ဒေါ်လာ ၁၄၁ သန်းတန် စတုရန်းပေ တစ်သိန်းကျော်ကျယ်သော လော့စ်အိန်ဂျလိစံအိမ်ကြီး၏ မီတာခ တစ်လလျှင် မြန်မာငွေ သိန်း ၁၀၀၀ ကျော် ကျသင့်

ဒေါ်လာ ၁၄၁ သန်းတန် စတုရန်းပေ တစ်သိန်းကျော်ကျယ်သော လော့စ်အိန်ဂျလိစံအိမ်ကြီး၏ မီတာခ တစ်လလျှင် မြန်မာငွေ သိန်း ၁၀၀၀ ကျော် ကျသင့် - Property News in Myanmar from iMyanmarHouse.com
6 Oct 2022 10:22 am တွင် တင်ခဲ့သည်
1401 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ Bel Air အရပ်တွင် စတုရန်းပေ ၁၀၅၀၀၀ ကျယ်ဝန်းသော စံအိမ်ကြီးတစ်လုံးရှိပြီး ယင်းဒေသ၏ တန်ဖိုးအကြီးမားဆုံး စံအိမ်ကြီးလည်း ဖြစ်သည်။

ယင်းစံအိမ်ကြီး၏ မီတာခမှာ တစ်လလျှင် ကန်ဒေါ်လာ ၅၀၀၀၀ ကျော် ကျသင့်ရာ မြန်မာကျပ်ငွေအားဖြင့် သိန်း ၁၀၅၀ ကျော်ဖြစ်သည်။

(မှတ်ချက်။ အမေရိကန် ၁ ဒေါ်လာလျှင် သတ်မှတ်ငွေလဲနှုန်း မြန်မာငွေ ၂၁၀၀ ကျပ်ဖြင့် တွက်ချက်ထားခြင်းဖြစ်ပြီး မြေပြင်ဈေးနှုန်းဖြင့်ဆိုလျှင် ကွာခြားမှုရှိနိုင်ပါသည်)

ကန်ဒေါ်လာ ၁၄၁ သန်းတန်ကြေးရှိသော စံအိမ်ကြီးကို The One ဟု အမည်ပေးထားပြီး အမေရိကန်ပြည်ထောင်စုတွင် အကြီးမားဆုံး ခေတ်မီစံအိမ်ကြီးအဖြစ် ယူဆရသည်။

ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းတွင် မကြာသေးမီ ရက်သတ္တပတ်များအတွင်း အပူချိန်လွန်ကဲစွာ မြင့်တက်နေရာ အလွန်တရာကြီးမားလှသော ယင်းစံအိမ်ကြီးကို အအေးဓာတ်ပေးရန် လျှပ်စစ်ဓာတ်များစွာ ကုန်ကျမည် ဖြစ်သည်။

Brody Pennell လေအေးပေးစက်ကုမ္ပဏီမှ ဥက္ကဌဖြစ်သူ လော့ရန့်စ် ကက်စ်တီလိုက လော့စ်အိန်ဂျလိတိုင်းမ် သတင်းစာကြီးသို့ ပြောသည်မှာ ယခုအိမ်ကြီးတွင်ရှိသော လျှပ်စစ်ပစ္စည်းများ အင်အားပြည့် လည်ပတ်စေမည် ဆိုပါက မီတာခမှာ တစ်လလျှင် ကန်ဒေါ်လာ ၅၀၀၀၀ ဝန်းကျင် ကျသင့်လိမ့်မည်ဖြစ်ကြောင်း ပြောသည်။

Airole Way လမ်း၊ အမှတ် ၉၄၄ တွင် တည်ရှိသော မဟာစံအိမ်ကြီးတွင် ပါဝင်သည့်အရာများကို အခြေခံကာ ကက်စ်တီလိုက တွက်ချက်ထားခြင်း ဖြစ်သည်။

စံအိမ်ကြီးအတွင်း ပါဝင်သည်များကား မီးဖိုဆောင်နှင့် တွဲလျက်ဆောက်လုပ်ထားသော အစားအစာများ ထားသိုခန်း၊ ဘိုးလင်းကစားခန်း၊ ရုပ်ရှင်ရုံ၊ အချိုရည်နှင့်မုန့်များ ထားသိုခန်း၊ စတုရန်းပေ ၄၀၀၀ ကျယ်ဝန်းသော ဧည့်ဂေဟာအိမ်တစ်လုံး၊ ကုန်းပတ်နေရာပါသော ရေကူးကန်ဘေးအိမ်၊ ညကလပ်တစ်ခု၊ ဝန်ဆောင်မှု အပြည့်ပါသော အလှပြင်ခန်းမနှင့် Spa တို့ ပါဝင်သည်။

