ချစ်သောမျက်စိနဲ့ကြည့်တတ်ဖို့........

ချစ်သောမျက်စိနဲ့ကြည့်တတ်ဖို့........ - Property Knowledge in Myanmar from iMyanmarHouse.com
27 Sep 2022 12:51 pm တွင် တင်ခဲ့သည်
852 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ကျွန်တော်တို့ဘဝတွေ နိမ့်ကျလွန်းတော့ ဘုရားရှိခိုးရင် ဆုတွေ တသီကြီး တောင်းမိတတ်ကြတယ်။ သိန်းထီကြီးတွေ အကြိမ်ကြိမ် အခါခါပေါက်ပါစေ။ချစ်သောသူတွေနဲ့ တစ်သက်လုံးပေါင်းရပါစေ။ မချစ်မနှစ်သက်သူတွေနဲ့ ယခုလက်ငင်းပင် ကွေကွင်းပါစေလို့ အလကားတောင်းလို့ရနိုင်သမျှ ဆုတွေလွှတ်တောင်းတော့ တာပါပဲ။

တကယ်တော့ လူတိုင်းဟာရှာဖွေစားသောက်နေကြရတာပါပဲ။လူတိုင်းဆုတွေတောင်းကြတာပါပဲ။ဘယ်သူတွေ ဆုတောင်းပြည့်ခဲ့ကြသလဲ။အလိုမပြည့်လို့ ဆုတောင်းနေကြတာမို့လား။ဆုတောင်းလို့ရလာရင်တောင် အလိုကပြည့်မှာ မဟုတ်သေးပါဘူး။ျ…ငါဆုတောင်းလိုက်တာ နဲတောင်နဲသွားတယ်။ဒီလိုရမယ်မှန်းသိရင် ဒီထက်မက ဆုတောင်းပါတယ်ဆိုတာမျိုးဖြစ်လာဦးမှာပါပဲ။ချမ်းသာလွန်းလှတဲ့သူတွေကိုလည်း ကြည့်ပါဦး သူတို့လည်း ဘုရားခန်း အကျယ်ကြီးထားပြီး လိုတဲ့ဆုတွေ တောင်းနေကြပါသေးတယ်။

ကျွန်တော်တို့က ငွေရှိသူကိုသာကြည့်ပြီး အားကျနေကြတာပါ။ငွေရှိသူတွေရဲ့ဒုက္ခကို မမြင်ကြလို့ မသိကြလို့ပါ။ သူတို့မှာလည်း ဘယ်လိုဒုက္ခတွေနဲ့ရင်ဆိုင်နေကြရလဲဆိုတာ သူတို့မှပဲ သိပါလိမ့်မယ်။ဟိတ်ကြီးဟန်ကြီးနဲ့ နေကြပြီး သူတို့ရဲ့ဒုက္ခကို လူသိအောင်မဖော်ပြကြလို့ ကျွန်တော်တို့မသိရခြင်းပါ။

တစ်ခါတစ်ရံ သူတို့အခြေအနေဆိုးသတင်းတွေဟာ လူတွေထံကိုပျံ့နှံ့လာတတ်ပါသေးတယ်။တကယ်တော့ သူတို့တတွေဟာလည်း ပြီးပြည့်စုံနေတဲ့သူတွေ မဟုတ်ကြပါဘူး။သူတို့မှာလည်း လိုအပ်ချက်တွေနဲ့ပါပဲ။ ဥစ္စာဓနတို့ကြွယ်ဝနေပေမဲ့ စိတ်ချမ်းသာမှုရချင်မှရပါလိမ့်မယ်။

အဲဒီလိုသူဌေးအိမ်တွေကို အိမ်ပြုပြင်ရေးလုပ်ဖို့ ရောက်သွားဘူးခဲ့ပါတယ်။အလုပ်လုပ်နေရင်းနဲ့ အများဆုံး ဆက်ဆံရတာက အဲဒီအိမ်ကဝန်ထမ်းတွေနဲ့ အိမ်ဖော်တွေပါပဲ။သူဌေးတွေက မန္တလေးမှာ၊လုပ်ရတာက ရန်ကုန်ကအိမ်။

