ကိုရီးယားရုပ်ရှင်ကြယ်ပွင့် Yoo Ah In ၏ ဆိုးလ်မြို့တော်မှ ရင်သပ်ရှုမောဖွယ် ဒေါ်လာ ၅ သန်းတန် စံအိမ်

ကိုရီးယားရုပ်ရှင်ကြယ်ပွင့် Yoo Ah In ၏ ဆိုးလ်မြို့တော်မှ ရင်သပ်ရှုမောဖွယ် ဒေါ်လာ ၅ သန်းတန် စံအိမ် - Property News in Myanmar from iMyanmarHouse.com
31 Oct 2022 10:38 am တွင် တင်ခဲ့သည်
1181 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Yoo Ah-in ၏ အမည်ရင်းမှာ Uhm Hong-sik ဖြစ်ပြီး ၁၉၈၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်တွင် မွေးဖွားကာ တောင်ကိုရီးယားရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာတစ်ဦး ဖြစ်သည်။

ရုပ်သံနှင့် ရုပ်ရှင်နယ်နှစ်ခုလုံးတွင် ပါဝင်သရုပ်ဆောင်မှုများ ပြုလုပ်ခဲ့သည်။ Yoo Ah-in သည် ရုပ်ရှင်ဆုပေါင်းများစွာ ရရှိထားရာ Asian Film Awards၊ Fantasia နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှ Cheval Noir ဆု၊ Blue Dragon Film Awards ၂ ဆုနှင့် Baeksang Arts Awards ဆု ၂ ခုတို့ အပါအဝင် ဖြစ်သည်။

Punch (၂၀၁၁)၊ ဇာတ်မြူးတစ်ခုဖြစ်သော Secret Affair (၂၀၁၄)၊ ဝက်ဝက်ကွဲအောင်မြင်ခဲ့သည့် အက်ရှင်ဇာတ်ကား Veteran (၂၉၁၅)၊ သမိုင်းနောက်ခံ ဒရာမာ The Throne (၂၀၁၅)၊ သမိုင်းနောက်ခံ ရုပ်ရှင်ဇာတ်လမ်းတွဲ Six Flying Dragons (၂၀၁၅-၂၀၁၆)၊ စိတ္တဇဆန်ဆန် လျှို့ဝှက်ဆန်းကြယ် Burning (၂၀၁၈)၊ zombie ဇာတ်ကား #Alive (၂၀၂၀)၊ မှုခင်းဒရာမာ Voice of Silence (၂၀၂၀)နှင့် Hellbound (၂၀၂၁) ရုပ်ရှင်ဇာတ်လမ်းတွဲများတွင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုများဖြင့် နာမည်ကျော်သည်။

Yoo Ah-in တွင် အစ်မ ၂ ယောက်ရှိသည်။

Yoo Ah-in သည် ဆိုးလ်မြို့တော် Hannam-dong အရပ်တွင် Studio Concrete အမည်ရှိ ပန်းချီပြခန်းတစ်ခု ပိုင်ဆိုင်ထားသည့်အပြင် ဆိုးလ်မြို့တော်၊ Itaewon အရပ်ရှိ TMI (Too Much Information) အမည်ရှိ ကိုရီးယားစားသောက်ဆိုင်တစ်ခု၏ ရင်းနှီးမြှုပ်နှံသူ၊ စီးပွားဖက်တစ်ဦးလည်း ဖြစ်သည်။

Yoo Ah-in သည် စာရေးဆရာတစ်ဦးလည်း ဖြစ်၏။

Tom Paper အမည်ရှိ ဖက်ရှင်မဂ္ဂဇင်းတွင် အယ်ဒီတာချုပ်အဖြစ် ၂၀၁၄ မှ ၂၀၁၆ ခုနှစ်အထိ လုပ်ကိုင်ခဲ့သည့်အပြင် InStyle Korea နှင့် Movieweek တို့ကဲ့သို့ မဂ္ဂဇင်းများတွင် ဆောင်းပါးများစွာ ရေးသားခဲ့သည်။

I Live Alone ရုပ်သံအစီအစဉ်တွင် Yoo Ah In က သူ၏ နေအိမ်အကြောင်း ပထမဆုံး ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ နေအိမ်ကို Yoo Ah In က ၂၀၁၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(Yoo Ah In နေထိုင်ရာ Itaewon အရပ်တွင် အောက်တိုဘာလ ၂၉ ရက်က Halloween ပွဲတော်ကျင်းပရာ လူပေါင်း ၁၅၀ ကျော် သေဆုံးမှု ဖြစ်ပွားခဲ့သည်။)

 

Yoo Ah In ၏ စံအိမ်သည် ဆိုးလ်မြို့တော်၊ Itaewon အရပ်တွင် တည်ရှိပြီး မြေအောက်ထပ်နှင့် မြေပေါ် ၃ ထပ်အပါအဝင် စုစုပေါင်း ၄ ထပ် အဆောက်အအုံတစ်ခု ဖြစ်သည်။

အထပ်တိုင်းတွင် မိမိနှစ်သက်သည့် အိမ်တွင်းမွမ်းမံမှုဒီဇိုင်းများစွာ ပေါင်းစပ်ထားကြောင်း Yoo Ah In က ပြောသည်။

“ကျွန်တော့်အိမ်က ဒီဇိုင်းဟန်တစ်မျိုးတည်း မဟုတ်ပါဘူး။ အများကြီး ပေါင်းစပ်ထားပါတယ်။ ကျွန်တော်ကြိုက်တဲ့ ဒီဇိုင်းတိုင်းကို ယူထားတယ်”

 

(ကျယ်ဝန်းသော ဧည့်ခန်းသည်…….)

