးတစ်ခုမှ တစ်နာရီခွဲခန့် စီးရမည် ဖြစ်သည်။

အခြားနည်းလမ်းတစ်ခုမှာ ခရီးသွားအေဂျင်စီတစ်ခုဖြင့် ဆက်သွယ်ကာ သွားရောက်ခြင်းဖြစ်သည်။

ခရီးသွားအေဂျင်စီဖြင့်သွားလျှင် သယ်ယူပို့ဆောင်ရေးအပြင် အစားအစာနှင့် ဧည့်လမ်းညွှန်တစ်ဦးပါ ပါဝင်မည်ဖြစ်သည်။

 

(ဘာကြောင့် အနီရောင်ဖြစ်နေတာလဲ)

မြစ်ရေများ အနီရောင်ဖြစ်စေရသည့်အကြောင်းမှာ တောင်တန်းများနှင့် တောင်ကြားများရှိ သတ္တုဓာတ်အမျိုးမျိုး ရှိနေသော မြေဆီလွှာများကို ရေတိုက်စားရာမှတဆင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အိုင်းယွန်းအောက်ဆိုက်ဒ်များ ပြည့်နှက်နေသော အနီရောင်သဲကျောက်များကို ရေတိုက်စားရာမှ သွေးနီရောင် ရေများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

တောင်စောင်းများရှိ ဤသတ္တုဓာတ်ကြွယ်ဝသော အနည်ကျကျကျောက်များသည် မိုးရွာချိန်တွင် တိုက်စားခြင်းခံရကာ ရေအရောင်မှာ အနီရောင် (သို့မဟုတ်) ပန်းရောင်အဖြစ် ပေါ်ပေါက်လာသည်။

 

(မိုးရွာသွန်းမှု ပမာဏအပေါ်မူတည်ပြီး အရောင်ကွဲပြားသွားသည်)

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Things you should know before visiting the red river in Peru (abexpeditions)

 

 

[Zawgyi]

ပီရူးႏိုင္ငံက ေသြးနီျမစ္မ်ား………

 

ေရ၏ အေရာင္မွာ ၾကည္လင္ကာ ထြင္းေဖာက္ျမင္ရသည္ဟု ကၽြႏု္ပ္တို႔လူသားမ်ား အျမဲသိထားခဲ့ၾကသည္။

သို႔ေသာ္ ပီရူးႏိုင္ငံ၊ Cusco တြင္ ေရမ်ားမွာ နီရဲေနေသာ ျမစ္မ်ားရွိေနသည္။

ထိုသို႔ဆိုလွ်င္ သင့္အေနျဖင့္ ယံုႏိုင္ဖြယ္ရာမရွိ။ သို႔ေသာ္ အမွန္တကယ္ပင္ ရွိေနပါသည္။

ပီရူးႏိုင္ငံသည္ သဘာဝ၏ ဆန္းၾကယ္မႈမ်ား မ်ားျပားသည့္ႏိုင္ငံျဖစ္ျပီး အနီေရာင္ျမစ္မ်ားအျပင္ ေျမသားမ်ားမွာ ေရာင္စဥ္ ၇ သြယ္ျဖစ္ေနသည့္ ေတာင္တန္းၾကီးလည္းရွိသည္။

(မွတ္ခ်က္။ အဆိုပါေတာင္တန္းၾကီးအေၾကာင္းကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေရးသားတင္ျပခဲ့ျပီး ျဖစ္ပါသည္)

အနီေရာင္ျမစ္သည္ လူမႈကြန္ရက္တြင္ မ်ားစြာေက်ာ္ၾကားပ်ံ႕ႏွံ႔ျပီး ကမၻာလွည့္ခရီးသည္မ်ားႏွင့္ စူးစမ္းေလ့လာေရးသမားမ်ားအား မ်ားစြာစြဲေဆာင္သည့္ျမစ္ၾကီး ျဖစ္သည္။

အကယ္၍ သင္သည္ ပီရူးႏိုင္ငံသို႔ သြားေရာက္လည္ပတ္ရန္ စီစဥ္ထားလွ်င္ အနီေရာင္ျမစ္မ်ားသည္ မျဖစ္မေန သြားေရာက္သင့္သည့္ေနရာတစ္ခုျဖစ္သည္။