အလုပ်လုပ်ခိုင်းတော့ ရန်ကုန်က ဝန်ထမ်းတွေကိုဖုန်းနဲ့ ညွှန်ကြားပြီးခိုင်းပါတယ်။သူဌေးမရှိတော့ ဝန်ထမ်းတွေနဲ့ အများဆုံးဆက်ဆံရပါတယ်။ရင်းနှီးလာတော့သူတို့ရဲ့ရင်ဖွင်သံတွေက သိပ်မကောင်းဘူး။သူဌေးအမျိုးသား၊ သူဌေးအမျိုးသမီး၊သူဌေးရဲ့သားတွေ၊သမီးတွေ၊ချွေးမတွေ၊သမက်တွေရဲ့ စိတ်အခြေအနေကို အကြမ်းဖျင်းတော့ သိလိုက်ရပါတယ်။

ပထမတော့ ဝန်ထမ်းနဲ့အိမ်ဖော်တွေရဲ့ပြောစကားက ဟုတ်ပါ့မလားလို့ထင်မိပြီး သူတို့ကိုတောင် တရားသဘော တွေနဲ့ နားချနေမိသေးတယ်။အလုပ်လုပ်ဖို့လာတဲ့ ကျွန်တော်တို့က အိမ်ရှင်ကိုမြင်ဘူးချင်တာပေါ့။ဝန်ထမ်းတွေရဲ့ စကားက မမြင်ရတာကကောင်းမယ်နော်တဲ့။မလာလေကောင်းလေပဲတဲ့။ဟာ..မင်းတို့ဟာက အဲဒီလိုကြီးလားလို့…အံ့ဩတကြီးပြောမိတော့။နဲတောင်နဲသေးတယ်တဲ့လေ။

ဟုတ်တယ်ဗျာ။တစ်ရက်တော့ သူဌေးမိသားစုအဖွဲ့ မန္တလေးကနေ ရန်ကုန်ကို ပေါက်ချလာပါရောလား။ အဲဒီတော့မှ သူတို့ရဲ့စိတ်အခြေအနေတွေကို ဒက်ထိရင်ဆိုင်ရပါတော့တယ်။

ကျောပူတာကိုခံချင်တယ်။နားပူတာကိုမခံချင်ဘူးလို့ ပြောရမလောက်တောင်ပါပဲ။ကားသမားလည်း ကားတင်မောင်းရတာမဟုတ်ပါဘူး။မြက်လည်းရှင်းလို့ ရှင်းရ။ခြံသန့်ရှင်းရေးလုပ်လို့ လုပ်ရ။ငါးကန် သန့်ရှင်ရေးတွေ၊ခြံစည်းရိုးဆေးသုပ်တာကအစပါပဲ။မနက်အစောကြီးကတည်းက ခေါ်ခိုင်းတာ ညမိုးကြီးချုပ်တဲ့အထိပါပဲ။ဝန်ထမ်းတွေဟာ မပြောသာလို့ မပြောကြပေမဲ့ စိတ်ထဲကတော့ တယ်ပြီးနှစ်လိုစိတ် မရှိကြပါဘူး။

အလုပ်ကို လုပ်ချင်အောင်ခိုင်းတတ်တာမဟုတ်ဘဲ။တောင်စဉ်ရေမရ ဟိုဟာခိုင်းနေရင်းနဲ့ မပြီးသေးခင် ဒီဟာတစ်ခုထပ်ခိုင်းတာမျိုး လုပ်တတ်ခြင်းပါ။ဒီလိုအပေါက်မျိုးတွေက သူအလုပ်အပ်လို့ လာလုပ်တဲ့မိမိတို့ကိုပါ လုပ်ခိုင်းတော့ အဓိကလုပ်ရမဲ့ လုပ်ငန်းက မပြီးတော့ပါဘူး။တော်ကြာမျက်နှာကြက်ရောက်လိုက်၊တော်ကြာ ကြမ်းပြင်ရောက်လိုက်၊တော်ကြာခြံပြင်ရောက်လိုက်၊တော်ကြာ ခြံတွင်းရောက်လိုက်နဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိအောင်ဖြစ်ရပါတယ်။