စုစုပေါင်းအားဖြင့် စံအိမ်ကြီးအတွင်း အိပ်ခန်းပေါင်း ၂၁ ခန်းနှင့် ရေချိုးခန်းပေါင်း ၄၂ ခန်းအထိ ရှိသည်။

လော့စ်အိန်ဂျလိတိုင်းမ်သတင်းစာကြီးတွင် ဖော်ပြချက်အရ စံအိမ်ကြီးအတွက် ဝယ်လက်ရှာပေးသူက ခန့်မှန်းရာတွင် မီတာခမှာ လစဉ် ကန်ဒေါ်လာ ၂၇၀၀၀ ခန့် ကျသင့်နိုင်ကြောင်း ခန့်မှန်းသည်ဟု ဆိုသည်။

 

(စတုရန်းပေ ၁၀၅၀၀၀ ကျယ်ဝန်းသော The One စံအိမ်ကြီးတွင် အိပ်ခန်း ၂၁ ခန်းနှင့် ရေချိုးခန်း ၄၂ ခန်း ရှိသည်။ ဓာတ်ပုံ Tamara Beckwith )

ကက်စတီလိုက လော့စ်အိန်ဂျလိတိုင်းမ်သတင်းစာကြီးသို့ ပြောသည်မှာ The One စံအိမ်ကြီး၏ အရွယ်အစားဆိုလျှင် HVAC စနစ်ပေါင်း ၅၀ ဝန်းကျင်လိုအပ်မည်ဟု ခန့်မှန်းကြောင်း ပြောသည်။

“သီအိုရီအရဆိုရင်တော့ စတုရန်းပေ ၁၀၀၀၀၀ ရှိတဲ့စံအိမ်ရဲ့ မီတာခဟာ စတုရန်းပေ ၂၅၀၀ ကျယ်ဝန်းတဲ့နေအိမ်ပေါင်း အလုံး ၄၀ ရဲ့ မီတာခနဲ့ ညီမျှလိမ့်မှာ ဖြစ်ပါတယ်”ဟု ကက်စတီလိုက ပြောသည်။

ဤစံအိမ်တွင် နေထိုင်သူသည် လေအေးပေးစက်အတွက် စဉ်းစားရမည်သာမက နေအိမ်တွင်းရှိ ရေကူးကန် ရေစစ်များ၊ ရေစုပ်စက်များ၊ ရေတံခွန်များ၊ ဓာတ်လှေကားများနှင့် ရေခဲသေတ္တာများအပါအဝင် အမျိုးမျိုးသော အိမ်သုံးပစ္စည်းများ ၊ စက်ကိရိယာများအတွက် စွမ်းအင်လိုအပ်မည် ဖြစ်သည်။

 

(ကယ်လီဖိုးနီးယားပြည်နယ်တွင် အပူလှိုင်းကျရောက်နေရာ အပူချိန်မှာ နွေရာသီတွင် ဖာရင်ဟိုက် ရာဂဏန်းခန့် ရှိနေသည်။ ဓာတ်ပုံ Getty Images)

ပူပြင်းခြောက်သွေ့ကာ အပူချိန်အလွန်မြင့်တက်နေသော နွေရာသီကို ဖြတ်သန်းနေရသည့် ကယ်လီဖိုးနီးယားပြည်နယ်တွင် ပြည်နယ်အစိုးရက ပြည်သူတို့အား လျှပ်စစ်ဓာတ်သုံးစွဲမှု လျှော့ချရန် တိုက်တွန်းရလျက်ရှိသည်။

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆမ်က ယခုလအစောပိုင်းတွင် သူ၏ တွစ်တာအကောင့်၌ ပြည်သူများကို လျှပ်စစ်ဓာတ်အားချွေတာကြရန် တောင်းဆိုခဲ့သည်။