သို႔အတြက္ အနီေရာင္ျမစ္မ်ားသို႔ မသြားမီ သိရွိထားသင့္သမွ်ကို ေဖာ္ျပေပးသြားပါမည္။

(အနီေရာင္ျမစ္ေတြရွိရာကိုသြားဖို႔ ဘယ္အခ်ိန္ အေကာင္းဆံုးလဲ)

ပီရူးမွ အနီေရာင္ျမစ္မ်ားရွိရာသုိ႔ သြားေရာက္လည္ပတ္သင့္သည့္ အေကာင္းဆံုးအခ်ိန္မွာ ပီရူး၏ မိုးရာသီျဖစ္ေသာ ဒီဇင္ဘာမွ မတ္လအၾကားျဖစ္သည္။

ထိုကာလမ်ားတြင္သာ ျမစ္၏ေရအေရာင္ကို အနီေရာင္ ေတြ႔ျမင္ရမည္ ျဖစ္သည္။

ပြင့္လင္းေျခာက္ေသြ႔လမ်ားျဖစ္ေသာ ဧျပီလမွ ႏိုဝင္ဘာလအၾကားကာလမ်ားတြင္ကား ျမစ္ေရမွာ ရႊံ႕ေရာင္သာေပါက္ကာ စြဲေဆာင္မႈ မရွိေတာ့ေခ်။

(ေသြးနီျမစ္ကို ဘယ္လိုသြားမလဲ)

ပထမဆံုး သိသင့္သည့္အခ်က္မွာ Ausangate ေတာင္တန္းၾကီးတြင္ အနီေရာင္ျမစ္ ၂ စင္း ရွိသည္ဟူသည့္ အခ်က္ပင္။

ပထမ ျမစ္တစ္စင္းမွာ Vinicunca အမည္ရွိ ေရာင္စံုေတာင္တန္းအနီးတြင္ရွိျပီး ဒုတိယ အနီေရာင္ျမစ္တစ္စင္းမွာ Palcoyo ေရာင္စံုေတာင္တန္းဆီတြင္ တည္ရွိသည္။

(Vinicunca သက္တန္႔ေတာင္တန္းမွ ေသြးနီျမစ္ဆီ ဘယ္လိုသြားမလဲ)

Vinicunca သက္တန္႔ေတာင္တန္းသည္ ပီရူးႏိုင္ငံ၊ Checacupe ခရိုင္အတြင္း တည္ရွိျပီး Cusco ျမိဳ႕မွ Sicuani ျမိဳ႕သုိ႔ ေျပးဆြဲေသာ ဘတ္စ္ကားတစ္စီးစီးကို စီးရမည္ ျဖစ္သည္။

အဆိုပါ ဘတ္စ္ကားမ်ားသည္ Cusco ျမိဳ႕မွ မိနစ္ ၂၀ လွ်င္ တစ္ၾကိမ္ထြက္သည္။

ထိုခရီးစဥ္မွာ ၂ နာရီဝန္းက်င္ခန္႔ ၾကာျမင့္မည္ျဖစ္ျပီး ထိုမွတဖန္ Pitumarca ခရိုင္သို႔ အမ်ားျပည္သူသံုး ကားလိုင္းျဖင့္ ၁၀ မိနစ္ခန္႔ ထပ္မံ ကားစီးရမည္ ျဖစ္သည္။

Pitumarca ခရိုင္သို႔ေရာက္လွ်င္ ကားတစ္စီးထပ္ငွားကာ Japura ေတာင္ၾကားသို႔ သြားရမည္ျဖစ္သည္။

ထိုလမ္းေၾကာင္းတစ္ေလွ်ာက္မွာကား လမ္းခင္းမထားေသာေၾကာင့္ ခရီးလမ္းၾကမ္းတမ္းမည္ျဖစ္ရာ ကားမူးတတ္သူမ်ားအေနျဖင့္ ၾကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္သြားသင့္သည္။

အျခားသြားေရာက္ႏိုင္မည့္ လမ္းေၾကာင္းတစ္ခုမွာ ခရီးသြားေအဂ်င္စီတစ္ခုျဖင့္ ခ်ိတ္ဆက္ကာ သြားျခင္းျဖစ္သည္။

ခရီးသြားေအဂ်င္စီမ်ားက သင့္အား ေရာင္စံုေတာင္တန္းမ်ားသို႔ ပို႔ေဆာင္ေပးျပီးလွ်င္ အျပန္ခရီးတြင္ အခ်ဳိ႕ေနရာမ်ား၌ ရပ္နားမည္ျဖစ္ရာ ျမစ္နီျမစ္သို႔ေရာက္လွ်င္ ရႈေမွ်ာ္ခင္းၾကည့္ရင္း ဓာတ္ပံုရိုက္ႏိုင္မည္ ျဖစ္သည္။