တစ်ခါတော့ မိမိတိုအထဲက ဝန်ထမ်းကောင်လေးက စိတ်ပေါက်ပြီး ကျွန်တော်တို့က ဘာကိုလုပ်ရမှာလဲ ဆိုပြီးတော့ မချေမငံ ပြန်ပြောတဲ့ အထိတောင်ဖြစ်ရပါတယ်။

သူ့ဝန်ထမ်းတွေကို ဆက်ဆံတဲ့အခါမှာ သူဌေးတစ်ဦးရဲ့ပုံစံမပေါက်ပါဘူး။ထွက်တဲ့စကားတွေက ကြမ်းတမ်းလွန်း ပြီး မခံသာပါဘူး။အိမ်ဖော်မိန်းကလေးတွေဆို မျက်ရည်ကျကြတဲ့အထိတောင်ဖြစ်တာ မြင်ခဲ့ရပါတယ်။

လူတွေဟာ ဥစ္စာဓနတွေပြည့်စုံရင် အေးချမ်းပြီထင်နေကြတာ။တကယ်တော့ ဒီဓနတွေကြောင့်ပဲ ပူပင်သောက တွေ ဖြစ်ကြရပြီး လုံခြုံဖို့တွေ အမျိုးမျိုးလုပ်ဆောင်နေကြရတယ်။အဓိကကတော့ စိတ်ဓာတ်တွေ ပြောင်းလဲကုန် တာပါပဲ။ကိုယ်နဲ့ဆက်ဆံတဲ့သူတွေအပေါ် သံသယတွေဖြစ်တယ်။သူ့ဆီ လာလုပ်တဲ့သူတွေကို အလုပ်လုပ် သလိုနဲ့ ငွေကိုအလကား လိမ်ယူနေတယ်လို့ အထင်မှားခြင်းတွေက သူတို့ရဲ့ စိတ်ထဲမှာဝင်နေပြီး မအေးချမ်းလှပါဘူး။

ရလာတဲ့ လူ့ဘဝမှာ နေရတဲ့အချိန်တွေက အကယ်တော့တိုတောင်းလွန်းလှပါတယ်။အရာရာချို့တဲ့သူကလည်း ဘုရားထံမှာ အလိုလေးပြည့်ဖို့ဆုတောင်းကြတယ်။ပြည့်စုံနေပြီလို့ ယူဆရသူတွေကလည်း လိုအပ်နေသေးတာ တွေကို ဆုတောင်းနေကြဦးမှာပါပဲ။

လူဖြစ်လာရင် အဓိကကလူအချင်း ဆက်ဆံနေရဦးမှာပါပဲ။ရှောင်လွှဲထွက်ပြေးလို့လည်း မရပါဘူး။ ဒီတော့ မိမိတို့ဘဝတွေကောင်းအောင် ဆုတောင်ရင်းနဲ့ စိတ်ဓာတ်အမျိုးမျိုးရှိတဲ့ လူအချင်ချင်း ချစ်သောမျက်စိနဲ့ ကြည့်တတ်အောင်ဆိုတဲ့ ဆုလေးပါထည့်ပြီး ဆုတောင်းလိုက်ရင်တော့…။တကယ်တော့ ဘဝတွေ ဘယ်အခြေအနေရောက်ရောက် ချစ်သောမျက်စိနဲ့ကြည့်တတ်ဖို့က ဆုတောင်းလို့မရပါဘူး လေ့ကျက်ရမဲ့ တရားဖြစ်လို့ပါပဲ။ ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ခ်စ္ေသာမ်က္စိနဲ႔ၾကည့္တတ္ဖို႔........