သို့သော် သူ၏ ဓာတ်ပုံတွင် တွေ့ရသည်မှာ ဂါဗင် နယူးဆမ်သည် သိုးမွှေးကုတ်အင်္ကျီတစ်ထည်ဝတ်ဆင်ထားပြီး လေအေးပေးစက်တပ် အခန်းအတွင်း ရှိနေဟန်ရသည်။ ထို့ကြောင့် သူတော်ကောင်းယောင်ဆောင်သောသူဟု ပြည်သူများက ဝေဖန်ကြသည်။

“ကျွန်တော်တို့ရဲ့ စွမ်းအင်ဓာတ်အားလိုင်းက ဝန်ဆောင်မှု အမြင့်ဆုံးပေးရလျက်ရှိနေတာကြောင့် ဓာတ်အားပြတ်မယ့်အန္တရာယ် ရှိနေပါတယ်။ ပြည်သူတွေ တစ်ဦးချင်းစီအနေနဲ့ ညနေ ၄ နာရီကျော်ရင် စွမ်းအင်သုံးစွဲမှု ၂ ဆလောက် လျှော့ချဖို့ လိုပါတယ်”ဟု နယူးဆမ်က ပြောသည်။

ယခုနှစ် မတ်လတွင် လက်လီကုမ္ပဏီ Fashion Nova ကို တည်ထောင်သူ Richard Saghian က ဤစံအိမ်ကြီးကို ကန်ဒေါ်လာ ၁၄၁ သန်းဖြင့် လေလံဆွဲခဲ့ရာ အမေရိကန် ဒေဝါလီ တရားရုံး တရားသူကြီးတစ်ဦးက အတည်ပြုပေးခဲ့သည်။

Saghian သည် စံအိမ်ကြီး၏ ဈေးကွက်တင်ခေါ်ဈေး ကန်ဒေါ်လာ ၂၉၅ မှ ထက်ဝက်ခန့် ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: $141M Bel Air mega mansion’s electric bill reaches $50K a month: report (nypost)

 

 

 

[Zawgyi]

ေဒၚလာ ၁၄၁ သန္းတန္ စတုရန္းေပ တစ္သိန္းေက်ာ္က်ယ္ေသာ ေလာ့စ္အိန္ဂ်လိစံအိမ္ၾကီး၏ မီတာခ တစ္လလွ်င္ ျမန္မာေငြ သိန္း ၁၀၀၀ ေက်ာ္ က်သင့္

 

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Bel Air အရပ္တြင္ စတုရန္းေပ ၁၀၅၀၀၀ က်ယ္ဝန္းေသာ စံအိမ္ၾကီးတစ္လံုးရွိျပီး ယင္းေဒသ၏ တန္ဖိုးအၾကီးမားဆံုး စံအိမ္ၾကီးလည္း ျဖစ္သည္။

ယင္းစံအိမ္ၾကီး၏ မီတာခမွာ တစ္လလွ်င္ ကန္ေဒၚလာ ၅၀၀၀၀ ေက်ာ္ က်သင့္ရာ ျမန္မာက်ပ္ေငြအားျဖင့္ သိန္း ၁၀၅၀ ေက်ာ္ျဖစ္သည္။

(မွတ္ခ်က္။ အေမရိကန္ ၁ ေဒၚလာလွ်င္ သတ္မွတ္ေငြလဲႏႈန္း ျမန္မာေငြ ၂၁၀၀ က်ပ္ျဖင့္ တြက္ခ်က္ထားျခင္းျဖစ္ျပီး ေျမျပင္ေစ်းႏႈန္းျဖင့္ဆိုလွ်င္ ကြာျခားမႈရွိႏိုင္ပါသည္)

ကန္ေဒၚလာ ၁၄၁ သန္းတန္ေၾကးရွိေသာ စံအိမ္ၾကီးကို The One ဟု အမည္ေပးထားျပီး အေမရိကန္ျပည္ေထာင္စုတြင္ အၾကီးမားဆံုး ေခတ္မီစံအိမ္ၾကီးအျဖစ္ ယူဆရသည္။

ကယ္လီဖုိးနီးယားျပည္နယ္ေတာင္ပိုင္းတြင္ မၾကာေသးမီ ရက္သတၱပတ္မ်ားအတြင္း အပူခ်ိန္လြန္ကဲစြာ ျမင့္တက္ေနရာ အလြန္တရာၾကီးမားလွေသာ ယင္းစံအိမ္ၾကီးကို အေအးဓာတ္ေပးရန္ လွ်ပ္စစ္ဓာတ္မ်ားစြာ ကုန္က်မည္ ျဖစ္သည္။