 

(ညစာစားခန်းနှင့် ဆက်သွယ်ထားပြီး အနီးတွင် ခေတ်မီ မီးဖိုဆောင် တည်ရှိသည်။)

 

(အထူး ဝိုင်လှောင်သည့်နေရာနှင့် အရသာမြည်းစမ်းခန်းလည်း ပါဝင်ရာ Yoo Ah In အနေဖြင့် စိတ်ဖြေလျှော့မှုများ ပြုလုပ်နိုင်မည့်နေရာကလေး ဖြစ်ပြီး…………)

 

(အိမ်နောက်ဘက်ဆ်ီတွင်ကား ပန်းဥယျာဉ်ငယ်ကလေးတစ်ခု ရှိသည်)

 

(Yoo Ah In ၏ စံအိမ်တွင် အနုပညာလက်ရာများလည်း စုဆောင်းထားရှိသည်)

 

(Yoo Ah In ၏ အိပ်ခန်းနှင့်………….)

 

(ကျယ်ဝန်းသော ရေချိုးခန်းများ။ တစ်ခုမှာ သူ့အတွက်ဖြစ်ပြီး………..)

 

(အခြားရေချိုးခန်းတစ်ခုမှာ သူ၏ ကြောင်များအတွက်ဖြစ်သည်)

(အမိုးပေါ်နေရာမှတဆင့် ဆိုးလ်မြို့တော်ကြီး၏ အသက်ရှူမှားလောက်ဖွယ် ရှုမျှော်ခင်းများကို ကြည့်ရှုနိုင်သည်)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Take A Look Inside Actor Yoo Ah In’s Jaw-Dropping 5 Million Dollar House (koreaboo, wikipedia)

 

 

[Zawgyi]

ကိုရီးယားရုပ္ရွင္ၾကယ္ပြင့္ Yoo Ah In ၏ ဆိုးလ္ျမိဳ႕ေတာ္မွ ရင္သပ္ရႈေမာဖြယ္ ေဒၚလာ ၅ သန္းတန္ စံအိမ္

 

Yoo Ah-in ၏ အမည္ရင္းမွာ Uhm Hong-sik ျဖစ္ျပီး ၁၉၈၆ ခုႏွစ္၊ ေအာက္တိုဘာလ ၆ ရက္တြင္ ေမြးဖြားကာ ေတာင္ကိုရီးယားရုပ္ရွင္သရုပ္ေဆာင္၊ ဒါရိုက္တာတစ္ဦး ျဖစ္သည္။

ရုပ္သံႏွင့္ ရုပ္ရွင္နယ္ႏွစ္ခုလံုးတြင္ ပါဝင္သရုပ္ေဆာင္မႈမ်ား ျပဳလုပ္ခဲ့သည္။ Yoo Ah-in သည္ ရုပ္ရွင္ဆုေပါင္းမ်ားစြာ ရရွိထားရာ Asian Film Awards၊ Fantasia ႏိုင္ငံတကာ ရုပ္ရွင္ပြဲေတာ္မွ Cheval Noir ဆု၊ Blue Dragon Film Awards ၂ ဆုႏွင့္ Baeksang Arts Awards ဆု ၂ ခုတို႔ အပါအဝင္ ျဖစ္သည္။

Punch (၂၀၁၁)၊ ဇာတ္ျမဴးတစ္ခုျဖစ္ေသာ Secret Affair (၂၀၁၄)၊ ဝက္ဝက္ကြဲေအာင္ျမင္ခဲ့သည့္ အက္ရွင္ဇာတ္ကား Veteran (၂၉၁၅)၊ သမိုင္းေနာက္ခံ ဒရာမာ The Throne (၂၀၁၅)၊ သမိုင္းေနာက္ခံ ရုပ္ရွင္ဇာတ္လမ္းတြဲ Six Flying Dragons (၂၀၁၅-၂၀၁၆)၊ စိတၱဇဆန္ဆန္ လွ်ိဳ႕ဝွက္ဆန္းၾကယ္ Burning (၂၀၁၈)၊ zombie ဇာတ္ကား #Alive (၂၀၂၀)၊ မႈခင္းဒရာမာ Voice of Silence (၂၀၂၀)ႏွင့္ Hellbound (၂၀၂၁) ရုပ္ရွင္ဇာတ္လမ္းတြဲမ်ားတြင္ ေခါင္းေဆာင္မင္းသားအျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့မႈမ်ားျဖင့္ နာမည္ေက်ာ္သည္။