 

ကၽြန္ေတာ္တို႔ဘဝေတြ နိမ္႔က်လြန္းေတာ့ ဘုရားရွိခိုးရင္ ဆုေတြ တသီႀကီး ေတာင္းမိတတ္ၾကတယ္။ သိန္းထီႀကီးေတြ အႀကိမ္ႀကိမ္ အခါခါေပါက္ပါေစ။ခ်စ္ေသာသူေတြနဲ႔ တစ္သက္လုံးေပါင္းရပါေစ။ မခ်စ္မႏွစ္သက္သူေတြနဲ႔ ယခုလက္ငင္းပင္ ေကြကြင္းပါေစလို႔ အလကားေတာင္းလို႔ရႏိုင္သမွ် ဆုေတြလႊတ္ေတာင္းေတာ့ တာပါပဲ။

တကယ္ေတာ့ လူတိုင္းဟာရွာေဖြစားေသာက္ေနၾကရတာပါပဲ။လူတိုင္းဆုေတြေတာင္းၾကတာပါပဲ။ဘယ္သူေတြ ဆုေတာင္းျပည့္ခဲ့ၾကသလဲ။အလိုမျပည့္လို႔ ဆုေတာင္းေနၾကတာမို႔လား။ဆုေတာင္းလို႔ရလာရင္ေတာင္ အလိုကျပည့္မွာ မဟုတ္ေသးပါဘူး။ေဩာ္…ငါဆုေတာင္းလိုက္တာ နဲေတာင္နဲသြားတယ္။ဒီလိုရမယ္မွန္းသိရင္ ဒီထက္မက ဆုေတာင္းပါတယ္ဆိုတာမ်ိဳးျဖစ္လာဦးမွာပါပဲ။ခ်မ္းသာလြန္းလွတဲ့သူေတြကိုလည္း ၾကည့္ပါဦး သူတို႔လည္း ဘုရားခန္း အက်ယ္ႀကီးထားၿပီး လိုတဲ့ဆုေတြ ေတာင္းေနၾကပါေသးတယ္။

ကၽြန္ေတာ္တို႔က ေငြရွိသူကိုသာၾကည့္ၿပီး အားက်ေနၾကတာပါ။ေငြရွိသူေတြရဲ႕ဒုကၡကို မျမင္ၾကလို႔ မသိၾကလို႔ပါ။ သူတို႔မွာလည္း ဘယ္လိုဒုကၡေတြနဲ႔ရင္ဆိုင္ေနၾကရလဲဆိုတာ သူတို႔မွပဲ သိပါလိမ့္မယ္။ဟိတ္ႀကီးဟန္ႀကီးနဲ႔ ေနၾကၿပီး သူတို႔ရဲ႕ဒုကၡကို လူသိေအာင္မေဖာ္ျပၾကလို႔ ကၽြန္ေတာ္တို႔မသိရျခင္းပါ။

တစ္ခါတစ္ရံ သူတို႔အေျခအေနဆိုးသတင္းေတြဟာ လူေတြထံကိုပ်ံ႕ႏွံ႔လာတတ္ပါေသးတယ္။တကယ္ေတာ့ သူတို႔တေတြဟာလည္း ၿပီးျပည့္စုံေနတဲ့သူေတြ မဟုတ္ၾကပါဘူး။သူတို႔မွာလည္း လိုအပ္ခ်က္ေတြနဲ႔ပါပဲ။ ဥစၥာဓနတို႔ၾကြယ္ဝေနေပမဲ့ စိတ္ခ်မ္းသာမႈရခ်င္မွရပါလိမ့္မယ္။

အဲဒီလိုသူေဌးအိမ္ေတြကို အိမ္ျပဳျပင္ေရးလုပ္ဖို႔ ေရာက္သြားဘူးခဲ့ပါတယ္။အလုပ္လုပ္ေနရင္းနဲ႔ အမ်ားဆုံး ဆက္ဆံရတာက အဲဒီအိမ္ကဝန္ထမ္းေတြနဲ႔ အိမ္ေဖာ္ေတြပါပဲ။သူေဌးေတြက မႏၱေလးမွာ၊လုပ္ရတာက ရန္ကုန္ကအိမ္။