Brody Pennell ေလေအးေပးစက္ကုမၸဏီမွ ဥကၠဌျဖစ္သူ ေလာ့ရန္႔စ္ ကက္စ္တီလိုက ေလာ့စ္အိန္ဂ်လိတုိင္းမ္ သတင္းစာၾကီးသို႔ ေျပာသည္မွာ ယခုအိမ္ၾကီးတြင္ရွိေသာ လွ်ပ္စစ္ပစၥည္းမ်ား အင္အားျပည့္ လည္ပတ္ေစမည္ ဆိုပါက မီတာခမွာ တစ္လလွ်င္ ကန္ေဒၚလာ ၅၀၀၀၀ ဝန္းက်င္ က်သင့္လိမ့္မည္ျဖစ္ေၾကာင္း ေျပာသည္။

Airole Way လမ္း၊ အမွတ္ ၉၄၄ တြင္ တည္ရွိေသာ မဟာစံအိမ္ၾကီးတြင္ ပါဝင္သည့္အရာမ်ားကို အေျခခံကာ ကက္စ္တီလိုက တြက္ခ်က္ထားျခင္း ျဖစ္သည္။

စံအိမ္ၾကီးအတြင္း ပါဝင္သည္မ်ားကား မီးဖိုေဆာင္ႏွင့္ တြဲလ်က္ေဆာက္လုပ္ထားေသာ အစားအစာမ်ား ထားသိုခန္း၊ ဘိုးလင္းကစားခန္း၊ ရုပ္ရွင္ရံု၊ အခ်ဳိရည္ႏွင့္မုန္႔မ်ား ထားသိုခန္း၊ စတုရန္းေပ ၄၀၀၀ က်ယ္ဝန္းေသာ ဧည့္ေဂဟာအိမ္တစ္လံုး၊ ကုန္းပတ္ေနရာပါေသာ ေရကူးကန္ေဘးအိမ္၊ ညကလပ္တစ္ခု၊ ဝန္ေဆာင္မႈ အျပည့္ပါေသာ အလွျပင္ခန္းမႏွင့္ Spa တို႔ ပါဝင္သည္။

စုစုေပါင္းအားျဖင့္ စံအိမ္ၾကီးအတြင္း အိပ္ခန္းေပါင္း ၂၁ ခန္းႏွင့္ ေရခ်ဳိးခန္းေပါင္း ၄၂ ခန္းအထိ ရွိသည္။

ေလာ့စ္အိန္ဂ်လိတိုင္းမ္သတင္းစာၾကီးတြင္ ေဖာ္ျပခ်က္အရ စံအိမ္ၾကီးအတြက္ ဝယ္လက္ရွာေပးသူက ခန္႔မွန္းရာတြင္ မီတာခမွာ လစဥ္ ကန္ေဒၚလာ ၂၇၀၀၀ ခန္႔ က်သင့္ႏိုင္ေၾကာင္း ခန္႔မွန္းသည္ဟု ဆိုသည္။

(စတုရန္းေပ ၁၀၅၀၀၀ က်ယ္ဝန္းေသာ The One စံအိမ္ၾကီးတြင္ အိပ္ခန္း ၂၁ ခန္းႏွင့္ ေရခ်ိဳးခန္း ၄၂ ခန္း ရွိသည္။ ဓာတ္ပံု Tamara Beckwith )

ကက္စတီလိုက ေလာ့စ္အိန္ဂ်လိတုိင္းမ္သတင္းစာၾကီးသို႔ ေျပာသည္မွာ The One စံအိမ္ၾကီး၏ အရြယ္အစားဆိုလွ်င္ HVAC စနစ္ေပါင္း ၅၀ ဝန္းက်င္လိုအပ္မည္ဟု ခန္႔မွန္းေၾကာင္း ေျပာသည္။

“သီအိုရီအရဆိုရင္ေတာ့ စတုရန္းေပ ၁၀၀၀၀၀ ရွိတဲ့စံအိမ္ရဲ႕ မီတာခဟာ စတုရန္းေပ ၂၅၀၀ က်ယ္ဝန္းတဲ့ေနအိမ္ေပါင္း အလံုး ၄၀ ရဲ႕ မီတာခနဲ႔ ညီမွ်လိမ့္မွာ ျဖစ္ပါတယ္”ဟု ကက္စတီလိုက ေျပာသည္။