(မွတ္ခ်က္။ သက္တန္႔ေရာင္စံုေတာင္တန္းသို႔ ေရာက္ႏိုင္သည့္လမ္းေၾကာင္း ၂ ခုရွိသည္။ Cusco- Pitumarca-Vinicunca လမ္းေၾကာင္းမွ သြားလိုေၾကာင္း ခရီးသြားေအဂ်င္စီကို ေျပာပါ။ Cusipata လမ္းေၾကာင္းမွသြားလွ်င္ အနီေရာင္ျမစ္ကို ေတြ႔ရမည္ မဟုတ္ပါ။)

(Palccoyo သက္တန္႔ေတာင္တန္းမွာရွိတဲ့ အနီေရာင္ျမစ္ကို ဘယ္လိုသြားမလဲ)

Palccoyo သည္ မၾကာေသးမီကမွ ရွာေဖြေတြ႔ရွိေသာ သက္တန္႔ေတာင္တစ္ခုျဖစ္ျပီး Combapata ခရိုင္တြင္ တည္ရွိကာ Cusco ျမိဳ႕၏အေရွ႕ဘက္ ၂ နာရီခရီးသြားရသည္။

ထိုေနရာသို႔ သြားမည္ဆိုပါက Cusco- Sicuani ဘတ္စ္ကားကိုစီးကာ Combapata ခရိုင္တြင္ ဆင္းပါ။

ထိုေနရာမွ ျမစ္နီျမစ္ရွိသည့္ Palccoyo သို႔သြားရန္ အမ်ားျပည္သူသံုး သယ္ယူပို႔ေဆာင္ေရးစနစ္မရွိေခ်။

ထို႔ေၾကာင့္ ကားတစ္စီးငွားကာ သြားရမည္ျဖစ္သည္။ အငွားကားျဖင့္ ဖုန္လမ္းကေလးတစ္ခုမွ တစ္နာရီခြဲခန္႔ စီးရမည္ ျဖစ္သည္။

အျခားနည္းလမ္းတစ္ခုမွာ ခရီးသြားေအဂ်င္စီတစ္ခုျဖင့္ ဆက္သြယ္ကာ သြားေရာက္ျခင္းျဖစ္သည္။

ခရီးသြားေအဂ်င္စီျဖင့္သြားလွ်င္ သယ္ယူပို႔ေဆာင္ေရးအျပင္ အစားအစာႏွင့္ ဧည့္လမ္းညႊန္တစ္ဦးပါ ပါဝင္မည္ျဖစ္သည္။

(ဘာေၾကာင့္ အနီေရာင္ျဖစ္ေနတာလဲ)

ျမစ္ေရမ်ား အနီေရာင္ျဖစ္ေစရသည့္အေၾကာင္းမွာ ေတာင္တန္းမ်ားႏွင့္ ေတာင္ၾကားမ်ားရွိ သတၱဳဓာတ္အမ်ဳိးမ်ဳိး ရွိေနေသာ ေျမဆီလႊာမ်ားကို ေရတိုက္စားရာမွတဆင့္ ျဖစ္ေပၚလာျခင္းျဖစ္သည္။ အိုင္းယြန္းေအာက္ဆိုက္ဒ္မ်ား ျပည့္ႏွက္ေနေသာ အနီေရာင္သဲေက်ာက္မ်ားကို ေရတိုက္စားရာမွ ေသြးနီေရာင္ ေရမ်ား ေပၚေပါက္လာျခင္း ျဖစ္သည္။

ေတာင္ေစာင္းမ်ားရွိ ဤသတၱဳဓာတ္ၾကြယ္ဝေသာ အနည္က်က်ေက်ာက္မ်ားသည္ မိုးရြာခ်ိန္တြင္ တိုက္စားျခင္းခံရကာ ေရအေရာင္မွာ အနီေရာင္ (သို႔မဟုတ္) ပန္းေရာင္အျဖစ္ ေပၚေပါက္လာသည္။

(မိုးရြာသြန္းမႈ ပမာဏအေပၚမူတည္ျပီး အေရာင္ကြဲျပားသြားသည္)

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Things you should know before visiting the red river in Peru (abexpeditions)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service