Yoo Ah-in တြင္ အစ္မ ၂ ေယာက္ရွိသည္။

Yoo Ah-in သည္ ဆိုးလ္ျမိဳ႕ေတာ္ Hannam-dong အရပ္တြင္ Studio Concrete အမည္ရွိ ပန္းခ်ီျပခန္းတစ္ခု ပိုင္ဆိုင္ထားသည့္အျပင္ ဆိုးလ္ျမိဳ႕ေတာ္၊ Itaewon အရပ္ရွိ TMI (Too Much Information) အမည္ရွိ ကိုရီးယားစားေသာက္ဆိုင္တစ္ခု၏ ရင္းႏွီးျမွဳပ္ႏွံသူ၊ စီးပြားဖက္တစ္ဦးလည္း ျဖစ္သည္။

Yoo Ah-in သည္ စာေရးဆရာတစ္ဦးလည္း ျဖစ္၏။

Tom Paper အမည္ရွိ ဖက္ရွင္မဂၢဇင္းတြင္ အယ္ဒီတာခ်ဳပ္အျဖစ္ ၂၀၁၄ မွ ၂၀၁၆ ခုႏွစ္အထိ လုပ္ကိုင္ခဲ့သည့္အျပင္ InStyle Korea ႏွင့္ Movieweek တို႔ကဲ့သို႔ မဂၢဇင္းမ်ားတြင္ ေဆာင္းပါးမ်ားစြာ ေရးသားခဲ့သည္။

I Live Alone ရုပ္သံအစီအစဥ္တြင္ Yoo Ah In က သူ၏ ေနအိမ္အေၾကာင္း ပထမဆံုး ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

အဆိုပါ ေနအိမ္ကို Yoo Ah In က ၂၀၁၆ ခုႏွစ္အတြင္း ကန္ေဒၚလာ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

(Yoo Ah In ေနထိုင္ရာ Itaewon အရပ္တြင္ ေအာက္တိုဘာလ ၂၉ ရက္က Halloween ပြဲေတာ္က်င္းပရာ လူေပါင္း ၁၅၀ ေက်ာ္ ေသဆံုးမႈ ျဖစ္ပြားခဲ့သည္။)

Yoo Ah In ၏ စံအိမ္သည္ ဆိုးလ္ျမိဳ႕ေတာ္၊ Itaewon အရပ္တြင္ တည္ရွိျပီး ေျမေအာက္ထပ္ႏွင့္ ေျမေပၚ ၃ ထပ္အပါအဝင္ စုစုေပါင္း ၄ ထပ္ အေဆာက္အအံုတစ္ခု ျဖစ္သည္။

အထပ္တိုင္းတြင္ မိမိႏွစ္သက္သည့္ အိမ္တြင္းမြမ္းမံမႈဒီဇိုင္းမ်ားစြာ ေပါင္းစပ္ထားေၾကာင္း Yoo Ah In က ေျပာသည္။

“ကၽြန္ေတာ့္အိမ္က ဒီဇိုင္းဟန္တစ္မ်ဳိးတည္း မဟုတ္ပါဘူး။ အမ်ားၾကီး ေပါင္းစပ္ထားပါတယ္။ ကၽြန္ေတာ္ၾကိဳက္တဲ့ ဒီဇိုင္းတိုင္းကို ယူထားတယ္”

(က်ယ္ဝန္းေသာ ဧည့္ခန္းသည္…….)

(ညစာစားခန္းႏွင့္ ဆက္သြယ္ထားျပီး အနီးတြင္ ေခတ္မီ မီးဖိုေဆာင္ တည္ရွိသည္။)

(အထူး ဝိုင္ေလွာင္ေလွာင္သည့္ေနရာႏွင့္ အရသာျမည္းစမ္းခန္းလည္း ပါဝင္ရာ Yoo Ah In အေနျဖင့္ စိတ္ေျဖေလွ်ာ့မႈမ်ား ျပဳလုပ္ႏိုင္မည့္ေနရာကေလး ျဖစ္ျပီး…………)

(အိမ္ေနာက္ဘက္ဆီ္တြင္ကား ပန္းဥယ်ာဥ္ငယ္ကေလးတစ္ခု ရွိသည္)

(Yoo Ah In ၏ စံအိမ္တြင္ အႏုပညာလက္ရာမ်ားလည္း စုေဆာင္းထားရွိသည္)

(Yoo Ah In ၏ အိပ္ခန္းႏွင့္………….)

(က်ယ္ဝန္းေသာ ေရခ်ဳိးခန္းမ်ား။ တစ္ခုမွာ သူ႔အတြက္ျဖစ္ျပီး………..)

(အျခားေရခ်ဳိးခန္းတစ္ခုမွာ သူ၏ ေၾကာင္မ်ားအတြက္ျဖစ္သည္)

(အမိုးေပၚေနရာမွတဆင့္ ဆိုးလ္ျမိဳ႕ေတာ္ၾကီး၏ အသက္ရွဴမွားေလာက္ဖြယ္ ရႈေမွ်ာ္ခင္းမ်ားကို ၾကည့္ရႈႏိုင္သည္)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Take A Look Inside Actor Yoo Ah In’s Jaw-Dropping 5 Million Dollar House (koreaboo, wikipedia)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service