ဤစံအိမ္တြင္ ေနထိုင္သူသည္ ေလေအးေပးစက္အတြက္ စဥ္းစားရမည္သာမက ေနအိမ္တြင္းရွိ ေရကူးကန္ ေရစစ္မ်ား၊ ေရစုပ္စက္မ်ား၊ ေရတံခြန္မ်ား၊ ဓာတ္ေလွကားမ်ားႏွင့္ ေရခဲေသတၱာမ်ားအပါအဝင္ အမ်ဳိးမ်ဳိးေသာ အိမ္သံုးပစၥည္းမ်ား ၊ စက္ကိရိယာမ်ားအတြက္ စြမ္းအင္လိုအပ္မည္ ျဖစ္သည္။

(ကယ္လီဖုိးနီးယားျပည္နယ္တြင္ အပူလႈိင္းက်ေရာက္ေနရာ အပူခ်ိန္မွာ ေႏြရာသီတြင္ ဖာရင္ဟိုက္ ရာဂဏန္းခန္႔ ရွိေနသည္။ ဓာတ္ပံု Getty Images)

ပူျပင္းေျခာက္ေသြ႔ကာ အပူခ်ိန္အလြန္ျမင့္တက္ေနေသာ ေႏြရာသီကို ျဖတ္သန္းေနရသည့္ ကယ္လီဖိုးနီးယားျပည္နယ္တြင္ ျပည္နယ္အစိုးရက ျပည္သူတုိ႔အား လွ်ပ္စစ္ဓာတ္သံုးစြဲမႈ ေလွ်ာ့ခ်ရန္ တိုက္တြန္းရလ်က္ရွိသည္။

ကယ္လီဖုိးနီးယားျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး ဂါဗင္ နယူးဆမ္က ယခုလအေစာပိုင္းတြင္ သူ၏ တြစ္တာအေကာင့္၌ ျပည္သူမ်ားကို လွ်ပ္စစ္ဓာတ္အားေခၽြတာၾကရန္ ေတာင္းဆိုခဲ့သည္။

သို႔ေသာ္ သူ၏ ဓာတ္ပံုတြင္ ေတြ႔ရသည္မွာ ဂါဗင္ နယူးဆမ္သည္ သိုးေမႊးကုတ္အကၤ် ီတစ္ထည္ဝတ္ဆင္ထားျပီး ေလေအးေပးစက္တပ္ အခန္းအတြင္း ရွိေနဟန္ရသည္။ ထို႔ေၾကာင့္ သူေတာ္ေကာင္းေယာင္ေဆာင္ေသာသူဟု ျပည္သူမ်ားက ေဝဖန္ၾကသည္။

“ကၽြန္ေတာ္တုိ႔ရဲ႕ စြမ္းအင္ဓာတ္အားလိုင္းက ဝန္ေဆာင္မႈ အျမင့္ဆံုးေပးရလ်က္ရွိေနတာေၾကာင့္ ဓာတ္အားျပတ္မယ့္အႏၱရာယ္ ရွိေနပါတယ္။ ျပည္သူေတြ တစ္ဦးခ်င္းစီအေနနဲ႔ ညေန ၄ နာရီေက်ာ္ရင္ စြမ္းအင္သံုးစြဲမႈ ၂ ဆေလာက္ ေလွ်ာ့ခ်ဖုိ႔ လိုပါတယ္”ဟု နယူးဆမ္က ေျပာသည္။

ယခုႏွစ္ မတ္လတြင္ လက္လီကုမၸဏီ Fashion Nova ကို တည္ေထာင္သူ Richard Saghian က ဤစံအိမ္ၾကီးကို ကန္ေဒၚလာ ၁၄၁ သန္းျဖင့္ ေလလံဆြဲခဲ့ရာ အေမရိကန္ ေဒဝါလီ တရားရံုး တရားသူၾကီးတစ္ဦးက အတည္ျပဳေပးခဲ့သည္။

Saghian သည္ စံအိမ္ၾကီး၏ ေစ်းကြက္တင္ေခၚေစ်း ကန္ေဒၚလာ ၂၉၅ မွ ထက္ဝက္ခန္႔ ေစ်းႏႈန္းျဖင့္ ဝယ္ယူႏုိင္ခဲ့ျခင္းလည္း ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: $141M Bel Air mega mansion’s electric bill reaches $50K a month: report (nypost)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service