အလုပ္လုပ္ခိုင္းေတာ့ ရန္ကုန္က ဝန္ထမ္းေတြကိုဖုန္းနဲ႔ ညႊန္ၾကားၿပီးခိုင္းပါတယ္။သူေဌးမရွိေတာ့ ဝန္ထမ္းေတြနဲ႔ အမ်ားဆုံးဆက္ဆံရပါတယ္။ရင္းႏွီးလာေတာ့သူတို႔ရဲ႕ရင္ဖြင္သံေတြက သိပ္မေကာင္းဘူး။သူေဌးအမ်ိဳးသား၊ သူေဌးအမ်ိဳးသမီး၊သူေဌးရဲ႕သားေတြ၊သမီးေတြ၊ေခၽြးမေတြ၊သမက္ေတြရဲ႕ စိတ္အေျခအေနကို အၾကမ္းဖ်င္းေတာ့ သိလိုက္ရပါတယ္။

ပထမေတာ့ ဝန္ထမ္းနဲ႔အိမ္ေဖာ္ေတြရဲ႕ေျပာစကားက ဟုတ္ပါ့မလားလို႔ထင္မိၿပီး သူတို႔ကိုေတာင္ တရားသေဘာ ေတြနဲ႔ နားခ်ေနမိေသးတယ္။အလုပ္လုပ္ဖို႔လာတဲ့ ကၽြန္ေတာ္တို႔က အိမ္ရွင္ကိုျမင္ဘူးခ်င္တာေပါ့။ဝန္ထမ္းေတြရဲ႕ စကားက မျမင္ရတာကေကာင္းမယ္ေနာ္တဲ့။မလာေလေကာင္းေလပဲတဲ့။ဟာ..မင္းတို႔ဟာက အဲဒီလိုႀကီးလားလို႔…အံ႔ဩတႀကီးေျပာမိေတာ့။နဲေတာင္နဲေသးတယ္တဲ့ေလ။

ဟုတ္တယ္ဗ်ာ။တစ္ရက္ေတာ့ သူေဌးမိသားစုအဖြဲ႔ မႏၱေလးကေန ရန္ကုန္ကို ေပါက္ခ်လာပါေရာလား။ အဲဒီေတာ့မွ သူတို႔ရဲ႕စိတ္အေျခအေနေတြကို ဒက္ထိရင္ဆိုင္ရပါေတာ့တယ္။

ေက်ာပူတာကိုခံခ်င္တယ္။နားပူတာကိုမခံခ်င္ဘူးလို႔ ေျပာရမေလာက္ေတာင္ပါပဲ။ကားသမားလည္း ကားတင္ေမာင္းရတာမဟုတ္ပါဘူး။ျမက္လည္းရွင္းလို႔ ရွင္းရ။ျခံသန္႔ရွင္းေရးလုပ္လို႔ လုပ္ရ။ငါးကန္ သန္႔ရွင္ေရးေတြ၊ျခံစည္းရိုးေဆးသုပ္တာကအစပါပဲ။မနက္အေစာႀကီးကတည္းက ေခၚခိုင္းတာ ညမိုးႀကီးခ်ဳပ္တဲ့အထိပါပဲ။ဝန္ထမ္းေတြဟာ မေျပာသာလို႔ မေျပာၾကေပမဲ့ စိတ္ထဲကေတာ့ တယ္ၿပီးႏွစ္လိုစိတ္ မရွိၾကပါဘူး။

အလုပ္ကို လုပ္ခ်င္ေအာင္ခိုင္းတတ္တာမဟုတ္ဘဲ။ေတာင္စဥ္ေရမရ ဟိုဟာခိုင္းေနရင္းနဲ႔ မၿပီးေသးခင္ ဒီဟာတစ္ခုထပ္ခိုင္းတာမ်ိဳး လုပ္တတ္ျခင္းပါ။ဒီလိုအေပါက္မ်ိဳးေတြက သူအလုပ္အပ္လို႔ လာလုပ္တဲ့မိမိတို႔ကိုပါ လုပ္ခိုင္းေတာ့ အဓိကလုပ္ရမဲ့ လုပ္ငန္းက မၿပီးေတာ့ပါဘူး။ေတာ္ၾကာမ်က္ႏွာၾကက္ေရာက္လိုက္၊ေတာ္ၾကာ ၾကမ္းျပင္ေရာက္လိုက္၊ေတာ္ၾကာျခံျပင္ေရာက္လိုက္၊ေတာ္ၾကာ ျခံတြင္းေရာက္လုိက္နဲ႔ ဘာလုပ္လို႔ဘာကိုင္ရမွန္း မသိေအာင္ျဖစ္ရပါတယ္။

တစ္ခါေတာ့ မိမိတိုအထဲက ဝန္ထမ္းေကာင္ေလးက စိတ္ေပါက္ၿပီး ကၽြန္ေတာ္တို႔က ဘာကိုလုပ္ရမွာလဲ ဆိုၿပီးေတာ့ မေခ်မငံ ျပန္ေျပာတဲ့ အထိေတာင္ျဖစ္ရပါတယ္။

သူ႔ဝန္ထမ္းေတြကို ဆက္ဆံတဲ့အခါမွာ သူေဌးတစ္ဦးရဲ႕ပုံစံမေပါက္ပါဘူး။ထြက္တဲ့စကားေတြက ၾကမ္းတမ္းလြန္း ၿပီး မခံသာပါဘူး။အိမ္ေဖာ္မိန္းကေလးေတြဆို မ်က္ရည္က်ၾကတဲ့အထိေတာင္ျဖစ္တာ ျမင္ခဲ့ရပါတယ္။

လူေတြဟာ ဥစၥာဓနေတြျပည့္စုံရင္ ေအးခ်မ္းၿပီထင္ေနၾကတာ။တကယ္ေတာ့ ဒီဓနေတြေၾကာင့္ပဲ ပူပင္ေသာက ေတြ ျဖစ္ၾကရၿပီး လုံျခဳံဖို႔ေတြ အမ်ိဳးမ်ိဳးလုပ္ေဆာင္ေနၾကရတယ္။အဓိကကေတာ့ စိတ္ဓာတ္ေတြ ေျပာင္းလဲကုန္ တာပါပဲ။ကိုယ္နဲ႔ဆက္ဆံတဲ့သူေတြအေပၚ သံသယေတြျဖစ္တယ္။သူ႔ဆီ လာလုပ္တဲ့သူေတြကို အလုပ္လုပ္ သလိုနဲ႔ ေငြကိုအလကား လိမ္ယူေနတယ္လို႔ အထင္မွားျခင္းေတြက သူတို႔ရဲ႕ စိတ္ထဲမွာဝင္ေနၿပီး မေအးခ်မ္းလွပါဘူး။

ရလာတဲ့ လူ႔ဘဝမွာ ေနရတဲ့အခ်ိန္ေတြက အကယ္ေတာ့တိုေတာင္းလြန္းလွပါတယ္။အရာရာခ်ိဳ႕တဲ့သူကလည္း ဘုရားထံမွာ အလိုေလးျပည့္ဖို႔ဆုေတာင္းၾကတယ္။ျပည့္စုံေနၿပီလို႔ ယူဆရသူေတြကလည္း လိုအပ္ေနေသးတာ ေတြကို ဆုေတာင္းေနၾကဦးမွာပါပဲ။

လူျဖစ္လာရင္ အဓိကကလူအခ်င္း ဆက္ဆံေနရဦးမွာပါပဲ။ေရွာင္လႊဲထြက္ေျပးလို႔လည္း မရပါဘူး။ ဒီေတာ့ မိမိတို႔ဘဝေတြေကာင္းေအာင္ ဆုေတာင္ရင္းနဲ႔ စိတ္ဓာတ္အမ်ိဳးမ်ိဳးရွိတဲ့ လူအခ်င္ခ်င္း ခ်စ္ေသာမ်က္စိနဲ႔ ၾကည့္တတ္ေအာင္ဆိုတဲ့ ဆုေလးပါထည့္ၿပီး ဆုေတာင္းလိုက္ရင္ေတာ့…။တကယ္ေတာ့ ဘဝေတြ ဘယ္အေျခအေနေရာက္ေရာက္ ခ်စ္ေသာမ်က္စိနဲ႔ၾကည့္တတ္ဖို႔က ဆုေတာင္းလို႔မရပါဘူး ေလ့က်က္ရမဲ့ တရားျဖစ္လို႔ပါပဲ။ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
kalaw-garden-valley
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service